မြန်မာမိန်းကလေးတွေရဲ့ facebook ပေါ်က ဓာတ်ပုံတင်ခြင်းဝါသနာ
အဝေးဆီမှ မေမေ ဆူသံလေးကို ကျွန်မ ကြားနေရသည် ။
ဆူသံဆီက ထွက်ကျလာတဲ့ စကားသံလေးတွေက
ကျွန်မရဲ့ မှားယွင်းတဲ့ လုပ်ရပ်တစ်ခု ကို ထောက်ပြနေဧ။် ။ ထိုအခါမှ မှားနေသော ကျွန်မလုပ်ရပ်လေးကို မြင်တွေ့မိပါသည်။ မေမေဆူသံလေး သည်
ကျွန်မအတွက် စေတနာများစွာ စီးမျောနေပါသည် ။
ကျွန်မဘ၀ ကျွန်မအိမ်မက်တွေကို ပျက်ဆီးစေမယ့် အနှောင့်ယှက်တွေကို မေမေဆူသံလေးက ဖယ်ရှားထောက်ပြနေခြင်း ဖြစ်တာမို့ မေမေ ဆူသံလေးကို ငြိမ်းချမ်းစွာ ခံယူမိလိုက်ပါတော့သည် ။
ကျွန်မဘ၀ ကျွန်မအိမ်မက်တွေကို ပျက်ဆီးစေမယ့် အနှောင့်ယှက်တွေကို မေမေဆူသံလေးက ဖယ်ရှားထောက်ပြနေခြင်း ဖြစ်တာမို့ မေမေ ဆူသံလေးကို ငြိမ်းချမ်းစွာ ခံယူမိလိုက်ပါတော့သည် ။
facebook စာမျက်နှာတွေမှာ ဓာတ်ပုံတင်ခြင်းသည်
.ယနေ့ခေတ်ကာလတွင် အထူးခေတ်စားလာခဲ့ပါသည် ။ပါလေရာ ကျွန်မသည်လည်း
တစ်ဦး အပါဝင်ပေါ့ ။ ဘာလေး ဖြစ်ဖြစ် ဓာတ်ပုံလေးရိုက် တင်လိုက်ရမှ စားဝင်အိပ်ပျော်ပါသည်
။ မေမေက ကျွန်မကို မျက်ခြေအပျက်မခံ အမြဲစောင့်ကြည့်နေတတ်သူပါ ။ ဒီနေ့တော့ ကျွန်မအိမ်ကို
ဖုန်းဆက်လိုက်ချိန်မှာ မေမေ ဆူတာကို ကောင်းကောင်းလေးခံလိုက်ရပါတော့ သည် ။ ဘာကြောင့်လဲ
ဆိုတော့ ကျွန်မတင်လိုက်တဲ့ ဓာတ်ပုံလေး တစ်ပုံကြောင့်ပါပဲ ။ မေမေ ဆူတဲ့ စကားလေးတွေကို
ဖောက်သည်ချအုံးမယ် ။
ဒီမယ်
ဒေါ်ခိုင်ဇာ ညဉ်းတို့ခေတ် ဓာတ်ပုံတွေ တင်တာကို မပြောလိုပါဘူးအေ ။ ညဉ်းကလေးလည်းမဟုတ်တော့ဘူး
။ သားတစ်ယောက် ၊သမီးတစ်ယောက် ရှိတဲ့ မိခင်တစ်ယောက် ။ သမီးလေးပါနေတဲ့ အတွက်ကို ပိုသတိထားရမယ်
။ ဘယ်နှယ့် ဓာတ်ပုံတင်စရာ ရှားလို့ ညဉ်းတို့လင်မယား ခြေနှစ်ချောင်းကို မိုးပေါ်ထောင် မွေယာပေါ် စနေကြပုံကို
တင်စရာလား။ အမေကလည်း ဘာမှ ရိုင်းတာ မပါပါဘူးလို့ ဆင်ခြင်ပေးဖို့ တွေးမနေနဲ့နော် ။ ရိုင်းတာ
မရိုင်းတာထက် တင်ရမယ့် ပုံဟုတ်ကို မဟုတ်တာ ။ အဲဒီပုံကို ချက်ချင်းဖြုတ်ပါ ။ ဒါမျိုးပုံတွေကို
နောက် အမေလုံးဝ မမြင်ချင်ဘူး။
မေမေ ပြောသွားတာ ဒီထက်ရှည်ပါသေးတယ် ။ နမူနာလောက်
