Thursday, October 18, 2012

မြန်မာကားများကြည့်ပြီး ရရှိလာသော ဗဟုသုတ(၁၀၀)


Myanmar Volunteer's status.

:) LOL :) LOL :)
၁။ မြန်မာလူမျိုးများသည် ခဏခဏ အတိတ်ကို ပြန်သတိရလေ့ရှိသူများဖြစ်ကြပြီး များသောအားဖြင့် အတိတ်ကို အဖြူအမည်းဖြင့်သာသတိရလေ့ရှိသည်။

၂။ သီချင်းနားထောင်လေ့ရှိသူများဖြစ်ပြီး သီချင်းနားထောင်နေရင်း အတိတ်ကြောင်းများ ပြန်တွေးလေ့ရှိသူများဖြစ်ကြသည်။

၃။ စားသောက်ဆိုင်တွင် စကားစမြည်ပြောမည်ဆိုပါက အစားလုံးဝမစားရ။ (သိပ်စားချင်လျှင် အရည်တခုခု (သို့)အနည်းငယ်မျှစားခွင့်ရှိသည်။)

၎။ မိန်းကလေးများ ကားပျက်လျှင် အနီးအနားတွင် ကူညီပေးချင်သော ယောက်ျားလေးများ အများအပြားရှိသည်။

၅။ ထိုယောက်ျားလေးများအားလုံးသည် ကားပြင်တတ်သူများသာဖြစ်ကြသည်။

၆။ ထိုမိန်းကလေးသည် HandPhone ရှိသောလည်း များသောအားဖြင့် လမ်းသွားလမ်းလာများကိုသာ အကူအညီတောင်းလေ့ရှိသည်။

၇။ Professional Graphic Designer တယောက်သည် Laptop ဖြင့် Touchpad ကို သုံးပြီး အံသြလောက်ဖွယ်ကောင်းသော ဒီဇိုင်းများကို Microsoft Paint ဖြင့် ဖန်တီးလေ့ရှိသည်။

၈။ Instant Messenger / Chat Client ဆိုသည်မှာ Pagemaker / MS Word ကို ဆိုလိုခြင်းဖြစ်သည်။

၉။ Computer ပညာရှင်များသည် စာရွက်များဖြင့်သာ အလုပ်ရှုပ်နေတတ်ကြပြီး ကွန်ပျူတာသုံးလေ့မရှိကြ။

၁၀။ သူခိုးများသည် အသံမကြားအောင် ခြေဖျားထောက်ပြီး လမ်းလျှောက်လေ့ရှိသည်။

၁၁။ ဆင်းရဲသားများ ရန်အလွန်ဖြစ်ကြသည်။

၁၂။ ရုပ်ဆိုးသူများ လူဆိုး၊လူမိုက်များဖြစ်ကြသည်။

၁၃။ လူမိုက်များသည် ဘောင်းဘီသာ ဝတ်ကြပြီး ပုဆိုးဝတ်လေ့မရှိကြ။

၁၄။ လူဆိုးများသည် ခြံကျယ်ကြီးများ၊ တိုက်ပျက်ကြီးများတွင် စခန်းချလေ့ရှိသည်။

၁၅။ လူဆိုးခေါင်းဆောင်အများစုသည် ကုတ်အင်္ကျီ (သို့) Leather Jacket ဝတ်လေ့ရှိပြီး တခါတရံ ဦးထုပ်ဆောင်းတတ်ကြသည်။

၁၆။ ထောင်မှထွက်လာသူများသည် ကောင်မွန်စွာလုပ်ကိုင်စားလေ့မရှိဘဲ လူဆိုးများဖြင့်သာ ပြန်လည်ပေါင်းသင်းပြီး ဆက်လက်ဆိုးသွမ်းကြသည်။

၁၇။ Snooker ကစားသူ အများစုသည် အကျင့်ပျက် လူပွေများသာဖြစ်လေ့ရှိသည်။

၁၈။ မြန်မာလူမျိုးများသည် ရေကူးကန်နားသို့ ရောက်လျှင် မည်သူ့ကိုမဆို ရေထဲသို့တွန်းချလေ့ရှိသည်။

