သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၁၀)
သစ်ထူးလွင်
|
- NLD CEC (retired) ဦးလွန်းတင် ကွယ်လွန်
- ယာဉ်တိုက် ခံရသူ မိသားစုက ပဲခူးရဲစခန်း လုပ်ရပ် အပေါ် ခရိုင်ရဲမှူး ထံ တိုင်ကြား
- မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်ခွင့် ပေးမည်မဟုတ် ဟု သမ္မတ ကတိပေး
- OIC ဆက်ဆံရေးရုံးဖွင့်ခွင့်မပြုသည့် အပေါ်သံတွဲမြို့တွင် ထောက်ခံဆန္ဒပြ
- စလစ်ဈေး နှင့် ကားဈေးကျပြီး ၀ယ်လက်နည်းကာ ရောင်းကားများနေ
Posted: 21 Oct 2012 06:57 AM PDT
| ||
Posted: 21 Oct 2012 05:25 AM PDT
ပဲခူး၊ အောက်တိုဘာ၂၁
ပဲခူး တက္ကသိုလ် တွင် စာမေးပွဲ ဖြေရန် ဆိုင်ကယ် စီးနင်းသွားသူ ကျောင်းသားကို မော်တော်ယာဉ်ဖြင့် တိုက်မိခဲ့သူ အား ယာဉ်နှင့် တကွ ဖမ်းဆီး စစ်ဆေးပြီး ပြန်လွှတ် ပေးခဲ့သော ပဲခူး အမှတ်၃ ရဲစခန်း၏ လုပ်ရပ်အပေါ် မကျေနပ် သဖြင့် ယာဉ်တိုက် ခံရသူ ၏ မိဘများ က ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူးသို့ စာဖြင့် တိုင်ကြား ခဲ့ကြောင်း ကာယကံရှင် မိဘဖြစ်သူ ဦးဇော်နိုင် က ပြောကြား ခဲ့သည်။ ရုက္ခဗေဒ ပထမ နှစ် ကျောင်းသား ဖြစ်သူ မောင် ထက်ဝေယံ (၁၉နှစ်) သည် အောက်တိုဘာ ၅ ရက်နေ့ နံနက် ၁၁နာရီ ၄၅မိနစ် အချိန်တွင် စာမေးပွဲ ဖြေဆိုရန် (ဒုတိယနေ့) ပဲခူး -ရန်ကုန် လမ်းမကြီး အတိုင်း ပဲခူး တက္ကသိုလ် သို့ သွားစဉ် ဆီပေပါများ တင်လာသည့် ယာဉ်မောင်း အောင်အောင် ဆိုသူ မောင်းနှင် လာသော ၈စ/၉၈ဝ၆ အဖြူရောင် လိုက်ထရက် ယာဉ် သည် နောက်မှ ဝင်တိုက် ခဲ့သည်။ ဆိုင်ကယ် မောင်းနှင်သူမှာ မေးရိုး ကျိုးခြင်း၊ သွား ကျိုးခြင်း များ အပြင် ဝဲဖက်ပေါင် နှင့် လက် ကျိုးခြင်း၊ ယာဖက်လက် နှင့် ခြေထောက် အသားများ ကွဲကာ အရိုးများ ပေါ်ပြီး ဝမ်းဗိုက် ဘေလုံးကွဲ ဒဏ်ရာ များ ရရှိကာ ယခုလ ၁၂ ရက်နေ့ အထိ ပဲခူး ဆေးရုံကြီး တွင် တက်ရောက် ကုသမှု ခံယူ နေရကြောင်း ၎င်း၏ ဖခင်ဖြစ်သူ က ပြောပြသည်။ ယင်းဖြစ်စဉ် ဖြစ်ပွား ပြီးနောက် ပဲခူး အမှတ်၃ စခန်းမှ ရဲ တပ်ဖွဲ့ဝင် များ၊ ယာဉ်ထိန်း တပ်ဖွဲ့ များ ပါ လာရောက် စစ်ဆေးခြင်း များ ကို ပြုလုပ်ပြီး မော်တော်ယာဉ် နှင့် ယာဉ်မောင်း အား စစ်ဆေးရန် စခန်းသို့ ခေါ်ဆောင် သွားသော်လည်း အောက်တိုဘာ ၆ ရက်နေ့ တွင် ပြန်လွှတ် ပေးခဲ့ကြောင်း သိရသဖြင့် ခရိုင်မှူး ထံသို့ တိုင်ကြား