Tuesday, October 22, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၁၀)

သစ်ထူးလွင်


Posted: 22 Oct 2013 05:51 AM PDT

အခုတပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် လုံခြုံရေးစိုးရိမ်ပြီး ရှမ်းပြည် နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ နှစ်စဉ်စည်စည်ကားကား ကျင်းပမြဲဖြစ်တဲ့ ရိုးရာပွဲတော်ကို ဒီနှစ်မှာ မကျင်းပဖို့ အာဏာပိုင်တွေနဲ့ မြို့မိမြိုဖတွေက ဆုံးဖြတ်လိုက်ပါတယ်။ နမ့်ခမ်းဒေသရဲ့ အထင်ကရ ဘာသာရေးပွဲတော်တခုဖြစ်တဲ့ ပွဲဆောဝ်းဆာမ် ရိုးရာပဒေသာပင် ပူဇော်ပွဲကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၇ ရက်ကစပြီး ၃ ရက်တိုင်တိုင် ကျင်းပလေ့ရှိတာပါ။ အခုနှစ်မှာတော့ ဗုံးပေါက်ကွဲမှုတွေကြောင့် လူထုကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတဲ့အတွက် ကျင်းပတော့မှာ မဟုတ်ဘူးလို့ ပွဲကော်မတီဝင်တဦးဖြစ်သူ ဦးစိုင်းက ပြောပါတယ်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Oct 2013 05:15 AM PDT

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲအခြေစိုက် အစိုးရတပ်က သေနတ်အော်တိုဆွဲပစ်ခတ်မှုကြောင့် နယ် စပ်နေဒေသခံများ စိုးရိမ်ထိပ်လန့်ကြကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၂ : ၁၅ နာရီအချိန်တွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ရတ်ထိုင်း ရွာ မျက်နှာချင်းဆိုင် ထိုင်းနယ်စပ် ၁ ကီလိုအကွာ သျှမ်းပြည်တောင်ပိုင်း ဟိုမိုင်းမြို့နယ်ခွဲ မယ့်အောကျေးရွာအုပ်စုဘက်လှုပ်ရှားသည့် အစိုးရတပ် ခလရ ၂၈၇ က ကျည်တကတ်ခန့် အော်တိုဆွဲ ပစ်ခတ် ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Oct 2013 05:10 AM PDT

ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး အရှေ့စောင်းတန်းလှေကားတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပချိန်တွင် သံသယဖြစ်ဖွယ် အထုပ်တစ်ထုပ်အား တွေ့ရှိခဲ့သဖြင့် ဘုရားလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာမိုင်းရှင်းလင်းရေး စအရ(၉၁၁)မှ တပ်ဖွဲ့ဝင်များ လာရောက်ရှင်းလင်းခဲ့ကြောင်း  သတင်းရရှိသည်။ အောက်တိုဘာ ၂၀ရက် ည ၇နာရီခွဲအချိန်တွင် ရွှေဆံတော်စေတီတော်မြတ်ကြီး အရှေ့စောင်းတန်း၌ ဘုရားလုံခြုံရေးနှစ်ဦးနှင့် တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးတို့က အနက်ရောင် အိတ်တစ်လုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာက စောင်းတန်းတံခါးအား ခေတ္တပိတ်၍ စစ်ဆေးရာ ကြွပ်ကြွပ်အိတ်အနက်ဖြင့် စည်းထားသော အထုပ်တစ်ထုပ်ဖြစ်ပြီး အထဲတွင် ပလတ်စတစ်အိတ်များကို ကြိုးချည်ထားသည်ကိုသာ တွေ့ရပြီး အခြားမည်သည့်အရာမျှမတွေ့ရကြောင်း သက်ဆိုင်ရာရဲစခန်းမှ သတင်းရရှိသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လူအများက ဗုံးဟုထင်ကာ အထိတ်တလန့်ဖြစ်ခဲ့သော ပလတ်စတစ်အထုပ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းလင်းရန် ခပ်လှမ်းလှမ်းမှစစ်ဆေးကြည့်ရှုနေစဉ် ဓာတ်ပုံ - ဇော်မင်းထိုက်

