Monday, October 21, 2013

တပည့်တစ်ဦး ၊ 420 ပုဒ်မနှင့် ကျနော်...



တစ်ခါတုန်းကပေါ့ internet ဆိုင်ဖွင့်မယ်ဆိုပြီး ပြင်ဆင်နေတုန်းကျနော့ တပည့်တစ်ကောင်က စက်ထဲက Graphic Card တွေကိုဖြုတ်ရောင်းထားပါလေရော ။ ကျနော်ခရီးကပြန်လာလို့ စက်တွေဆင်တော့ စက်တစ်ချို့က ပျက်နေပါလေရော ။ ဒါနဲ့ဖွင့်ကြည့်တော့ Graphic Card တွေမရှိတော့ တာတွေ့တာနဲ့ မင်းယူထားရင် ပြန်ပေးပါ ၊ မဟုတ်ရင်ငါအမှုဖွင့်တော့မယ်လို့ ပြောလည်း မရတာနဲ့ အမှုဖွင့်လိုက်ပါတယ် ။

ကျနော်အမှု့သွားဖွင့်နေတုန်း ကျနော့တပည့်ကဘယ်ပျောက်သွားမှန်းမသိပါဘူး ။ ဒါနဲ့ ညဖက်ရောက်တော့ သူအိမ်ကို သွားဖမ်းတာပေါ့ ရုပ်ရှင်ထဲကအတိုင်းပဲ ။ သူ့အိမ်နားမှာမိပါတယ် ။ ဖမ်းပြီးကားပေါ်ခေါ်တာတုန်း လုပ်မိပါတယ်လို့ ၀န်ခံပါတယ် ။ ကျနော်လဲ မင်းအခုမှ ဘာလို့ဝန်ခံတာလဲ ငါမေးတုန်းက မင်းမယူပါဘူးဆို လို့ပြောတော့ အစ်ကိုတစ်ကယ်လုပ်မယ် မထင်လို့ပါတဲ့ ။ သူလည်း အချုပ်ထဲတန်းေ၇ာက်သွားတာပဲ ။ သိတ်မကြာပါဘူး အင်းစိန်ထောင်ကို ရောက်သွားတော့တာပဲ ။
အဲသည်မှာ ဇာတ်လမ်းစတာပဲ ။ သူ့မိန်းမနဲ့ ယောက္ခမက နေ့တိုင်းလာငိုပြတာပဲ ။ သူတို့ကိုပုန်းနေကတာကိုက အလုပ်တစ်ခု ။ ကျနော့ပစ္စည်းတွေကိုလဲ သက်သေခံအနေနဲ့ တရားရုံးကသိမ်းထားတော့ အမြန်ပြန်လိုချင်တာနဲ့ အမှုပိတ်ပေးမယ်လို့ ကတိပေးလိုက်တယ် ။ အမှုပိတ်ဖို့ လိုက်လုပ်တော့ ဥပဒေအရာရှိနဲ့ သွားတွေ့ရတာပေါ့ ။ ဆွဲချလို့လဲခေါ်ပါတယ် ။
သူက ဆရာကြီးလေသံနဲ့ အမှုဆိုတာ ဖွင့်ချင်တိုင်းဖွင့်၊ ပိတ်ချင်တိုင်းပိတ် လုပ်လို့မရဘူး လို့ပြောပါတယ် ။ ကျနော်လဲ ၃၀၀၀၀ ပေးပါ့မယ် ၊ ပိတ်ပေးပါလို့ပြောပါတယ် ။ ၅၀၀၀၀ နဲမှတည့်သွားပါတယ် ။ 
