Monday, April 1, 2013

“ ကိုကိုပြောမယ်... နားထောင်ကွယ် ” ...... အပိုင်း ( ၉ )


ညီမလေးရေ... မတွေ့တာကြာလို့ စိတ်များကောက်နေရော့သလား။ ကိုကို့... ညီမလေးကလိမ္မာပါတယ်နော်။ စိတ်မကောက်ကြေး။ ညီမလေးရေ... ဒီတစ်ခါကိုကိုပြောချင်တာ...
ညီမလေးနားရှက်သွားမလား... တွေးပူမိတယ်။ ညီမလေးရေ... ယောင်္ကျားလေးနဲ့ မိန်းကလေး ယှဉ်ကြည့်ရင် အတတ်ပညာ၊ အသိပညာတွေ တန်းတူကျနိုင်သလို၊ ယောင်္ကျားလေးတွေထက် မိန်းကလေးတွေလည်း တော်ပါ့၊ ထက်မြတ်ပါ့ညီမလေးရေ။

အယ်...ဒါပေမဲ့... မိန်းကလေးတွေက
ယောင်္ကျားလေးတွေထက် ချစ်တတ်တဲ့စိတ်၊ စာနာတတ်တဲ့စိတ်တွေလည်း ပိုသာတယ်ညီမလေးရ။ လမ်းဘေးမှာ သူတောင်းစား တစ်ယောက်တွေ့လို့ ကိုကိုတို့တွေထက် ညီမလေးတို့ မိန်းကလေးတွေက သဒ္ဒါတရားပိုပြီးအားကောင်းပါတယ်။ စာနာစိတ်လည်း အားကြီးကြသကွယ့်။ ဒါ့ကြောင့်ထင်တယ်။ နတ်ပြည်မှာ နတ်သမီးတွေကို ရှင်မဟာ မောဂ္ဂလန် ကိုယ်တော်မြတ်ကြီး မေးမြန်းတဲ့အခါမှာ သဒ္ဒါတရားကြောင့် နတ်ပြည်မှာ နတ်သမီးတွေ များနေရတာလို့ ကိုကိုတို့ဖတ်ခဲ့ရဖူးတယ်။ ပေးကမ်းစွန့်ကြဲတာမှာ လက်လွယ်သလို အယုံလည်း လွယ်တတ်ကြတယ်ကွယ့်။ ကောင်းပါလေ့ကွယ်...။

ဒါနဲ့ ကိုကိုတို့ ယောင်္ကျားလေးတချို့ လမ်းပေါ်မှာ ဒေါသနဲ့ ရန်ဖြစ်ရင်တောင် ညီမလေးတို့ရန်ပွဲကြည့်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ငိုချလိုက်ကြရောမလား။ ဒါအားနည်းချက်မဟုတ်ပါဘူးညီမလေးရေ။ မြန်မာမိန်းကလေးတွေရဲ့ နုနယ်တဲ့ စိတ်ဓါတ်လေးတွေပါ။ ဒါလေးတွေက မြန်မာမိန်းကလေးတွေအတွက် နုနယ်ယဉ်ကျေးတဲ့ပြယုဂ်လို့ ကိုကိုမြင်မိတယ်။

ဒါပေမဲ့ကွယ်... အခုနောက်ပိုင်းမှာ သဒ္ဒါလွန်တော့ ရွာလွန်အရွက်တိုက်ဆိုလားပဲ...။ တချို့ပေါ့လေ... သဒ္ဒါတရား ကောင်းတာက လွန်လွန်းလှချည်ရဲ့။ စကားပြောလေးတွေကောင်း၊ ရုပ်လေးကချော၊ ငွေလေးကလည်း သုံးနိုင်ကြတဲ့ ကာလသားတွေတွေ့ရင် ဘာမှန်းမသိ ပုံအပ်လိုက်ကြကော...။ ဆိုင်ကယ်လေး... တ၀ီဝီ၊ ကားလေးတစ်ဝီ၀ီနဲ့ ကောင်တွေဆို တယ်...အထင်
ကြီးကြသကွယ်။ အပျံစား ရှိုးစမိုးနဲ့ အိမ်မှာတော့ စားစရာမရှိ၊ ငှားဝတ်လာတဲ့ ဟာတွေ၊ ငှားစီးလာတဲ့ဟာတွေ၊ အလုပ်မရှိ၊ တစ်နေကုန်အရက်ဆိုင်မှာပျော်၊ ဆေးချ၊ ယောင်္ကျားက ယောင်္ကျားမစစ်အောင်ပြင်ပြီး ကိုရီးယားမင်းသားလိုလို၊ ဘ၀ရည်ရွယ်ချက်မေးရင် ဘာမှမသိတဲ့ ပေါ့ပေါ့နေတတ်တဲ့သူတွေနဲ့တွေရင် အယုံလွယ်လမ်းမှား မလိုက်မိပါစေနဲ့ကွယ်။ ညီမလေးတို့ဘ၀ဟာ ကျားချောင်း ချောင်းခံနေရတယ် ဆိုတာလေးသိရင်၊ မိမိသိက္ခာ၊ ကိုယ်ကျင့်တရား၊ ပညာလေးနဲ့တွဲပြီးစဉ်းစားရင်မြန်မာမိန်းကလေးအစစ်မှန်လေးတွေ ဖြစ်လာပါလိမ့်မယ်... ညီမလေးရေ။ ချစ်တတ်တာကို လက်ခံပါတယ်။ ချစ်ပါ။ သေလောက်အောင်ချစ်ပါ။ ဒါပေမဲ့ ... ဒီရည်းစားက ငါ့ရဲ့ဘ၀လက်တွဲဖော် မဟုတ်ခဲ့ရင် ...ငါ့သိက္ခာ... ကိုယ်ကျင့်တရား ... အတွက် မှတ်ကျောက်ပြန်တင်ရင် အတင်ခံနိုင်ပါ့မလား။

သိက္ခာဆိုတာ ရေထဲမှာမျောနေတဲ့ ဒိုက်တွေလို အဖတ်ပြန်ဆယ်လို့ရရင်တော့ ...

မြန်မာမိန်းကလေးတိုင်း
မိမိ
ဂုဏ်သိက္ခာ၊ လူမျိုးအဆင့်အား
မြှင်တင်နိုင်ကြပါစေ
စေတနာဖြင့်
မျိုးချစ်သူရဲကောင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...