Posted: 22 Oct 2013 05:05 AM PDT

ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ လမ်းအမှတ် ၁၂၆ ရှိ နေအိမ်တွင် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထောက်လှမ်း စုံစမ်းနေသော်လည်း အထောက်အထား မရသဖြင့် ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ပြစ်မှုကို စုံစမ်းဖော်ထုတ်ပြီးပါက ပြည်သူများထံ တရားဝင် ကြေညာပေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဒုတိယဝန်ကြီးက နေပြည်တော် လွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ငါးလောင်းပြိုင် လူသတ်မှု

Posted: 22 Oct 2013 05:01 AM PDT

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလည်းရေး ဖြစ်လာအောင် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေက ဖိအားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပနိုင်ငံ ခရီးစဉ်အတွင်း အောက်တိုဘာ ၂၁ ရက်နေ့က လူဇင်ဘတ်နိုင်ငံကို ရောက်ရှိခဲ့ပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ  မြန်မာအစိုးရဲ့ ပြုပြင်ပြောင်းလဲရေးမှာ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဥရောပနိုင်ငံတွေက ဖိအားပေးဖို့ တိုက်တွန်း လိုက်တယ်လို့ အေဂျင်စီသတင်းတွေမှာ ဖော်ပြထားပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Oct 2013 04:59 AM PDT

အမျိုးသား ဒီမိုကရေစီ အဖွဲ့အချုပ် (NLD) ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး အတွက် ပြည်သူ့ဆန္ဒ ကောက်ယူရာတွင် ပြည်သူများ ပါဝင်မှု အားနည်းနေကြောင်း NLD ပါတီ နာယက သူရဦးတင်ဦးက ပြောကြားသည်။ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမတွင် အောက်တိုဘာလ ၂၁ ရက်နေ့က ကျင်းပသော အနောက်ပိုင်းခရိုင် ပြည်သူများ ဆန္ဒကောက်ယူပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 22 Oct 2013 04:55 AM PDT

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက် (အောက်တိုဘာလ ၂၀ ရက်) ကပြုလုပ်ခဲ့သော (၁၆၂) ကြိမ်မြောက် သီတင်းကျွတ် မီးမျှောပွဲတက်ပျံယိမ်း၊ တက်ခုတ်ယိမ်းပြိုင်ပွဲ ကျင်းပနေချိန် မွန်းလွဲ ၂ နာရီခန့်က စက်လှေတစ်စင်း တိမ်းမှောက်ခဲ့သော်လည်း လူသေဆုံးမှု မရှိခဲ့ကြောင်း ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က The Voice သို့ ပြောကြားသည်။
“ဖောင်ကို လှေကဝင်တိုက်တာ မှန်ပါတယ်။ လှေပေါ်မှာ ပါတဲ့သူတွေ အားလုံးက ရေကူးကျွမ်းကျင်သူတွေပါ၊ ပွဲတော်ရက်အတွင်း လူအသေအပျောက် မရှိပါဘူး” ဟု ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က ရှင်းပြသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Oct 2013 04:37 AM PDT

မန္တလေးမြို့တွင် ကားအရောင်းဝယ်လုပ်ကိုင်ရာမှ ငွေကျပ်သိန်းသောင်းချီ မပြေမလည်ဖြစ်နေသော ဦးကျော်ခိုင်စိုး(ခ) နားကွင်းကျော်ကြီးသည် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ၎င်း၏နေအိမ်၌ ကြိုးဆွဲချသေဆုံးသွားကြောင်း မန္တလေးမြို့အမှတ် (၆)ရဲစခန်းမှ သတင်းရရှိသည်။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဒေးဝန်းအနောက်ရပ်ကွက်ရှိ နေအိမ်တွင် အသက် (၄၃)နှစ်အရွယ် ဦးကျော်ခိုင်စိုးသည် နေအိမ်ဧည့်ခန်းအတွင်း မျက်နှာကြက်တွင် ပန်ကာတပ်ရန် တပ်ဆင်ထားသော သံချိတ်၌ ပလတ်စတစ်ကျစ်ကြိုးအား ကွင်းချောပြုလုပ်၍ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်းအလောင်းအား စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရဘဲ ယခုအခါ ရဲဆေးစာဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့အပ်စစ်ဆေးနေသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Oct 2013 04:29 AM PDT

