Wednesday, October 2, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၁၀)

သစ်ထူးလွင်




Posted: 02 Oct 2013 07:05 AM PDT

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အခွန်ဆောင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် တရားမဝင် ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော်ယာဉ် များကို အောက်တိုဘာလမှ စတင်ကာ ရွေ့လျားစစ်ဆေးရေး အဖွဲ့ (Mobile Team) များဖြင့် ဖမ်းဆီးသွားမည် ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရဲအုပ်တင်မျိုးဇော်က ပြောကြားသည်။ အခွန်မဲ့ တင်သွင်းလာသော ကုန်ပစ္စည်းများ၊ ကျန်းမာရေး ထိခိုက်စေသည့် စားသောက်ကုန် အတုများ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များကို အဓိက ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Oct 2013 07:00 AM PDT

မန္တလေးတိုင်းဒေသကြီး ၊ ပုသိမ်ကြီးမြို့နယ် ၊ ၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၂၅ ရက်နေ့ ကမန္တလေးမှ မူဆယ်သို့ ထွက်ခွာမည့် အရာရှိအဆင့်နှင့် ဒုဗိုလ်အဆင့်ရှိသူတို့ မောင်းနှင်လာသော စူပါကာစတန်ကားပေါ်မှ တရားမ၀င်ကျောက်စိမ်းတုံးများကို အကောက်ခွန်ဦးစီးဌာနနှင့် နယ်မြေခံရဲစခန်း၊ ၁၆ မိုင်ဂိတ် တာဝန်ကျတို့ ပူးပေါင်းရှာဖွေ ဖမ်းမိခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ ရက်။ ၁၉း၃၀ နာရီအချိန်တွင် သံတောင်(အထူး)ပြည်သူ့စစ်၊ မန္တလေးရုံးခွဲမှ ဗိုလ်ကြီးအဆင့်ရှိရန်နိုင်စိန်
နှင့် ဒုဗိုလ်အဆင့်ရှိ မင်းမင်းဦးတို့ မောင်းနှင်လာသော စူပါကာစတန်ကားသည် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Oct 2013 06:49 AM PDT

Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် အောက်တိုဘာ ၁ရက်နေ့ညက သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွာ
းခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ အမှုဖြစ်ပွားပုံမှာ ယနေ့မနက် ၆နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ အကွက်(တ-၇)၊ ၆၉လမ်း-နှင်းဆီလမ်းထောင့်၊ အမှတ်(ဏ/၁၆)၊ရှိ Panasonec Co.,Ltd မန္တလေးရုံးခွဲ(ရုံးခန်းနှင့်ဂိုထောင် တွဲ လျှက်) သို့ သက်ပိုင်စိုး ၂၇နှစ်(ဘ)ဦးစိုးတင့်၊ အရောင်းဝန်ထမ်းသည် ပစ္စည်းများထုတ်ယူရန်လာရောက်ခဲ့သည်။ ရောက်ရှိချိန်တွင် ခြံ ၀န်းတံခါးမကြီးပွင့်နေသည်ကို တွေ့ရပြီး ခြံဝန်းအတွင်းလူသုံးဦးလဲကျနေသည်ကို တွေ့ရှိသဖြင့် ဒါရိုက်တာ ဦးလှဖုန်းကျော်သို့အကြောင်း ကြားခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Oct 2013 06:41 AM PDT

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ထုံးဗွက်ရွာတွင် စက်တင်ဘာလ၂၇ ရက်နေ့ ည ၁၀ နာရီခန့်က ခရီးသွားရင်း မိတ်ဆွေအိမ် ဝင်ရောက်တည်းခိုသူ အမျိုးသမီးတစ်ဦးကို အိမ်ရှင်ဇနီးမောင်နှံက မြစ်ကမ်းနံဘေးသို့ ခေါ်ဆောင်ကာ ရွှေငွေများလုယက်၍ လူကိုမြစ်ထဲသို့ ပစ်ချခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးက ပြောကြားသည်။ ယင်းနေ့ညက လုယက်ခံရသူ ဒေါ်ငုဝါကို မြစ်ကမ်းဘေးတွင် အိမ်ရှင်အမျိုးသမီးက ချုပ်နှောင်ပြီး အမျိုးသားက လည်ပင်းညှစ်ကာ ဆွဲကြိုး၊ နားကပ်၊ လက်စွပ်တို့ဖြုတ်ယူ၍ လူကို စောင်ဖြင့်ပတ်ကာ ဧရာဝတီမြစ်တွင်း ပစ်ချခြင်း ဖြစ်ကြောင်း ဒေါ်ငုဝါက ပြောဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Oct 2013 06:39 AM PDT

စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်အချို့တွင် စက်တင်ဘာလ နှောင်းပိုင်းက မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ ကျဆင်းပြီး ကလေး မြို့နယ်တွင် ဒေသခံများ အသုံးများသော အဓိကတံတားငါးစင်း ပျက်စီးခဲ့ကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။ မိုးသည်းကာ တောင်ကျချောင်း ရေကျဆင်းမှုကြောင့် နတ်တံခါး ချောင်းတံတား၊ ဆိပ်ကမ်းသာ တံတား၊ ဆေးရုံတံတား၊ နန်းကလိန် ချောင်းတံတား၊ ဆည်ကြီးချောင်းတံတား စုစုပေါင်း လူသုံးများသော တံတားငါးစင်း ပျက်စီးကြောင်း မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပြု ကော်မတီထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Oct 2013 04:20 AM PDT

လုံခြုံ ရေး အားနည်းမှုကြောင့် မဟာ ဗန္ဓုလပန်းခြံ အနီးတစ်ဝိုက်တွင် နိုင်ငံခြားငွေ တရားမဝင်ငွေလဲ လှယ်ခြင်း လုပ်ငန်းလုပ်ကိုင်သူ များက ငွေလာရောက်လဲလှယ်သူ များကို တစ်ပတ်ရိုက် လိမ်လည်မှု များ ပြုလုပ်နေခြင်းများ ယနေ့ တိုင် ရှိနေသေးကြောင်း ယင်း အနီးတစ်ဝိုက်တွင် တရားရုံးဝန် ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေ သူများက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။ ''ကိုးတောင်ကျားတွေက အခုအချိန် အထိ ရှိနေကြတုန်း ပဲ။ စက်တင်ဘာ ၂၅ရက်ကပဲ မလေးရှားက ပြန်လာတဲ့သင်္ဘော သားတစ်ဦးကို ငွေကျပ် ၆၀၀၀၀ လောက်လိမ်သွားတယ်။ ငွေကို လက်လှည့်ပညာတွေနဲ့ အဖွဲ့ လိုက်လိမ်ယူကြတယ်''ဟု မဟာ ဗန္ဓုလပန်းခြံလမ်းတွင် တရားရုံး ဝန်ဆောင်မှုလုပ်ငန်းများ လုပ် ကိုင်သူ ကိုဝင်းထွန်းက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Oct 2013 04:00 AM PDT

ပြည်ထဲရေးဝန်ကြီးသို့ တိုက်ရိုက်တိုင်ကြားမှုဖြင့် တောင်ငူမြို့ရှိ လောင်းကစားဒိုင်ချုပ်ကို အထူးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးအပါအ၀င် သက်ဆိုင်ရာရဲအရာရှိငါးဦးကို အထူးစုံစမ်းစစ်ဆေးရေးခုံရုံး၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ““သက်ဆိုင်ရာ ဒေသတွင်းမှာ ဥပဒေချိုးဖောက်နေသူတွေကို ရဲတပ်ဖွဲ့ဌာနချုပ်ကနေ တိုက်ရိုက်အရေးယူခဲ့ရတဲ့အတွက် တာဝန်အရှိဆုံးရဲတပ်ဖွဲ့ဝင်ငါးဦ
းကို စုံ/ခုံဖွဲ့စစ်ဆေးနေတာပါ။ စစ်ဆေးဆဲအဆင့်ပဲရှိပါသေးတယ်””ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Oct 2013 03:41 AM PDT

မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ သွားလာကာ ညပိုင်း အချိန်များတွင် လမ်းသွား လမ်းလာများ၊ မော်တော်ဆိုင်ကာ စီးနင်းသူများအား အကြောင်းမဲ့ ဓားဖြင့် လမ်းသရဲ ဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။  ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် လူငယ် တစ်အုပ်သည် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Oct 2013 03:36 AM PDT

တပ်မတော်အစိုးရ လက်ထက်က လယ်မြေဧကနှစ်သောင်းကျော် ရေပေးဝေမည် ဟုဆိုကာ ဧရာဝတီတိုင်း ဒေသကြီးတွင် တည်ဆောက်ခဲ့သည့် မြစ်ရေတင်စီမံကိန်း သုံးခုသည် အောင်မြင်ခြင်း မရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ပြောကြားသည်။ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အတွင်းရှိ မြစ်ကျိုး၊ ငပိဆိပ်၊ ကဇွန်းခုံ စသည့် မြစ်ရေတင် စီမံကိန်းသုံးခု အတွက် ရေပေးဝေရန် လျာထားမြေဧကမှာ ၂၂,၀၀၀ ဖြစ်ပြီး အမှန်တကယ် ပေးဝေနိုင်မှုမှာ တစ်ထောင်ပင် မပြည့်ကြောင်း ဦးခင်မောင်ရီက အောက်တိုဘာလ ၁ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Oct 2013 03:29 AM PDT

စက်ချုပ်နေသောမိန်းကလေးနှစ်ဦး
ကို အသေးစိတ်သင်ပြပြီးနောက် ကြမ်းပြင်ပေါ်ထိုင်လိုက်ရင်း နဖူးမှချွေး စေးများကို မချိုအေးသုတ်လိုက်သည်။တတ်ကျွမ်း ထားသော အသက်မွေးဝမ်း ကျောင်းပညာဖြင့် ယခုလိုကိုယ်ပိုင်သင် တန်းဖွင့်ထားနိုင်ပြီး သင်တန်းကလည်း အသင့်အတင့် အောင်မြင်သောကြောင့် ပင်ပန်းပုံရသော်လည်း မချိုအေး မျက်နှာ က ရွှင်လန်းနေသည်။ ယခင်က စက်ချုပ်ပညာဖြင့် လှိုင် သာယာစက်မှုဇုန်အတွင်းရှိ စက်ရုံတွင် လုပ်ခဲ့သော်လည်း ဖြစ်ပေါ်လာသော အခြေအနေများက စက်ရုံ အလုပ် သမား ဘဝကိုစွန့်ခွာ ရန်ဖြစ်လာခဲ့ သည် ဟု သူက ဆိုသည်။ ကိုယ်ပိုင်လုပ်ငန်း ဖြင့် အသားကျနေပြီဖြစ်သော သူမအ နေဖြင့် စက်ရုံအလုပ်သမားဘဝကို ပြန် မသွားလိုတော့။ ဘဝတူအလုပ်သ မား များ၏ အရေးအတွက်ရှေ့ဆုံးမှ အင် တိုက်အားတိုက် ပါဝင်တောင်းဆိုခဲ့ သော သူ့အတွက် ရရှိလာသောနောက် ဆက်တွဲရလဒ်များကအားရစရာမရှိ။ သို့သော် သူမကကျေနပ်သည်။ ဦးဆောင် လုပ်ပေးခဲ့သောကြောင့် ဘဝတူအလုပ် သမားများ ထိုက်သင့်သော လစာလေး များ ရရှိလာချိန်တွင်သူကတော့ ခြောက် နှစ်ကြာ အလုပ်လုပ်ခဲ့သော စက်ရုံကို ကျောခိုင်းခဲ့ရတော့သည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Oct 2013 03:27 AM PDT

