~ ရဟန်းနှင့်လူ ဆက်ဆံနည်း (၄) မျိုး ~
နှင်းဆီဖူးလေးများ-Love BUDS
ရဟန်းတော်များနှင့် လူဒကာ,ဒကာမတို့သည် မကွေမကွာဆက်ဆံနေကြရသူများဖြ စ်၍
ခွဲခွာ၍ မရစကောင်း။ သာသနာ့တာဝန်ကို ဆောင်ရွက်ကြရာ၌ ကျွန်းကိုင်းမှီ၊
ကိုင်းကျွန်းမှီ၊ ပစ္စယနှင့်ဓမ္မ၊လောကနှင့် လောကုတ္တရာဒွန်တွဲနေသဖြင့်ခွဲခွာ၍မရ။သို့ရာတွင်လိုအပ်သည်ထက် ကျော်လွန်၍ ပူးတွဲခြင်းမရှိေ စရချေ။ ရဟန်းနှင့်လူဆက်ဆံနည်း (၄) မျိုးရှိပါသည်။
၁။ဂါဟ ဂါဟက- အပြန်အလှန်ဖမ်းခြင်း၊အချို့ အမျိုးသားအမျိုးသမီးတို့သည် ရဟန်းတော်များအား ရှိခိုးပူဇော်လှူဒါန်းကြရာ၌ သံဃာတော်ဂုဏ်ကို အာရုံမပြု၊ သီလ,သမာဓိ,ပညာ ရရာရကြောင်း၊ လူ,နတ်,နိဗ္ဗာန်သုံးတန်ချမ်း သာ ရရာရကြောင်းကိုအကြောင်းပြု၍ လှူဒါန်းပူဇော်ကြသည်မဟုတ်။
လက်ရှိအခြေအနေကို အပေးအယူအကူအညီ ရယူလိုသောစိတ်ဖြင့် ဆက်ဆံကြတယ်၊
ပူဇော်ကြတယ်။ ထိုသို့သော အမျိုးသားအမျိုးသမီးများကို လာဘ်ပေးလာဘ်ယူနည်းအရ အာမိသပစ္စည်းကို မိမိက အရင်ပေးကာ မိမိကိုယ်ကျိုးအတွက်ဖြားယော င်း၍ အမိဖမ်းသူဟုခေါ်ပါသည်။
အချို့သောရဟန်းတော်များလည်း ထို့အတူပင် ဒကာ ဒကာမတို့အား အသိဥာဏ်ပေးခြင်း၊ ရဟန်းတရားကျင့်ကြံခြင်း အားဖြင့်အလှူအကျိုးများအောင်ဆောက်ရွက်ပေးခြင်းမျိုးဖြင့် မပေါင်းဘဲ လာဘ်ရရေးအတွက် လူပေါင်းပေါင်းကာ ၀မ်းကျောင်းအလှူခံရုံမျှမက မိမိကပင် သစ်သီးပေးခြင်း၊ပန်းပေးခြင်း၊ငွေချေးခြင်း၊ဗေဒင်ဟောခြင်း၊ဆေးပေးခြင်းစသည်ဖြင့်လူဒ ကာတို့၏ ပင်ကိုယ်ယုံကြည်စိတ်၊ သဒ္ဓါစိတ်ကလေးကို လမ်းပြောင်းသွားအောင်ဖျက်ဆီးတတ်ကြသည်။ ထိုရဟန်းကို အလဇ္ဇီ-အရှက်မရှိသောရဟန်းဟုေ ခ်ါပါသည်။ဤနည်းဖြင့်ဆက်ဆံသည် ကို ရဟန်းတော်များဘက် က ဖမ်းယူခြင်း၊ဖြားယောင်းခြင်းဟုခေါ်သည်။ အဲဒီလိုဆက်ဆံနည်းကို လူဒကာဘက်ကလဲဖမ်း၊ ရဟန်းဘက်ကလဲဖမ်း၊ အဖမ်းအဖမ်းချင်းဆက်ဆံနည်းဟု ခေါ်ပါသည်။ ထိုသို့သောဆက်ဆံနည်းဖြင့်ဆက်ဆံပါလျှင်လှူဒါန်းအားပေးသူ ဒကာဒကာမတို့လည်းသာသနာဖျက်ဆီးသူဟုခေါ်ပြီး၊ရဟန်းကိုလည်းသာသနာဖျက်ဆီးသူဟုခေါ်ပါသည်၊ သေလျှင်ငရဲသို့ကျရောက်တတ်ပါ သည်။
၂။ဂါဟမုတ္တက- ဒကာသာ ဖမ်း၍ ရဟန်းတော်ဘက်က အဖမ်းမခံခြင်း၊ လွှတ်ခြင်း။ အချို့သော လူဒကာဒကာမတို့သည် ရဟန်းတော်များအား ရှိခိုးပူဇော်လှူဒါန်းကြရာ၌ သံဃာတော်ဂုဏ်ကို အာရုံမပြု၊ သီလ,သမာဓိ,ပညာ ရရာရကြောင်း၊ လူ,နတ်,နိဗ္ဗာန်သုံးတန်ချမ်း သာ ရရာရကြောင်းကိုအကြောင်းပြု၍ လှူဒါန်းပူဇော်ကြသည်မဟုတ်။
လက်ရှိအခြေအနေကို အပေးအယူအကူအညီ ရယူလိုသောစိတ်ဖြင့် ဆက်ဆံကြတယ်၊
ပူဇော်ကြတယ်။ ထိုသို့သော အမျိုးသားအမျိုးသမီးများကို လာဘ်ပေးလာဘ်ယူနည်းအရ အာမိသပစ္စည်းကို မိမိက အရင်ပေးကာ မိမိကိုယ်ကျိုးအတွက်ဖြားယော င်း၍ အမိဖမ်းသူဟုခေါ်ပါသည်။ထို့သို့သောနည်းကို ဒကာကသာဖမ်း၍ ရဟန်းတော်ကအဖမ်းမခံခြင်း၊ မဖမ်းခြင်းဟုခေါ်ပါသည်။
