Friday, October 12, 2012

ကြမ္မာ ငိုခိုင်းသော နေ့ရက်များ


by Lwin Aung Soe on Friday, October 12, 2012 at 6:25am 

မောင်တောက အဖြစ်မှန်ကို စိတ်သဌါန်နန့် ရီးထားရေ အမှန်ဝတ္ထု
ခိုင်အောင်ကျော် ( နယူးယောက် )
-----------------------------------------------------------------
ကြမ္မာ ငိုခိုင်းသော နေ့ရက်များ

ကျမအနေဖြင့် ခါတိုင်းကထက် မြန်မြန်သွားချင်သောစိတ်မှာ အလိုလို ပေါ်နေသည် ။ လူငယ်လူရွယ်လည်းမဟုတ် ။ သားကြီးသမီးကြီး ရှိနေနှင့်သော ကျမအဖို့  ဆန္ဒတွေ စောနေမိသည်မှာ သည်တခါ ဆန်းပြားနေသည် ။

မရောက်ဖြစ်သော ကိုယ့်မွေးရပ်မြေကို ရောက်ချင်ဇောကတော့ လူတိုင်းမှာ ရှိကြသည်ချည်း ။ အမေ့အိမ်ကို ပြန်သွားဖူးသူတိုင်း သိရှိခံစား နားလည်ကြမည်ထင်သည် ။ မည်သည့်အတွက် မသိစိတ်က စေ့ဆော်ပေးနေသည်လည်း မပြောတတ် ။


ရွှေတိဂုံစေတီတော်ကြီးက အပြန် တူတော်မောင်အား မြင်မြင်ချင်း လေယဉ်လက်မှတ်ကို အဆင်ပြေသလားဆိုသော မေးခွန်းက ကျမ နှုတ်မှ အလိုလို ထွက်ပြီးသားဖြစ်နေသည် ။ တူတော်မောင်တို့ တတွေက ကျမကို စိတ်အလိုမကျအောင် မည်သည့်နည်းနှင့်မျှ မပြုလုပ်လိုကြ ။

ဒင်းတို့ တွေ ပုဆိုးတောင် မစည်းတတ်-မ၀တ်တတ်ကတည်းက ကျမမှာ သားတို့ အဖေရှိရာ အမေရိကသို့ လိုက်ပါသွားခဲ့ရသည် ။ ခုတော့ တူတော်မောင်တို့ က လူပျိုကြီးဖါးဖါး ဖြစ်နေသည် ။ မိသားစုဖွင့်လှစ်ထားသော ကုမဏီမှာ မန်နေဂျာကြီးဖြစ်နေပြီ ။

မနက်ဖန်သွားရတော့မည်မို့  စစ်တွေကို စဉ်းစားကြည့်မိသည် ။ ကျမမှာ စစ်တွေတွင် ခဏလေးနားပြီး မောင်တောမြို့ သို့  သွားရအုံးမည် ။ အမေ့ အိမ်မှာ အေးအေးလူလူ အပမ်းဖြေချင်သည် ။ အမေတို့ အဖေတို့ အတွက် ကောင်းမှူအလှူတွေ ပြုလုပ်ချင်သည် ။ ပြီးရင် စစ်တွေတွင် မပြန်သေးခင်အထိ နေလိုက်အုံးမည် ။ ရန်ကုန်ကိုရောက်ကတည်းက စီစဉ်ရေးဆွဲထားသော အစီအစဉ်မှာ ကျမအတွက် အံဝင်ဂွင်ကျ ရှိနေဆဲ ။

တူမလေး မြသန္တာကလည်း ကုမဏီတွင် ခွင့်ယူကာ ကျမနှင့်အတူ လိုက်ပါမည်ဟု ပြောထားရာ သူ့ အကိုက ကြည်ကြည်ဖြူဖြူ ခွင့်ပြုရှာသည် ။ မြသန္တာ တယောက်ထဲတော့မဟုတ် ။ သူ့ ရုံးက မြသန္တာ၏ သူငယ်ချင်းဖြစ်သော လဲ့ လဲ့ သက် ဆိုသော ရန်ကုန်သူ ချောချောကလေး တယောက်ကလည်း အဖေါ်ထည့်ပေးလိုက်သေးသည် ။