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် လူငယ်များ အုပ်စုဖွဲ့ပြီး ရမ်းကားမှုများ ဆက်တိုက်ဖြစ်ပွား ခဲ့ကြောင်း  သတင်းရရှိသည်။ စက်တင်ဘာလ ၂၇ ရက်က  လူငယ်တစ်စုက ဆိုင်ကယ်စီးလာသူများကို အကြောင်းမဲ့ရန်ရှာပြီး ဆိုင်ကယ်ကို  ရိုက်နှက်ဖျက်ဆီးသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာ ၃၀ ရက်ကလည်း အဆိုပါမြို့နယ်အတွင်းရှိ ဘီယာဆိုင်တစ်ဆိုင်တွင်  လူငယ်တစ်စုက ရမ်းကားကာ ဆိုင်ရှိပစ္စည်းများကို ဖျက်ဆီးသွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး  ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။  စက်တင်ဘာလ ၂၇ ရက် ည ၁၁ နာရီက အမျိုးသမီးတစ်ဦးသည် အိမ်ပြန်မလာသည့်ခင်ပွန်းသည်ကို အစ်ကိုဝမ်းကွဲဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် လိုက်လံရှာဖွေစဉ် လူငယ်တစ်ဦးက လမ်းပေါ်တက်ကာ ဆိုင်ကယ်ကို တားဆီးခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Oct 2013 03:23 AM PDT

နိုင်ငံအတွင်း လုံခြုံရေးအခြေအနေအရ လိုအပ်လာပါက အခြေခံဥပဒေပုဒ်မ ၃၄၀ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်သူအားလုံးပါဝင်သည့်  စစ်မဟာဗျူဟာကို တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ်ကျော်ညွ
န့်က အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။ ပြည်သူအားလုံးပါဝင်သည့် စစ်မဟာဗျူဟာဆိုသည်မှာ စစ်မှုမထမ်းမနေရစနစ်ကိုဆိုလိုကြောင်း တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက အဓိပ္ပာယ်ဖွင့်ဆိုပြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နေပြည်တော်တွင် ကျင်းပခဲ့သော (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ဓာတ်ပုံ - ငြိမ်းချမ်းနိုင်/အီးပီအေ



Posted: 02 Oct 2013 03:18 AM PDT

အောက်တိုဘာလ(၅)ရက်နေ့ ထုတ် Net Guide Journal Vol 3 No 4

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Oct 2013 03:17 AM PDT

အောက်တိုဘာလ(၂)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၃၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ






Posted: 02 Oct 2013 02:42 AM PDT

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဒီနေ့ မနက်စောစောက ယာဉ်တိုက်မှု ၁ ခုဖြစ်ပွားပြီး လူ ၁၈ ဦး ဒဏ်ရာရသွားပါတယ်။ ကျောက်ဖြူနဲ့ ရန်ကုန်ကို ပြေးဆွဲနေတဲ့  မာန်သစ္စာ  ခရီးသည်နဲ့ ကုန်တင်ယာဉ်  ကား ၁ စီးဟာ  ဒီနေ့ မနက် ၅ နာရီခွဲလောက်က  ကျောက်ဖြူမြို့အထွက် လေယာဉ်ကွင်းအနီးမှာ  ကုက္ကိုပင်နဲ့တိုက်မိပြီး ကားပေါ်ပါလာတဲ့ ခရီးသည်အားလုံးနီးပါး ဒဏ်ရာရခဲ့တာပါ။  ဒဏ်ရာရသူ ၁၈ ဦးကို ကျောက်ဖြူပြည်သူ့ဆေးရုံ ပို့ဆောင်ထားကြောင်း၊ အဲဒီထဲက အသက် ၁၉ နှစ်ရွယ် စပယ်ယာမှာ ဘယ်ဘက် ခြေတဘက် ကားထိုင်ခုံထဲမှာ ညှပ်နေလို့ ၂ နာရီကြာအောင် ဆွဲထုတ်ခဲ့ရတယ်လို့ ဒေသခံ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Oct 2013 02:35 AM PDT

ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော  ပဋိပက္ခမှာ နယ်ကျေးရွာများသို့ ကူးစက်ပျံ့နှံ့သွားပြီး ယခုအခါ သေဆုံးသူ  (၅) ဦး၊ ဒဏ်ရာရသူ (၄) ဦး ရှိပြီး  (၁) ဦး ပျောက်ဆုံးနေသည်ဟု သတင်းရရှိသည်။ သံတွဲဆေးရုံသို့ အလောင်း (၅) လောင်း ရောက်ရှိလာသည်ဟု  ဆေးရုံမှ ၀န်ထမ်း တစ်ဦး ဖြစ်သူ ကိုအောင်ကျော်လေးက နိရဉ္စရာသို့ ပြောသည်။ “ကျွန်တော်တို့ သံတွဲဆေးရုံကို ဒဏ်ရာရတဲ့သူ ၄ ဦး နဲ့ အလောင်း ၅ လောင်းရောက်ပါတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ ဗုဒ္ဓဘာသာတွေဖြစ်ပြီးတော့ အလောင်း ၅ လောင်းကတော့ မူဆလင်တွေ ဖြစ်ပါတယ်။ ပျောက်နေတဲ့သူကတော့ ဗုဒ္ဓဘာသာဝင် ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒဏ်ရာရ၍ ဆေးရုံ ရောက်နေသူများကို တွေ့ရစဉ်။




Posted: 02 Oct 2013 02:24 AM PDT

ပြည်နယ်တိုင်း ၉ခုမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ မြန်မာလူငယ်တွေရဲ့ ၆ဝ%ဟာ အလုပ်လက်မဲ့ပြဿနာနဲ့ ရင်ဆိုင်နေရပြီလို့ မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးရဲ့ စစ်တမ်းကောက်ယူမှုအရ သိရတယ်လို့ အောက်တိုဘာ ၁ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Oct 2013 02:13 AM PDT
အကျိုးတူစီးပွားရေး ပူးပေါင်းဆောင်ရွက် ရေး နားလည်မှု စာချွန်လွှာ (MOU)  တစ်ရပ် ကို လက်မှတ် ရေးထိုး ခဲ့

စင်ကာပူစတော့ရှယ်ယာဈေးကွက်ဝင် စီးပွား ရေးလုပ်ငန်းစု ကြီး ဖြစ် သော Yoma Strategic သည် ဂျပန်နိုင်ငံ၏အကြီးဆုံးစီးပွားေ
ရးလုပ်ငန်းစု ကြီး ဖြစ်သည့် Mitsubishi Corporation နှင့် နှစ်ဖက် အကျိုးတူစီးပွားရေး ပူးပေါင်းဆောင်ရွက် ရေး နားလည်မှု စာချွန်လွှာ (MOU)  တစ်ရပ် ကို လက်မှတ် ရေးထိုး ခဲ့ ပါသည်။
Yoma သည် ပြည်တွင်းတွင်  Mitsubishi Corporation နှင့် Mitsubishi Motors တို့ ဖြင့်ပူးပေါင်းကာမော်တော်ယာဉ် ၀န်ဆောင်မှုစင်တာ (after sales service centre) ကို ရန်ကုန်တွင် ဖွင့်လှစ်လုပ်ကိုင်နေပြီ ဖြစ်ပါသည်။

`အခုလိုဂျပန် နိုင်ငံရဲ့ အဓိက စီးပွားရေး လုပ်ငန်းစုကြီး တွေ အ ထဲ က တစ် ခု ဖြစ် တဲ့ Mitsubishi နဲ့ စီး ပွား ရေး အရ ပူးပေါင်းမှုဟာ လုပ်ငန်းအချင်းချင်းအကြားပူးပေါ
င်းဆောင်ရွက်မှုကို ပိုမိုတိုးတက်စေမယ့် အကြောင်း အချက် တွန်း အား တစ်ခု ဖြစ်လာမှာဖြစ်သလို ကျွန်တော်တို့ရဲ့ လက် ရှိ စီမံကိန်းတွေ အောင် အောင် မြင် မြင် နဲ့ ဆက်လက်ဆောင်ရွက်သွားနိုင်မယ်ဆိုတာပို ပြီး သေ ချာ သွား စေ ပါတယ်။ ကျွန်တော်တို့ အနေနဲ့ဒီလို နာမည်ကျော် Mitsubishi လို အဖွဲ့အစည်း ကြီး မျိုးနဲ့ ပူး ပေါင်း ဆောင်ရွက် ခွင့် ရတာ ဂုဏ် ယူ ပါတယ်။’ ဟု Yoma Strategic ၏ အမှုဆောင်အရာရှိချုပ် Andrew Rickards က ဆိုပါသည်။
by Myanmar News Now