၁၉။ စီးပွါးရေးသမားအများစုသည် အနောက်တိုင်းဝတ်စုံကို ဝတ်စုံပြည့်ဝတ်ဆင်သွားလာလေ့ရှိသည်။

၂၀။ ထိုလူအများစုသည် အနက်ရောင် လက်ဆွဲသေတ္တာများကိုင်ဆောင် လေ့ရှိကြသည်။

၂၁။ ဖန်ခွက်ကျကွဲလျှင် ထိုသူနှင့်ပါတ်သက်သူ တစုံတယောက်မှာ သေဘေး (သို့) အန္တရာယ်နှင့် ကြုံနေသည်မှာ အသေအချာပင်။

၂၂။ သေခါနီးလူမမာများသည် စကားအလွန်များသောသူများဖြစ်ကြသည်။

၂၃။ သူတို့စကားပြောလို့ မပြီးမချင်း သေလေ့မရှိ။

၂၄။ ကျေးရွာတိုင်းတွင် ထန်းတောရှိတတ်ပြီး၊ အဆိုပါထန်းတောတွင် အချိန်ပြည့် မူးရူးနေသူများဖြင့် ပြည့်နေသောထန်းရည်ဆိုင်ရှိသည်။

၂၅။ တက္ကသိုလ်ကျောင်းဆိုသည်မှာ Myanmar Info Tech (ICT Park) နှင့် အင်းလျားကန်ဘောင်ကို ဆိုလိုခြင်းဖြစ်သည်။

၂၆။ တက္ကသိုလ် ကျောင်းသားဘဝသည် ကင်တင်းတွင် တနေကုန်ထိုင်ပြီး ရီစရာပာာသများပြောကာ ကောင်မလေးများကို ထိုင်ငမ်းနေသော နေ့ရက်များဖြစ်သည်။

၂၇။ စာသင်ခန်းထဲတွင် စိတ်ကြိုက်စကားပြောခွင့်ရှိသည်။

၂၈။ ကျောင်းသူ မိန်းကလေးအများစုသည် အသံစွာကျယ်စွာကျယ် စကားပြောလေ့ရှိပြီး၊ ကင်တင်တွင် ပီားပီားပာားပာားလုပ်လေ့ရှိသူများဖြစ်ကြသည်။

၂၉။ ထိုမိန်းကလေးများသည် ဆိုင်ထဲသို့ ယောက်ျားလေးတစ်ယောက်လာလျှင် ဝိုင်းစတတ်သည်။

၃၀။ အစခံရသော ယောက်ျားလေးတိုင်း ရှက်ပြီး အမှားမှား အယွင်းယွင်း များလုပ်လေ့ရှိသည်။

၃၁။ အသက်မည်မျှပင်ကြီးစေကာမူ အထက်တန်းကျောင်း တက်လေ့ရှိကြသည်။

၃၂။ လူငယ် ယောက်ျားလေး မိန်းကလေးများသည် ၃ယောက်၎ယောက် အဖွဲ.လိုက်သာ ပေါင်းသင်းလေ့ရှိကြသည်။ တယောက်တည်း နေလေ့သိပ်မရှိ။

၃၃။ ယောက်ျားလေးအဖွဲ.မှ တယောက်ယောက်နှင့် မိန်းကလေးအဖွဲ.မှ တယောက်ယောက် ချစ်သူရည်းစားဖြစ်သွားလျှင် ယောက်ျားလေးများသည် ထိုမိန်းကလေးအဖွဲ.မှ အခြားသော မိန်းကလေးများနှင့်ရည်းစားဖြစ်သွားလေ့ရှိသည်။

၃၄။ သမီးရည်းစားများသည် သီချင်းဖွင့်ထားသော ပန်းခြံထဲတွင် ပြေးလွားနေကြလေ့ရှိသည်။

၃၅။ မိန်းကလေးများ အော့အန်ပါက ကိုယ်ဝန်ရှိနေပြီဖြစ်သည်။

၃၆။ ကိုယ်ဝန်ရှိသောမိန်းကလေး ချော်လဲလျှင် ကိုယ်ဝန်ပျက်ကျဖို. ၉၀% သေချာသည်။

၃၇။ မွေးလာသော ကလေးမှာ ယောက်ျားလေးဖြစ်လျှင် လင်ယောက်ျားမှာ အလွန်ပျော်ရွင်လေ့ရှိသည်။