ကျမတို့ မှာ လိုအပ်သည်များကို ယူဆောင် စုဆောင်းရသည်မှာ မလွယ်လှချေ ။ ကျမ၏ အလှူအဒန်းများတွင် လှူဘွယ်ပစ္စည်းများအတွက် မကျန်ရစ်ခဲ့ ရအောင် ဂရုတစိုက် မှတ်ရ သိမ်းရနှင့် တအိမ်လုံး ကြွက်ကြွက်ညံကာ အသံတွေ ထွက်နေကြရသည် ။ ဘုန်းတော်ကြီးကျောင်းများတွင် လှူဘွယ်ပစ္စည်းများကို လှူဒန်းရမည်မို့  ကျမတို့ တတွေမှာ နေ့ နေ့ ညည သွားနေကြသည်မှာ အိမ်မှာတောင် ထမင်းမစားဖြစ် ။ စားသောက်ဆိုင်တခုခု ၀င်ပြီး စားသောက်လိုက်သည်နှင့်ပင် အချိန်တွေ ကုန်ခဲ့ ရသည် ။

လေယဉ်လက်မှတ် အားလုံးစီစဉ်ပြီးပြီဆိုတော့ မနက်ဖန် အစောကြီးမှာ လဲ့ လဲ့ သက်ကို မရမ်းကုန်းရှိ နေအိမ်က စောင့်ဆိုင်းဖို့  မှာထားလိုက်ရသည် ။ ကျမရင်မှာ တော်တော် မောနေမိဖြစ်သည် ။ လွန်ခဲ့ သော နှစ်ပေါင်း-၃၀-ကျော်မှ တကြိမ်သာ ပြန်ဖြစ်ခဲ့ သော မွေးရပ်မြေသည် ကျမကို အလွမ်းများနှင့် ဆီးကြိုနေပြီလား မပြောတတ် ။ တညလုံး တောင်တောင် အီအီ တွေးတောပြီး အိပ်ရာထဲ လှဲနေရတော့ ကဗျာဆရာမ ကြည်အေး၏ တစ္ဆေကဗျာကို ပြန်လည် သတိရလာတော့သည် ။

“ အိပ်ရာတွေလဲ- ကြေမွတွန့် လိပ်-သိပ်စိတ်ညစ်တယ်-“

ကျမက အိပ်ရာတွေထဲ ဘယ်လူးညာလူးနှင့် တညလုံးမိုးကြောင်တောင် လင်းခါမှ ခဏမျှ မှေးလိုက်ရပါသည် ။

-------- --------- --------- -------- -------- ---------

ဤနေ့ ကား သောကြာနေ့  လဲ့ လဲ့ သက်က သောကြာနေ့ အကြောင်းကို မသိတော့ အိမ်ပေါ်မှ လူတွေကို ကြည့်နေဖြစ်သည် ။ ကျမကတော့ ဒီကောင်မလေးကို ဘာတွေ ကြည့်နေမှန်း သိနေပြီ ။ မနေ့ ကတောင် ဒီကောင်မလေး စကားတခွန်း ပြောသေးသည် ။

“ကြီးမေရယ်- ကြီးမေတို့ မောင်တောမြို့ က ရခိုင်မြို့ လား -ကုလားမြို့ လား-သမီးတော့ တခါတလေ ကြောက်တောင် လာနေတယ်”

လဲ့ လဲ့ သက်အဖေက ညွှန်ကြားရေးမှူးချုပ် တဦးဖြစ်ပြီး နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေသည် ။ အကိုဖြစ်သူ ကိုသက်ဦးက နိုင်ငံခြားသင်္ဘောသားဖြစ်ပြီး တခါတလေ ဖလော်ရီဒါကို ရောက်သောအခါ ကျမတို့ အိမ်သို့  အလည်လိုက်ပါလာတတ်သည် ။ ရွှေတောင်ကြားလမ်းတွင် အိမ်နီးနားချင်းမို့  သူမတို့ မိသားစုနှင့် ကျမတို့ က ရပ်ဆွေရပ်မျိုးလို ဖြစ်နေသည် ။ ကောင်မလေးပြောတော့ ကျမက ပြုံးပြနေလိုက်ရသေးသည်ကို အမှတ် ရမိနေသည် ။