Posted: 02 Oct 2013 01:34 AM PDT

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် တွေ့ဆုံခြင်း
အစိုးရသက်တမ်းတစ်ဝက်ကျော် ကာလကို ရောက်လာတဲ့အချိန်မှာ ဝန်ကြီးတို့အနေနဲ့ ဘာတွေ လုပ်ခဲ့နိုင်ခဲ့ပြီလဲခင်ဗျ။
နိုင်ငံရေးအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပါတီအပါအဝင် ပါတီတွေ အားလုံးနဲ့ ပို၍နားလည်အောင် တွေ့ဆုံ လို့ရအောင် လုပ်ခဲ့တာပေါ့။ နောက်ပြီး လွှတ်တော် ထဲထိေ ရာက်အောင် လုပ်နိုင် ခဲ့တယ်။ ဒါတွေအပြင် နိုင်ငံတကာ နယ်ပယ်မှာ မြန်မာအစိုးရကို ယခင်က ထက်စာရင် တင့်တောင့်တင့် တယ် ဆောင် ရွက်ရတာပေါ့။ ထို့အတူ ပဲမီဒီယာ တွေ ထို့အတူပဲ ဆန္ဒပြခွင့်တွေ၊ ထို့ အတူပဲ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တွေ စလုပ်ပေးခဲ့တာပေါ့ဗျာ။ တချို့တော့ လည်း ထင်သလောက် ခရီးမပေါက် သေး ဘူး။ စီးပွားရေးပိုင်းကျတော့ ကျွန် တော်တို့က Frame work  ဆွဲရတယ်။ Socio Economic Development Frame Wark ဆွဲရတယ်။ ဒါမှစီးပွားရေး ဖွံ့ဖြိုးတိုးတက် မယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး တော့ တချို့လည်း Private Sector  တွေဖွင့်ပေး၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အသစ်တွေရေးဆွဲပြီးတော့ ဒါတွေ လုပ် ခဲ့ရတာပေါ့။ ဆက်သွယ်ရေး ပိုင်း ဆိုင်ရာ ဆိုလည်း အင်တာနေရှင်နယ် တင်ဒါ စနစ်ကို စနိုင်ခဲ့တယ်။ စဖွင့်တဲ့အထိ တစ်နှစ်ခွဲလောက်ကြာတယ်။ ဒါပေမဲ့ ခု မရတော့ဘူး။ နိုင်ငံတကာ တင်ဒါ ခေါ် မယ်။ နိုင် ငံတကာက တင်ဒါကျွမ်း ကျင်သူတွေရွေးမယ်။ ဒီလိုလမ်းကြောင်း တည့်နိုင်ခဲ့တယ်။ ဒီလိုပဲ ရင်းနှီးမြှုပ်နှံမှု အပိုင်း ဒီလိုပဲ တင်ဒါအပိုင်း ဒါတွေလည်း မှန်ကန်တ ည်ငြိမ်တဲ့ လမ်းကြောင်း ပြောင်းပေးနိုင်ခဲ့တယ်။ ----

အင်တာဗျူး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Oct 2013 01:26 AM PDT

သံတွဲမြို့နယ် ရွှေလှေကျေးရွာအုပ် စု၌ အောက်တိုဘာ ၁ ရက်နေ့ မနက် ပိုင်းက ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှုတို့ ရှိခဲ့ကြောင်း အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးမြင့်လှိုင်က ပြောသည်။ စက်တင်ဘာလ ၂၉ ရက်နေ့က သံတွဲမြို့ပေါ်တွင် ဆူပူအကြမ်းဖက်မှု တစ်ခုဖြစ်ပွားခဲ့ရာ စက်တင်ဘာလ ၃ဝ ရက်နေ့တွင် တည်ငြိမ်အောင် ထိန်းထား နိုင်ပြီဖြ စ်ကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ပြီး နောက်တစ်နေ့တွင် ထိုသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သံတွဲမြို့နှင့် ဆယ်မိုင်ခန့်ဝေးသော သပြုချိုင်ကျေးရွာတွင် မသမာသူတို့လက်ချက်ကြောင့် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းခဲ့သော နေရာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- သန်းထွဋ်ဦး)



