Monday, April 1, 2013

ဆံစ မှ ခြေဖျားအထိ ဝေါဟာရများ အပိုင်း - ၁၄ (Breast)


ဆံစမှ ခြေဖျားအထိ ဝေါဟာရအသုံးအနှုန်းများတွင် ယခုတစ်ပတ်အတွက် ရင်သား (Breast) နှင့် ပတ်သက်သော ဝေါဟာရ အသုံးအနှုန်းများကို ဆက်လက် မျှဝေလိုက်ပါသည်။
ရင်သား (Breast) ကို နာမ်(noun) အဖြစ်သုံးသော ဝေါဟာရပုံစံများ
Breast (n) – မိန်းမရင်သား၊ သားမြတ်
She is feeding a baby at the breast. (သူမက ကလေးကို နို့ချိုတိုက်ကျွေးနေသည်။)
The breast swells during pregnancy. (ကိုယ်ဝန်ရှိစဉ်တွင် ရင်သား/သားမြတ် ရောင်သည်။)


Breast (n) – ရင်၊ ရင်ဘတ်
The dagger entered his breast. (ဓါးမြှောင်က ရင်ဘတ်ထဲဝင်သွားသည်။)

Breast (n) – (ခံစားချက် ဖြစ်ပေါ်ရာ)ရင်၊ နှလုံးသား
A feeling of love surged in his breast. (အချစ်ဝေဒနာ ရင်မှ တလိပ်လိပ် တက်လာသည်။)

Breast (n) – (တိရိစ္ဆာန်) ရင်ပုံ၊ ရင်ဘတ်
A robin is easy to identify because of its red breast. (ရင်ဘတ်နီနေတဲ့အတွက် ရင်ပုံနီ မြေလူးငှက်ကို မှတ်ရတယ်လွယ်တယ်။)
I had a cold chicken breast and salad for lunch. (နေ့လည်စာကို ကြက်သားရင်ပုံ၊ အသုတ် နဲ့ စားခဲ့တယ်။)
breast of turkey/lamb/veal (ကြက်ဆင်/ သိုး/ အမဲ ရင်ပုံ သား)

Breast (n) – အင်္ကျီရင်ဘတ်
He put a silk hanky in his breast pocket. (ပိုးပုဝါကို သူ့ အင်္ကျီရင်ဘတ် အိတ်ထဲ ထည့်ထားသည်။)

ရင်သား (Breast) ကို ကြိယာ(verb) အဖြစ်သုံးသော ဝေါဟာရပုံစံများ
Breast (v) – ရင်ဆိုင်သည်။
breast the waves. (လှိုင်းကို ထိပ်တိုက် တိုးသည်)

Breast (v) – ရင်ဆိုင်သည်။
As we breasted the hill we saw the enemy in the distance. (ကျွန်တော်တို့ တောင်ကုန်းထိပ်သို့ ရောက်သောအခါ ရန်သူကို ခပ်လှမ်းလှမ်းမှာ တွေ့ရတယ်။)
ရင်သား (Breast) ကို အီဒီယမ် အဖြစ်သုံးသော ဝေါဟာရပုံစံများ
Beat one’s breast/chest [IDM] – စိတ်ထိခိုက် ခံစားခြင်း
There's no point in beating your breast about losing the money.
(ပိုက်ဆံပျောက်သွားတာ လောက်နဲ့ စိတ်ထိခိုက်စရာ မရှိပါဘူး။)

Beat one’s breast/chest [IDM] – အမှန်တိုင်းပြောခြင်း
Julia finally made a clean breast of it and admitted that she had stolen the money. (နောက်ဆုံးမှာတော့ ဂျူလီယာက သူ ပိုက်ဆံခိုးခဲ့တယ်လို့ အမှန်အတိုင်း ဝန်ခံတယ်။)

ရင်သား (Breast) နှင့် ဆက်စပ်နေသော အခြား အသုံးအနှုန်းများ
breast-feed (v)                  - မိခင်နို့တိုက်ကျွေးသည်
breast pocket (n)               - အင်္ကျီရင်ဘတ် အတွင်းအိတ်
breast-stoke (n)                 - ဖားကူး (ရေကူး)

အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း ဝေါဟာရ ကြွယ်ဝကာ လိုအပ်သလို အသုံးပြုနိုင်ကြပါစေ ……

အောင်ကိုဦး(UMK)


Read more: ဆံစ မှ ခြေဖျားအထိ ဝေါဟာရများ အပိုင်း - ၁၄ (Breast) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A830759&xgs=1&xg_source=msg_share_topic#ixzz2PGSKa4K8

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...