“ကြီးမေ - ကြီးမေ- တံခါးတွေ ပိတ်ထားလိုက်တော့- ထွန်းလှ - တံခါး တွေ ပိတ်ဟေ့”

ကျမက မျက်မှောင်ကုတ်ပြီး အသံကို နားစွင့်နေလိုက်သည် ။ လဲ့ လဲ့ သက်က ကျမကို တချက်မျှ စောင်းကြည့်လိုက်သည် ။

“မြသန္တာကော - သမီး - မြသန္တာကော - ဟေ့ - ဘာဖြစ်လို့  တံခါးတွေ ပိတ်ရမှာလဲ - ငါ့ကို ပြောပြကြပါအုံး”

အိမ်အောက်ထပ်မှာ ပြေးသံလွှားသံတွေ ကြားရသည် ။ ပြန်လည်တုန့် ပြန်သံတွေကို ကျမ မကြားရသေး ။ အိမ်အောက်မှ တံခါးတွေ ပိတ်သံတွေ ကြားရသည် ။ ကျမတို့ တိုက်က ဘာဂျာတံခါးတွေနှင့်မို့  သံတံခါးတွေ ပိတ်လိုက်ပြီဆိုလျှင် အရာရာကို စိတ်ချရပြီးသားဖြစ်သည် ။ မြသန္တာက အိမ်ပေါ်သို့  ပြေးတက်လာပြီး ပြူတင်းပေါက်တွေကို ပိတ်လိုက်သည် ။

“မြေးလေး- ဘာဖြစ်နေကြတာလဲ - တံခါးတွေ လိုက်ပိတ်နေကြတာ”

“ အဘွား- လမ်းမပေါ်မှာ ကုလားတွေ နဲတာမဟုတ်ဘူး - လက်နက်တွေကိုယ်စီနဲ့ - ဘာဖြစ်လာကြလဲ မသိဘူး”

ကျမက ပြူတင်းပေါက်နားကို ချဉ်းကပ်ပြီး ချောင်းကြည့်လိုက်သည် ။ အစပိုင်းကတော့ လူငယ်ချင်းချင်း ရန်ပွဲဖြစ်နေကြသလားဟု ထင်ခဲ့ သည် ။

“ဟင် - ကုလားတွေ နဲတာ မဟုတ်ဘူး မြေးလေး- ဒီလိုဆိုရင် ကုလားရခိုင် ပြသနာတော့ ဖြစ်လာပြီပေါ့ကွယ်”

“ဘာပြောတယ် - ကြီးမေ - ကုလား ရခိုင် ပြသနာဖြစ်လာပြီ - ဘာဖြစ်လို့  ဖြစ်လာရတာလဲ ကြီးမေ ရယ် - သမီး ကြောက်တယ်”

“မကြောက်နဲ့  သမီး - ကြီးမေ - ရှိတယ် နော် - သမီး ဘာမှ မဖြစ်စေရဘူး”

ပြောရင်း ဆိုရင်း အိမ်ပေါ်ထပ်ကို ခဲနှင့် ပစ်ခတ်သံ ကြားလာရသည် ။ မှန်ပြူတင်းများ ကွဲသွားသည် ။ ကျမအနေနှင့် တခုသာ ရှိတော့သည် ။ ခေါင်းအေးအေးနှင့် စဉ်းစားရတော့မည့် အပိုင်းဖြစ်လာသည် ။

“မြသန္တာရယ်- ဗွီဒီယိုသာ ရိုက်ထားလိုက်တော့- အားလုံးကို သေသေချာချာ ရိုက်ထား -ဟုတ်လား”

မြေးလေး မြသန္တာက ဤနေရာမှာ တော်ရှာသည် ။ သတ္တိကောင်းလှပါသည် ။ အမေရိကမှ လာသော ကျမအတွက် သူမသည် အမှန်တကယ် အားကိုးရသော မြေးကလေးဖြစ်သည် ။ လဲ့ လဲ့ သက်ကလည်း သူမ၏ ဒီဂျီတယ် ကမ်မရာကလေးနှင့် ပြူတင်းပေါက်ကနေပြီး ရိုက်နေသည် ။ မြသန္တာကလည်း အလွတ်မပေးချေ ။ ဗွီဒီိယို ရိုက်နေသော ကျမတို့ အိမ်ကိုသာ မြင်သွားပါက ကျမတို့ ၏ အသက်အိုးအိမ်မှာ မစဉ်းစားရဲအောင် ဖြစ်မိသည် ။

