ဥပဒေစိုးမိုးမှု မြန်မာပြည်မှာ တကယ်လုပ်မယ်ဆိုရင်
Seaman Nayminthu shared James Mint's photo.
Laws Enforcement လို့ခေါ်တဲ့ ဥပဒေစိုးမိုးမှု မြန်မာပြည်မှာ တကယ်လုပ်မယ်ဆိုရင် အခက်အခဲက အများကြီး ရှိသေးတယ်...... ရှုပ်ထွေးနေဆဲဖြစ်တဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေ၊ ပြဿနာတစ်ခုကို အရင်းပြုလို့ ငွေညှစ်ချင်တဲ့ အရာရှိဆိုးတွေ၊ ရဲနဲ့ တရားရုံး မပါတ်သက်ရင် အကောင်းဆုံးလို့ အမြင်ရှိနေတဲ့ လူတွေ ရှိနေသရွေ့၊ ကိုယ့်ထမင်းကိုယ်စား ဂျီးတော်နွား ကျောင်းမပေးနိုင်ဘူးဆိုတဲ့ အမြင်တွေ ရှိနေသရွေ့တော့ တော်တော်လေး လွယ်မယ်မထင်ပါ......
အမှုအခင်း ကိစ္စတစ်ခုခုဖြစ်လာရင် အဓိက အရေးကြီးတာ လူသက်သေ၊ ပစ္စည်းသက်သေပါပဲ..... လူသက်သေကတော့ အပေါ်က ရေးထားခဲ့တဲ့ အရှုပ်အရှင်းတွေ ရှိနေသမျှ အစိုးရရုံး အထူးသဖြင့် ဂါတ်နဲ့ မပါတ်ချင်လေတော့ အမှုတစ်ခု တည်ဆောက်ပီး လျင်လျင်မြန်မြန် စီရင်ချက်ချဖို့ အခက်အခဲတွေ ရှိနေမှာပါ.... အဲ့ဒိလိုပဲ စောင့်ကြည့်သူမရှိလျင်တော့ လစ်လျစ် ဥပဒေချိုးဖောက်ချင်သူတွေ ပေါများနေဦးမှာပါ.....
တစ်နိုင်ငံလုံး အတိုင်းအတာထက် မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ကို စင်္ကာပူလို ခေတ်မှီစေချင်တယ်ဆိုရင်တော့ အဓိက အကျဆုံးဖြစ်တဲ့ ဥပဒေ စိုးမိုးမှုကို ခိုင်မာစွာ အကောင်အထည်ဖော်နိုင်ဖို့ လိုပါတယ်...... ထိုသို့ ဥပဒေစိုးမိုးမှုကို ခိုင်မာစွာ အကောင်အထည်ဖော်နိုင်ရန်မှာ ခေတ်မှီနည်းပညာများကို အသုံးပြုနိုင်ဖို့လိုပါတယ်.....
ဒါတွေကို ဖော်ဆောင်နိုင်ဖို့အတွက် ရန်ကုန်မြို့ရဲ့ အချက်အခြာကျတဲ့ နေရာတွေမှာ CCTV ကင်မရာတွေ တပ်သင့်ပါပီ....... လျှပ်စစ်လိုင်း သွယ်တန်းမှု အခက်အခဲရှိတဲ့နေရာတွေမှာ နေရောင်ခြင် စွမ်းအင်ကို အသုံးပြုပြီး တပ်ဆင်သင့်ပါပြီ..... နိုင်ငံတကာနဲ့အညီ ရင်ဘောင်တန်းနိုင်ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနှင့် CCTV ကင်မရာများဖြင့် လုံခြုံရေးကို ထိမ်းသိမ်းစောင့်လျှောက်ဖို့အတွ
တစ်ချိန်က SIM Card ဈေးနှုန်းကြီးမြင့်မှုကြောင့် CCTV ကင်မရာများမှ ရိုက်ကူးထားသော အချက်အလက်များကို ရုံးချုပ်သို့ပေးပို့ရန် အခက်အခဲရှိနေပေမယ့် အခုလို SIM Card များ ဈေးပေါနေချိန်မှာ Data သီးသန့်အသုံးပြုသည့် SIM Card များဖြင့် လုံလောက်စွာ လုပ်ဆောင်နိုင်ပီ ဖြစ်ပါတယ်...... ထိုမှတဆင့် ရန်ကုန်မြို့အနှံ့အပြားမှာပါ တပ်ဆင် အသုံးပြုသွားနိုင်လျင် တရားဥပဒေ စိုးမိုးမှု တော်တော်လေး ထိရောက်မှုရှိမှာ ဖြစ်ပါတယ်...... မျက်ကွယ်နေရာများမှာ ဖြစ်ပွားလေ့ရှိတဲ့ မှုခင်းများကို ထိရောက်စွာ နှိမ်နှင်းနိုင်မှာ ဖြစ်ပါတယ်.....
သို့သော် တစ်ချိန်က စတစ်ကာကပ်သည့် ကားနံပါတ်များအား ၅၁ လမ်းရှိ ကညနရုံး ကွန်ပျူတာများတွင် စာရင်းပေါက်နေသည်အား တစ်နှစ်စာဖျက်ပေးခ ဘယ်လောက်ဟု သတ်မှတ်ပြီး လုပ်ဆောင်နေသည့် Undertable Business (ဝါ) Monkey Business များကိုတော့ တင်းကြပ်စွာ ထိမ်းချုပ်အရေးယူသွားဖို့ လိုအပ်ပါလိမ့်မယ်..... သို့မှသာ ခေတ်နှင့်လျော်ညီသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပေါ်ထွန်းလာမည် ဖြစ်သကဲ့သလို့ တည်ငြိမ်အေးချမ်းတဲ့ အရသာကို ရန်ကုန်မြို့နေ ပြည်သူလူထု ခံစားရရှိမှာဖြစ်ပါတယ်လို့ပဲ အကြံပြုလိုက်ပါရစေ.....
0 comments:
Post a Comment