မမြင်နိုင်သောအင်အားများကို ဆုပ်ကိုင်ရယူသူများ
by Ye Min Tun on Monday, October 15, 2012 at 7:56pm
အမှာစကား
ကမ္ဘာကြီးတဖက်မှာ ဖြစ်ပျက်နေသမျှ အားလုံးသည် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် ကမ္ဘာ၏အခြားတဖက်ကို ဆက်နွယ်နေသည်။ ဥပမာအားဖြင့် အီရတ်က ကူဝိတ်ကို ထိုးစစ်ဆင်လိုက်သည့်အခါ ကမ္ဘာဆီဈေး ခုန်တက်သွားသည်မှာ ယနေ့ထိပြန် မဆင်းတော့ချေ။ ထိုကြောင့် ယ္ခုစာသည် အားလုံးအတွက် အသိအမြင်တခုခုကို ရရှိမည်ဆိုပါက ၀မ်းသာအားရဖြစ်မိမှာ အမှန်ပါ။
ဒီစာပုဒ်က ကျနော်တို့ အတန်းမှာ နှစ်လပတ်တင်သွင်းသော ကျနော့်အစီရင်ခံစာ American Politic: Invisible power and Spin Doctors ကို ဆီလျှော်အောင်ဘာသာပြန် ပေးခြင်းဖြစ်ပါသည်။ ရွေးချယ်ရခြင်း အကြောင်းက ကျနော်ကိုယ်တိုင် တချိန်က စိတ်ဝင်စားခဲ့သော ပုစ္ဆာဖြစ်လို့ပါ။
ကျနော်လေ့လာဆည်းပူးသမျှကို ပြန်လည်ဝေမျှချင်တဲ့ ဆန္ဒကြောင့် အချိန်ရတိုင်း လေးငါးဆယ်ကြောင်း ရေးပြီး စုထားသော ယ္ခုစာတပုဒ်ကို အဝေးရ အကိုအမများ ညီလေး ညီမလေးများအတွက် ပြန်လည်မျှဝေလိုက်ပါသည်။ ဘာလို့များ INGOs NGOs တွေက ငွေကုန်ကြေးကျခံပြီး ကမ္ဘာ့ဒေသတွေမှာ လှုပ်ရှားမှုတွေ အလှူငွေတွေ ဖြန့်ဝေနေရသလဲ။ ဒီလိုလုပ်ဖို့အတွက် ပိုက်ဆံပေးတဲ့ လူတွေကရော ဘာကြောင့်ပေးတာလဲ။ ဘာတွေအကျိုးမြတ်ရှိလို့လဲ။ ပေးတဲ့ပိုက်ဆံတွေကရော ဘယ်ကရတာ ဘယ်လိုရတာလဲ။
ကျနော်အရင် လက်လှမ်းမှီသလောက် ရှာဖွေဆည်းပူးတာ ကြေနပ်တဲ့အဖြေမရပါဘူး။ ရတဲ့အဖြေတွေမှာလည်း အလှူရှင်တွေက သနားလို့လှူတာ ပိုက်ဆံသိပ်ချမ်းသာ နေလို့ လူသားတွေ ကောင်းကျိုးပြုတာ၊ ဒီမိုကရေစီ ထွန်းကားရေးအတွက် ဖြန့်ဝေတာ စသည်တို့နှင့် အတူ မေတ္တာဂရုဏာဘွဲ့များ ဘုန်းတော်ဘွဲ့များ ဖြင့်သာ အဖြေပြန်ရခဲ့သည်။ အဆိုးမြင်တယ်လို့ ထင်ချင်ထင်ပါ ကျနော် မကျေနပ်ခဲ့ဘူး။ အဖြေကို သိပ်သိချင်ခဲ့သည်။
အခုတော့ ခြေရာကိုတွေ့ပါပြီး ဒီလိုတွေ့တာကိုလည်း မှန်မမှန်သိချင်လွန်းလို့ ခက်ခက်ခဲခဲ Reaction paper ရေုးပြီးတင်တဲ့ အခါမှာ နိုင်ငံရေးသိပ္ပံဌာန၏ အမှတ်ပေးစနစ်တွင် ကျနော့ Paper အမှတ်ပြည့်ရပြီး မှတ်ချက်တွေကို ဖတ်လိုက်ရတော့မှ စိတ်ထဲနည်းနည်း သဘောပေါက်ကာ အလုံးစုံ အမှန်တရားမဟုတ်တောင် မမှားသင့် အချက်လက်များဖြစ်သည်ဟု ယုံကြည်သောကြောင့် ပြန်လည် မျှဝေရန် ဆုံးဖြတ်ချက်ချပြီး မျှဝေလိုက်ပါသည်။