တလမ်းလုံးရှိသမျှ ရခိုင်လူမျိုးတွေအိမ်ကို ခဲများဖြင့် ပစ်ခတ်နေကြသည် ။ လူပေါင်းသောင်းနှင့်ချီပြီး တုတ်ဒါးလက်နက်များဖြင့် သဇင်ဟိုတယ်ကို မီးရို့  ဖျက်ဆီးလိုက်ကြသည်ကို မြင်ရသည်။ ဈေးလမ်းတလျှောက်တွင် ဖျက်ဆီးနေကြသော ကုလားတွေကို ကျမတို့ မှာ လူလို့  မမြင်တော့ ။ သရဲသဖက်သဘွယ် ကြောက်မက်စွာ မြင်လာကြသည် ။

တညလုံး ရခိုင်လူမျိုးတွေနေအိမ်များကို မီးရို့ ဖျက်ဆီးခြင်း ၊ လူသတ်ခြင်းများကို မည်မျှ ပြုလုပ်လိုက်ပြီဆိုသည်ကို ကျမတို့  မခန့် မှန်းနိုင် ။ လုံခြုံရေး တွေ နစကတွေ ရဲများကလည်း လက်ထဲတွင် သေနတ်ကိုင်ထားသော်လည်း မည်သို့ မျှ ပစ်ခတ် နှိမ်နှင်းသည်ကို မကြားရ ။ တမြို့ လုံး မီးလောင်နေရာ ရခိုင်ပြည်နယ်၏ ရခိုင်လူမျိုးများမြို့ ဖြစ်သော မောင်တောမြို့ ကား ကုလားတို့ ကြောင့် ကျီးလန့် စာစား ဖြစ်နေကြရပြီ ။

သောကြာနေ့ ဆိုလျှင် ကုလားတွေက ပလီတက်ပြီး ဥပုသ်စောင့်ကြရသည် ။ တကြိမ်မဟုတ် ။ တနေ့ မှာ ငါးကြိမ်ခန့်  ဥပုသ်စောင့်သည်ဟု ပြောကြသည် ။ တရားထိုင်ကြရသည်ဟု ဆိုကြသည် ။ တရားထိုင်သည်ဆိုလျှင် စိတ်ငြိမ်းချမ်းပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ကြရသည်ဟုသာ ဘာသာတိုင်းမှာ ရှိကြသည် ။

ခုတော့ ပလီတက်ပြီး တရားထိုင်ပြီးသည်နှင့် ရခိုင်လူမျိုးတွေကို အသေရရ အရှင်ရရရ လည်ပင်းလှီး -သတ်ဖြတ်- အိမ်များကိုမီးရို့  ပြုလုပ်ကြတော့သည် ။ သူတို့ ၏ ဘာသာရေးမှာ ယခုလို အကြမ်းဖက်အောင် ခိုင်းစေထားခြင်းတော့ ရှိမည်မဟုတ်- လက်တွေ့ မှာတော့ ကြောက်စရာ ကောင်းလောက်အောင် ဆောင်ရွက်ကြသည် ။

မြသန္တာ၏ ရိုက်ထားလိုက်သော ဗွီဒီိယိုကို ပြန်၍ ကြည့်ကြသောအခါ တဆယ်ကျော် ကုလားလေးတွေကအစ မော်လီဗီ တရားဟောဆရာများကိုပါ မြင်ရသည် ။ သူတို့ လက်ထဲမှာ တုတ်ဒါးကိုယ်စီနှင့် ။ အကယ်၍ ရခိုင်လူမျိုး တယေက်ယောက်ကိုများ တွေ့ ဖြစ်ခဲ့ လျှင် အသက်ရှင်ဘွယ်ရာ မရှိ ။ ခုတ်ထစ်သတ်ဖြတ်ကြမည့် အသွင်အပြင်များကို မြင်ရသည် ။

