သင်္ကြံန် Letter
Author: lubo601 | 4:52 PM | No မှတ်ချက် |
Silver Moon shared Pa Yit's photo.
ဘော်ဒါအပေါင်း သူတော်ကောင်းတို့..၊
ဒီကာလတွင် ဖွတ်မင်းသည် ခြသေ့င်္ံအမြီးကို
တရွတ်ဆွဲလိုက်ပြီးသကာလ..၊
ရန်ကုန်မန္တလေး လမ်းတစ်လျှောက်ရှိ..
တရုတ်ကိုရောင်းပြီး မကျန့် တကျန်ရှိသော.၊
ဓာတ်ငွေ့မီးခြစ် အစုတ်ဖြင့် ၊
လိုက်လံမီးမွှေး လတ္တံ့၊
လိုက်လံထိန်းသိမ်းသော ဘုံသားများအား..၊
ကုလားဟု ဗြောင်သမုတ် အံ့..၊
နည်းမျိုးစုံနှင့် စွတ်စွဲပုတ်ခတ်လတ္တံ့၊
ထိုမှ မအောင်မြင်သော်..၊
ပဲကြီးလှော်များကိုခွာလျှက်..၊
ဆားမညပ်ညပ်အောင်..၊
ဖွတ်ကျင့်ဖွတ်ကြံ ကြံပြီးသကာလ..၊
ဒုက္ခကြီးစွာပေးလတ္တံ့..၊
ထိုမှမအောင်မြင်သော်၊
ဘုံသားများထံ..၊
တိတ်တဆိတ်စည်းရုံး..၊
သပ်ရှို ရိုက်သွင်း.
.သွေးခွဲစကားဖန်တီးကာ..
အသင်းအဖွဲ့ ခိုင်မာမှုများကို..
ပြိုကွဲအောင် လိုက်လံကြံဆောင်လတ္တံ့၊
ပုတ်သင်ညိုသူကြွယ်များနှင့်
၎င်းတို့ရဲ့ ဒလံများကလဲ..၊
၎င်းတို့ ခွေးမဖြစ်စေရေးအတွက်..၊
ဖွတ်ကောင်ဘက်မှ ကူညီလတ္တံ့
ထိုမှ မအောင်မြင်သော်..
...........
...........
??????
------------------------------ -
ယခုမှစကာ..
၂၀၁၅ မတိုင်မီအထိ..
ဖြူနေသောကျီးကန်းအား မဲသည် ဟုဝိုင်းဝန်းဗီလိန် လုပ်မှုများ..၊
အနောက်မှ နေထွက်သည်ကို မြင်သည်ဟု ..အာခေါင်ခြစ်ငြင်းဆန်မှုများ.. ၊
မက်စောက်သောအဆင်းတွင်..၊မခိုင်ခံ့သော..
ဘီးတပ်သည့်ဖြစ်စဉ်များ၊
မင်းသားကဲ့သို့ပြုံးပြပြီး..
၊အောက်တန်းစားကဲ့သို့ မသိမသာခြေထိုးမှုများ..၊
ပခုံးချင်းဖက်ရင်းနှီးမှုကိုပြကာ.တစ်ဖက်မှ.၊
ဝှက်ထားသောဓားဖြင့် အလစ်တွင်ထိုးနိုင်သည့်..
ပူးသတ်မှုများ...၊
ဘုံသားများ ရဲ့ အဓိကဖြစ်သော ဘာသာရေးကို ခေါင်းစဉ်ပြ..
အသုံးချအမြတ်ထုတ်ပြီးသကာလ..၊
ဆူပူမှုများဖန်တီးကာ..၊တိုင်းပြ ည် မငြိမ်အောင်နည်းအမျိုးမျိုးနဲ့. .၊
လုပ်နေသောဖြစ်စဉ်များ..၊
စသည်တို့သည်..၊
အလျှဉ်းသင့်သလို ပေါ်ပေါက်လာနိုင်သဖြင့်..၊
ဘော်ဒါအပေါင်း..သူတော်ကောင်းများအနေနဲ့..၊
မမေ့မလျှော့သော သတိဖြင့် နေထိုင်ကြပါ..၊
သင့်တင့်မျှတစွာနှလုံးသွင်းကြပါ ..၊
လို့ ပြောကြားလိုပါကြောင်း..၊
(ကျွန်တော်လေးစားရသောကာတွန်းအော င်မော်ရဲ့ကာတွန်းပါ)
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment