Thursday, April 4, 2013

RIT …

RIT …
အရင် က အရှေ့တောင် အာရှရဲ့ အကောင်းဆုံး ကျောင်းထဲမှာပါ ခဲ့ တဲ့ RIT
သူပုန်များရဲ့ မိခင် ဟု ယိုးစွပ် ခြင်း ခံခဲ့ ရတဲ့ RIT
ဆယ်စုနှစ် တစ်ခုကျော် ခြုံတောထဲမှာ ပစ်ထားခြင်း ခံခဲ့ ရတဲ့ RIT
သမိုင်းရေစီး လှိုင်းကြီး လေထန် ပြီး သကာလ ..
ဓမ္မာ့ နဲ့ အဓမ္မာ့ ၊ အဖြူ နဲ့ အမဲ ကွဲပြီ မို့ ..
ဂုဏ်ယူစရာ သူပုန်မိခင် ဘ၀နဲ့
ဆင်မဲ တွေ မကြည့်ဝံ့ တဲ့ ..
ဆင်ဖြူ အဖြစ် နဲ့ ပြန်လာပြီ ..
…………………………………………………………………………………..

ရန်ကုန်နည်းပညာတက္ကသိုလ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလှူရှင်များအား ဂုဏ်ပြုပွဲ
အခမ်းအနား 
3 April 2013 Wed

အခမ်းအနား ကိုယနေ့  ၃-၄-၂၀၁၃ ရက်နေ့မှာ RIT စက်မှု ခန်းမ မှာ ကျင်းပပါ သည်။
အခန်းအနား သို့ ဆရာဦးညီလှငယ် ၊ သပန ဒုဝန်ကြီး ဦးဇော်မင်းအောင် နှင့် ဆရာဆရာများ ၊ အလှူရှင် ကျောင်းသူ/သားများ နဲ့ လုပ်ငန်းရှင်များပါ တက်ရောက်ကြသည်။

(RIT ကျောင်းတော်ကြီး၏ ယခုနှစ် အနေအထား) ..

ယခင်က ရန်ကုန်နည်းပညာတက္ကသိုလ်(RIT ) ၏ ကျောင်းဝင်ခွင့် အမှတ် သည်
 မြန်မာပြည်တွင် ဒုတိယ အမှတ် အများဆုံး သာဖြစ်ခဲ့သည် ။ ယခုနှစ် Intake အတွက် ၀င်ခွင့်အမှတ်မှာ မြန်မာတစ်ပြည်လုံးရှိ တက္ကသိုလ် ၊ ကောလိပ် (၁၆၈) ခု တွင် အမြင့်ဆုံး 
အမှတ်ဖြစ်ခဲ့သည့် အတွက် နာလံထ RIT ကျောင်းတော် ကြီး အတွက် ဂုဏ်ယူစရာ
 ဖြစ်လို့နေသည်။

( ၆ နှစ် တက်ရသည့် RIT ) ..

Bachelor of engineering ဘွဲ့  ကို ၆ နှစ် တက်ရောက်သင်ကြားရသော ကျောင်းသည်
နိုင်ငံတကာတွင် RIT ကျောင်း တစ်ခုတည်း သာရှိသည်။ Bachelor of engineering ဘွဲ့  
ကို UK မှာ ၃ နှစ် ၊ နိုင်ငံတကာမှာ ၄ နှစ်တက် ရခြင်းဖြစ်သည် ။ RIT ၏ ၆ နှစ်စာ Course 
တွင် ပထမ ၂ နှစ် သည် Foundation Course  များကို သင်ကြားပေးခြင်း ဖြစ်သည် ။
အစိုးရ၏ COE ( Center of excellence ) အဖြစ် သတ်မှတ်ခံရပြီး ဖြစ်သော်လည်း 
 နိုင်ငံတကာ အဆင့် မီ COE အဖြစ်သို့ ၂၀၁၈ လောက်မှ ရောက် ရှိ နိုင်မည်ဖြစ်သည် ။

(အလှူငွေ ရရှိမှု အခြေ အနေ) ..

