Tuesday, October 23, 2012

အောင်မြင်မှုတံခါးကို ဖွင့်လှစ်ပေးနိုင်သည့် လျှို့ဝှက်ချက်များ


by So Min Oo on Tuesday, October 23, 2012 at 7:58am 

အရင်းအမြစ်- စီမံခန့်ခွဲမှုနှင့်စာရင်းပညာရပ်ဝန်း     

အပြိုင်အဆိုင် အလွန် များပြီး ရင်မောစရာ ကောင်းလောက်အောင် ရုပ်ဝတ္ထု တိုးတက် ခေတ်မီ လှတဲ့ ဒီနေ့ခေတ်မှာ လူငယ်တိုင်းအောင်မြင်လိုစိတ်နဲ့ ဇောကပ် နေကြတာ တွေ့ရပါတယ်။ အလွန်လည်း ကြိုးပမ်း၊ လုံ့လထုတ်ကြတာ တွေ့ရပါတယ်။ တချို့ ဆိုရင်အိပ်ချိန်တောင် အလွန် နည်းပါးစွာနဲ့ အတတ်ပညာ၊ အသိပညာ ရရှိ ထူးချွန် နိုင်ကြဖို့ အပြင်းအထန် ကြိုးစားနေကြတာ တွေ့ရပါတယ်။


လူငယ်တွေ ဒီဘ၀မှာ ကိုယ်ကျင်လည်ရာ နယ်ပယ် အသီးသီးမှာ အမှန် တကယ် အောင်မြင်ပြီး ပြိုင်ဘက်နဲ့ ယှဉ်လိုက်ရင် အမြဲတမ်း နှာတစ်ဖျား၊
ခြေတစ်လှမ်း သာချင်ကြ သလား။ ဒီလို လုပ်ကြည့်ကြဖို့ တိုက်တွန်း အားပေး လိုပါတယ်။


၁။ မိမိ ယုံကြည်ရာ ဘာသာ တရားကို လုံးဝ ဖက်တွယ်ပြီး ရိုသေ ကိုင်းညွတ်ဖို့ လိုပါတယ်။ ဒါဟာ အမှီ ကောင်းပါ။ အကောင်းဆုံး
ကျောထောက်နောက်ခံနဲ့ အကောင်းဆုံး၊ အခိုင်မာဆုံး အုတ်မြစ်လို့ ခံယူရပါမယ်။

၂။ မိဘကို ဘုရားတစ်ဆူ ဂူတစ်လုံး လို ချွင်းချက် မရှိ လုံးဝ ချစ်ခင် ရိုသေ ပြုစု လုပ်ကျွေး ရပါမယ်။ ရည်မှန်းချက် ရှိရပါမယ်။ဘုရားနဲ့
တစ်ဂိုဏ်းတည်း ထားကို ထားရပါမယ်။

၃။ နှုတ်မြွက်ချိုသာ၊ အမူအရာ ယဉ်ကျေး သိမ်မွေ့ ရပါမယ်။ နှုတ်ကြမ်းရင် တကယ်ကို ဘ၀ ကြမ်းပါတယ်။
နှုတ်ချို တာဟာ (သျှိုတစ်ပါး) တစ်နည်း အားဖြင့် (အဆောင်ကောင်း တစ်ခု) ရှိနေသလိုပဲလို့ မြန်မာစာ ဌာနက ပါမောက္ခ ဆရာမကြီး
ဒေါ်သန်းဆွေ(အငြိမ်းစား)က အခါခါ မိန့်ကြား ဖူးပါတယ်။

၎။ စိတ်ရှည် သည်းခံပြီး ခွင့်လွှတ် တတ်တဲ့ စိတ်လေ့ကျင့် မွေးမြူရပါမယ်။ ခွင့်လွှတ်နိုင်ခြင်း ဟာ အလွန် အစွမ်းထက်တဲ့ `အား´
တစ်ခုပါ။ ဘယ်တော့မှ လျှော့မတွက် ပါနဲ့။

၅။ အစွမ်းကုန် ကြိုးစားပါ၊ ကိုယ်ကျင့်တရား လုံးဝ ကောင်းပါစေ။တချို့လူတွေ ဘ၀ တစ်လျှောက်လုံး မရပ်မနား
ရုန်းကန် ကြိုးစားနေကြပေမဲ့ လူမွေးတောင် မပြောင်တာ ဒုနဲ့ ဒေးပါ။

အခု ဖော်ပြတဲ့ အခြေခံ အချက် တွေကို လိုက်နာ ကြိုးစား ကြည့်ပါ။ အခွင့် အလမ်းကောင်း တစ်ခုရဖို့ ဖန်တီး ယူလို့ မရပါဘူး။
ဒါပေမဲ့ မမြင်ရတဲ့ တန်ခိုးရှင်တွေက မုချ ဖွင့်ပေးတဲ့ အခွင့် အလမ်းကောင်းတွေ ရရှိ လာပါလိမ့်မယ်။ တံခါး လာခေါက်ပါလိမ့်မယ်။

မိမိ ကိုယ်တိုင်ရဲ့ အစွမ်းအစ သက်သက်နဲ့တော့ တစ်စုံတစ်ရာ ပံ့ပိုးမှု အမှန်တကယ် လိုအပ်တဲ့ ဒီလောကကြီးမှာ
Invisible Power မလိုပါဘူးလို့ ငြင်းပယ်ရာ ကျတာ ကြောင့် ကြိုးစားရင်း စမ်းသပ်ရင်းနဲ့ အောင်မြင်မှု အပြည့် အ၀ရဖို့ ဝေးနေဦးမှာ
ဆိုတာ စေတနာ ကောင်းနဲ့ အကြံပြုပါရစေ။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...