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ရှိ Sd Tip GM Co.Ltd အထည်ချုပ်စက်ရုံ (ရပ်ကွက်အခေါ် ပလာတာ စက်ရုံ) မှ မြန်မာရွှေ့ပြောင်းအလုပ်သမား များ မိမိတို့၏လုပ်အား ခမရရှိသော ပြဿနာများနှင့် ရင်ဆိုင်နေရ ကြောင်း သိရသည်။ အဆိုပါစက်ရုံမှာ အထည် ကောက်ရုံအမျိုးအစားဖြစ်ပြီး အ လုပ်သမားများ မှ နေ့စဉ်နံနက် ၈ နာရီမှ ည ၁၁ နာရီအထိ အထည် များကို အထည်ကောက် စနစ်ဖြင့် ချုပ်ခဲ့ကြရကြောင်း၊ လုပ်အားခမရ ရှိခဲ့ကြသည်မှာ ဇူလိုင်၊ ဩဂုတ် နှင့် စက်တင်ဘာလ စုစုပေါင်း သုံး လစာဖြစ်ကြောင်း၊ လုပ်အားခမရ ရှိသော စက်ရုံအလုပ်သမား စုစု ပေါင်း ၆၇ ဦးရှိပြီး မိမိတို့စက်ရုံ မှ မောင်းထုတ်ခံရသောကြောင့် ယခု အခါ မဲဆောက်မြို့ရှိ လူမှုအကူ အညီပေးသော အဝေးရောက် ဧရာဝတီအသင်းတွင် လာရောက် နေ ထိုင်နေကြ ရကြောင်း သိရသည်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Oct 2013 04:25 AM PDT

ပြည်မြို့မှ ပခုက္ကူသို့ ခရီးသည်များ တင်ဆောင်လာသော ပြည်တော်ကြီး ယာဉ်(၁ဂ/---)သည်ယနေ့နံနက်(၃)နာရီ(၁၅)မိနစ် ၀န်းကျင်ခန့်တွင်တိမ်းမှောက် ခြင်းကြောင့် ခရီးသည်(၄)ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ယာဉ်မောင်း ကို----မောင်းနှင်လာသော အဆိုပါယာဉ်မှာ ရေနံချောင်း၊ သစ်တပွေရပ်၊ ရန်ကုန်မန္တလေး လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၆၁) အ ရောက် လမ်းညာဘက်ချောင်းထဲ သို့ထိုး ကျတိမ်းမှောက်ခဲ့ ခြင်း ဖြစ် သည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 22 Oct 2013 03:55 AM PDT

မြန်မာနိုင်ငံမှကျွဲ၊ နွား၊ ဆိတ်များ ပြည်ပသို့ တရားမဝင် တင်ပို့မှု မြင့်တက်လာမှုကြောင့် ကျွဲ၊ နွား၊ ဆိတ်နှင့် မြင်း မှောင်ခို တင်ပို့သူများကို ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ဥပဒေဖြင့် အရေးယူရန် စီစဉ်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။ အောက်တိုဘာ ၂၁ ရက်နေ့တွင် ပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင် မေးမြန်းသော ကျွဲ၊ နွားနှင့် ဆိတ်တို့ကို တရားမဝင် ပြည်ပသို့ တင်ပို့ရောင်းချခြင်းကို တားမြစ်ရန် မေးခွန်းနှင့် ပတ်သက်၍ ၎င်းကယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Oct 2013 03:49 AM PDT
ရခိုင်ပြည်နယ် သံတွဲမြို့တွင် ပထမအကြိမ် တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခဲ့ခြင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲ ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ ယင်းအဓမ္မမှု ကျူးလွန်ခဲ့သူ နှစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီကျခံရန် သံတွဲမြို့နယ် တရားရုံးက အောက်တိုဘာလ ၂၁ ရက်နေ့တွင် ချမှတ်လိုက်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။ နှစ်ဦးကို ပြစ်ဒဏ်ကျခံစေရန် သံတွဲ အကျဉ်းထောင်တွင် ပို့ဆောင်ထားကြောင်း ၎င်းကဆိုသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 21 Oct 2013 08:58 PM PDT