ရန်ကုန်နည်းပညာတက္ကသိုလ် ကို သင်ကြားရေးပိုင်းမှ အစ ၊ သင်ထောက်ကူပစ္စည်း နှင့် Advanced Lab Equipments များတပ်ဆင်ရန် အထိ အဆင့်မြင့် တင်ရန် (အစိုးရဘတ်
ဂျက် မကျခင်) ကျောင်းသားဟောင်း များ၏ အလှူငွေနှင့် လုပ်ငန်းရှင်များ၏ အလှူငွေများ
 ဖြင့် Upgrade လုပ်လျက်ရှိသည်။ ကျောင်းသားဟောင်း များနှင့် လုပ်ငန်းရှင်များ၏ အလှူငွေများ မှာ ကျပ်သိန်းပေါင်း (၁၃၀၀၀) ကျော် ရှိပြီး ဖြစ်သည် ။ ကျောင်းသားဟောင်း
များထဲမှ ကိုကျော်သူအောင်(87 Batch) တစ်ဦးတည်း၏ အလှူငွေမှာကျပ်သိန်းပေါင်း
(၁၅၀၀) ခန့်ရှိသည် ။

(Upgrade လုပ်ထားသည့် အခြေအနေနှင့် နိုင်ငံခြား တက္ကသိုလ်များ၏ အကူအညီ) ..

ယခုအခါ ဌာနတိုင်း တွင် Lecturer များ က Projector  များ နှင့် ၅၂ လက်မ LED TV များဖြင့်
 Power point များ အသုံးပြုလျက်  ကျောင်းသားများအား သင်ကြားမှုပေးနေပြီးဖြစ်သည် ။ ဂျပန် အစိုးရမှ လည်း ရန်ကုန်နည်းပညာတက္ကသိုလ်(RIT ) အတွက်လိုအပ်သော Advanced Lab Equipments များနှင့် Lab facility များကို လှူ ရန် နှင့် နောက်ထပ် ၅ နှစ်အထိ ဆက်လက် ပံ့ပိုးပေးသွားရန် သ ဘောတူထား ပြီးဖြစ်သည်။ Tokyo University မှ ဆရာ ၈ ယောက် လည်း ရန်ကုန်နည်းပညာတက္ကသိုလ်(RIT ) သို့ ရောက်ရှိလာပြီး Short Term Course များ ပို့ချပေးခဲ့ပြီးဖြစ် သလို နောက်နှစ်များတွင်လည်း ၄င်း Tokyo
 University မှ ဆရာများမှ ပင် ဆက်လက် ပို့ချ ပေးသွားဦးမည်ဖြစ်သည်။ ထို့ပြင်  Kyoto University မှ ပါမောက္ခ တစ်ဖွဲ့လည်း ရန်ကုန်နည်းပညာတက္ကသိုလ်(RIT ) သို့လာရောက်
၍ Seminar တစ်ခု လုပ်သွားခဲ့သေးသည်။

အမေရိကန် MIT မှ Professor တစ်ယောက်လည်း Micro & Nano Techology Lecture တစ်ခု လာရောက်ပို့ချ ပေးခဲ့ပြီး ဖြစ်ပါသည်။ အခြားသော နိုင်ငံများစွာမှလည်း ရန်ကုန်
နည်းပညာတက္ကသိုလ်(RIT ) ကို အကူအညီပေးရေး အတွက် MOU လက်မှတ် ထိုးနိုင်ရန်
တက်ကြွစွာ စောင့်ဆိုင်းလျက်ရှိပါသည် ။
 ကျောင်း ၀င်း အတွင်း၌လည်း နိုင်ငံခြား ဧည့်ပါမောက္ခများတည်းခိုနိုင်ရန် အတွက်  
Guest House များ ၊ Assembly ခန်းများ လည်း တည်ဆောက်ထားပြီး ဖြစ်သည်။ 
ဆရာဆရာမများ ၊ သင်ကြားရေးအပိုင်း၊ သင်ထောက်ကူပစ္စည်း နှင့် Lab Equipments 
များ အား လက်ရှိ Upgrade လုပ်နေသည့် အနေအထားအပြင် နောက်ထပ် ၀င်လာမည့်
 နိုင်ငံတကာ တက္ကသိုလ် များ ၏ အကူအညီ ဖြင့် အရှိန်ကောင်းကောင်း Upgrade လုပ် သွားပါက ၂၀၂၀ လောက်မှာ အရှေ့တောင် အာရှ ရဲ့ ထိပ်တန်း တက္ကသိုလ် အဖြစ် တန်းဝင်တော့မည်ဖြစ်ပါကြောင်း ။    ။

သိန်းဝင်း(ကော့ကရိတ်)

(ဆရာဦးညီလှငယ်၏ အမှာစကားကို ပြန်လည်မျှဝေခြင်းဖြစ်သည်)

