Saturday, April 6, 2013

တိုင်းပြည်မှာ အဓိကလိုနေတာ ပညာရေး


Photo

အခုအချိန်မှာ ဘယ်လိုအယူဝါဒ ရှိတဲ့သူဖြစ်စေ၊ ဘယ်လိုခံယူချက် ရှိနေတဲ့သူဖြစ်စေ တိုင်းပြည်မှာ အဓိကလိုနေတာ ပညာရေးပဲဆိုတာ လက်ခံကြမယ် ထင်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ လူနေမှု စတာတွေကို ဦးမော့လာစေဖို့ ပညာရေးဟာ အသက်ပါပဲ။ အယုတ်ဆွဆုံး စနစ်မကျနတဲ့ ပြီးပြည့်စုံမှု မရှိတဲ့ကိုယ်တိုင် ဖြတ်သန်းလာခဲ့တဲ့ ပညာရေးစနစ်ကို ပြုပြင်ဖို့တောင် ပညာတတ်ဖို့ လိုနေပါတယ်။

တိုင်းပြည်တစ်ခုလုံးကို တိုးတက်လာဖို့ဆိုတာ လူတစ်စုလောက်ပဲ မိုးပျံနေအောင် တော်နေတတ်နေလို့ မဖြစ်ပါဘူး။ မြန်မာပြည်မှာ ပုဂ္ဂလိကကျောင်းတွေမှာ ထားမယ်၊ နိုင်ငံခြားလွှတ်ပြီး ပညာသင်စေမယ် စတာတွေကို လုပ်နိုင်တဲ့ ပညာကို ရွှေနဲ့ချိန်ပြီး ယူနေကြတဲ့ သူတွေဟာ လူနည်းစုပါ။ ဒီအချိန်မှာ မိဘကိုကူနေရလို့ ကျောင်းမတတ်နိုင်သူတွေ၊ စာသင်ကျောင်းနဲ့ အလှမ်းဝေးလို့၊ ဗလာစာအုပ်ဖိုးလေးတောင် မတတ်နိုင်လို့ ကျောင်းမနေရသူတွေ၊ ဒီကလေးကိုယ်တိုင်က အလုပ်မလုပ်ရင် ထမင်းမဝမယ့် မိသားစုတွေအတွက် သိပ်ကိုစိတ်ထိခိုက်စရာ ကောင်းလှတဲ့အဖြစ်တွေ မြန်မာပြည်မယ် အများကြီးပါ။

ဘွဲရပြီး ဘာမှလုပ်မရဘူးလို့ ဂုဏ်ယူပြီးပြောနေကြတဲ့ သူတွေကြားထဲမှာ စာရေးစာဖတ်တတ်ဖို့ အရမ်းကို ခက်ခဲနေသူတွေ အများကြီးရှိပါသေးတယ်။ ကျောင်းနေအရွယ် ကလေးတွေရဲ့ ၅၀ရာခိုင်နှုန်းလောက်က ပညာသင်ဖို့ အခက်အခဲမျိုးစုံရှိကြပါတယ်။ မျက်စေ့ထဲ မြင်အောင်ကြည့်မယ်ဆို လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်တွေမှာ စားပွဲထိုးလုပ်နေသူလေးတွေ၊ ဈေးရောင်းနေရသူတွေ၊ အမှိုက်ပုံမယ် ရှာစားနေရသူတွေ တွေ့နိုင်ပါတယ်။ ဒါကမြို့ကြီးတွေမှာ ထိတွေ့နေရသူတွေရယ်ပါ။ တောရွာကျေးလက်က ကလေးတွေက သိပ်ကိုခက်ခဲကြပါတယ် ပညာငတ်ကြပါတယ်။

တိုင်းပြည်ကို ထူထောင်ဖို့၊ သူများနိုင်ငံတွေကို ကျော်တတ်ဖို့ မပြောနဲ့ စာရေးစာဖတ်တောင် တတ်ကြဖို့ သိပ်ခက်ခဲ့နေကြသူ အများကြီးပါ။ လက်တစ်ဆုပ်စာ လူတစ်စုနဲ့ ဘာမှဖြစ်မလာပါဘူး။ ဒီလူလေးတွေက ရပ်မနေပါဘူး များမကြာဘူး လူကြီးတွေဖြစ်လာကြမယ်။ ပညာတတ်တဲ့သူ နည်းလာလေလေ စဉ်းစားဆင်ခြင်မှု နည်းလာလေလေ နိုင်ငံအတွက် ရင်လေးရလေလေပါ။ လူတစ်စုက ဘယ်လောက်မိုးပျံနေအောင် တော်နေပါစေ ပညာမဲ့တိုင်းပြည်ကို ဘာမှမလုပ်ပေးနိုင်ပါဘူး။

တစ်ချို့က အစိုးရကို အပြစ်တင်ကြတယ်။ အပြစ်တင်တိုင်း ကောင်းလာမယ်ဆိုရင် ကျွန်တော်လဲ အားတိုင်းထိုင်ဆဲနေပါရစေ။ တစ်ဖက်ကလဲ သင့်တင့်တဲ့ ဝေဖန်ထောက်ပြတာတွေ လုပ်ရမယ်လို့ လက်ခံပါတယ်။ ဒီလိုနေရင်းနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က ဆယ်သွားတာကလဲ အကျိုးများစေမှာပါ။ အစိုးရရဲ့ လုံလောက်တဲ့ ဘက်ဂျက်သုံးမယ်ဆိုလဲ ဒီနေရာမှာသုံးလိုက်ရင် တခြားနိုင်ငံတိုးတက်ဖို့ သုံးတဲ့နေရာမှာ လျော့သွားမှာပါပဲ။ လူတိုင်း ကိုယ်စွမ်းနိုင်သလောက် ဝိုင်းလုပ်ကြမယ်ဆိုရင် ဘယ်လောက်ကောင်း လိုက်မလဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...