ခဲ့သောကြောင့် အောက်တိုဘာ ၈ ရက်နေ့ တွင် ပြန်လည် ဖမ်းဆီး ခဲ့ ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ "ဖြစ်ဖြစ်ခြင်း အမှု မဖွင့် နိုင်သေးဘူး၊ ဆေးကုမယ့် ကိစ္စက အရေး ကြီးနေ လို့၊ ၉ ရက်နေ့ ကျမှပဲ အမှု ဖွင့်ဖြစ်တယ်'' ဟု မိခင်ဖြစ်သူ ဒေါ်ကြူကြူမိုး က ဆိုသည်။ ထိုဖြစ်စဉ် နှင့် ပတ်သက်၍ ပဲခူးမြို့ရှိ စက်သုံး ဆီ ရောင်းဝယ်ရေး ပိုင်ရှင်လည်း ဖြစ် အဆိုပါ မော်တော် ယာဉ် ပိုင်ရှင်လည်း ဖြစ်သူ တို့က လူမှုရေး အရ ကူညီ ဆောင်ရွက်ပေးခြင်း၊ ဆေးဝါ ကုသ ရာ တွင်လည်း ကူညီ ထောက်ပံ့မှု များ ပြုလုပ်ပေးခြင်း မရှိပေ။ ဆေးရုံ တက်ရောက် ကုသ နေစဉ် အောက်တိုဘာ ၇ရက် နေ့တွင် ယာဉ်ပိုင်ရှင် ၏ ဇနီးဖြစ်သူ က လာရောက် ကာ ယင်း မော်တော်ယာဉ် မောင်းသူ မှာ ဒရိုင်ဘာ မဟုတ် ဘဲ အလုပ်သမား သာ ဖြစ်ကြောင်း၊ မကျေနပ် ပါက အမှု ဖွင့်နိုင်ကြောင်း လာရောက် ပြောဆို ခဲ့ကြောင်း ဒေါ်ကြူကြူမိုး က ပြောကြားသည်။ "ဒီကိစ္စ ကိုယ့်ဆီ ရောက်ပြီးပြီ၊ အဲဒီအမှုကို ကိုင်တဲ့ တာဝန်ရှိသူ ကို ဥပဒေနဲ့ အညီ မလုပ်တဲ့ အတွက် သတိ ပေးထားတယ် (ဝမ်နင်)၊ အဲဒီ ဖြစ်စဉ်မှာ ပါတဲ့သူကို ပြန် ဖမ်းခိုင်း ထားတယ်'' ဟု ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူး ကThe Voice Weekly သို့ ပြောကြားသည်။ မော်တော်ယာဉ် ပိုင်ရှင်နှင့် အတိုက်ခံရသူတို့ ကြား ညှိနှိုင်းရန် လိုအပ်ကြောင်း၊ ယင်းကိစ္စသည် လူနာရှင် ၏ ကျေနပ်မှု အတိုင်းအတာ ပေါ် မူတည်ကြောင်း၊ အမှုက ဖျောက်လို့တော့ မရဘူး၊ အချိန် တစ်ခု စောင့်ရ မည် ဖြစ်ကြောင်း ခရိုင် ရဲတပ်ဖွဲ့မှူးက ဆက်လက် ပြောကြားသည်။ ယာဉ်တိုက်မှု နှင့် ပတ်သက်၍ ယာဉ်မောင်း မဟုတ်သူ၊ ယာဉ်မောင်း လိုင်စင် မရှိသူ၊ ယာဉ် မဆင် မခြင် မောင်းနှင် သူ အောင်အောင် ဆိုသူ ကို ပဲခူး အမှတ်၃ ရဲတပ်ဖွဲ့ စခန်းက ပ/၄၂ဝ၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၈ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။ The Voice Weekly | ||
Posted: 21 Oct 2012 05:19 AM PDT
ယနေ့ (အောက်တိုဘာ ၂၁ရက်) နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ သို့ နိုင်ငံတော် သမ္မတကြီး လာရောက်စဉ်