အရင် က အရှေ့တောင် အာရှရဲ့ အကောင်းဆုံး ကျောင်းထဲမှာပါ ခဲ့ တဲ့ RIT
သူပုန်များရဲ့ မိခင် ဟု ယိုးစွပ် ခြင်း ခံခဲ့ ရတဲ့ RIT
ဆယ်စုနှစ် တစ်ခုကျော် ခြုံတောထဲမှာ ပစ်ထားခြင်း ခံခဲ့ ရတဲ့ RIT
သမိုင်းရေစီး လှိုင်းကြီး လေထန် ပြီး သကာလ ..
ဓမ္မာ့ နဲ့ အဓမ္မာ့ ၊ အဖြူ နဲ့ အမဲ ကွဲပြီ မို့ ..
ဂုဏ်ယူစရာ သူပုန်မိခင် ဘ၀နဲ့
ဆင်မဲ တွေ မကြည့်ဝံ့ တဲ့ ..
ဆင်ဖြူ အဖြစ် နဲ့ ပြန်လာပြီ ..

…………………………………………………………………………………..

ရန်ကုန်နည်းပညာတက္ကသိုလ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလှူရှင်များအား ဂုဏ်ပြုပွဲ
အခမ်းအနား
3 April 2013 Wed

ရန်ကုန်နည်းပညာတက္ကသိုလ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလှူရှင်များအား ဂုဏ်ပြုပွဲ
အခမ်းအနား ကိုယနေ့ ၃-၄-၂၀၁၃ ရက်နေ့မှာ RIT စက်မှု ခန်းမ မှာ ကျင်းပပါ သည်။
အခန်းအနား သို့ ဆရာဦးညီလှငယ် ၊ သပန ဒုဝန်ကြီး ဦးဇော်မင်းအောင် နှင့် ဆရာဆရာများ ၊ အလှူရှင် ကျောင်းသူ/သားများ နဲ့ လုပ်ငန်းရှင်များပါ တက်ရောက်ကြသည်။

(RIT ကျောင်းတော်ကြီး၏ ယခုနှစ် အနေအထား) ..

ယခင်က ရန်ကုန်နည်းပညာတက္ကသိုလ်(RIT ) ၏ ကျောင်းဝင်ခွင့် အမှတ် သည်
မြန်မာပြည်တွင် ဒုတိယ အမှတ် အများဆုံး သာဖြစ်ခဲ့သည် ။ ယခုနှစ် Intake အတွက် ၀င်ခွင့်အမှတ်မှာ မြန်မာတစ်ပြည်လုံးရှိ တက္ကသိုလ် ၊ ကောလိပ် (၁၆၈) ခု တွင် အမြင့်ဆုံး
အမှတ်ဖြစ်ခဲ့သည့် အတွက် နာလံထ RIT ကျောင်းတော် ကြီး အတွက် ဂုဏ်ယူစရာ
ဖြစ်လို့နေသည်။

( ၆ နှစ် တက်ရသည့် RIT ) ..

Bachelor of engineering ဘွဲ့ ကို ၆ နှစ် တက်ရောက်သင်ကြားရသော ကျောင်းသည်
နိုင်ငံတကာတွင် RIT ကျောင်း တစ်ခုတည်း သာရှိသည်။ Bachelor of engineering ဘွဲ့
ကို UK မှာ ၃ နှစ် ၊ နိုင်ငံတကာမှာ ၄ နှစ်တက် ရခြင်းဖြစ်သည် ။ RIT ၏ ၆ နှစ်စာ Course
တွင် ပထမ ၂ နှစ် သည် Foundation Course များကို သင်ကြားပေးခြင်း ဖြစ်သည် ။
အစိုးရ၏ COE ( Center of excellence ) အဖြစ် သတ်မှတ်ခံရပြီး ဖြစ်သော်လည်း
နိုင်ငံတကာ အဆင့် မီ COE အဖြစ်သို့ ၂၀၁၈ လောက်မှ ရောက် ရှိ နိုင်မည်ဖြစ်သည် ။

(အလှူငွေ ရရှိမှု အခြေ အနေ) ..