ညနေပိုင်းတွင် ဆရာဝန် မိသားစုကိုလည်း ဒါးနှင့် ခုတ်၍ သေဆုံးသွားရပြီဆိုသော သတင်းကြားလာရသည် ။ လဲ့ လဲ့ သက်မှာ ယင်းသတင်းကို ကြားသည်နှင့် မျက်နှာတွင် သွေးတစက်မျှ မရှိတော့။

“ခဏလေးပါ မြေးလေးရယ်- ဒီပြသနာဖြစ်ပြီးသွားရင် မကြာခင် အခြေအနေ တည်ငြိမ်လာမှာပါ- အဲဒီခါကျရင် ကြီးမေတို့  ရန်ကုန်ကို ပြန်ကြမှာပေါ့နော် - ကြီးမေတို့ အိမ်ကို ဘယ်သူ တယောက်ကမျှ မီးလာရှို့ လို့  မရဘူးကွယ်- တကယ်လို့  ကြီးမေတို့  အိမ်ကိုသာ အဲဒီလို မီးလာရို့ ရင် ဒီမြို့ ဟာလဲ ပြာကျပြီပေါ့- ကုလားတွေက ကြီးမေတို့ အိမ်ကိုတော့ အဲဒီလို မလုပ်ရဲဘူးကွဲ့  - မြေးလေးရယ်”

မြသန္တာနှင့် လဲ့ လဲ့ သက်တို့ ကို အားတက်စေအောင် ပြောသာပြောရသည် ။ ကျမလည်း အားမရှိလှပါ ။ အဘယ့်ကြောင့်ဆိုသော် ကုလားတွေက လူသားစား ဘီလူးသဖက်လို အသွင်အပြင်က ကြောက်မက်စရာ ကောင်းနေသည်ကို နေ့ စဉ်ရက်ဆက် မျက်ဝါးထင်ထင် မြင်နေရသည်ပဲ။

----------- -------- ----------- -----------

လွန်ခဲ့ သော အပါတ်က ကျမတို့ မိသားစု ၏ တိုက်မှာ မောင်တောမြို့ နယ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်းသင်္ဃာတော်မြတ်များကို ဆွမ်းကျွေးအမျှဝေ အလှူအဒန်း ပြုလုပ်ခဲ့ သည် ။ ကွယ်လွန်သူမိဖနှစ်ပါးအား ရည်စူးပြီး ကောင်းမှုကုသိုလ်ပြုရာ တနယ်လုံးမှာ ရှိသော ဆွေမျိုး မိသင်္ဂများအပြင် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကယုချောင်း ၊ မြစ်နားရွာတို့ က ဆွေမျိုးများပါ လာကြသည် ။

ကျမ၏ မိဖတို့ မှာ ဤသို့အလှူအဒန်းများကို နှစ်စဉ် ပြုလုပ်နေကြဖြစ်သည် ။ လဲ့ လဲ့ သက်က နိုင်ငံခြားက လူတွေ လာသည်ဆိုတော့ ကောင်မလေးခမြာ ပျော်လိုက်သည်မှာ တော်တော် ရီစရာကောင်းသည် ။ သူက နိုင်ငံခြားက လူတွေဆိုတော့ ကုတ်နဲ့  တိုင်နဲ့  လာမည် ထင်ထားသည် ။ ခုတော့ ရခိုင်လုံချီတွေဝတ်ပြီး လာကြသည်ကိုမြင်တော့ ကောင်မလေးမှာ ရီလဲ ရီချင်စရာဖြစ်ပေလိ့မ့်မည် ။

ကုလားတွေ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မောင်တောတမြို့ လုံး ညမထွက်ရအမိန့် ထုတ်ထားသည် ။ ကျမတို့ မှာ သတင်းအချက်အလက်များကို လာသမျှ လူများထံမှာ နားထောင်ရသည် ။ စစ်တွေမြို့သို့  ပြန်သွား၍လည်း မရသေး ။ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့ အစည်းများနှင့် ကျမတို့ က မြို့ မိမြို့ ဖအနေနှင့် ပြောကြ ဆိုကြရပြီ ။