နေပြည်တော်၊ အောက်တိုဘာ ၂၁ နိုင်ငံများ စုပေါင်း ဖွဲ့စည်းထားသော OIC (Origanization of The Islamic Cooperation) က မြန်မာနိုင်ငံ တွင် ရုံးစိုက်မည် ဟု သတင်း များ ထွက်ပေါ် လာသည့် အတွက် ရန်ကုန်၊ မန္တလေး နှင့် ရခိုင် ပြည်နယ် စစ်တွေမြို့ တို့တွင် OIC ကို ကန့်ကွက် ဆန္ဒ ဖော်ထုတ်မှု များ ဆက်တိုက် ဖြစ်ပေါ် ခဲ့သော်လည်း မြန်မာနိုင်ငံ တွင် OIC ရုံးကို လုံးဝ ဖွင့်လှစ်ခွင့် ပြုမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ယနေ့ နေပြည်တော် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ကတိပေး ပြောကြားသည်။ " အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေ အနေနဲ့ လုံးဝ စိတ် မပူကြရန် ကျွန်တော် ပြောလို ပါတယ်" ဟု နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ပြောဆိုသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မကြီး ဦးသိန်းစိန် က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကို အောက်တိုဘာ လ ၂၁ ရက်နေ့ နေ့လည် ၂ နာရီတွင် ပြုလုပ်ခဲ့ပြီး ပြည်တွင်း သတင်းဂျာနယ် ၇၈ စောင် နှင့် နိုင်ငံခြား သတင်း အေဂျင်စီ ၂၈ ခု အပါအဝင် သတင်းထောက် ၁၃ဝ ဦးခန့် တက်ရောက် ခဲ့သည်။ နိုင်ငံတော် သမ္မတ အနေဖြင့် ပြည်တွင်းပြည်ပ မီဒီယာ များကို တရားဝင် ဖိတ်ကြား၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း သည် ပထဆုံး အကြိမ် ဖြစ်သည်။ OIC သည် ရန်ကုန်မြို့ နှင့် စစ်တွေ မြို့တွင် မကြာမီ ရုံးစိုက်မည် ဖြစ်ပြီး ရန်ကုန်ရုံး ကို ဗီဇာကိစ္စ အပါအဝင် ထောက်ပံ့ရေး အစီစဉ် များ အတွက် ဖွင့်လှစ်မည် ဖြစ်ကာ စစ်တွေရုံး ကို ထောက်ပံ့ရေး ကိစ္စများ အတွက် ရုံးစိုက် သွားမည် ဖြစ်ကြောင်း၊ အစ္စလာမ် ဘာသာ၊ ဗုဒ္ဓဘာသာ မခွဲခြား ဘဲ ထောက်ပံ့ ကူညီ သွား မည် ဖြစ်ကြောင်း OIC မွတ်ဆလင် လူနည်းစု ရပ်ဝန်း ဌာန ၏ ရိုဟင်ဂျာ အရေး ဆိုင်ရာ တာဝန်ခံ မစ္စ ဒီနာမန်ဒနီ ၏ ပြောကြားချက် ကို ဘီဘီစီ မြန်မာပိုင်း အစီအစဉ် တွင် အောက်တိုဘာ လ ၁ဝ ရက်နေ့ က ဖော်ပြ ခဲ့သည်။ ရခိုင်ပြည်နယ် မြို့တော် စစ်တွေ မြို့တွင် အောက်တိုဘာ လ ၁ဝ ရက်နေ့ က အမျိုးသမီး များ အပါ အဝင် ဒေသခံ ၄ဝဝဝ ခန့် သည် "Get Out OIC, No OIC, Stop OIC" စသည့် စာတန်း များ ပါဝင်သည့် အင်္ကျီ များ ကို ဝတ်ဆင်ကာ ဆန္ဒ ဖော်ထုတ် ခဲ့ကြကြောင်း ဒေသခံ များထံမှ သိရသည်။ ရခိုင်ပြည်နယ် အတွင်း OIC ရုံးစိုက်မည် ဟု သတင်းများ ထွက်ပေါ် လာမှု၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့က်ဘဇား နှင့် စစ်တကောင်း ဒေသ တို့တွင် ဗုဒ္ဓ ဘာသာဝင် များ အကြမ်းဖက် ခံရမှု များ အတွက် ရန်ကုန်မြို့ နှင့် ရခိုင်ပြည်နယ် တို့တွင် သံဃာတော် များ အပါအဝင် တိုင်းရင်းသား များ ဆန္ဒ ဖော်ထုတ်မှု များ ဆက်တိုက် ဖြစ်ပေါ် ခဲ့သည်။ The Voice Weekly | ||
Posted: 21 Oct 2012 05:15 AM PDT
၂၀၁၂၊ အောက်တိုဘာ၊ ၂၁ ၊ YPI
OIC ဆက်ဆံရေးရုံးဖွင်မည့်ကိစ္စနှင့် ယနေ့ ဆန္ဒထုတ်ဖေါ်မှုဖြင့် သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး လူထုအင်အား ၆၀၀၀ ခန့်ပါဝင်ကြသည်။ သံတွဲမြို့ တစ်ဖက်ကမ်းတွင်ရှိသော အောင်မြေသာစည်ကျောင်းတိုက်မှ စတင်ပြီး ဗိုလ်ချုပ်လမ်း၊ ရတနာလမ်း၊ ဦးဥတ္တမလမ်း တစ်ပတ်လှည့်လည်ခဲ့ခြင်းဖြစ်သည်။ “OIC အလိုမရှိ ၊ အကြမ်းဖက်ဝါဒကျဆုံးပါစေ ၊ သမ္မတကြီးကိုထောက်ခံပါတယ် စတဲ့ ပိုစတာတွေ ၊ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်”ဟု သံတွဲ ဒေသခံတစ်ဦးက YPI သို့ ပြောသည်။
အောက်တိုဘာ ၂၁ ရက်နေ့ တွင် ပြုလုပ်သည့် OIC ဆက်ဆံရေးရုံးဖွင့်လှစ်ခွင့် နှင့် ပတ်သက်သည့် ဆန္ဒထုတ်ဖေါ်ပွဲ (ဓါတ်ပုံ YPI )
အခြားတစ်ဦးကလည်း“ မြို့ထဲကပြန်ထွက်ခါနီးမှာ ကြီးကြပ်လိုက်ပါလာတဲ့ ဆရာတော်တစ်ပါးက ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်သူတွေ အားလုံး မိမိနေရပ်ကို အေးအေးချမ်းချမ်းပြန်ကြဖို့အတွ ရခိုင်ပြည်နယ်ရှိမြို့များသာမက ရန်ကုန်မြို့၌လည်း OIC ဆက်ဆံရေးရုံးဖွင့်လှစ်မည့် အစီအစဉ်ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ သီတင်းပတ်အနည်းငယ်မှစတင်ကာ ဖြစ်ပွားခဲ့သည့်နောက် နိုင်ငံတော် အစိုးရက ပြည်သူ့ဆန္ဒနှင့်မညီသဖြင့် နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ ၁၅ တွင် ကြေငြာခဲ့သည်။ ယင်းကြေညာချက်ထွက်ပေါ်ပြီးနောက် | ||
Posted: 20 Oct 2012 02:35 PM PDT
စီအိုင်အက်ဖ် CIF နှုန်းထားများလည်း ပြုပြင်မည့် သတင်းထွက်ပေါ်ကာ သက်တမ်းရင့် အပ်နှံကား စလစ်ဈေးနှုန်းအနည်းငယ် ကျဆင်းလျှက်ရှိသဖြင့် ဂျပန်တပတ်ရစ် ကားဈေး ကျပ် ၁၀ သိန်းမှ ၁၅ သိန်းဝန်းကျင် ကျဆင်းကာ ၀ယ်လက်နည်းပါး၍ ရောင်းမည့်ကားက များနေသည်ဟု ဟံသာဝတီ ကားဝိုင်းမှ ၀ယ်ရောင်းများက ပြောသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment