သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၄)
သစ်ထူးလွင်
|
- မြန်မာ၏ အိမ်ခြံမြေဈေးနှုန်း အဆမတန် မြှင့်တင်ထားမှု ပြည်ပရင်းနှီး မြှုပ်နှံမှုကို စိန်ခေါ်နေပြီ
- ကားတိုက်ခံရမှုကြောင့် သားအဖသုံးဦး ပွဲချင်းပြီးသေဆုံး
- ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ရန်ပုံငွေနည်းနေပြီလို့ UNHCR ပြော
- ရည်းစားကိုသတ်သူ ဖမ်းမှို
- မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်
- ဘော်စတွန် ဗုံးခွဲမှု မသင်္ကာဖွယ် လူကို ဘော်စတွန်ရဲက ဖမ်းဆီး (ရုပ်/သံ)
- မသင်္ကာဖွယ် လူကို ဘော်စတွန်ရဲက မိပြီ
- ကွန်ယက်ဖွဲ့ တိုက်သူတွေကို နည်းပညာနဲ့ ဖော်ထုတ်မယ်
- မြန်မာ့လူ့အခွင့်အရေး အမေရိကန်ချီးကျူး
- ပိုက်လိုင်းဖောက်မှုကို နမ့်ခမ်းလယ်သမားတွေ ငြင်းဆို
- ဒေါ်အောင်ဆန်းစုကြည်ကို ထောင်နဲ့ချီတဲ့ ပြည်သူတွေကြိုဆို (ရုပ်/သံ)
Posted: 20 Apr 2013 06:44 AM PDT
နိုင်ငံခြား
ရင်းနှီး မြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာဖို့ ကြန့်ကြာမှု
တွေထဲမှာ မြန်မာပြည်ရဲ့ အိမ်ဈေး၊ မြေဈေးတွေ ကမ္ဘာ့စံချိန်ချိုး လောက်အောင်
အလွန်အကျွံမြင့် တက်နေတဲ့ အချက်တစ်ခုလည်း ပါဝင်တယ်လို့ နိုင်ငံခြားသား
စီးပွားရေး လုပ်ငန်းရှင်တွေက ဝေဖန်ထောက် ပြနေကြပါပြီ။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 20 Apr 2013 06:32 AM PDT
မုံရွာ-မန္တလေး
အဝေးပြေး လမ်းမကြီးပေါ်ရှိ ပရစ်ကုန်းမြောက်ရွာအနီး လမ်းကွေ့ တွင် ဧပြီလ ၁၈
ရက်နေ့ ညနေ ၄ နာရီ အချိန်က လမ်းဘေးချ ရပ်စောင့်နေသော ဆိုင်ကယ်ကို
တစ်ဖက်ယာဉ်ကြောမှ လာသော မော်တော်ယာဉ်က ဝင်တိုက်ရာမှ သားအဖသုံးဦး
ပွဲချင်းပြီး သေဆုံးသွားကြောင်း မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 20 Apr 2013 03:06 AM PDT
ရခိုင်ပြည်နယ်က
ဒုက္ခသည် စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေ အတွက် မိုးတွင်း ကာလမှာ
အန္တရာယ် တွေကြုံနိုင်သလို ကူညီထောက်ပံ့ဖို့ အတွက်လည်း ရန်ပုံငွေ
အတော်နည်းနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က
မနေ့က ပြောလိုက်ပါတယ်။ အဲဒီဒေသမှာ လူမှုဒုက္ခ ကပ်ဘေးတွေ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 20 Apr 2013 02:47 AM PDT
နှစ်ဆန်း
တစ်ရက်နေ့(ဧပြီ ၁၇) ညပိုင်းက သမီးရည်းစား ချိန်းတွေ့ရင်း စကားများကာ
ဓားနဲ့ထိုးသတ်ခဲ့တဲ့ အသက် ၂၁ အရွယ် အမျိုးသား မောင်……. ကို ဧပြီလ ၁၈ ရက်မှာ
ဖမ်းဆည်းမိပြီလို့ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံကသိရပါတယ်။
ဖြစ်စဉ်မှာ နှစ်ဆန်း တစ်ရက်ညပိုင်းမှာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 20 Apr 2013 12:45 AM PDT
၂ဝ၁၃
ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏
ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း
CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း
ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA - 800MHz ငွေဖြည့် ကတ်များဖြင့်
အသုံးပြု၍ မရပါ။
MECTel တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်းများ အတွက် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့်သာ တယ်လီဖုန်း ပြောဆိုခ ငွေဖြည့်တင်း၍ ဆက်သွယ် အသုံးပြု နိုင်မည် ဖြစ်ပါသည်။ ဖော်ပြပါ MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း ကြိုတင် ငွေဖြည့်ကတ် များကို အောက်ပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ကိုယ်စားလှယ် အရောင်းဆိုင် များနှင့် ၄င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချပေး သွားမည် ဖြစ်ပါကြောင်း ကြိုတင် အသိပေး ကြေညာ အပ်ပါသည်။ ငွေဖြည့်ကတ် ၁။ နေပြည်တော် ကောင်စီနယ်မြေ လင်း မိုဘိုင်း၊ နေပြည်တော်။ Best One ၊ နေပြည်တော်။ လူကြီးမင်း၊ နေပြည်တော်။ Laser Mobile ၊ ပျဉ်းမနား။ Sky Light ၊ ပျဉ်းမနား။ ၂။ ကချင်ပြည်နယ် Best One ၊ မြစ်ကြီးနားမြို့။ OVI၊ မြစ်ကြီးနားမြို့။ ဦးဝင်းနှင့်သားများ၊ မိုးညှင်းမြို့။ ၃။ ကယားပြည်နယ် တောင်ပေါ်သား၊ လွိုင်ကော်မြို့။ Orbit Mobile၊ လွိုင်ကော်မြို့။ ၄။ ကရင်ပြည်နယ် နေလ၊ ဘားအံမြို့။ အတ္ထရံ၊ ဘားအံမြို့။ K-Mobile၊ မြဝတီမြို့။ ၅။ စစ်ကိုင်းတိုင်းဒေသကြီး Hello Mobile ၊ စစ်ကိုင်းမြို့။ Mobile One၊ မုံရွာမြို့။ Star Mobile ၊ ချောင်းဦးမြို့။ လင်း လျှပ်စစ်၊ ရွှေဘိုမြို့။ ဟန်ထူးမွန်၊ မြင်းမူမြို့။ ၆။ တနင်္သာရီတိုင်းဒေသကြီး Alpha ၊ ထားဝယ်မြို့။ To Mobile ၊ မြိတ်မြို့။ ၇။ ပဲခူးတိုင်း ဒေသကြီး စိန်ဟင်း၊ ပဲခူးမြို့။ ရွှေကမ္ဘာ၊ ပြည်မြို့။ ဝင်းကမ္ဘာ၊ တောင်ငူမြို့။ ရွှေမျက်မှန်၊ ဖြူးမြို့။ Future Mobile ၊ ဖြူးမြို့။ ရွှေကျီး၊ ပေါက်ခေါင်းမြို့။ သန္တာထွန်း၊ အင်းမမြို့။ ၈။ မကွေးတိုင်းဒေသကြီး Advance Telecom ၊ မကွေးမြို့။ နေနတ်သား၊ ပခုက္ကူမြို့။ အင်းဝမိုဘိုင်း၊ ချောက်မြို့။ ဟိန်းအီလက်ထရွန်နစ်၊ ရေနံချောင်းမြို့။ တန်ခိုးရှင်၊ မင်းဘူးမြို့။ ၉။ မန္တလေးတိုင်းဒေသကြီး Best One ၊ မန္တလေးမြို့။ I-Phone ၊ မန္တလေးမြို့။ Any Call ၊ မန္တလေးမြို့။ Win Mobile ၊ ပြင်ဦးလွင်မြို့။ Easy Call ၊ မိတ္ထီလာမြို့။ Zest Mobile ၊ ပျော်ဘွယ်မြို့။ လပ်ကီးမိုဘိုင်း၊ ကျောက်ပန်းတောင်းမြို့။ ဝင်းစတိုး၊ ပုဂံမြို့။ Sky Ace ၊ မြင်းခြံမြို့။ ဖူဂျီ၊ ရမည်းသင်းမြို့။ ၁ဝ။ မွန်ပြည်နယ် Best One ၊ မော်လမြိုင်မြို့။ ဂျပန်၊ မော်လမြိုင်မြို့။ ကောင်းကင်သစ်၊ ကျိုက်ထိုမြို့။ စိုးရတနာ၊ သထုံမြို့။ တော်ဝင်စန်း၊ သံဖြူဇရပ်မြို့။ ပုလဲရွှေစင်၊ မုဒုံမြို့။ ၁၁။ ရခိုင်ပြည်နယ် Super ၊ စစ်တွေမြို့။ ရွှေကိန်းအင်း၊ စစ်တွေမြို့။ စွယ်တော်ဖြူ ၊ အမ်းမြို့။ အားမာန် ၊ အမ်းမြို့။ ၁၂။ ရန်ကုန်တိုင်းဒေသကြီး TMHC-ZK ၊ ကမာရွတ်မြို့နယ်။ MTS ၊ စမ်းချောင်းမြို့နယ်။ Best One ၊ လသာမြို့နယ်။ MobilTel ၊ လသာမြို့နယ်။ MTC ၊ မင်္ဂလာတောင်ညွန့်မြို့နယ်။ 09 ၊ မရမ်းကုန်း မြို့နယ်။ လူကြီးမင်း၊ သင်္ဃန်းကျွန်း။ Mobile King ၊ တာမွေမြို့နယ်။ Mobile King ၊ ကြည့်မြင်တိုင်မြို့နယ်။ ISN Net ၊ အင်းစိန်မြို့နယ်။ Missed Call ၊ ဒေါပုံမြို့နယ်။ ကိုညီ-မဆွေ၊ လှိုင်သာယာမြို့နယ်။ ၁၃။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျားခေါင်း၊ လားရှိုးမြို့။ Pioneer ၊ လားရှိုးမြို့။ Hello ၊ မူဆယ်မြို့။ ၁၄။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပန်းစံအိမ်၊ ကျိုင်းတုံမြို့။ အဆွေတော်၊ တာချီလိတ်မြို့။ ကျော်အောင် ၊ မိုင်းတုံမြို့။ ၁၅။ ရှမ်းပြည်နယ် (တောင်ပိုင်း) စိုင်းထွန်းထွန်းနိုင်၊ တောင်ကြီးမြို့။ စင်ဒရဲလား၊ တောင်ကြီးမြို့။ ရွှေကမ္ဘာ၊ ကလောမြို့။ တောင်ထိပ်ပန်း၊ အောင်ပန်းမြို့။ ၁၆။ ဧရာဝတီတိုင်းဒေသကြီး Best One ၊ ပုသိမ်မြို့။ Hello ၊ ပုသိမ်မြို့။ Mobile World ၊ ဟင်္သာတမြို့။ Goldern Star ၊ ကျောင်းကုန်းမြို့။ Victory ၊ မြောင်းမြမြို့။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မြ၀တီ သတင်း |
||
Posted: 19 Apr 2013 06:47 PM PDT
ပြီးခဲ့တဲ့
တနင်္လာနေ့တုန်းက ဘော်စတွန် မာရသွန် ဗုံးခွဲမှုနဲ့ ပတ်သက်လို့ မသင်္ကာဖွယ်လူဟာ
ချက်ချင်ညာ လူမျိုး အသက် ၁၉ နှစ်အရွယ် Dzhokhar Tsarnaev ဖမ်းဆီးလိုက်ပြီ
ဖြစ်ပါတယ်။ အခုဖမ်းမိသူဟာ ကြာသပတေးနေ့က ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်လို့
အကို ဖြစ်သူ သေဆုံး သွားခဲ့ ပြီးတဲ့နောက် ခြေကျင် ထွက်ပြေး လွတ်မြောက်
သွားတာ ဖြစ်တယ်လို့ ရဲက အတည်ပြု ပြောပါတယ်။ ---
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Apr 2013 06:27 PM PDT
အမေရိကန်
ပြည်ထောင်စု ဘော်စတွန်မြို့ ဝါးတားတောင်း တဝိုက်မှာ လွန်ခဲ့တဲ့
နာရီပိုင်းတွင်း သေနတ် ပစ်ခတ်သံတွေ ကြားခဲ့ရပြီး ရဲက သူတို့ ရှာဖွေနေတဲ့
သံသယ ရှိသူကို အသက်မသေပဲ ဖမ်းမိနိုင်တယ်လို့ ဘော်စတွန်ရဲအဖွဲ့ကပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဘော်စတွန် မာရသွန် ဗုံးခွဲမှုနဲ့ ပတ်သက်လို့
မသင်္ကာဖွယ်လူဟာ ချက်ချင်ညာ လူမျိုး အသက် ၁၉ နှစ်အရွယ် Dzhokhar Tsarnaev
ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 19 Apr 2013 06:20 PM PDT
မြန်မာတွေ
ဖေ့စ်ဘွတ်ခ် ပေါ်မှာ သဘောထား မှတ်ချက်တွေ ဝင်ရေးတဲ့ အခါ မကြားဝံ့ မနားသာ
ကြမ်းတမ်း ညစ်ညမ်းစွာ ဆဲရေး တိုင်းထွာမှုတွေကိုလည်း သုံးကြတဲ့ အတွက်