ဖော်ပြပေးလိုက်ပါသည်။ မေမေ ပြော သွားတာ သိပ်မှန်ပါတယ် ။ တကယ်ကို မတင်သင့်ပါဘူး ။
facebook ပေါ်မှာ ပုံတွေ တင်လာလိုက်တာ ကျွန်မမောင်လေးပြောသလိုဘဲ သေခံနီးရင်တောင် နေပါအုံး
ဓာတ်ပုံလေးရိုက်ပြီး ဖေ့ဘုတ်ပေါ် တင်ပါရစေအုံး ဆိုတာမျိုးတွေ ဖြစ်နေကြပါပြီ ။ ကျွန်မအပါဝင်ပေါ့
။ တင်တာကို အပြစ်တစ်ခုလို့ မဆိုလိုပါဘူး ။
တင်လို့ရပါသည် ။ တစ်ချို့က ပြောတတ်ကြပါသေးတယ် ကိုယ်စာမျက်နှာ ကိုယ်တင်တာ ဘာဖြစ်သလဲလို့
။ ဘာမှ မဖြစ်ပါဘူး ။ ထိခိုက်လည်း ကိုယ်ဘဲ ထိခိုက်မယ် ။ ဘယ်သူ့မှ လာခံပေးလို့မရပါဘူး
။ တစ်ခုတော့ရှိသည် ။ မေမေ ပြောသလို တင်သင့်တဲ့ ပုံနဲ့ မတင်သင့်တဲ့ ပုံဆိုတာတော့ ခွဲခြားတတ်ဖို့
လိုအပ်ပါသည် ။ အမှတ်တရ ပုံရိပ်လေးတွေ ၊ ပျော်ရွင်စရာပုံလေးတွေ အမျိုးမျိုး တင်လို့ရပါသည်
။ ကြည့်ရသူကိုလည်း ကြည်နူးခြင်းတွေ ကူးစက်စေသည် ။ မတင်သင့်တဲ့ ပုံဆိုတာကတော့ ခုန ကျွန်မတင်မိလိုက်တဲ့
ပုံမျိုးတွေ ၊ အိပ်ယာပေါ် အိပ်နေတဲ့ ပုံမျိုးတွေ ၊ ရေချိုးခံနီး ရေချိုးခန်းထဲ ကိုယ်ဘာကိုယ်
ပြန်ရိုက်ထားတဲ့ ပုံမျိုးတွေ တင်တာမျိုးကြတော့ ဘာမှ အကျိုးမရှိပါဘူး ။ မြန်မာ မိန်းကလေးအနေနဲ့
လည်း ဘယ်လိုမှ မသင့်တော် မအပ်စပ်ပါဘူး ။ မေမေက ကျွန်မကို ချစ်လို့ ဆုံးမလိုက်သလို ၊
ကျွန်မကလည်း မြန်မာမလေးတွေကို သိပ်ချစ်လို့ ထပ်ဆင့်သတိပေးချင်မိပါသည် ။ ကျွန်မတို့တွေရဲ့
အတွေးမှားတွေ ကို ဖုန်ခါရှင်းလင်းပြီး သန့်ရှင်းသော
အတွေးခေါ်တွေနဲ့ တန်ဖိုးရှိတဲ့ မြန်မာမိန်းကလေးတွေ အဖြစ် ကျွန်မတို့တတွေ သိက္ခာရှိရှိ
နေထိုင်သွားခြင်းဖြင့် မြန်မာမိန်းကလေးတွေရဲ့ တန်ဖိုးကို မြှင့်တင်လိုက်ကြရအောင် ။
ကျွန်မတို့အနေနဲ့ ဖြစ်သင့်တာတွေကို
ခွဲခြမ်းစိတ်ဖြာတတ်ဖို့ လိုအပ်နေပါပြီ။ လူမှုရေး ကွန်ဂရက်ထဲမှာ လူရာဝင်ဖို့အတွက် မမှန်သောနည်းလမ်းတွေနဲ့
အသုံးပြုနေဖို့ မလိုအပ်ပါဘူး ။ မှန်ကန် သိက္ခာရှိသော နည်းလမ်းမျိုးတွေနဲ့ ရပ်တည်တတ်ဖို့လိုအပ်နေကြပါပြီ
။ Like တွေအများကြီးတော့ ရပါရဲ့ ။ like ပေးသူရဲ့
ထင်မြင်ယူစချက်က လမ်းလွဲနေရင် အလကားဖြစ်တာပါပဲ။ facebook ပေါ်က like ဆိုတာ ဘာနဲ့ သဏ္ဍန်တူသလဲဆိုရင်