၃၈။ မြန်မာမိန်းကလေးများသည် စိတ်ဆိုးလျှင် ပါးရိုက်လေ့ရှိကြသည်။

၃၉။ အသည်းကွဲသူများသည် အလွမ်းသီချင်းများ နားထောင်ပြီး ငိုကြွေးလေ့ရှိကြသည်။

၄၀။ မိန်းကလေးတစ်ယောက်နှင့် ရန်ဖြစ်ပါက အဆိုပါမိန်းကလေး နှင့် ရည်းစားဖြစ်တတ်သည်။

၄၁။ မိန်းကလေးတစ်ယောက်သည် ယောက်ျားလေးတစ်ယောက်အား မကျေနပ်၍ လက်စားခြေလိုလျှင်

သမီးရည်းစားအဖြစ်တွဲလေ့ရှိသည်။

၄၂။ အရက်မူးလာရင် အာလေးလျှာလေးဖြင့် စကားပြောတတ်ပြီး .. ပြောသမျှစကားအများစုမှာ ရန်စကားများသာဖြစ်ကြသည်။

၄၃။ အရက်ဆိုင်အတွင်းရန်ဖြစ်လျှင် များသောအားဖြင့် ရဲလာဖမ်းလေ့မရှိ။

၄၄။ မူးရူးပြီးအိမ်ပြန်လာလျှင် အိမ်ရှင်ကောင်အလေးများအား မတရာပြုကျင့်တတ်ကြသည်။ ထိုအချိန်တွင် စားပွဲပေါ်မှ ပန်းအိုးလဲသွားခြင်း၊ ကျကွဲခြင်း၊ ပန်းပွင့်ကြွေခြင်းများဖြစ်တတ်သည်။

၄၅။ အခန်းတစ်ခန်းအတွင်းမှ ထွက်လာပြီး ပုဆိုးပြင်ဝတ်လျှင် မုဒိန်းကောင်ဖြစ်သည်။ (မူးနေသူဖြစ်ပြီး မျက်နှာတွင် အဆီပြန်နေပါက ၁၀၀% သေချာသည်။)

၄၆။ မတရားပြုကျင့်ခံရသူတိုင်း ကိုယ်ဝန်ရှိလာကြသည်။

၄၇။ သူတို.သည် အများအားဖြင့် တရားစွဲလေ့မရှိကြ။

၄၈။ ကိုယ်ဝန်ဖျက်ချလေ့လဲမရှိသည့်အပြင် ကလေးကို တောရွာတခုခုသို.သွားပြီး ခက်ခဲဆင်းရဲစွာ မွေးလေ့ရှိသည်။

၄၉။ အိမ်များတွင် ချောမောလှပသော အိမ်ဖေါ်ကောင်မလေးများရှိတတ်သည်။

၅၀။ ထိုအိမ်ဖေါ်ကောင်မလေးများသည် အိမ်ရှင်၏ သားများနှင့် ငြိစွန်းသွားတတ်ကြသည်။

၅၁။ ရုပ်ဆိုးသောအိမ်ဖေါ်အား မည်သူမျှ မတရားပြုကျင့်ခြင်းမရှိ။

၅၂။ ခေတ်လူငယ် အများစုသည် Shopping Mall များ Snack Shop များတွင် တချိန်လုံး အချိန်ဖြုန်းနေတတ်ကြသည်။

၅၃။ အဆိုပါ ဆိုင်များတွင် တွေ.သမျှ ကောင်မလေးများအား မျက်စပစ်ပြခြင်း စသည် စသည်များစိတ်ကြိုက်လုပ်ခွင့်ရှိသည်။