ပြီးပြည့်စုံသော တင်ပြချက်မဟုတ်ကြောင်း ၀န်ခံပါသည်။ သို့သော် ကျနော့လို သိချင်သူများ အတွက် အတိုင်းတာ တခုအထိ သဘောပေါက်သွားစေမည်လို့ မျော်လင့်ကာ တင်ပြလိုက်ရပါသည်။
စိတ်ဝင်စားမှုဆိုင်ရာ အုပ်စုများ
ကျနော်တို့၏ ဖတ်စာအုပ်နှင့် အတန်းရှင်းလင်းချက်များအရ စိတ်ဝင်စားမှုဆိုင်ရာအုပ်စု ဆိုသည်မှာ တဦးချင်းစီ ပူးပေါင်းပါဝင်သော အုပ်စုတစုက ၄င်းတို့စိတ်ဝင်စားရာ ကဏ္ဍများ၏ လိုအပ်ချက် အခွင့်ရေးများကို ပေါ်လစီပြုလုပ်သူ နိုင်ငံရေးသမားများထံ တင်ပြပြီး ဥပဒေအခွင့်ရေးများ ရရှိရန်လှုပ်ရှားသည့် အုပ်စုများဖြစ်သည်။
ထိုအုပ်စုများကို အများပြည်သူက အစိုးရမဟုတ်သောအဖွဲ့စည်း အဖြစ်သိကြပြီး သူတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာ နှစ်မျိုးလုံးတွင် လှုပ်ရှားကြသည်။ လှုပ်ရှား၍ ရရှိလာသော အရင်းမြစ်များဖြင့် အစိုးရပေါ်လစီအတွင်း မိမိတို့ ပြုပြင်ပြောင်းလဲလိုသည့် ပေါ်လစီများကို အတည်ဖြစ်အောင်ရယူသည်။
စိတ်ဝင်စားမှုဆိုင်ရာအုပ်စုများသည် လည်းကောင်းတို့ ပြုပြင် ပြောင်းလဲလိုသည့် အစိုးရပေါ်လစီများကို အစိုးရထံကို တိုက်ရိုတ်ဝင်ရောက် ပြောင်းလွဲစေခြင်း (သို့) သွယ်ဝိုက်သောနည်းလမ်းဖြင့် ပြောင်းလွဲစေခြင်းကို လုပ်ကိုင်ကြသည်။
တိုက်ရိုတ်ဝင်ရောက် ပြောင်းလွဲစေခြင်း။ သည်စနစ်ကို သာမန်အရပ်သားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့စည်းများ မလုပ်နိုင်ချေ။ အချိန်တိုတို အတွင်းထိရောက်မှု မြန်ဆန်သော တိုက်ရိုက်ဝင်ရောက် ပြောင်းလွဲစေခြင်းကို အစိုးရအသိုင်းဝိုင်းနှင့် ထိဆက်နေသော လုပ်ငန်းရှင်ကြီးများ (တနည်းအားဖြင့်) ပါတီမဲနိုင်ရေးလှုပ်ရှားမှုများအတွက် အလှူငွေ အမြောက်များထည့်လှူနိုင်သည့် ပုဂ္ဂိုလ်ကြီးများ ပါဝင်သော အဖွဲစည်းများ၊ အထက်လွှတ်တော် အောက်လွှတ်တော်အမတ်များနှင့် ဆက်နွယ်နေသော လုပ်ငန်းရှင်၊ ဥပေဒပညာရှင်များ ပါဝင်သော အဖွဲ့စည်းများ၊ ဧရာမလုပ်ငန်းရှင်ကြီးများ ( ဥပမာ လောင်စာဆီ၊ ဘဏ်အုပ်စု) တို့ တည်ထောင်ထားသော စီးပွါးရေးဆိုင်ရာအုပ်စု များသည် အများဆုံးပေါက်ရောက်သည်။