“ကျမကတော့ ဆရာတော် ဦးပညာသာရကို အခုလို သတ်ဖြတ်ပစ်လိုက်တာကို ဘယ်လို စိတ်ထဲ ကြေနပ်နိုင်မှာလဲ ရှင် - ဆရာတော်က ကျမတို့ အိမ်မှာ နေ့ ဆွမ်းအတွက်လာယူတာရှင့် - အခုလို နေ့ ဆွမ်းလှူဒန်းနေတာကလဲ နှစ်ပေါင်း -၂၀- နီးပါး ရှိပြီ- ကျမတို့ ရဲ့  ဆရာတော်ဟာ ဟိုတနေ့ ကဘဲ ကျမတို့ ရဲ့  မိဖကို ရည်စူးပြီး ပြုလုပ်တဲ့  အလှူကိုလဲ ကြွခဲ့ ပါသေးတယ်ရှင်။”

ကျမကို အင်တာဗျူး ပြုလုပ်နေသော သတင်းထောက်လေးတဦးကို ကျမက ပြောပြနေခြင်းဖြစ်သည်။ ပြီးတော့ ကျမ အသည်းနာဆုံးက ကျမ၏ တူတော်သူ အောင်ချမ်းသာကို တပည့်ဖြစ်သူ ကုလားလေးတွေက အသေသတ်လိုက်ခြင်းဖြစ်သည် ။

သရေကုန်ဘောင်ကျေးရွာမှ ကျောင်းဆရာလုပ်နေသော အောင်ချမ်းသာမှာ ကျမ၏ အဒေါ်ဖြစ်သူ၏ မြေးဖြစ်သည် ။ ဘွဲ့ ရ ကျောင်းဆရာတဦးဖြစ်ပြီး မြို့ ပေါ်တွင် မနေဘဲ ကျေးလက်တောရွာမှာသာ ကျောင်းဆရာဘ၀ဖြင့် အသက်မွေးကျောင်းနေသူဖြစ်သည် ။ သူလည်း ကျမတို့ ၏ အလှူပွဲကို လာခဲ့ သူဖြစ်သည် ။ ခုတော့ ကျမ၏ ဆွေမျိုးတွေ -ဆရာတော်တွေတို့ မှာ ကျမကို မျက်နှာပြ လာခဲ့ ကြသလို ကုလားတွေသတ်၍ အသေဆိုးနဲ့  သေဆုံးခဲ့ ကြလေပြီ ။

ကုလသမ္မဂမှ လူ့ အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနား လာသောအခါ သူက ကျမတို့ ၏ ရခိုင်လူမျိုးတွေကို လူသတ်သမားလိုလို အကြမ်းဖက်သမားလိုလို ပြောလာနေတော့ ကျမနှင့် ထိပ်တိုက်တွေ့ သည် ။ ကျမဖြေရှင်းလိုက်သော စကားကို သူကြားရတော့သည် ။ သူ့ အနေဖြင့် ယုံကြည်သည် မယုံကြည်သည်ဆိုသည်မှာ အကြောင်းမဟုတ် ။ ခုတော့ ကျမ၏ တူတော်သူ အောင်ချမ်းသာနှင့် ဆရာတော် ဦးပညာသာရတို့ အတွက် ကျမမျက်ရည်ကို အလဟသ အဖြစ်မခံနိုင်

နောက်တရက်မှာ စစ်တွေမြို့ သို့  လာခဲ့ ကြသည် ။ လဲ့ လဲ့ သက်ရော မြသန္တာရော ယခုအဖြစ်အပျက်ကို ဘယ်တော့မှ မမေ့နိုင်တော့ဟု ပြောရှာကြသည် ။ စစ်တွေမြို့ မှာ ကျမအလှူပြုလုပ်ခဲ့ သော ဘုန်းတော်ကြီးကျောင်းများတွင် ဒုက္ခသည်များစွာမြင်ရသည် ။ ယင်းအကြားမှာ လွန်ခဲ့ သော ကျမတို့ မိသားစုအလှူတွင် အကူအညီပေးခဲ့ ကြသော မင်းဂံရပ်ကွက်မှ မောင်လှဋ္ဌေးတို့ ကို ကြည့်မိသည် ။ မတွေ့  ။ မေးကြည့်တော့ ကုလားတွေ သတ်၍ သေဆုံးသွားပြီဟု ပြောကြသည် ။

