Sunday, April 7, 2013

ကားကို ဆင်ဆင်ခြင်ခြင်မောင်းဖို့ပြောတဲ့ အိမ်နီးချင်းရဲ့မျက်နှာကို တံတွေးထွေးခဲ့တဲ့ ဂျက်စတင်ဘီဘာ


Monday, April 8, 2013

အိမ်နီးချင်းတစ်ဦးက ကားကို ဆင် ဆင်ခြင်ခြင်မောင်းဖို့ ပြောလာတဲ့ အ တွက် အသက် ၁၉ နှစ်အရွယ် ဂျက်စတင်ဘီဘာက အဲဒီလူရဲ့မျက်နှာကို တံတွေးထွေးခဲ့တယ်လို့ သိရပါတယ်။

ဘီဘာရဲ့အိမ်နီးချင်းက အသက် ၄၇ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး ကယ်လီဖိုးနီးယားပြည် နယ်၊ လော့စ်အန်းဂျလိစ်ခရိုင်ထဲက ကာလာဘာဆာဆိုတဲ့နေရာမှာ နေထိုင်သူ ဖြစ်ပါတယ်။ အဲဒီနေရာဟာ လူချမ်း သာတွေ နေထိုင်ရာနေရာ ဖြစ် ပြီး ဂျက်စတင်ဘီဘာရော၊ ဆလီနာဂို မက်စ်တို့ပါ အဲဒီမှာ နေထိုင်နေကြပါ တယ်။

မျက်နှာကို တံတွေးနဲ့အထွေးခံရတဲ့ အိမ်နီးချင်းကတော့ နယ်မြေ ရဲစခန်း တစ်ခုမှာ ဘီဘာကို တိုင်ချက်ဖွင့်ထား ပါတယ်။ ဒါပေမယ့် ဘီဘာဟာ ငယ်ရွယ်သေးတာမို့ အမှားပြုမိတာပါလို့ သူနဲ့ နီးစပ်တဲ့လူတချို့က ကာကွယ် ပြောဆို ထားပါတယ်။

လတ်တလောမှာ ဂျက်စတင်ဘီဘာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကလည်း မနည်းမနောပါပဲ။ သိပ်မကြာသေးခင် ကပဲ လန်ဒန်ခရီးစဉ်မှာ စင်ပေါ်အရောက် နောက်ကျလို့ လှည့်ပြန်သွားတဲ့ ပရိသတ်တွေကို တောင်းပန်ခဲ့ရ သေးတယ်။

လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက လမ်းခွဲထားကြတယ်ဆိုပေမယ့် ဆလီနာဂိုမက်စ်ဆီက ရလိုက်တဲ့ ဒဏ်ရာ ကလည်း အကင်းမသေသေး တာကြောင့် မတ်လ ၂၇ ရက်နေ့က ဆလီနာဂိုမက်စ်ရဲ့အိမ်ကို သွားရောက်လည်ပတ် ခဲ့သေးတာကို သတင်းမီဒီယာတွေက ဖွထားပြန်တယ်။ တစ်နာရီ ကြာပြီးနောက် ဆလီနာရဲ့အိမ်ကနေ ပြန်ထွက်လာခဲ့တယ်လို့ ဆိုတယ်။ ဘီ ဘာရဲ့ အနက်ရောင်ဗင်ကားဟာ ဆလီ နာဂိုမက်စ်ရဲ့ခြံရှေ့မှာ ရပ်ထားခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော့အပေါ် အထင်လွဲနေကြတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါသထွက်မိတာအမှန်ပါပဲ။ စံပြပုဂ္ဂိုလ် တစ်ယောက် ဖြစ်ချင်ပါတယ်။ ဒါပေမယ့် တချို့လူတွေကတော့ ကျွန်တော် ကျရှုံးတာကို မြင်ချင်ကြတယ်။ အဲဒီ လိုမျိုးအဖြစ်ခံမှာ မဟုတ်ဘူး" လို့ ဘီဘာက TMZ မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။
AutoWorld

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...