ဒုတိယအုပ်စု အနေဖြင့် ကမ္ဘာ့ဒေသအသီးသီးတွင်း အခွင့်ရေးများ ပြုပြင် ပြောင်းလဲရေးများကို တောင်းဆိုနေသည့် အုပ်စုများပါဝင်သည်။ ဒုတိယအုပ်စုများသည် ကမ္ဘာမှဖြစ်ပေါ်နေသော ဖိနှိပ်မှုများ မညီမျှမှုများကို ဒေသခံ အဖွဲ့စည်းများဖြင့် ပူးပေါင်းကာ ဒေသခံအစိုးရကို ဖိအားပေးခြင်းနှင့် မိခင်အစိုးရ(အမေရိကန်ပြည်ထောင်စု)ကို ပူးပေါင်းဆောင်ရွက်ရန် တွန်းအားပေးခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂသို့ တင်ပြဆောင်ရွတ်ခြင်းတို့ လုပ်ကြသည်။ အုပ်စုနှစ်စုလုံးသည် ဥပဒေနှင့် ပြဿနာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ငှားရမ်းပြီး အစိုးရပေါ်စီ ပြဌာန်းလာစေရန် ပေါ်လစီပြုလုပ်သူများထံ ပြဿနာများကို တင်ပြကြသည်။
သွယ်ဝိုက်သောနည်းလမ်း။ သည်စနစ်ကို သာမာန်အများပြည်သူများ ပါဝင်သော အဖွဲ့စည်းများ အများဆုံးသုံးကြသည်။ သွယ်ဝိုက်သောနည်းလမ်းတွင် အဖွဲ့စည်းများသည် လူထုလှုပ်ရှားမှုများအဖြစ် လည်းကောင်းတို့ လိုအပ်ချက်များကို တောင်းဆိုကြသည်။
ထိုသို့တောင်းဆိုရာတွင် ဆန္ဒပြပွဲများ ချီတက်ပွဲများ ဟောပြောပွဲများကို ဖန်တီးကြရသည်ဖြစ်ရာ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ဥပဒေများနှင့် တိုက်ရိုက် ထိတွေ့ရပြီး များစွာသော ထိပ်တိုက်ရင်ဆိုင်မှုများကို ကြုံတွေ့ရသည်။ သွယ်ဝိုက်သောနည်းလမ်း၏ အောင်မြင်မှုသည် တိုက်ရိုက်ထိတွေ့သောနည်းလမ်းကို မမှီချေ။
သွယ်ဝိုက်သောနည်းလမ်းသုံးသည့် အဖွဲ့စည်းများသည် များသောအားဖြင့် အများပြည်သူအကျိုးစီးပွါးကို ကိုယ်စားပြုသည့် ဥပဒေပြုပြင် ပြောင်းလွဲမှုများကို တောင်းဆိုကြသည်။ ဥပမာအားဖြင့် အလုပ်လက်မဲ့များကို ထောက်ပံ့ရေး၊ သဘာဝအရင်းမြစ်များကို ထိန်းသိမ်းရေး စသည်ဖြင့် အများနှင့် ဆိုင်သောအခွင့်ရေးများကို ပေါ်လစီပြုလုပ်သူများထံ တောင်းဆိုပြီး ပြုပြင်ပြောင်းလဲရေးကို ဖန်တီးကြသည်။
သွယ်ဝိုက်သောနည်းလမ်းသုံးသည့် အဖွဲ့စည်းများသည်လည်း တိုက်ရိုက်နည်းလမ်းသုံး အဖွဲ့စည်းများနည်းတူ ဥပဒေနှင့် ပြဿနာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ဌားရမ်းပြီး အသုံးပြုသော်လည်း အရေတွက်အားဖြင့် နည်းပါးလှသည်။ စီးပွါးရေးဆိုင်ရာအဖွဲ့စည်းများထဲတွင် အချို့သောအဖွဲ့စည်းများသည် ကျွမ်းကျင်သူ နှစ်ရာကျော် အသုံးပြုနိုင်သော်လည်း လူထုလှုပ်ရှားမှုဆိုင်ရာအဖွဲ့စည်းများတွင် တယောက်စ နှစ်ယောက်စသာ ငှားရမ်းနိုင်သည်။
မမြင်နိုင်သောအင်အားများ
မည်သည့် နိုင်ငံရေးပါတီမှ မပါဝင်သော သာမန်အရပ်သားများသည် နိုင်ငံရေးလောကအတွက် မမြင်နိုင်သောအားများဖြစ်သည်။ သူတို့၏ စွမ်းအင်နှင့် ပြောင်းလွဲမှုသည် ကြောက်ခမန်းလိလိ ဖြစ်သည်။ သူတို့ကို အပိုင်တွက်၍ မရပါ။သူတို့သည် တိုက်ရိုက်အကျိုးစီးပွါးနှင့် လုံးဝ ဆက်နွယ်နေသည်။ ဥပမာ စစ်ဖြစ်နေသည့် လိုအပ်သည့်အရေးပေါ် ဘက်ဂျက်အရ အခွန်အတုတ် တိုးကောက်မည်ဆိုပါစို့။ ဒါဆိုရင် တဖက် ဆန့်ကျင်ဖက် ပါတီသည်အရေးကြီးသည် တဖက်ဆန့်ကျင်ဖက်ပါတီက တန်ခိုးအာဏာစိုးမိုးရေးအရ ပြည်ပတွင် ဖြစ်ပွါးနေသော စစ်မက်ကို မနှစ်သက်ဘူး ဆိုပါလျှင် သင်၏ပါတီ ကျဆုံးခြင်းကို လွယ်လွယ်လေး လုပ်လိုက်နိုင်သည်။
သူတို့အနေနဲ့ စစ်ကို မကြိုက်ဘူး အားလုံး ရပ်ဆိုင်းပစ်ရမည်။ အခွန်အခတွေ လျော့ပေါ့ပစ်မည်လို့ လေသံပစ်လိုက်ရုံဖြင့် မဲတွေပုံသွားစေမည်။ သို့သော် 9/11 တွင် ပြည်သူလူထုသည် ကျပ်တည်းနေသည့်ကြားထဲမှ စစ်တိုက်သောအစိုးရကို အားရပါးရ အားပေးသွားသည်မှာ အမျိုးသားရေး အသိကြောင့်ဖြစ်သည်။ ထိုကြောင့် ပါတီစွဲမရှိသော ပြည်သူ့အားသည် မမြင်နိုင်သော လက်များဖြစ်သည်။ သင်မမြင်နိင်သောအားများကို ရရှိဖို့အတွက် စိတ်ဝင်စားမှုဆိုင်ရာ အုပ်စုများဖြင့် သင့်ပိုင်အင်အားများဖြစ်အောင် ဖန်တီးသိမ်းပိုက်နိုင်ပေသည်။
ရံပုံငွေ ရရှိရေး
ဒီလောက်ဆိုရင် စိတ်ဝင်စားမှုဆိုင်ရာ အုပ်စုများ၏ အသုံးဝင်ပုံကို တီးခေါက်မိချေပြီ။ ဒီတော့ အခုဒီတခါ သူတို့ဘယ်က ငွေရသလဲ။ ဘယ်လိုရယူသလဲကို သိဖို့လိုပြီ။
ပထမဦးစွာ အမေရိကန်ပြည်ထောင်စုအခြေခံဥပဒေ မူလအခန်းကြီး (၁၀) ခန်းတွင် ပါဝင်သော အခန်း(၁)တွင် ပါဝင်သော လူသားတိုင်းကို တန်းတူ ဖန်တီးထားသည်။ သက်ရှင်နေထိုင်ခွင့် လွတ်လပ်ခွင့် မိမိကံကြံမ္မာကို ဖန်တီးခွင့်ရှိရမည်။ ထိုအခွင့်ရေးတွေကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ချက်များကို ဖန်တီးပေးရန် အစိုးရတွင် တာဝန်ရှိမည်။ ဆိုတဲ့ အချက်အရ ပြည်သူနဲ့သက်ဆိုင်သော အဖွဲ့စည်းများကို အစိုးရက ရံပုံငွေချပေးရသည်။
အဖွဲ့စည်း၏ ရည်ရွယ်ချက်၊ အသင်းဝင် အင်အားအလိုက် ရံပုံငွေထုတ်ပေးရသည်။ သို့သော် နိုင်ငံတကာတွင် လှုပ်ရှားနေသော အမေရိကန်အခြေစိုက် အဖွဲ့စည်းများအတွက် ရံပုံငွေကို ကန့်သတ်ထားသည်။ ဒီနေရာမှာ အဓိက ဇာတ်ကောင်သည် အစိုးရမဟုတ်ပါ။
အစိုးရထုတ်ပေးသော ရံပုံငွေထက် ကော်ပိုရေးရှင်းကြီးများက ပေးသောအလှူငွေသည် ပိုမိုများပြားသည်။ ဒီတော့ ကော်ပိုရေးရှင်းကြီးများက ဘာလို့ထုတ်ပေးသလဲ မေးခွန်း အဖြေက မမြင်ရသော လက်များကို ဖမ်းဆုပ်ချင်လို့ ထုတ်ပေးတာပါ။ ပမာဏ တခုကို လူကြီးမင်းတိုသိရအောင် တင်ပြရလျှင် ၂၀၀၃-၂၂၀၄ ခုနှစ် ရွေးကောက်ပွဲကာလတခု လှုပ်ရှားမှုအတွက် ဒေါ်လာသန်းပေါင်း ၉၀၀ ကို အသုံးပြုခဲ့ပါသည်။
ဒီတော့ ရံပုံငွေရရှိရေးသည် အစိုးရပေါ်တွင်မူတည်မနေပါ။ အလှူရှင်ကြီးများတွင်လည်း မူတည်နေပါသည်။ အဲဒီမှာ အလှူရှင်ကြီးများက အကျိုးအမြတ်မရှိ လှူနေတာလားဆိုရင် မဟုတ်ရပါ။ ဥပမာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့စည်း၏ သဘာဝအရင်းမြစ်များသည် ရှားပါးနေပြီ။
" ကျွန်ုပ်တို့ကမ္ဘာမြေအောက်ထဲတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့များ လျော့ပါးလာပြီ" ဆိုသည့် စစ်တမ်းတခု၏ နောက်ဆက်တွဲက ရေနံလုပ်ငန်ကော်ပိုရေးရှင်းကြီးများကို ဈေးတက်စေနိုင်သည်။ ရေနံလုပ်ကွက်များ အတွက် စစ်ပွဲများကို ဖြစ်ပွါးစေနိုင်သည်။
ကျနော်ဒီလိုတင်ပြခြင်းသည် အဆိုးမြင်များသည်ဟု ထင်နိုင်စရာရှိသော်လည်း လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့အခြေနေအရ မငြင်းနိုင်သည့် ခါးသီးသော အမှန်တရားများဖြစ်သည်။ ဒီလိုဆိုရင် ရံပုံငွေ ဘယ်လိုရလို့ ဘယ်သူပေးသလဲ ဘာကြောင့်ပေးလဲ ဆက်တွေးနိုင်ပါသည်။
အဲဒီမှာ ထိရောက်မှုများတဲ့ စိတ်ဝင်စားမှုဆိုင်ရာ အုပ်စုများသည် များသောအားဖြင့် ဒေသတွင်းမှာသာ ရှိပြီး။ သူတို့သည် အင်အားချို့နဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ရံပုံငွေသည် ဒေသခံအဖွဲ့စည်းအတွင်း တိုက်ရိုက် မရောက်ရှိသောကြောင့်ဖြစ်သည်။ တနည်းအားဖြင့်ဆိုသော် အဆင့်ဆင့် ၀န်ဆောင်မှုများကို ဖြတ်သန်းရပြီးနောက် ဒေသတွင်းကို ရောက်ရှိသွားသည့် အခါ နည်းပါးသွားရပေသည်။
အဆိုပါအချက်ကြောင့် ဒေသတွင်းဖွံ့ဖြိုးမှုများကို ပြည်နယ်အစိုးရက တိုက်ရိုက်ကိုင်တွယ်ပြီး ပြည်ထောင်စုအစိုးရက အခွန်စည်းကြပ်မှု လျော့ချပေးရန် အမြဲတမ်း တောင်းဆိုနေသည်။ ရွေးကောက်ပွဲ မဲဆွယ်သည့် သမ္မတလောင်းတိုင်း အခွန်စည်းကြပ်မှု လျော့ချပေးရေးရန်နှင့် နိုင်ငံတကာလှုပ်ရှားမှုများကို လျော့ချပြီး ပြည်တွင်းမှာ အသုံးပြုရန် ကတိပေးခဲ့ကြသော်လည်း နောက်ဆုံးတွင် သံသရာလည်နေဆဲ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာလှုပ်ရှားမှုကြီးများသည် ကော်ပိုရေးရှင်းများ၏ ရည်မှန်းချက်နဲ့ တိုက်ရိုက်သက်ဆိုင်ပြီး စီးပွါးရေးဆိုင်ရာ ရည်မှန်းချက်များပါဝင်သည်။ ဒီလိုပါဝင်ပုံကို နိုင်ငံရေးလှုပ်ရှားမှု ကော်မတီများ ရှင်းလင်းချက်ဖြင့် ကျနော်တင်ပြပါမည်။
နိုင်ငံရေးလှုပ်ရှားမှု ကော်မတီများ
စီးပွါးရေးဆိုင်ရာအုပ်စုများသည် မိမိတို့ရည်မှန်းချက်များ အစိုးရပေါ်လစီတွင် ပေါက်ရောက်ရေးအတွက် နိုင်ငံရေးလှုပ်ရှားမှု ကော်မတီများ ဖြစ်သော PACs (Political Action Committee) များဖွဲ့စည်း လုပ်ကိုင်ကြသည်။ Spin doctor များသည် မှော်ဆရာများသကဲ့သို့ လိုအပ်သလို ဖန်တီးနိုင်စွမ်းများ ရှိကြသည်။ Spin doctor တို့သည် လူကြိုတ်မများသော နိုင်ငံရေးပေါ်လစီများကို ဖုံးဖိပေးရာတွင်နှင့် နိုင်ငံရေးသမားပွဲထုက်ရာတွင် အင်မတန်ပြောင်မြောက်သူများ ဖြစ်သည်။ Spin doctor များနေရာအလိုက် မျိုးစုံရှိကြသည်။
PAC များသည် မိမိတို့ရံပုံငွေဖြင့် မိမိတို့လျှာထားသော အမတ်လောင်းများ၏ စည်းရုံရေးအောင်မြင်ရေး၊ မိခင်အဖွဲ့စည်း၏ ပေါ်လစီများကို အထက်လွှတ်တော် အောက်လွှတ်တော်တွင် မဲများရရှိပြီး ပြဌာန်းနိုင်ရေးအတွက် ကြိုးစားကြသည်။ ထိုသို့ကြိုးစားရာတွင် မိခင်အဖွဲ့စည်းက ကြီးမားလျှင် ကြီးမားသလောက် ရံပုံငွေများပြားရာ မိမိနှစ်သက်ရာ နိုင်ငံရေးသမားများကို ပေါက်ရောက်အောင် တင်ပေးနိုင်သည့် အထိ အင်အားကြီးမားလှသည်။
အမေရိကန်ပြည်ထောင်စု၏ ပါတီကြီးနှစ်ခုဖြစ်သော Democratic party နှင့် Republican party တို့အတွက် ၂၀၀၉- ၂၀၁၀ ရွေးကောက်ပွဲကာလ အပြိုင်ဆိုင်လှုပ်ရှားမှုများ လုပ်ပေးကြသော PACs များ၏ မိခင်ကော်ပိုရေးရှင်းများထဲက အချို့ကို ဖေါ်ပြပေးလိုက်ပါမည်။
Honeywell International
AT&T, Inc.
Int’l Brotherhood of Electrical Workers
National Assn. of Relators
National Beer Wholesalers Assn.
American Assn. for Justice
American Bankers Assn. တိုသည် ဒါဇင်ပေါင်းများစွာသော ကော်ပိုရေးရှင်းများ လုပ်ငန်းအုပ်စုကြီးများထဲမှာ ပါဝင်သည်။ PCAs များသည် နိုင်ငံရေးလှုပ်ရှားမှုကို အမေရိကန်ပြည်ထောင်စုအခြေခံဖွဲ့စည်းပုံအရ လုပ်နိုင်သည်။ အဲဒီမှာ လှပသောကစားကွက်က အင်အားကြီးမားသော စိတ်ဝင်စားမှုဆိုင်ရာအုပ်စုများသည် PACs များဖွဲ့ထားပြီး နိုင်ငံရေးသမားများအတွက် လှုပ်ရှားမှုများလုပ်ပေးက ပံ့ပိုးပေးခြင်းဖြင့် မိခင်အဖွဲ့စည်း၏ မူလရည်မှန်းချက် ပေါ်လစီများကို ပြဌာန်းပေးမည့် နိုင်ငံရေးသမား မွေးမြူကြသည်။
နိုင်ငံတကာဆက်နွယ်မှု
အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံရေး စီးပွားရေးအရ ဆက်နွယ်နေသော ကနေဒါနိုင်ငံနှင့် EU အဖွဲ့ဝင်နိုင်ငံများတွင် လှုပ်ရှားမှုများကို ဖြန့်ကျက်ခြင်းဖြင့် သွယ်ဝိုက်သောနည်းဖြင့် ပြည်တွင်း၏ နိုင်ငံရေးကို ပြန်လည်ဖိအားပေးနိုင်သည်။
ဆိုကြပါစို့ နိုင်ငံတကာမှာ လူအခွင့်ရေးလှုပ်ရှားမှုများကို လုပ်နေသည် အဖွဲ့စည်းများသည် ပြည်တွင်းရှိ မမြင်နိုင်သောအားများကို ဆုပ်ကိုင်နိုင်သည်။ တနည်းအားဖြင့် အများပြည်သူနှစ်သက်ကြသည်။ ထို့ကြောင့် ထိုအဖွဲ့စည်းများ PACs များက ချိတ်ဆက်ပြီး PACs ရွေးချယ်လိုသော နိုင်ငံရေးသမား ထိုးတင်ပေးရေးကို အသုံးပြုလိုကြသည်။ ထိုအခါ PACs နောက်က မိခင်ကော်ပိုရေးရှင်းကြီးများ၏ ရံပုံငွေကို ရရှိခြင်းကြောင့် နိုင်ငံတကာလှုပ်ရှားမှု အဖွဲ့စည်းများသည် PACs များအတွက် အပြန်လှန် အကျိုးပြုခြင်းများလုပ်ပေးကြသည်။
နောက်တချက်က လိုအပ်သော ဆက်စပ်စီးပွားရေးပေါ်လစီအတွက် နိုင်ငံတကာလှုပ်ရှားမှုများကို PACs များကိုယ်တိုင် စီမံကိန်းများရေးဆွဲပြီး။ နိုင်ငံတကာလှုပ်ရှားမှု အဖွဲ့စည်းများကို လုပ်ငန်းပေးအပ်သည်။ လုပ်ငန်းနှင့်အတူ ရံပုံငွေရရှိသည်။
အသင်းဝင်များ၏ နှစ်စဉ်ကြေးနှင့် အလှူငွေများသည်လည်း နိုင်ငံတကာလှုပ်ရှားမှု အဖွဲ့စည်းများအတွက် ကြီးမားသော အင်အားတရပ်ဖြစ်သည့်အပြင် နိုင်ငံတကာလှုပ်ရှားမှု တိုးတက်ကောင်းမွန်လေလေ မမြင်နိုင်သောအားများကို ဆုပ်ကိုင်နိုင်လေလေ ဖြစ်သောကြောင့် ပြည်တွင်းနိုင်ငံရေးကို တွန်းအားပေးနိုင်ရန် အတွက် ပြည်ပလှုပ်ရှားမှုများကို လုပ်ရလေတော့သည်။
အချုပ်အားဖြင့် နိုင်ငံတကာ လှုပ်ရှားမှုများသည် မိခင်နိုင်ငံ၏ နိုင်ငံရေး လိုအပ်ချက်အတွက် အင်အားချုပ်ကိုင်နိုင်ရန် အမေရိကန်ပြည်ထောင်စု အပါဝင် နိုင်ငံအများအပြားတွင် ပေါ်ပေါက်လာရလေသည်။ ယခုအခါ ဓနအင်အား ကြွယ်ဝလာသော ဂျပန်နိုင်ငံသည် နိုင်ငံတကာ လှုပ်ရှားမှုများကို ရှေ့ထွက်ပြီး လုပ်ကိုင်လာသည်ကို တွေ့ရသည်။
ချစ်ခင်စွာဖြင့်
ရဲမင်းထွန်း
0 comments:
Post a Comment