အဲဒါနဲ့ သူလည်းအမှုပိတ်သိမ်းမည့်အကြောင်း တစ်ရားရုံးမှာ အစီရင်ခံတော့ တစ်ရားသူကြီးကအမှုပိတ်ကြောင်းပြောပြီး ကျနော့တပည့်ကိုလွှတ်ပေးလိုက်ပါတယ် ။ သက်သေခံပစ္စည်းတွေကတော့မရသေးပါဘူး ။ နောက်ရက်ကျတော့ တပည့်မိန်းမနဲ့ သူ့ယောက္ခမက ကျေးဇူးတင်ကြောင်းလာပြောရင်းနဲ့ ကွမ်းယာဆိုင်လေးဖွင့်ချင်လို့ ပိုက်ဆံ၃၀၀၀၀ လောက်ချေးပါတယ် ။ ကျနော်လည်း မပေးလိုက်ပါဘူး ။ နောက်တစ်ပက်လောက်နေတော့ ကျနော်လည်း ကျနော့ပစ္စည်းတွေ တရားရုံးမှာ သွားတောင်းတာပေါ့ ။ 
ဟိုသူ့မှာပဲ တာဝန်ရှိသလို့ ၊ သည့်လူ့မှာပဲ တာဝန်ရှိသလို ၊ ဟိုလိုလို သည်လိုလိုနဲ့ တစ်လကျော်ကြာတဲ့ အထိ ကျနော့ ပစ္စည်းများကို ပြန်ထုတ်မပေးပါဘူး ။ အဲဒါနဲ့ တစ်ရားသူကြီးနဲ့သွားတွေ့ပြီး မေးတော့ တရားခံက အယူခံဝင်ရင်ဝင်မှာမို့လို့ သက်သေခံပစ္စည်းတွေကိုပြန်ပေးလို့မရ သေးပါဘူးတဲ့ ။ ကျနော်လည်းဘယ်လောက်စောင့်ရမှာလဲဆိုတော့ (၆)လစောင့်ရမယ်တဲ့ ။ နားလည်ပေးပါပရိတ်သတ်ကြီးရယ် ကွန်ပျူတာပစ္စည်းတွေ မသုံးမစွဲပဲ (၆)လကြာပြစ်ထားရင် ဘာဖြစ်တက်လဲလို့ ။ ပစ္စည်းထိမ်း ဘိလစ်ကိုလည်း (ပစ္စည်းတွေတန်ဘိုးနဲ့ ညီမျှတဲ့ ပိုက်ဆံကို ပေးထားပါ့မယ် ။ ပစ္စည်းတွေပြန်ပေးပါဆိုလို့ လည်း ပြန်မပေးပါဘူး ။ တရားခံ ကျနော့တပည့်ကတော့ ကွမ်းယာဆိုင်တောင်ဖွင့်ပြီးသွားပါပြီ။ 
နောက်ဆုံးတော့ ကျနော်လည်းသည်းမခံနိုင်တော့တာနဲ့ တရားသူကြီးရုံးခန်းနားသွားကြမ်းရတော့တာပေါ့ ။ 
"ဘာတရားရုံးလဲ..မတရားရုံး ၊ဘာညာနဲ့ " ဖြဲလိုက်မှ နားညည်းလို့နဲ့တူပါတယ် ။ ပြန်ထုတ်ပေးလိုက်ပါဆိုပြီး စာရေးပေးလိုက်တယ်။ ဘီလစ်မကြီးနဲ့ ထပ်တွေ့ရတော့တာပဲ ။ ကျနော်လည်း မျက်နာကို အတင်းဆုံးဖြစ်အောင်လုပ်ထားရက်နဲ့ "မောင်လေး အစ်မအတွက်လုပ်ပေးခဲ့ဦးနော်" ဆိုပြီးပြောဖြစ်အောင် ပြောထွက်သေးသည် ။ ဘာလို့ပေးရမှာလဲ ဆိုပြိး တစ်ပြားမှမပေးခဲ့ပါ။ ဆိုင်ရောက်တော့ စစ်ကြည့်လိုက်တော့ ကဒ်(၆)ကဒ်ထဲမှ ၄ ကဒ်မှာပျက်နေပါတော့သည်.........

သင်ခန်းစာ....
အမှုမလုပ်ခင် စဉ်းစားပါ....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...