ရန်ကုန်နည်းပညာတက္ကသိုလ် ကို သင်ကြားရေးပိုင်းမှ အစ ၊ သင်ထောက်ကူပစ္စည်း နှင့် Advanced Lab Equipments များတပ်ဆင်ရန် အထိ အဆင့်မြင့် တင်ရန် (အစိုးရဘတ်
ဂျက် မကျခင်) ကျောင်းသားဟောင်း များ၏ အလှူငွေနှင့် လုပ်ငန်းရှင်များ၏ အလှူငွေများ
ဖြင့် Upgrade လုပ်လျက်ရှိသည်။ ကျောင်းသားဟောင်း များနှင့် လုပ်ငန်းရှင်များ၏ အလှူငွေများ မှာ ကျပ်သိန်းပေါင်း (၁၃၀၀၀) ကျော် ရှိပြီး ဖြစ်သည် ။ ကျောင်းသားဟောင်း
များထဲမှ ကိုကျော်သူအောင်(87 Batch) တစ်ဦးတည်း၏ အလှူငွေမှာကျပ်သိန်းပေါင်း
(၁၅၀၀) ခန့်ရှိသည် ။

(Upgrade လုပ်ထားသည့် အခြေအနေနှင့် နိုင်ငံခြား တက္ကသိုလ်များ၏ အကူအညီ) ..

ယခုအခါ ဌာနတိုင်း တွင် Lecturer များ က Projector များ နှင့် ၅၂ လက်မ LED TV များဖြင့်
Power point များ အသုံးပြုလျက် ကျောင်းသားများအား သင်ကြားမှုပေးနေပြီးဖြစ်သည် ။ ဂျပန် အစိုးရမှ လည်း ရန်ကုန်နည်းပညာတက္ကသိုလ်(RIT ) အတွက်လိုအပ်သော Advanced Lab Equipments များနှင့် Lab facility များကို လှူ ရန် နှင့် နောက်ထပ် ၅ နှစ်အထိ ဆက်လက် ပံ့ပိုးပေးသွားရန် သ ဘောတူထား ပြီးဖြစ်သည်။ Tokyo University မှ ဆရာ ၈ ယောက် လည်း ရန်ကုန်နည်းပညာတက္ကသိုလ်(RIT ) သို့ ရောက်ရှိလာပြီး Short Term Course များ ပို့ချပေးခဲ့ပြီးဖြစ် သလို နောက်နှစ်များတွင်လည်း ၄င်း Tokyo University မှ ဆရာများမှ ပင် ဆက်လက် ပို့ချ ပေးသွားဦးမည်ဖြစ်သည်။ ထို့ပြင် Kyoto University မှ ပါမောက္ခ တစ်ဖွဲ့လည်း ရန်ကုန်နည်းပညာတက္ကသိုလ်(RIT ) သို့လာရောက်
၍ Seminar တစ်ခု လုပ်သွားခဲ့သေးသည်။

အမေရိကန် MIT မှ Professor တစ်ယောက်လည်း Micro & Nano Techology Lecture တစ်ခု လာရောက်ပို့ချ ပေးခဲ့ပြီး ဖြစ်ပါသည်။ အခြားသော နိုင်ငံများစွာမှလည်း ရန်ကုန်
နည်းပညာတက္ကသိုလ်(RIT ) ကို အကူအညီပေးရေး အတွက် MOU လက်မှတ် ထိုးနိုင်ရန်
တက်ကြွစွာ စောင့်ဆိုင်းလျက်ရှိပါသည် ။
ကျောင်း ၀င်း အတွင်း၌လည်း နိုင်ငံခြား ဧည့်ပါမောက္ခများတည်းခိုနိုင်ရန် အတွက်
Guest House များ ၊ Assembly ခန်းများ လည်း တည်ဆောက်ထားပြီး ဖြစ်သည်။
ဆရာဆရာမများ ၊ သင်ကြားရေးအပိုင်း၊ သင်ထောက်ကူပစ္စည်း နှင့် Lab Equipments
များ အား လက်ရှိ Upgrade လုပ်နေသည့် အနေအထားအပြင် နောက်ထပ် ၀င်လာမည့်
နိုင်ငံတကာ တက္ကသိုလ် များ ၏ အကူအညီ ဖြင့် အရှိန်ကောင်းကောင်း Upgrade လုပ် သွားပါက ၂၀၂၀ လောက်မှာ အရှေ့တောင် အာရှ ရဲ့ ထိပ်တန်း တက္ကသိုလ် အဖြစ် တန်းဝင်တော့မည်ဖြစ်ပါကြောင်း ။ ။

သိန်းဝင်း(ကော့ကရိတ်)

(ဆရာဦးညီလှငယ်၏ အမှာစကားကို ပြန်လည်မျှဝေခြင်းဖြစ်သည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...