Posted: 02 Oct 2013 01:19 AM PDT

နိုင်ငံ တော်သမ္မတ ရခိုင်ပြည်နယ် သို့ ရောက်ရှိနေ စဉ်အတောအတွင်း သံတွဲတွင် အကြမ်းဖက်ဆူပူမှု များ ဖြစ်ပွားလာခြင်းသည် အချိန်ကိုက် ဆောင်ရွက်မှုတစ်ခုဖြစ်နိုင်ကြော
င်း နိုင်ငံရေးလေ့လာသုံးသပ်သူများ က ပြောကြားကြသည်။ နိုင်ငံတော်သမ္မတ ဦးသိန်း စိန်သည် အောက်တိုဘာ၁ရက်က ရခိုင်ပြည် နယ် မြောက်ဦး၊ ကျောက် တော်၊ မောင်တောနှင့် စစ်တွေမြို့ များသို့ သွားရောက် လျက်ရှိပြီး ယင်းနေ့တွင် သံတွဲမြို့နယ် သပြု ချိုင်ကျေးရွာတွင် ဘင်္ဂါလီနေအိမ် ၁ရလုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နိုင်ငံတော်သမ္မတဦးသိန်းစိန် ရခိုင်ပြည်နယ်သို့သွားစဉ် စစ်တွေလေဆိပ်၌ ရခိုင်တိုင်းရင်းသူလေးများက ကြိုဆိုနေကြပုံကို အောက်တိုဘာ၁ရက်က တွေ့ရစဉ်။ Photo - EPA


Posted: 02 Oct 2013 01:15 AM PDT

ပြည် သူချစ်သော ပြည်သူ့ဝန်ထမ်း ရဲ ဒုတပ်ကြပ်ခင်မောင်မြင့်ကို (၄၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့တွင် ရဲဒုတပ်ကြပ်ရာထူးမှ ရဲ တပ်ကြပ်ရာထူး တိုးမြှင့်ခံလိုက်ရ သည့်အပြင် အကောင်းဆုံးရဲတပ် ဖွဲ့ဝင်ဆုရရှိခဲ့ကြောင်း သိရသည်။ ၂၀၁၃ခုနှစ် အောက်တိုဘာ ၁ရက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ် ထိန်း ရဲတပ်ဖွဲ့ အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)တွင် ကျင်းပသော (၄၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဆုချီးမြှင့် ပွဲအခမ်းနားတွင် ရာထူး တိုးမြှင့် ခြင်းနှင့် အကောင်းဆုံးရဲတပ်ဖွဲ့ ဝင်ဆု ချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ် သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရန်ကုန်မြို့ ဓမ္မစေတီလမ်းထောင့်တွင် ယာဉ်ကြောရှင်းလင်းရေး တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်ခင်မောင်မြင့်အား တွေ့ရစဉ်။


Posted: 02 Oct 2013 01:03 AM PDT


အောက်တိုဘာ ၁ ရက်နေ့က ဂျပန် All Nippon Airway(အေအန်အေ) လေကြောင်းလိုင်း၊ စင်ကာပူအခြေစိုက် Tiger Air လေကြောင်းလိုင်းနဲ့ ထိုင်းအခြေစိုက် Bangkok Airway၊ လေကြောင်းလိုင်း ၃ လိုင်းဟာ ခရီးစဉ်အသစ်တွေ ပြေးဆွဲခဲ့ကြကြောင်း လေယာဉ်လက်မှတ် အရောင်းဌာနတွေက ပြောပြပါတယ်။
အရင်က ထိုင်ခုံ ၃၈ ခုံပါ လေယာဉ်ငယ်တွေနဲ့ ရန်ကုန်-တိုကျို ၁ ပတ် ၃ ကြိမ် ပြေးဆွဲနေတဲ့ ဂျပန် အေအန်အေလေကြောင်းလိုင်းဟာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး ထိုင်ခုံ ၂၀၀ ပါတဲ့ ဘိုးရင်း ၇၆၇ လေယာဉ်ကြီးနဲ့ နေ့စဉ် ပြေးဆွဲပါတယ်။ ဈေးနှုန်းသက်သာတဲ့ တိုက်ဂါးလ်အဲယား လေကြောင်းလိုင်းဟာလည်း အဲဒီနေ့မှာပဲ ရန်ကုန် – စင်ကာပူ ခရီးစဉ်ကို နေ့စဉ်ပြေးဆွဲပါတယ်။

