Thursday, October 18, 2012

ထို့ကြောင့် ဆင်ဟုခေါ်သည်


လူတစ်ယောက်လမ်းလျှောက်လာရင်း ဆင်တစ်ကောင်ကို တွေ့တော့ ရပ်တန့်လိုက်ပါတယ်။ ဆင်ရဲ့ ရှေ့ ခြေထောက်မှာ ကြိုးလေး သေးသေးနဲ့ ချီပြီး မြေပြင်မှာ တုတ်ရိုက် ထားတာကို တွေ့ပြီး အံ့သြသွားလို့ ဖြစ်ပါတယ်။

ဒါကြောင့် ဆင်ဘေးမှာ ရှိနေတဲ့ ဆင်ထိန်းကို သွားမေးလိုက်ပါတယ်။

"ဟေ့လူ ဆင်ဆိုတာ အင်မတန်အားကြီးတဲ့ သတ္တဝါဗျာ။ ခများမို့လို့ ခြေ ထောက် တစ်ချောင်းထဲမှာ ကြိုးသေးသေးလေး ချည်ပြီး ဖမ်းထားရဲတာ။ ဒါကို ဆင်ရုန်းထွက်ပြီး လူကိုရန်မူမှာ မကြောက်ဘူးလားဗျ"

ဆင်ထိန်းက တစ်ချက်ပြုံးပြီး ယခုလို ပြန်လည်ဖြေကြားပါတယ်။

" မကြောက်ပါဘူးဗျာ။ သူ့ကို ငယ်ငယ်တုန်းက ဒီကြိုးသေးသေးလေးနဲ့ ချည်ခဲ့တာ။ အဲ့တုန်းက သူ့မရုန်းနိုင်ဘူး။ အခုလည်း အဲ့ဒီ ကြိုးသေးသေး လေးနဲ့ပဲ ပြန်ချည်တယ်။ သို့ပေမယ့် ဒီကြိုးကို သူမရုန်းနိုင်ဘူးလို့ အသိစွဲသွားလို့ ဘယ်တော့မှလည်း ရုန်းတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ဆင်ဆိုတဲ့ သတ္တဝါကြီးက ထိန်းလို့လွယ်တာပေါ့ဗျာ" ဟူ၍ ဖြစ်ပါတယ်။

သာဓက-

လူတွေလည်း ဒီတိုင်းပါပဲ။ အရာရာ၊ အကြောင်းကြောင်း တစ်ခုကို ရှုံးနိမ့် သွားရင် ဒါကို ငါမလုပ်နိုင်တော့ဘူးလို့ မှတ်ယူပြီး အားမာန်လျော့တတ် ကြပါတယ်။ ရည်မှန်းချက်များ၊ အိပ်မက်များကို ဆက်လက် အကောင်အထည် မဖော်တော့ပဲ စွန့်လွတ်လိုက်တတ်ကြပါတယ်။

ဒါဟာ အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပြီး အရှုံးပေါ် အရှုံးထပ်ခြင်း ဖြစ်ပါတယ်။ ရှုံးနိမ့်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိပြီး ရှုံးတယ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုမျှသာဆိုတာကို သိရှိနားလည်ထားမှသာ အောင်မြင်လာမှာ ဖြစ်ပါတယ်။
----
အောင်ခမ်း

http://innewsmyanmar.blogspot.com/2012/10/blog-post_6629.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...