ခံစားချက်များနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်း
ဝေဖန်ပိုင်းခြားနိုင်စွမ်း (Critical Thinking) နဲ့ စပ်ဟပ်လို့မရတဲ့ အရာအဖြင့် စိတ်ခံစားချက် (Emotion) ကို လူတတ်ကြီးတော်တော်များများက မှတ်ယူထားကြတယ်။
သူတို့ယူဆတာကတော့ ဦးဏှောက်ကမှ ဆင်ချင်တုံ့တရားရှိနိုင်တယ်။ နှလုံးသားက စိတ်ခံစားချက်နောက်လိုက်တယ်လို့မြင်တယ်။ ဓမ္မဓိဋ္ဌာန်ကျကျတွေးရမယ်၊ အရှိကိုအရှိအတိုင်းစဉ်းစားရမယ်ဆိုရင် ဦးဏှောက်ကိုပဲသုံးသင့်တယ်၊ ခံစားချက်အရင်းခံနှလုံးသားကိုတော့ ဖယ်ပေါ့။ ဓမ္မဓိဋ္ဌာန်ကျတယ်ဆိုတာကိုက ခံစားချက်နဲ့ မလိုမုန်းထားဘက်လိုက်တာတွေ မပါတဲ့ အရှိတရားလို့ ဖွင့်ဆိုလို့ရတယ်။
ဒါပေမယ့် ဝေဖန်ပိုင်းခြားတွေးခေါ်တဲ့အခါ ခံစားချက်တွေကို ဖယ်ထုတ်မတွေးရဘူးလို့ စိတ်ပညာရှင်တွေကဆိုပါတယ်။
ဝေဖန်ပိုင်းခြားတဲ့အခါ ယုတ္တိဗေဒတွေ၊ ဆင်ခြင်သုံးသပ်နိုင်စွမ်း အရေးပါသလို စိတ်ခံစားချက်တွေလည်းလိုအပ်တယ်လို့ စိတ်ပညာရှင်တွေက ယူဆတယ်။ သို့သော်လည်း စိတ်ခံစားချက်တွေကို ရှင်းရှင်းလင်းလင်းသိမြင်ပြီး ဆင်ခြင်တုံ့တရားနဲ့ အသုံးချတတ်ဖို့တော့ လိုလိမ့်မယ်။ စိတ်ခံစားချက်နောက်လိုက်၊ စိတ်မွန်ထူပြီး အလျှင်စလို ဆုံးဖြတ်တွေချတာမျိုးမလုပ်သင့်ဘူး။ စိတ်ခံစားချက်တိုင်းလည်း အသုံးဝင်တယ်လို့ ယူဆလို့တော့မရဘူး။ တချို့ သေးသိမ်ပြီး၊ မရင့်ကျက်တဲ့ စိတ်ခံစားချက်လိုမျိုးတွေကတော့ ဓမ္မဓိဋ္ဌာန်ကျချင်ရင် ဖယ်ထုတ်ရမယ်။
ဝေဖန်ပိုင်းခြားနိုင်တယ်ဆိုတာ ကိုယ်ရဲ့ အမြင်နဲ့ ဆုံးဖြတ်ချက်တွေကို လွမ်းမိုးနေတဲ့ ခံစားချက်မှန်သမျှကို ရှင်းရှင်းလင်းလင်းသိနိုင်စွမ်းလို့ဆိုရမယ်။ ကိုယ့်အတွေးခေါ်အယူအဆနဲ့ အမြင်တွေကိုလွမ်းမိုးထားတဲ့ ခံစားချက်တွေကို အသိမှတ်ပြုနိုင်လာရင် ရင့်ကျက်တည်ငြိမ်လာပြီး၊ မျှတတဲ့ အပြုအမူနဲ့ ယူဆချက်တွေရှိလာမှာဖြစ်တယ်။
ခံစားချက်ကိုမထိမ်းချုပ်နိုင်ရင်တော့၊ ခံစားချက်ကကိုယ့ိုထိမ်းချုပ်သွားမှာပဲ။ အတွေးအခေါ်ဟာခံစားချက်ရဲ့ အစေအပါးဖြစ်ပြီဆိုရင် လူ့အစွမ်းအစဆုံးရူံးပြီဖြစ်တယ်။
Ref: Encyclopedia of Applied Psychology, ELSEVIER ACADEMIC PRESS,
Smart Thinking, Matthew Allen, OXFORD.
0 comments:
Post a Comment