Sunday, October 20, 2013

လူသုံးပစ္စည်း ရောင်းသူဖြစ်ရတော့မယ် ...


တရုတ်ပြည်၏ အော်ဂင်ထရန်စ်ပလန့် (Organ Transplant) ဈေးကွက်မှ လိုအပ်ချက်ကြီးမားသောကြောင့် မြန်မာပြညှ် ဆင်းရဲသော ဒေသမှ လူငယ်များ မိန်းမငယ်များက သားကောင်ဖြစ်လာကြတော့သည်။ တရုတ်ပြည်တွင် ကျောက်ကပ် တခုအား အရောင်းဝယ်လုပ်ရာတွင် အမေရိကန် ဒေါ်လာ ၃၅ဝဝ မှ ၅၅ဝဝ ထိဈေးပေါက်ကြောင်း (Xinhua News Agency) ဆင်ဟွာ သတင်းက တရားဝင်တင်ပြသွားသော မတ်လ ၂၅ ရက် ၂ဝ၁၂ ခုနှစ် သတင်းစာက လူမှောင်ခိုဂိုဏ်းသားများအတွက် သတင်းကောင်းဈေးနှုန်း ဖြစ်ခဲ့သည်။
လူသား နှံလုံးသားတခုသည် အမေရိကန်ဒေါ်လာ ၁၅ဝဝဝ ထိ ပေါက်ပြီး၊ မျက်ကြည်လွှာသည် အမေရိကန်ဒေါ်လာ ၄ဝဝဝ မှ ၆ဝဝဝ ထိ ဈေးရပြီး သန့်ရှင်းသော အဆုပ်အတွက် ဒေါ်လာ ၂ဝဝဝဝ ထိပေါက်ကြောင်း သိရသည်။ ယခု မြန်မာပြည်ထဲတွင် အသက် ၇ နှစ်မှ အသက် ၃ဝ အောက်ရှိသော လူပျောက်မှုဖြင့် ဒေသဆိုင်ရာ ရဲစခန်းနှင့် အာဏာပိုင်များအား တိုင်ကြားထားသော အမှုပေါင်း ၃၆၂ဝ ခန့်ရှိပြီဟု ပြည်ထဲရေးနှင့် ပတ်သက်သော ဌာနတခုက လက်သိပ်တို့ ပြောဆိုထားသည်။ အဆိုပါ လူပျောက်မှုများအား မြန်မာပြည်တွင်ထုတ်ဝေသော အစိုးရ သတင်းစာ နှစ်စောင်တွင် နေ့စဉ်မဟုတ်ရင်တောင် ရက်ခြားအနေဖြင့် သတင်းစာတွင် ဖေါ်ပြနေသည်ကို ၂ဝ၁ဝ မှ ယခု ၂ဝ၁၃ ခုနှစ်ထိ မှတ်တမ်းပြုစုခဲ့ရာတွင် လူပျောက်ကြေငြာချက်ပေါင်း ၅၂၁ ယောက်မျှရှိတာကိုတွေ့ရပြီဖြစ်သည်။ မြန်မာပြည်မှ ဆင်းရဲသား ပြည်သူများအဖို့ ယခု အစိုးရလက်ထက်တွင် ပြည်သူများ၏ လုံခြုံရေး ဘေးအန္တရယ်ကင်းရှင်းရေးအတွက် တိကျခိုင်မာသော အသုံးစရိတ် အကာကွယ် အစီမံများ တိတိကျကျ ပြဋ္ဌာန်းသတ်မှတ်ဖေါ်ပြထားခြင်းမရှိသည်မှာ ပြောင်းလဲပြီဟုပြောနေသော အစိုးရတရပ်အတွက် ထောက်ပြစရာသက်သေသက်ကာရဖြစ်နေသည်

 John Lwin Thank u phyo paing oo for ur information Pls share to all ur friend We need help from u all my friend Phyo Paing Oo — 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...