Tuesday, October 16, 2012

ကိုယ်စားများစွာဖြင့် ရုပ်ရှင်သူရဲကောင်းဆုရှင်


by Kyaw Thu on Tuesday, October 16, 2012 at 8:56am ·



အောက်တိုဘာလ (၁၃) ရက်နေ့သည် မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်၍ ကျင်းပပြုလုပ်ခဲ့သည်မှာ ၁၃.၁ဝ.၂ဝ၁၂ ရက်နေ့သည် (၉၂) နှစ်ပြည့်မြောက် ရှိခဲ့ပြီဖြစ်သော်လည်း ၂ဝ၁၂ ခုနှစ် မြန်မာ့ရုပ်ရှင်နေ့ တွင် ထူးခြားသည့်ဆုများဖြင့် ဝေဝေဆာဆာ ဂုဏ်ပြုကျင်းပခဲ့ရာ ရုပ်ရှင်အနုပညာလောကထဲမှ ထူးခြား
ပြောင် မြောက်သည့် စွမ်းဆောင်ချက်များဖြင့် လူမှုအကျိုးများအား စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နေ သူများ အတွက် ၂ဝ၁၂ ခုနှစ် “ရုပ်ရှင်သူရဲကောင်းဆု” တံဆိပ်အား ဦးကျော်သူအား ဂုဏ်ပြုချီးမြှင့်ပေးအပ် ခဲ့ရာ
ဦးကျော်သူသည် အမေရိကန်နိုင်ငံသို့ National Endowment for Democracy 2012 Award ဆုပေးပွဲနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်းတာဝန်များဖြင့် ရောက်ရှိနေသည့်အတွက် (ကိုယ်စား)အဖြစ် အလင်းတန်းဂျာနယ် အယ်ဒီတာချုပ် ဦးဝင်းငြိမ်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် (ကိုယ်စား) ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ဆုပေးအပ် ချီးမြှင့်ခဲ့ပြီးနောက် ၁၅.၁ဝ. ၂ဝ၁၂ ရက်နေ့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလင်းတန်းဂျာနယ်အယ်ဒီတာချုပ် ဦးဝင်းငြိမ်းတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ခဲ့ကာ၂ဝ၁၂ ခုနှစ်အတွက် “ရုပ်ရှင်သူရဲကောင်းဆု” တံဆိပ်အားပေးအပ်ခဲ့ရာ နာရေးကူညီမှု အသင်း(ရန်ကုန်) အလုပ်အမှုဆောင်ဖြစ်သူ ဦးမြတ်ဆွေနှင့် အလုပ်အမှုဆောင်အဖွဲ့တို့မှလည်း (ကိုယ်စား) အဖြစ် လက်ခံရယူခဲ့ပြန်သည်။ ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ ၅ဝဝဝဝဝိ/- (ငါးသိန်း) ကျပ်တိတိအား ပေးအပ်လှူဒါန်းခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်မှုများအား လိုက်လံရှင်းလင်း ပြသခဲ့သည်။

          ယင်း ဆုပေးပွဲမျိုးသည် ဟောလိဝုဒ် အော်စကာဆုပေးပွဲနည်းတူ အခမ်းအနားသို့ မတက်ရောက်နိုင် ခဲ့သည့် ဦးကျော်သူ(ကိုယ်စား) နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ကိုယ်တိုင် လာရောက်ပေးပို့သည့်အတွက် အဝေးမှတဆင့် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ယခင်အချိန်ကာလများတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အဖွဲ့သား/သူများ၊ အမေများအဖွဲ့၊ မမများအဖွဲ့၊ ကိုလူချောအဖွဲ့ အစရှိသည့် အနုပညာရှင် ညီအစ်ကိုမောင်နှမများ လာရောက်၍ လုပ်အားပေးခဲ့ကြသလို နောက်နောင်တွင်လည်း အများအကျိုးအတွက် အတူလက်တွဲ၍ နာရေး၊ ကျန်းမာရေး၊ သဘာဝဘေးကိစ္စ ရပ်များအား တက်ကြွစွာဖြင့် ပါဝင်လုပ်အားဒါနပြုဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။










0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...