Thursday, April 11, 2013

Do U Know Him?

The Gods Must Be Crazy မှ မင်းသား N!xau

Nixau ( Gcao Tekene Coma ) လို့အမည်ရတဲ့ တော်အာဖရိက လူရိုင်း မင်းသား ကို တော်တော်များများ သိကြပါတယ်။

တောင်အာဖရိက- နမီးဘီးယားနိုင်ငံက ဖြစ်ပြီး ၁၉၈၀ ကစလို့ The Gods Must Be Crazy ရုပ်ရှင်နဲ့ ကမ္ဘာကျော်သွားတဲ့ လူရိုင်း ဖြစ်ပါတယ်။ Kalahari သဲကန္တာရမှာနေတဲ့ Bushmen လူရိုင်းမျိုးနွယ်စုက ဖြစ်ပါတယ်။ ဒါရိုက်တာ Jamie Uys က သဘောကျလို့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

အဲ့တုန်းက ရုပ်ရှင်အတွက် သူရတဲ့ငွေက ဒေါ်လာ ရာဂဏန်းပဲ ရှိပါတယ်။ သို့ပေမယ့် ၁၉၈၉ ခုနှစ်က ဒုတိယမြောက် The Goss Must Be Crazy မှာတော့ ဒေါ်လာ သန်း တစ်ဝက်လောက်ထိ ရရှိခဲ့ပါတယ်။ နောက်ပိုင်းတော့
Kwacca Strikes Back (1990), Crazy Safari (1991), Crazy Hong Kong (1993), The Gods Must be Funny in China (1994), Sekai Ururun Taizaiki (1996) အစရှိသဖြင့် ဟောလိဝုဒ်တင် မကပဲ ဟောင်ကောင် ရုပ်ရှင်များပါ ရိုက်ကူးရန် အခွင့်ကြုံခဲ့သူ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ ရုပ်ရှင်အားလုံးရိုက်ကူးပြီးတော့ နမီးဘီးယားက သူ့ရဲ့ ဇာတိမြေကိုသာ ပြန် သွားပါတယ်။ ငွေကြေးများစွာ ပိုင်ဆိုင်သည့်တိုင် ဘယ်လို သုံးစွဲရမယ်ဆိုတာတောင် မသိပါဘူး။ သင်္ချာဂဏန်းအားဖြင့်လည်း ၂၀ အထိသာ ရေတွက်နိုင်တယ်ဆိုတာကို အံ့သြဖွယ် တွေ့ရှိခဲ့ ပါ တယ်။ ငွေတွေကို စီမံခန့်ခွဲ သုံးစွဲဖို့ဆိုတာ ဝေလာဝေးပဲ ဖြစ်ပါတယ်။ ရုပ်ရှင် မရိုက်ကူးမှီကဆိုရင် လူဖြူ သုံးဦးတိတိသာ မြင်ဖူးသူ ဖြစ်ပါတယ်။

၁၉၉၆ ရုပ်ရှင်ရိုက်ကူးပြီး သူ့ဇာတိရွာမှာပဲ လယ်အလုပ်၊ အမဲလိုက် အလုပ် ကို ပြန်လုပ်ပါတယ်။ ငှက်ဖျား ရောဂါ တစ်မျိုးနဲ့ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ N!xau ဟာ သူ့အသက်သူတောင် သိတဲ့သူ မဟုတ်ပါဘူး။ ဒေသခံများ ခန့်မှန်းချက်အရတော့ အသက် ၅၉ နှစ်မှာ ကွယ်လွန်တာလို့ ဆိုပါတယ်။

နမီးဘီးယားနဲ့ တောင်အာဖရိကရဲ့  လူ့ယဉ်ကျေးမှုနဲ့ အကျင့်စရိုက်ကို ကမ္ဘာ သိအောင် ဖန်တီးပေးနိုင်ခဲ့တဲ့ ဟာသမင်းသား N!xau ဟာ ယနေ့တိုင် ကမ္ဘာ့ ဟာသရုပ်ရှင်အနုပညာသမိုင်းမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
--
Ref: wiki