၃။မုတ္တဂါဟက-ဒကာဘက်က လွှတ်ထားသော်လည်း ရဟန်းဘက်ကဖမ်းနေခြင်း။ အချို့သောရဟန်းတော်များသည် ဒကာ ဒကာမတို့အား အသိဥာဏ်ပေးခြင်း၊ ရဟန်းတရားကျင့်ကြံခြင်း အားဖြင့်အလှူအကျိုးများအောင်ဆောက်ရွက်ပေးခြင်းမျိုးဖြင့် မပေါင်းဘဲ လာဘ်ရရေးအတွက် လူပေါင်းပေါင်းကာ ၀မ်းကျောင်းအလှူခံရုံမျှမက မိမိကပင် သစ်သီးပေးခြင်း၊ပန်းပေးခြင်း၊ငွေချေးခြင်း၊ဗေဒင်ဟောခြင်း၊ဆေးပေးခြင်းစသည်ဖြင့်လူဒ ကာတို့၏ ပင်ကိုယ်ယုံကြည်စိတ်၊ သဒ္ဓါစိတ်ကလေးကို လမ်းပြောင်းသွားအောင်ဖျက်ဆီးတတ်ကြသည်။ ထိုရဟန်းကို အလဇ္ဇီ-အရှက်မရှိသောရဟန်းဟုေ ခ်ါပါသည်။ဤနည်းဖြင့်ဆက်ဆံသည် ကို ရဟန်းတော်များဘက် က ဖမ်းယူခြင်း၊ဖြားယောင်းခြင်းဟုခေါ်သည်။ ထိုသို့သောနည်းကို ရဟန်းဘက်ဖမ်း၍ လူဘက်ကမဖမ်းခြင်းဟုခေါ်ပါသည် ။
၎။မုတ္တမုတ္တဂါဟက-ဒကာဘက်ကရော ရဟန်းဘက်ကပါ မဖမ်းဘဲ လွှတ်ထားခြင်း၊ အထက်ပါသုံးနည်းတို့မှ တစ်ခုမှမဟုတ်သောနည်း၊ မြင့်မြတ်သောဆက်ဆံနည်းဟုခေါ် ပါသည်။ ရဟန်းနှင့် လူပေါင်းသင်းဆက်ဆံနည်း(၄)မျိုးရှိရာ နောက်ဆုံးနည်းကို ဘုရားရှင်ကြိုက်တော်မူပါသည် ။ သို့ဖြစ်၍ ဗုဒ္ဓဘာသာကောင်းပီပီ၊ ရဟန်းကောင်းပီပီ၊ နောက်ဆုံး မုတ္တမုတ္တဂါဟကနည်းဖြင့်ဆက်ဆံ သွားဖို့ပါ။ ဘာပဲဖြစ်ဖြစ် မိမိကအခုပေါင်းသင်းဆက်ဆံနေတာမှားနေတယ်ဆိုရင်တောင်ပြင်ယူတတ်ဖို့ပါပဲ။ ဤလေးချက်သည် လူဒကာဒကာမတွေအတွက်အရေးကြီးသ လို ရဟန်းတော်များအတွက်လည်း Very Very Important ပါပဲ။ ယနေ့မှစလို့ ကောင်းသောနည်းလမ်းဖြင့်ဆက်ဆံကာ သာသနာတော်ကြီးတိုးပွားအောင် ကြိုးစားဆောင်ရွက်နိုင်ကြပါ စေ…
ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျက်နေကြစို့။
post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/ loveBUDS.6
note by လပြည့်ဝန်း(သာစည်)
photo credit to original uploader
ရဟန်းတော်များနှင့် လူဒကာ,ဒကာမတို့သည် မကွေမကွာဆက်ဆံနေကြရသူများဖြ
၁။ဂါဟ ဂါဟက- အပြန်အလှန်ဖမ်းခြင်း၊အချို့
အချို့သောရဟန်းတော်များလည်း
၂။ဂါဟမုတ္တက- ဒကာသာ ဖမ်း၍ ရဟန်းတော်ဘက်က အဖမ်းမခံခြင်း၊ လွှတ်ခြင်း။ အချို့သော လူဒကာဒကာမတို့သည် ရဟန်းတော်များအား ရှိခိုးပူဇော်လှူဒါန်းကြရာ၌
၃။မုတ္တဂါဟက-ဒကာဘက်က လွှတ်ထားသော်လည်း ရဟန်းဘက်ကဖမ်းနေခြင်း။ အချို့သောရဟန်းတော်များသည် ဒကာ ဒကာမတို့အား အသိဥာဏ်ပေးခြင်း၊ ရဟန်းတရားကျင့်ကြံခြင်း အားဖြင့်အလှူအကျိုးများအောင
၎။မုတ္တမုတ္တဂါဟက-ဒကာဘက်ကရော ရဟန်းဘက်ကပါ မဖမ်းဘဲ လွှတ်ထားခြင်း၊ အထက်ပါသုံးနည်းတို့မှ တစ်ခုမှမဟုတ်သောနည်း၊ မြင့်မြတ်သောဆက်ဆံနည်းဟုခေါ်
ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျက်နေကြစို့။
post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/
note by လပြည့်ဝန်း(သာစည်)
photo credit to original uploader
0 comments:
Post a Comment