“အဲဒီတုံးက ကြီးမေရဲ့  အလှူမှာ အကူအညီပေးခဲ့ ကြတဲ့  လူငါးဦးစလုံးဟာ သေဆုံးသွားကြရတယ် ကြီးမေ - ဒါ့ကြောင့် ကြီးမေ သူတို့ ကို မတွေ့ တာပေါ့ဗျာ “

“ဘာပြောတယ် - သူတို့ ငါးဦးစလုံး သေဆုံးသွားရတယ် -”

“ဟုတ်တာပေါ့ ကြီးမေရယ် - သူတို့ တွေလဲ သေဆုံးသွားသလို ကျနော့်ကိုလဲ သေဆုံးပြီထင်ပြီး ထားခဲ့ ကြတာ ကြီးမေရဲ့ - ဟောဒီမှာ ကြည့်ပါလား”

လူငယ်လေးက အင်္ကျီချွတ်၍ ပြသည် ။ မကြည့်ရက်စရာ ။ ကြောပြင်မှာ ဒါးဒဏ်ရာ အစင်းလိုက်ကြီးနှင့် ၊ မြင်ရသည်မှာ ကြက်သီးထစရာဖြစ်သွားသည် ။ မိန်းခလေး တဦးက အနားသို့  ကြောက်ကြောက်ရွံ့ ရွံ့ ကပ်လာသည် ။ မျက်နာပြင်မှာ မည်သည့်အလှဆီမှ လိမ်းချယ် မထား ။ နွမ်းနယ်နေသော မျက်လုံးဖြင့် ကျမကို တချက်ကြည့်သည် ။ မြသန္တာတို့  လဲ့ လဲ့ သက်တို့ နှင့် အသက်အရွယ် မတိမ်းမစောင်း ။

သို့ သော် သူ့ မျက်နာပြင်ကား ကြောက်ရွံ့စရာတို့ နှင့် အတိရှိနေသောကြောင့် အပျိုပေါက်လေးတဦး၏ အလှများ ရှာမတွေ့  ။

“ကြီးမေ - သမီးတို့ ဟာ ဒီအချိန်မှာ ကိုယ့်အသက်ကို ကိုယ် လုနေရတဲ့ အချိန်ပါ ကြီးမေရယ်- မျက်နှာမှာ သနပ်ခါး လိမ်းဖို့ အချိန် မရသလို မိပ်ကပ်လဲ လိမ်းဖို့ အချိန်မရ ပါ ။ အကိုတွေက နိုင်ငံခြားသွားပြီး အလုပ်တွေ သွားလုပ်နေကြတော့ သမီးတို့ မှာ မိဖအိုတို့ ကို စောင့်ရှေက် ကာကွယ်နေကြရပါတယ် - သမီးတို့ သေဆုံးမှ အဖေတို့ အမေတို့  သေကြရပါလိမ့်မယ် ကြီးမေ- အခုတော့ သမီးတို့ က အရွယ်နဲ့ မလိုက်အောင် မိန်းမကြမ်းတွေ ဖြစ်ချင်ဖြစ်ပါလိမ့်မယ် - ဒါပေမဲ့  သမီးတို့  သေမှ ဒီမြို့  ဒီရွာ မီးရို့ ခံရ ပျက်စီးရမှာပါ ကြီးမေရယ် - သမီးတို့ မှာ သတ္တိ တွေ ရှိပါတယ် - အခုလို ကြီးမေတို့ လို အားပေးလာတဲ့  လူတွေ ရှိနေလို့ ကတော့ သမီးတို့  သေပျော်တာပေါ့ ကြီးမေရယ်”

-----

ခိုင်အောင်ကျော် ( နယူးယောက် )

ဤအဖြစ်အပျက်ကို ဆက်၍ ရေးနိုင်စွမ်း မရှိတော့ပါ- မျက်ရည်ကျ၍ ငိုမိသောကြောင့် ဤမျှသာ ရေးသားတင်ပြလိုက်ရပါသည် ။
CTRL + Q to Enable/Disable GoPhoto.it

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...