လူကောင်းတွေတောင်မှာ ဖေ့စ်ဘွတ်ခ် ထဲဝင်ရေးဖို့ တွန့်လာနေကြတယ် ၊ နောက်တခါ
ဒီဖေ့စ်ဘွတ်ကို သုံးပြီးတော့ ရည်ရွယ်ချက် ရှိရှိ လှုံ့ဆော် တိုက်ခိုက်မှုတွေ
လုပ်လာနေကြတယ် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 19 Apr 2013 06:10 PM PDT
မြန်မာနိုင်ငံမှာ
လူ့အခွင့်အရေး အခြေအနေ တိုးတက်လာခဲ့ပြီး ပြုပြင်ပြောင်း လဲရေး ဆက်ပြီး
လုပ်သွားမဲ့ပုံရပေမဲ့ စိန်ခေါ် မှုတွေ အများကြီး ရှိနေသေးတယ်လို့ အမေရိကန်
နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောလိုက်ပါ တယ်။ သောကြာနေ့က အမေရိကန်
နိုင်ငံခြားရေး ဌာနမှာ ပြုလုပ်တဲ့ နှစ်ပတ်လည် လူ့အခွင့် အရေး အစီရင်ခံစာ
ထုတ်ပြန်ပွဲမှာ ဝန်ကြီး Kerry ကခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။ အထီးကျန်
နိုင်ငံတခု ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံဟာ တိုးတက်မှုတွေ ရှိလာပေမဲ့
အမေရိန်ကန်က ဖြစ်စေချင်တဲ့ အခြေအနေ မရောက်သေးဘူးလို့လည်း သူက
ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနက နိုင်ငံအလိုက်လူ့အခွင့်အရေးအြေ “ဒီမိုကရေစီစနစ်ကိုဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်လာ အစိုးအဖွဲ့ထဲမှာ ပိုပြီးပါဝင်လာနိုင်ကြတဲ့ အတွက် မြန်မြန်ဆန်ဆန်နဲ့ စီးပွားရေး တိုးတက်မှု၊ ဖွံ့ဖြိုး တိုးတက်မှုလမ်းဆီကို ဦးတည်နေပါ တယ်။ နိုင်ငံတကာက စံထားတဲ့ လူ့အခွင့်အရေးတွေ ကို မြန်မာခေါင်းဆောင်တွေ စတင် ကျင့်သုံးလာတဲ့ အတွက် အိမ်နီးချင်း နိုင်ငံတွေတင် မက တကမ္ဘာလုံးက နိုင်ငံတွေနဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးတွေကို လမ်းဖွင့်ပေးရာရောက်ခဲ့ပါတယ်။” အမေရိကန်ပြည်ထောင်စု ဖြစ်စေချင်တဲ့ အခြေအနေကို မရောက်သေး တဲ့ မြန်မာနိုင်ငံမှာ ရှိနေသေးတဲ့ စိန်ခေါ်မှုတွေကိုလဲ နိုင်ငံခြားရေးဝန်ကြီး Kerry က ထောက်ပြခဲ့ပါတယ်။ “စိန်ခေါ်မှုတွေ အများကြီး ရှိနေပါသေးတယ်။ လာဘ်ပေးလာဘ်ယူမှုတွေကို အမြစ်ဖြတ်ပစ်ရပါမယ်။ အဖမ်းခံနေရဆဲ နိုင်ငံရေး အကျဉ်းသားတွေကို ပြန် လွှတ်ပေးဖို့ လိုပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ က ဒီမိုကရေစီအကြောင်း ရေးသားခဲ့တဲ့ စာရေးဆရာကြီး de Tocqueville ပြောခဲ့ သလို အများကောင်းကျိုးအတွက် စိတ်ထားတွေ မွေးမြူ ပြင်ကြဖို့ ဘယ်လောက် အချိန်ပေးဖို့လိုသလဲ ဆိုတာကို ပြန်ပြောင်းသတိရစေပါတယ်။ ဒါပေမဲ့ ပြည်သူ အားလုံးရဲ့အခွင့်အရေးကို မြန်မာခေါင်းဆောင်တွေ ဆက်ပြီး ကာကွယ် မြှင့်တင်သွားမယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ ကတိပေးထား သလို ပြုပြင်ပြောင်းလဲရေးလမ်းကို ဆက်ပြီးသွားမဲ့အနေအထားမှာ ရှိပါတယ်။” နိုင်ငံတွေရဲ့ အနာဂါတ်ကို ပုံဖော်တဲ့နေရာမှာ လူ့အခွင့်အရေးအခြေဟာ အဓိက သော့ချက်တခုဖြစ်တယ်ဆိုတာကိုလည်း ဝန်ကြီး Kerry က လူ့အခွင့် အရေးအစီရင်ခံစာ ထုတ်ပြန်ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ လူ့အခွင့်အရေး ဆိုတာဟာ လူတိုင်းနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတခု ဖြစ်ပြီး အစိုးရတိုင်းမှာ ဒီအခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ရမဲ့ တာဝန်ရှိတယ်ဆိုတာကိုလည်း ထပ်ပြီး သတိပေးခဲ့ပါတယ်။ ဒီပွဲမှာပဲ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya ကလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံက ဆောင်ရွက်မှုတွေဟာ အားတက်စရာဖြစ်တယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတဲ့ ကိစ္စ၊ ကျယ်ကျယ်ပြန့်ပြန့် လွတ်လပ်မျှတတယ်လို့ ဆိုနိုင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ လွှတ်တော်အမတ်တွေဖြစ်လာတဲ့ကိစ္စ၊ သတင်း လွတ်လပ်ခွင့်တွေ လျှော့ပေါ့ပေးခဲ့တဲ့ကိစ္စတွေကို ဥပမာပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြောင်းလဲဖို့လိုနေသေးတဲ့ကိစ္စေ “မြန်မာနိုင်ငံမှာ အာဏာပြအုပ်ချုပ်တဲ့ပုံစံတွေဟာ ရှိနေဆဲဖြစ်ပါတယ်။ နောက်ပြီး ဝန်ကြီးပြောခဲ့သလိုပါပဲ၊ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေ၊ ရခိုင်ပြည်နယ် နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက လူမှု အသိုင်းအဝိုင်းတွေကြား ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့လည်း အမေရိကန်ပြည်ထောင်စုက အင်မတန်စိုးရိမ်ပါတယ်။” နိုင်ငံပေါင်း ၁၉၉ နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ရေးသားထားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး စုမြတ်မွန် (ဗွီအိုအေ)
|
||
Posted: 19 Apr 2013 05:38 PM PDT
ရခိုင်
ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထိ ဖောက်လုပ်နေတဲ့ သဘာဝ
ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ပတ်သက်ပြီး ခုရက်ပိုင်းတွေ အတွင်း အာဏာပိုင်တွေက
ဒေသခံတွေ အနေနဲ့ စီမံကိန်းအပေါ် သဘောတူ ကျေနပ်ကြောင်း လက်မှတ်
ရေးထိုးခိုင်းတာကို ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်က
လယ်သမားတွေက ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Apr 2013 05:27 PM PDT
ဂျပန်နိုင်ငံကို
ရက်သတ္တပတ် တစ်ပတ်ကြာ သွားရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ညနေ ၇ နာရီလောက်မှာ ရန်ကုန် အပြည်ပြည်
ဆိုင်ရာလေ ဆိပ်ကို ပြန်လည် ရောက်ရှိခဲ့ရာမှာ အခုလို ထောင်နဲ့ချီ တဲ့
ပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။
ဂျပန်အစိုးရရဲ့ ဖိတ်ကြားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က တိုကျိုမြို့ကို နှစ်ပေါင်း ၂၇ နှစ်အကြာမှာ ပထမဆုံးအကြိမ် အဖြစ် သွားရောက်ခဲ့ တာဖြစ်ပါတယ်။ --- ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment