Wednesday, April 10, 2013

တော်ချက်......

The Aung shared အူတက်အောင်ရီရသောဟာသများနဲ့အခြား's photo.
တော်ချက်......

ဂျပန်နိုင်ငံ သည်  ကမ္ဘာ ပေါ် တွင်စက်ရုပ်နည်းပညာ အထွန်းကားဆုံး နိုင်ငံတစ်ခုဖြစ်၏။

ဂျပန် သိပ္ပံ ပညာရှင်တို့ ၏ မဆုတ်မနစ်  ကြိုးပန်းအားထုတ်မှူကြောင့်  ......

နောက်ဆုံးပေါ်အဆင့်မြင့်ဆုံး သူခိုးဖမ်းသည့်စက်ရုပ်တစ်ခု အား တီထွင်လိုက်နိုင်ကြပီး နိုင်ငံတကာသို့ ကြေငြာလိုက်၏။

 စီစီတီဗီ....အသံဖမ်းစနစ်ဖြင့် သူခိုးဖမ်းခြင်း၊ အခြားနည်းပညာပစ္စည်းများဖြင့်ဖမ်းခြင်းထက်အဆ ၂၀၀ကျော်သာသည်။

ဝယ်ယူစမ်းသပ်သုံးကြည့်ပါ။

 တကယ့် လူသားဖြစ်သည့် စုံထောက်များ၊စပိုင်များ၊ရဲများထက်လည်း အဆ ၃၀၀   ပိုတော်ကာ.... သူခိုးဖမ်းနိုင်ကြောင်း ၊

 ပြောသည့်အတိုင်း  မဖမ်းမိနိုင်ပါက  ဂျပန် တိုရိုတာကားထုတ်သည့် ကုပ္မဏ်ီအား ပေးမည် ဟု ကြေငြာလိုက်လေ၏။

ပထမဆုံး အမေ ရိကန်နိုင်ငံမှ သူခိုးဖမ်းစက်ရုပ်အား ၀ယ်ယူ ကာ သူခိုးဖမ်း၏။ တစ်ပတ်အတွင်းမှာပင် သူခိုး ၂၀၀ ဖမ်းမိ၏။

အမေရိကန်လည်းအတော်သဘောကျသွား၏။ ကွန်ဂရက်ကျူလေးရှင်းပါ ဂျပန် သိပ္ပံပညာရှင်တို့ ရယ်ပေါ့ဗျာ။

ဒါကို ပြိုင်ဘက် တရုတ်က ကြားတော့ ချက်ချင်း သူခိုးဖမ်းသည့် စက်ရုပ်ကို ၀ယ်လိုက်၏။

သူခိုးဖမ်းစက်ရုပ်မှ လည်း တာဝန်ကျေစွာနှင့် တစ်ပတ်အတွင်း သူခိုး အယောက် ၃၀၀ ဖမ်းပေး၏။

တရုတ် သမ္မတကြီးကိုယ်တိုင်ပင် အရမ်းကျေနပ်မိ၏။တရုတ် ၀န်ထမ်း  ရဲများ ကို ချက်ချင်း လျှော့ချလိုက်၏။

ယင်းတရုတ်သတင်းကို အမေရိကန်မှ ကြားသောအခါ မြန်မာနိုင်ငံသို့ သူခိုးဖမ်းသည့် စက်ရုပ်အား ဂျပန်မှ ၀ယ်ယူကာ လက်ဆောင်ပေး၏။

သို့မဟုတ်ပါက မြန်မာပြည်နိုင်ငံသားခံယူထားသူများ တရုတ်တွင် ဆေးထိုးသတ်ခံရလိုက်၊ 

အင်ဒိုတွင် ရိုက်သတ်ခံရလိုက်နှင့်ပြသနာ ခဏခဏကြားရ၏။

ဒီစက်ရုပ်သာ ရှိခဲ့လျှင် မြန်မာပြည်တွင် လုံခြုံရေး တာဝန်ကြီးသော ပြည်သူ့ရဲများ အတွက် အထောက်အပံ့လဲဖြစ်၊

 ငြိမ်ဝပ်ပိပြားမှူလဲ ဖြစ်စေရန် ဟု အမေရိကန်က  ရည်ရွယ်၏။ တရုတ်၊အင်ဒို တို့ကလည်း သိပ်တော့မကျေနပ်ပေ။သို့သော်ထုတ်မပြောချေ။

ထိုသူခိုးဖမ်းစက်ရုပ်အား မြန်မာနိုင်ငံမှ အခန်းအနားဖြင့်လက်ခံ၏။

ပြည်သူ့ရဲများ လည်း အင်အားလျှော့ရန်၊ လျှော့ပေါ့ပင်စင်များ ပေးရန်ချက်ချင်း စီစဉ်လိုက်၏။

ထို့နောက်  မြန်မာ့ရုပ်သံလွှင့်လိုင်းများမှ၎င်း၊ CCTV သတင်းဌာနတို့မှ၎င်း၊ လယ်ဂျာဆီးယားရုပ်သံတို့မှ၎င်း၊ နိုင်ငံတကာ မီဒီယာတို့မှ၎င်း

မြန်မာပြည်မှ လက်ဆောင်ရသည့်သူခိုးဖမ်းစက်ရုပ် လေယာဉ်ပေါ်မှ သယ်ယူချိန်မှစ၍ တိုက်ရိုက် ( LIVE )ပြသကြလေသည်။

သို့နှင့် သူခိုးဖမ်းသည့် စက်ရုပ် မြန်မာပြည်သို့ ရောက်ရှိပီး နှစ်ရက် အကြာ အမေရိကန်မှ မြန်မာပြည်သို့ ......

" သူခိုး ဘယ်နှစ်ယောက်မိပီလဲ.....အဆင်ပြေတယ်မဟုတ်လား။တွေ့ပီမဟုတ်လားသူခိုးဖမ်းတာ အရမ်းတော်တဲ့စက်ရုပ်..".ဟု မေးလေ၏။

ထိုအခါ မြန်မာပြည်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ အမေရိကန်နိုင်ငံသို့ ပြန်လည်ဖြေကြားလိုက်သည်မှာ.....

" ဟုတ်ကဲ့ဗျ။ မနေ့က ပဲ အဲဒီ စက်ရုပ် အခိုးခံလိုက်ရပါတယ်ခင်ဗျာ...."....တဲ့

တိန်

ရီမောပျော်ရွှင်စေရန်သာ ( လက်မပါကြေးနော်.....ဟိဟိ )

ကိုလုံ ( Lon Ely )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...