အစိုးရမင်းများ ခင်ဗျား -
အစိုးရမင်းများ ခင်ဗျား -
လူ (၆၂) သန်းရဲ့ ဘ၀တွေကို မိမိမကယ်နိုင်ရင်တောင်
နိုင်ငံခြားမှာကျွန်ခံပြီး ပြည်ပက သားသမီးတွေရဲ့ အသက်စွန့် ပြီး ရှာနေတဲ့
ချွေးနည်းစာငွေလေးနဲ့ အသက်ရှင်ရပ်တည်နေရတဲ့
ကမ္ဘာကြီးမှာ တလောကလုံး free အလကားသုံးလို့ ရတဲ့ ဆက်သွယ်ရေး
စံနစ်တွေကို ဥပဒေထုတ်ပြီး ပိတ်နေတာ မြန်မာတနိုင်ငံပဲရှိပါတယ်။
ခင်ဗျားတို့  ရှက်ကြောပြတ်နေတာက ဘယ်သူကမှ အရေးမလုပ်ဘူး။
ဒါပေမဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုးစီးပွါးထိခို က်တဲ့အထိ ရှက်ကြော
မပြတ်ကြပါနဲ့  -
Viber ပိတ်မယ် ....... ဟုတ်လား
တခြား ဆက်သွယ်စရာ Viber လို အရာတွေ အများကြီးရှိပါသေးတယ်။
ဒါပေမဲ့ ပြည်သူအပေါ်ထားတဲ့ ခင်ဗျားတို့ ရဲ့ စေတနာကို ပြင်စေလိုတယ်။
အခြားနိုင်ငံက telephone companies တွေလည်း အင်တာနက် free
calls တွေကြောင့် နစ်နာတာပဲဗျ။ ဒါပေမဲ့ သူတို့ ပြည်သူတွေရဲ့ အကျိုး
စီးပွါးအတွက် ဘယ်အစိုးရကမှ ခင်ဗျားတို့ လို အောက်တန်းမကျဘူး။
ဇီဇာမကြောင်ဘူး။
တကမ္ဘာလုံးမှာ Free ရတဲ့ Sim Card ကို (၂) သိန်းနဲ့ မရောင်းဘူး။
အင်တာနက် free links တွေကိုမဖြတ်ဘူး။
ခင်ဗျားတို့ မရှက်ဘူးလား?????????????? ?????????
စင်္ကာပူကထုတ်တဲ့ 1818 ဆိုတဲ့ စင်္ကာပူ ရှစ်ဒေါ်လာပဲကျတဲ့ ဖုံးကဒ်ဟာ
အမေရိကတိုက်ကို မိနှစ်ပေါင်း(၅၀၀)ငါးရာကျော်ရတယ်။ မြန်မာပြည်ကို
ဆက်တိုက်ခေါ်မှ (၄၉) မိနစ် - ဖြတ်ခေါ်ရင် မိနစ် (၄၀) ပဲရတယ်။
Hello! "လင်းယုံမှသိန်းငှက် ဂျားလား အကြောင်းပြန်" "ဟဲလိုဂျားလား"
"ဟာသည်ေ-ာက် မြန်မာပြည်လိုင်း" "ဟဲလိုဂျားလား" "လူကြီးမင်းခေါ်
ဆိုသော...." ... အဲဒါ ... မြန်မာတွေရဲ့ နေ့ စဉ်ဘ၀တွေပဲ .........
ခင်ဗျားတို့ မရှက်ရင်နေပါ။
ဒုက္ခရောက်နေတဲ့ တိုင်းပြည်နဲ့ လူမျိုးမျက်နှာကိုတော့ပြန် ကြည့်ပါ။
လှိုင်ဘွား/၈၈
0 comments:
Post a Comment