Sunday, October 20, 2013

စေတီသာရဲ့ အင်္ဂါရပ်

2 hours ago 

( ဗုဒ္ဓဘာသာဝင်တွေဟာ အုတ်ခဲပုံကြီးကို ရှိခိုးဦးချနေကြတာမဟုတ်ပါ တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းကတော့ ) -ပုံတော်မှန်းပြီး ဂုဏ်တော်ကိုရှိခိုးကြတာဖြစ်ပါတယ်။ ရှိခိုးဦးချရာ တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းကတော့ -

(၁)တံခွန်တိုင်=မာန(ရတနာ ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)

(၂)ပန်းတင်ခုံ=ပတ္ထနာ - နိဗာန်ရောက်ကြောင်း ဆုတောင်းရန်

(၃)ရှစ်မြှောင့်=မွေးခြင်း(၄)မျိုး+သေခြင်း(၄)မျိုးကိုနှလုံးသွင်းဆင်ခြင်ကြရန်

(၄)ကြီဝင်း-၅ခု=ဂတိ-၅ပါးမှလွတ်အောင် ကြိုးစားကြရန်

(၅)ခါးစည်း=သီလ/သမာဓိ/ပညာ ဟူသော သိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်

(၆)ခေါင်းလောင်း=မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တ၀ါများသို. မျှဝေ(share)ပေးရန်

(၇)ဖောင်းရစ်-၇ရစ်=၀ိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြရန်

(၈)သပိတ်မှောက်=တဏှာ/မာန/ဒိဌိ(အယူမှား)ဟူသော သံသရာနယ်ချဲ.တတ်သည့်ပပဉ္စတရား(၃)ပါးတို.ကို သပိတ်မှောက် ဆန်.ကျင်ကြရန်

(၉)ဘီလူးပန်းဆွဲ-၁၆ခု=ဥာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်

(၁၀)ကြာမှောက်/ကြာလှန်=ကြာပန်းသည် ဗုဒ္ဓဘုရား၏သင်္ကေတ

(၁၁)ထီးတော်ဘုံ ၇ဆင့်=အေးငြိမ်းသည့် အရိယာသူတော်စင်တို. ရရှိခံစားရသည့်မဂ် (၃) တန်+ ဖိုလ် (၄) တန် (သောတာပတ္တိမဂ်မပါဝင်)
(၁၂)ငှက်မြတ်နား=ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီ တရားဟော/သာသနာပြုအလုပ်များဖြင့် ခေတ္တနားခိုရာ

(၁၃)စိန်ဖူးတော်=စိန်တွင် ကာဗွန်ပါဝင်မှု ကင်းစင်သွားလို. ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊ စိတ်အညစ်အကြေး (ကိလေသာ) အားလုံး ကင်းစင်သည့် နိဗ္မာန်တရားမြတ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...