ဇူလိုင်လအတွင်းက ကျောက်တံတားမြို့နယ် တရားရုံးရှေ့၌ ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ခြင်းကို အရေးယူသည့် ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးရန် တစ်ကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော်ကို အောက်တိုဘာလ ၂၁ ရက် နေ့လယ်ပိုင်းက ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့်ပင် အလုပ်နှင့် ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်သည်ဟု ၎င်း၏ ဇနီးဖြစ်သူ မသန်းသန်းမော်က မဇ္ဈိမကို ပြောသည်။ “နေ့လယ် ၁၂ နာရီကျော်လောက်က အမိန့်ချလိုက်တာပါ။ တရားရုံးရှေ့မှာတင် ပုဒ်မ ၁၈ နဲ့ကတော့ ခြောက်လ မဟုတ်ဘူး။ ခြောက်နှစ်ဆိုလည်း နေနိုင်တယ်လို့ သူကြွေးကြော်သွားသေးတယ်”ဟု ၎င်းက ပြောပြသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကိုထင်ကျော် - ဓါတ်ပုံ RFA

Posted: 21 Oct 2013 08:46 PM PDT

မလေးရှား နိုင်ငံ အရှေ့ပိုင်းက Sabah နဲ့ Sarawak ပြည်နယ်တွေက ခရစ်ယာန်တွေဟာ တရားရုံးက တားမြစ်ထားပေမယ့် သူတို့ ဘုရားသခင်ကို အလ္လာ နာမည် တပ်ပြီး ဆက်လက် သုံးစွဲ ခေါ်ဝေါ် နိုင်တယ်လို့ ဝန်ကြီးချုပ် Najib Razak က ပြောပါတယ်။ မွတ်ဆလင် မဟုတ်သူတွေ ဒီစကားလုံး သုံးခွင့် မရှိဘူး ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တရားရုံးက အမိန့်ချမှတ်ခဲ့ပြီးတဲ့နောက် မစ္စတာ နာဂျစ်က အခုလို ပထမဆုံး ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မလေးရှား ဝန်ကြီးချုပ် Najib Razak (အလယ်က မျက်မှန်နဲ့)


Posted: 21 Oct 2013 08:41 PM PDT

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွက် လယ်ယာမြေများ သိမ်းဆည်းရာတွင် ကျေးရွာရွှေ့ပြောင်းစရိတ် ထုတ်ပေးခြင်းနှင့် မြေယာလျော်ကြေးများပေးခဲ့ကြောင်း အောက်တိုဘာ ၁ ရက် နေ့ ပြည်ထောင်စု လွှတ်တော်တွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟံစိန်က ပြောကြားခဲ့သော်လည်း ထောက်ပံ့ကြေးနှင့် သီးနှံလျော် ကြေးသာရရှိခဲ့ခြင်းဖြစ်ပြီး မြေယာလျော်ကြေး မရရှိခဲ့ကြောင်း သိမ်းဆည်းခံတောင်သူများက ပြောသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Oct 2013 08:37 PM PDT

လူမှု ကွန်ယက် ဝက်ဘ်ဆိုက် ဖေ့စ်ဘွတ်ခ်ဟာ ပြီးခဲ့တဲ့ မေလတုန်းက ယာယီ တားမြစ်ပိတ်ပင်ခဲ့တဲ့ လူခေါင်းဖြတ်တဲ့ ပုံတွေ အပါအဝင် ကြမ်းတမ်းတဲ့ မမြင်ဖွယ် ပုံတွေကို အွန်လိုင်း ဗီဒီယို အဖြစ် ပြန်တင်ခွင့် ပြုလိုက်ပါတယ်။ အဲဒီလို တင်ခွင့်ပြုတာဟာ ဒီလုပ်ရပ်ကို ရှုတ်ချဖို့ ဖြစ်တယ် ၊ ဒါမျိုးတွေကို ချီးမွှမ်း ထောပနာ ပြုဖို့ မဟုတ်ဘူးလို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Oct 2013 08:32 PM PDT

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ခုနှစ်တုန်းက ချီးမြှင့်ခံခဲ့ရတဲ့ ဥရောပပါလီမန်ရဲ့ Sakharov ဆုကို ဥရောပပါလီမန်ရုံးစိုက်ရာ ပြင်သစ်နိုင်ငံ Strasbourg မှာ ဒီကနေ့မှာ ဥရောပကိုယ်တိုင် လက်ခံရယူမှာဖြစ်ပါတယ်။ ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေး တရားဥပဒေစိုးမိုးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ပွဲဝင်ကြိုးပမ်းမှုတွေအပေါ်မှာ ဂုဏ်ပြုတဲ့အနေနဲ့ ဥရောပ ပါလီမန်က သူ့ရဲ့ အထင်ကရ ဆုဖြစ်တဲ့ Sakharov ကို ၁၉၉၀ မှာ ချီးမြင့်ခဲ့တာဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေအတွက် ဆိုဗီယက်သိပ္ပံပညာရှင် အတိုက်အခံလှုပ်ရှားသူ Andrei Sakharov ကို ဂုဏ်ပြုပြီး ၁၉၈၈ ခုနှစ်ကစလို့ လွတ်လပ်စွာတွေးခေါ်မှုဆိုင်ရာဆုအဖြစ် ဥရောပသမဂ္ဂက ဒီဆုကို နှစ်စဉ် ချီးမြှင့်ခဲ့တာပါ။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဆာခါရော့ခ်ဆုလက်ခံရယူရန် ပြင်သစ်နိုင်ငံသို့ မထွက်ခွာမီ EU နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်။ (၂၁၊ ၁၀၊ ၂၀၁၃)

Posted: 21 Oct 2013 08:26 PM PDT
လက်ပံတောင်းတောင်ဒေသတွင် လုံခြုံရေးရယူနေသော ရဲဝန်ထမ်းများသည် ပြည်သူလူထု၏ အထင်အမြင်လွဲမှားမှုများကြောင့် ယခင်ကဲ့သို့ စီမံကိန်း အကောင်အထည်ဖော်နေသော ၀မ်ပေါင်ကုမ္ပဏီမှ ထမင်းချက်ကျွေးခြင်းကို လက်မခံတော့ဘဲ အောက်တိုဘာလ ၂၁ ရက်မှစကာ ကိုယ်ပိုင်ရိက္ခာဖြင့်သာ စားသောက်သွားမည်ဟု မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးတင်ထွဏ်းက မဇ္ဈိမကို ပြောကြားသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 21 Oct 2013 04:33 PM PDT

ရန်ကုန်၊ အောက်တိုဘာ ၂၁။

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအား/ကာ အိမ်ယာတိုက်စီ၊ အခန်း ၃၀၆၌ ခြင်ဆေးထွန်းရာမှ အောက်တိုဘာ ၂၁ မွန်းလွဲ ၁၂နာရီခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ မီးသတ်ကားယာဉ် ၂၄ စီးခန့် လာရောက်ငြိမ်းသတ်ခဲ့သဖြင့် ၁၂ နာရီ ၄၀ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ် တပ်ဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

“အိမ်သားတွေက မရှိဘူး။ တံခါးပိတ်ထားတာ အထဲမှာ အကုန်လောင် သွားတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် ရဲမှူးသက်ထွန်းက ပြောကြားသည်။

မီးလောင်မှုကြောင့် တန်ဖိုး ၅ သိန်းခန့်ဆုံးရှုံးခဲ့ကြောင်း ဒုရဲမှူး ထွန်းအောင်ကျော်က ပြောကြားသည်။

အဆိုပါ မီးလောင်မှုအား ဒုရဲအုပ်စည်သူအောင်မှ တရားလိုပြုလုပ်ကာ သင်္ဃန်းကျွန်း နမစ(ပ)ည၉/၁၃ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရဲမှူးသက်ထွန်းထံမှ သိရသည်။

ဝေဖြိုး - People power



Posted: 21 Oct 2013 04:26 PM PDT

၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ မင်းသမီးချော မယ်ရီလင်မွန်ရိုးဟာ ပလပ်စတစ် ဆာဂျရီ လုပ်ပြီး မျက်နှာကို ပြုပြင်ခဲ့တယ် ဆိုတာကို အခု တွေ့ရှိရတဲ့ သူ့ရဲ့ ဆေးမှတ်တမ်းတွေက သက်သေခံနေပါတယ်။ သိပ်လှတယ်လို့ လူတိုင်းက ပြောရလောက်တဲ့ မယ်ရီလင် မွန်ရိုးရဲ့ မျက်နှာဟာ သဘာဝ အတိုင်းဘဲလို့ ထင်ရပေမယ့် တကယ်တော့ ခွဲစိတ် ပြုပြင်ထားတာ ဖြစ်တယ် ဆိုတာကို x-ray ဓါတ်မှန် ခြောက်ချပ် က ညွှန်ပြ နေပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဟောလီဝုဒ် မင်းသမီးချော မယ်ရီလင် မွန်ရိုး

Posted: 21 Oct 2013 04:21 PM PDT
၁၇ ရက်နေ့ဗုံးကွဲစဉ်က သေဆုံးသည့် စည်ပင်ဝန်ထမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းဒေသမှာ မနေ့က ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုဟာ နမ့်ခမ်းမြို့နဲ့ ပတ်ဝန်းကျင်မှာ သီတင်းတစ်ပတ်အတွင်း လေးကြိမ်မြောက် ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၀ ရက် မနက်ပိုင်းက နမ့်ခမ်းမြို့ကနေ ၂ မိုင်လောက်အကွာ နမ့်ခမ်း-မိုင်းဝီး ကားလမ်းပေါ်မှာရှိတဲ့ လွယ်လင်ကန်ရွာရဲ့ ရွာလယ်လမ်းမပေါ်မှာ ပေါက်ကွဲခဲ့တာလို့ နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်ညနဲ့ ၁၇ ရက်မနက်ပိုင်း ပေါက်ကွဲမှုတွေကြောင့် စည်ပင်ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ်။ လက်ရှိ နမ့်ခန်းမြို့ စည်ပင်ဝန်ထမ်းတွေ အမှိုက်သိမ်းရာမှာ တပ်မတော်က လုံခြုံရေးယူပေးနေရတယ်လို့လည်း ဦးစိုင်းတင်ဦးက ပြောပါတယ်။

RFA Burmese

Posted: 21 Oct 2013 04:18 PM PDT

Australia နိုင်ငံရဲ့ လူနေအထူထပ်ဆုံးပြည်နယ်မှာ အခုထိငြိမ်းလို့ မနိုင်သေးတဲ့ တောမီးဟာ ပျက်စီးမှုအများဆုံး မီးလောင်ကျွမ်းမှုဖြစ်ပြီး မီးသတ်သမားတွေ အပြင်းအထန် ကြိုးစားငြိမ်းသတ်နေရဆဲဖြစ်ပါတယ်။ အပူရှိန်ပိုပြီးမြင့်မားလာတာနဲ့ လေတိုက်နှုန်း တိုးလာမယ့် အနေအထား ရှိနေတာကြောင့် လာမယ့်ရက်တွေအတွင်း ပိုပြီး အန္တရာယ် ကြီးလာနိုင်ပါတယ်။ တနင်္ဂနွေနေ့မှာ New South Wales ပြည်နယ်အတွက် အရေးပေါ် အခြေအနေ ကြေညာချက်ကို ပြည်နယ်ဝန်ကြီး Barry O’Farell က ထုတ်ပြန်လိုက်ပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Oct 2013 03:54 PM PDT

လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က ရခိုင်ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့တဲ့ ဂီရိဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံခဲ့ရတဲ့မြို့နယ်တွေမှာ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက် အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးအဖွဲ့ International Rescue Committee IRC က အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် သုံးစွဲသွားမယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။ IRC အဖွဲ့က တာဝန်ရှိသူတွေဟာ ဒီနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ ဂီရိဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြို့နယ်တွေမှာ အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေးကိစ္စတွေကို အလေးထားဆောင်ရွက်သွားမယ်လို့ IRC ရဲ့ စီမံကိန်းဒါရိုက်တာ Vincent Jalabert က ပြောပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Oct 2013 04:10 PM PDT

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ် တစိတ်တပိုင်းအဖြစ် ဒီကနေ့မှာတော့ ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။ Luxembourg နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံခြားရေးရာ အစည်းအဝေးပွဲအတွင်း မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေး လုပ်ငန်းမှာ အဓိကအခက်အခဲဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်နေတဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် နောက်ဆုံးအခြေအနေ သိရသမျှကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Oct 2013 03:51 PM PDT

ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့က သူတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဒေသခံကရင်တိုင်းရင်းသားတွေရဲ့ သဘောထားကို သိနိုင်ဖို့အတွက် လာမယ့်အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ အဲဒီလို သဘောထားဆန္ဒရယူဖို့အတွက် ကရင်အဖွဲ့အစည်းတွေနဲ့ ဖွဲ့ထားတဲ့ ကရင်စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီကတဆင့် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...