လက်ရှိ အချိန်ထိ ရန်ကုန် – ဘန်ကောက် တနေ့ ၃ ကြိမ်ပြေးဆွဲနေတဲ့ ဘန်ကောက်အဲယားဝေးဟာလည်း အောက်တိုဘာ ၁ ရက်နေ့က နေပြည်တော် – ဘန်ကောက် ခရီးစဉ်တွေကို စ ပြီးပြေးဆွဲခဲ့ပါတယ်။

ခုအခါ ရန်ကုန်မှာ နိုင်ငံတကာလေကြာင်းလိုင်းတွေ ပြေးဆွဲမှု များလာတာမို့ ညအချိန် ပြေးဆွဲ ဆင်းသက်မှုတွေကိုပါ လုပ်နေရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးဟံစိန်က အမျိုးသားလွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။

 by ဒီဗွီဘီ


Posted: 02 Oct 2013 01:00 AM PDT


၂၀၁၂ အောက်တိုဘာလတုန်းက ဖွင့်ခဲ့တဲ့ ၂၈၅ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲက ပေါက်တဲ့ ထီဆုလက်မှတ် ၁၃၅၄ စောင်၊ ဆုငွေ စုစုပေါင်း တန်ဖိုးကျပ် သိန်း ၂၅၀၀ ကျော်ကို အောက်တိုဘာ ၃၁ ရက်နေ့အထိ လာမထုတ်ယူပါက ပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်းမယ်လို့ အောင်ဘာလေသိန်းဆု ဌာနခွဲက ဒီနေ့ ကြေညာပါတယ်။
လာရောက်မထုတ်ယူပဲ ကျန်ရစ်တဲ့ ထီဆုကြီးစာရင်းမှာ ကျပ်သိန်း ၁၅၀၀ တန် ၁ ဆု ပါတာမို့ ထူးခြားတဲ့ ဖြစ်ရပ်အဖြစ် ထီလုပ်ငန်းလုပ်ကိုင်သူတွေက ပြောဆိုနေကြပါတယ်။

အစိုးရဟာ အောင်ဘာလေထီဖွင့်ပွဲကို လစဉ်ကျင်းပနေပြီး ထီရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် ဖွင့်လှစ်ပေးပြီး ၄၀ ရာခိုင်နှုန်းကို အခွန်အဖြစ် ကောက်ခံပါတယ်။

 by ဒီဗွီဘီ


Posted: 02 Oct 2013 12:56 AM PDT

ကျောက်ဖြူမြို့တွင် ပြုလုပ်မည့် အထူးစီးပွားရေးဇုန်သည် ဒေသခံများ ကို ထောင်ချမည့် စီမံကိန်းအဖြစ် ပြည် သူများ ယုံကြည်ခံစားနေရကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။ ”မဒေးကျွန်းဒေသမှာ ကုမ္ပဏီတွေ က အလုပ်လာလုပ်တယ်။ အလုပ်လာ လုပ်တဲ့အတွက် ဒေသခံတွေထိခိုက်နစ် နာတယ်။ ဒီထိခိုက်နစ်နာတဲ့ဟာကို ဆန္ဒထုတ်ဖော် ခွင့်တောင်းတဲ့အခါ အစိုး ရက မပေးဘဲနဲ့ ထုတ်ဖော်တဲ့အတွက် ဒေသခံတွေကို ထောင်ချတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


 မေဇင်ဝင်း - ကျောက်ဖြူခရိုင် မဒေးကျွန်းပေါ်ရှိ စီမံကိန်းလုပ်ငန်းခွင်တစ်ခု


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...