လက်ခုပ်သံနဲ့ တူပါသည် ။ အထင်သေးအမြင်သေးစွာ တီးလိုက်တဲ့ လက်ခုတ်သံ like များကို ကျွန်မတို့ ကြောက်တတ်ရပါမည်
။ လက်ခုတ်သံ အတုယောင်တွေဆိုလည်း မမှားပါဘူး ။ မှားနေတာကို အရောက်တွန်းပို့တတ်တဲ့ လက်ခုတ်သံတွေကို
သာယာကြည်နူးနေကြမယ်ဆို ကျွန်မတို့တတွေဟာလည်း
အမှားဆိုတဲ့ ချောက်ထဲကို တဖြေးဖြေး ကျဆင်းကုန်ကြပါမှာပါပဲ ။
အထူးသဖြင့် နိုင်ငံခြားရောက် မြန်မာမိန်းကလေးတွေ
ပိုသတိပေးချင်ပါသည် ။ မြန်ဆန်ကောင်းမွန်လှတဲ့ နည်းပညာတွေ ၊ အင်တာနက်စနစ်တွေကို ကောင်းမွန်မှန်ကန်တဲ့နေရာတွေမှာ အသုံးချတတ်စေချင် မိပါသည် ။
မြန်မာမလေး တွေဆိုတဲ့ အသံကို ကြားလိုက်ရတာနဲ့ ဂုဏ်သိက္ခာကြီးမားသူတွေပါလားဆို တဲ့ ထင်မြင်ယူဆချက်လေးတွေကို
တပါတည်း ပူးတွဲပါစေချင်ပါသည် ။ အမှားကို ထောက်ပြရင်
ရန်သူသတ်မှတ် ။ မြှောက်ပေးသူကို မိတ်ဆွေ လို သဘောထားနေကြတဲ့ မြန်မာမိန်းကလေးတော်တော် များကို လည်း
တွေ့မြင်နေရသည် ။ သူတို့အစား ရင်လေးမိခဲ့တဲ့ အကြိမ်ပေါင်းလည်း မရေတွက်နိုင်အောင်ပါပဲ
။ အမျိုးသားက အမြဲပြောတယ် နေရာတကာ လိုက်ခံစားမနေနဲ့ ပင်ပမ်းတယ်တဲ့ ။ ဟင်အင် …ကျွန်မကတော့
လိုက်ခံစားမိနေအုံးမှာပဲ။ ဘာလို့လဲဆိုရင် မြန်မာမလေးတွေကို ကျွန်မချစ်တယ် ။ ကျွန်မတို့လို
အသက်ရွယ်တွေမှာတောင် တခါတရံ သတိမမူစွာ အမှားလေးတွေ ရှိနေတတ် သေးသည် ။ သူတို့လေးတွေမှာလည်း
မသိလို့ မှားမိတာမျိုးတွေ ရှိနေမှာ အသေချာပါပဲ။ ဒါကို သိနေ မြင်နေသူက ပြောပြထောက်ပြမှ
ပြင်နိုင်မယ်လို့ ကျွန်မယုံကြည်မိပါသည် ။ မှန်တဲ့အရာလေးတွေကို မလိမ်မညာတမ်း ပေးမယ့်
like စစ်စစ်လေးတွေနဲ့ ကျွန်မတို့ မြန်မာမိန်းကလေးတွေဘ၀ ကို မြင့်မားစေ ချင်ပါသည် ။ သိက္ခာရှိသော like တို့ဖြင့်သာ မြန်မာ မိန်းကလေးတွေကို
တန်ဖိုးတက်စေချင်ပါသည် ။ မြန်မာမိန်းကလေးတွေရဲ့ တန်ဖိုးကို မပျက်စီးစေဖို့အတွက် ကျွန်မတို့ တတ်နိုင်တဲ့ဘက်ကနေ
ကာကွယ်ရင်း မြန်မာမိန်းကလေးတွေကို သိပ်ချစ်လို့ ဒီစာလေးကို ရေးဖြစ်လိုက်ရပါတော့သည်
။
မြန်မာမလေး တွေဆိုတဲ့ အသံကို ကြားလိုက်ရတာနဲ့ ဂုဏ်သိက္ခာကြီးမားသူတွေပါလားဆို
ခိုင်လေး ( ရွှေတောင် )
0 comments:
Post a Comment