Myanmar News Update
The Gods Must Be Crazy မှ မင်းသား N!xau

Nixau ( Gcao Tekene Coma ) လို့အမည်ရတဲ့ တော်အာဖရိက လူရိုင်း မင်းသား ကို တော်တော်များများ သိကြပါတယ်။ တောင်အာဖရိက- နမီးဘီးယားနိုင်ငံက ဖြစ်ပြီး ၁၉၈၀ ကစလို့ The Gods Must Be Crazy ရုပ်ရှင်နဲ့ ကမ္ဘာကျော်သွားတဲ့ လူရိုင်း ဖြစ်ပါတယ်။ Kalahari သဲကန္တာရမှာနေတဲ့ Bushmen လူရိုင်းမျိုးနွယ်စုက ဖြစ်ပါတယ်။ ဒါရိုက်တာ Jamie Uys က သဘောကျလို့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

အဲ့တုန်းက ရုပ်ရှင်အတွက် သူရတဲ့ငွေက ဒေါ်လာ ရာဂဏန်းပဲ ရှိပါတယ်။ သို့ပေမယ့် ၁၉၈၉ ခုနှစ်က ဒုတိယမြောက် The Goss Must Be Crazy မှာတော့ ဒေါ်လာ သန်း တစ်ဝက်လောက်ထိ ရရှိခဲ့ပါတယ်။ နောက်ပိုင်းတော့ Kwacca Strikes Back (1990), Crazy Safari (1991), Crazy Hong Kong (1993), The Gods Must be Funny in China (1994), Sekai Ururun Taizaiki (1996) အစရှိသဖြင့် ဟောလိဝုဒ်တင် မကပဲ ဟောင်ကောင် ရုပ်ရှင်များပါ ရိုက်ကူးရန် အခွင့်ကြုံခဲ့သူ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ ရုပ်ရှင်အားလုံးရိုက်ကူးပြီးတော့ နမီးဘီးယားက သူ့ရဲ့ ဇာတိမြေကိုသာ ပြန် သွားပါတယ်။ ငွေကြေးများစွာ ပိုင်ဆိုင်သည့်တိုင် ဘယ်လို သုံးစွဲရမယ်ဆိုတာတောင် မသိပါဘူး။ သင်္ချာဂဏန်းအားဖြင့်လည်း ၂၀ အထိသာ ရေတွက်နိုင်တယ်ဆိုတာကို အံ့သြဖွယ် တွေ့ရှိခဲ့ ပါ တယ်။ ငွေတွေကို စီမံခန့်ခွဲ သုံးစွဲဖို့ဆိုတာ ဝေလာဝေးပဲ ဖြစ်ပါတယ်။ ရုပ်ရှင် မရိုက်ကူးမှီကဆိုရင် လူဖြူ သုံးဦးတိတိသာ မြင်ဖူးသူ ဖြစ်ပါတယ်။

၁၉၉၆ ရုပ်ရှင်ရိုက်ကူးပြီး သူ့ဇာတိရွာမှာပဲ လယ်အလုပ်၊ အမဲလိုက် အလုပ် ကို ပြန်လုပ်ပါတယ်။ ငှက်ဖျား ရောဂါ တစ်မျိုးနဲ့ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ N!xau ဟာ သူ့အသက်သူတောင် သိတဲ့သူ မဟုတ်ပါဘူး။ ဒေသခံများ ခန့်မှန်းချက်အရတော့ အသက် ၅၉ နှစ်မှာ ကွယ်လွန်တာလို့ ဆိုပါတယ်။

နမီးဘီးယားနဲ့ တောင်အာဖရိကရဲ့  လူ့ယဉ်ကျေးမှုနဲ့ အကျင့်စရိုက်ကို ကမ္ဘာ သိအောင် ဖန်တီးပေးနိုင်ခဲ့တဲ့ ဟာသမင်းသား N!xau ဟာ ယနေ့တိုင် ကမ္ဘာ့ ဟာသရုပ်ရှင်အနုပညာသမိုင်းမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
--
Ref: wiki

Myanmar News Update

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...