Friday, April 12, 2013

သင်္ကြန်တွင်မဖွယ်မရာပြုမူ၊ ဝတ်ဆင်က ထောင်ဒဏ်အထိ အရေးယူမည်

Journalist Freelancer and Lin Htein shared The Voice Weekly's photo.
သင်္ကြန်တွင်မဖွယ်မရာပြုမူ၊ ဝတ်ဆင်က ထောင်ဒဏ်အထိ အရေးယူမည်
...................................................................................
မန္တလေး၊ ဧပြီ ၉

မြန်မာ့ရိုးရာသင်္ကြန်ရေ ကစားရာ တွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်းများ တွေ့ရှိပါက ပြစ်မှုပုဒ်မ၂၉၀/၂၉၄ အရ အရေးယူမည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်းများ တွေ့ရှိပါက ပြစ်မှုပုဒ်မ ၂၉၀ အရ ဒဏ် ငွေ ၂၀၀ ကျပ်၊ ပုဒ်မ ၂၉၄ အရ ထောင်ဒဏ်သုံးလဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေစာအုပ်တွင် ဖော်ပြပါရှိသည်။
သင်္ကြန်ရေပက် ကစားရာတွင် မြန်မာ အမျိုးသမီးများ ဝတ်စားဆင်ယင်မှုပိုင်းတွင် လွန်ကျူးလာသည် ကို တွေ့မြင်ရကြောင်း ဒေသခံအချို့က သုံးသပ်ပြောကြားသည်။

"အရင်နှစ်တွေ ကတည်းက လွန်လွန်ကျူးကျူး ဝတ်စားထားရင် ပြန်လဲခိုင်းတယ်။  ပြန်လဲခိုင်းလို့ မရရင် လက်မှတ်ခကို ပြန်အမ်းပေးလိုက်တယ်။ ဒီနှစ်လည်း အဲဒီလိုပဲ လုပ်မှာပါ" ဟု ဒိုမီနိုရေကစားမဏ္ဍပ် တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သင်္ကြန်ကာလအတွင်း မြန်မာအမျိုးသမီးများ အနေနှင့် ခေတ်မီမီ လုံလုံ ခြုံခြုံ ဝတ်စားဆင်ယင် သင့်ကြောင်း အသက် ၃၀ အရွယ် ဒေသခံအမျိုးသား တစ်ဦးက ပြောကြားသည်။
"ကျွန်တော်တို့အနေနဲ့တော့ စည်းကမ်းချက် ထုတ်ထားတာမျိုးတော့ မရှိပါဘူး။သိပ်ပြီး ဟော့ဟော့ရမ်းရမ်း မဖြစ်တာမျိုး ဆိုရင် ဝတ်လို့ရပါတယ်" ဟု Maritime ရေကစားမဏ္ဍပ် တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သင်္ကြန်ကာလ နီးကပ်လာပြီဖြစ် သဖြင့် အခပေး ရေကစားမဏ္ဍပ် အများဆုံး ရှိသည့် မန္တလေးကျုံးပတ်လည်တွင် ညဦးပိုင်းကာလ၌ မဏ္ဍပ်ချင်းအပြိုင်အဆိုင် ကြော်ငြာနေသည် ကိုလည်း တွေ့ရသည်။
"ကျွန်တော်တို့ ခုချိန်ထိတော့ ဘာစည်းကမ်းမှ မထုတ်ရသေးဘူး။ ဒါပေမဲ့ ကြိုက်တာဝတ်လို့ ရပါတယ်" ဟု Festival 9.9 ရေကစားမဏ္ဍပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အခပေးမဏ္ဍပ်တွင် ရေကစားလိုသူများ အနေဖြင့် သင်္ကြန်လေးရက် ကာလပတ်လုံး နှစ်သောင်းကျပ်မှ ငါးသောင်းကျပ် အထိ ဈေးရှိကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...