၅၄။ မိန်းကလေး အဖွဲ.လိုက် ခရီးထွက်ပါက ယောက်ျားလေးအဖွဲ.တဖွဲ.နှင့် လမ်းခရီးမှာ ကြုံတွေ.လေ့ရှိပြီး ချစ်သူရည်းစားဖြစ်သွားလေ့ရှိသည်။

၅၅။ ယောက်ျားလေးမိန်းကလေးအဖွဲ.များတွင် အချောဆုံးတယောက်မှ လွဲပြီး ကျန်သော သူငယ်ချင်းများမှာ တချိန်လုံးပာာသလုပ်ပြီး ရီစရာများပြောနေတတ်ကြသည်။

၅၆။ ခေတ်လူငယ်အများစုမှာ မိဘ တစ်ဦး (သို.) နှစ်ဦးစလုံး မရှိတတ်ကြ။ ဦးလေး ဒေါ်များ သူငယ်ချင်းများဖြင့်သာ နေလေ့ရှိကြသည်။

၅၇။ စတိုးဆိုင်ရှိ အရောင်းစာရေးမများအား စိတ်ကြိုက် ရည်းစား စကားပြောခွင့်ရှိသည်။

၅၈။ (အရောင်းတာဝန်ခံ/မန်နေဂျာ/ Security) မည်သူကမျှ မတားဆီးကြ၊ အနှောင့်အယှက်ပေးလေ့ မရှိကြ။

၅၉။ မည်သူမဆို တက်ဆီငှါးစီးလျှင် မည်သည့်အခါမှ ဈေးမဆစ်ကြ။

၆၀။ အသက် ၄၀ ကျောက် မိန်မကြီး ၉၀% ခန်.မှာ အတင်းပြောတတ်သူများသာဖြစ်ကြသည်။

၆၁။ ရှုပ်ပွေသော မိန်းမများသည် အချိန်ပြည့် ဖဲရိုက်နေလေ့ရှိသည်။

၆၂။ အိမ်တစ်အိမ်တွင် အဖိုး၊အဖွားများသည် သြဇာအရှိဆုံးလူများ ဖြစ်ကြသည်။

၆၃။ ညအချိန်မတော် လမ်းမပေါ်တွင် သီချင်းအကျယ်ကြီးဆိုပြီး ဂစ်တာတီးနေသူများကို တရပ်ကွက်လုံးက သည်းညည်းခံကြသည်။

၆၄။ ဂစ်တာတလုံးထဲဖြင့် Drum/Keyboard အသံများထွက်အောင် တီးတတ်ကြသည်။

၆၅။ ကောင်မလေးများသည် အဖေါ်မပါဘဲ ညအချိန်မတော် လူပြတ်သော လမ်းများတွင် သွားလာလေံရှိသည်။

၆၆။ ထိုလမ်းများတွင် အဖေါ်မပါသော ကောင်မလေးအား ဆွဲလားရမ်းလားလုပ်ဖို. အရက်မူးနေသော လူရမ်းကားများ လူဆိုးများ စောင့်နေတတ်သည်။

၆၇။ ထိုမိန်းကလေးများသည် အများအားဖြင့် အော်ပာစ်အကူအညီတောင်းလေ့မရှိကြ။

၆၈။ ယောက်ျားလေးများသည် တစ်ယောက်တည်းပင်ဖြစ်စေကာမူ ၂ယောက်၃ယောက်မာသော လူဆိုး/လူမိုက်များနှင့်ရန်ဖြစ်လေ့ရှိသည်။ရန်ဖြစ်သည့်အခါများတွင် တိုက်ဆိုင်စွာ ဘောင်းဘီရှည်သာ ဝတ်ထားလေ့ရှိသည်။

၆၉။ ရန်ဖြစ်သည့်အချိန်တွင် လဲကျသွားပါက ရှုံးပြီဖြစ်သည်။

၇၀။ အလွန်ချောမောလှပသော ကောင်မလေးများတွင် ခပ်ပေါပေါ ခပ်ချာချာ အကိုတစ်ယောက် ရှိနေတတ်သည်။

၇၁။ ထိုမိန်းကလေး၏ အဖေသည် သူ၏သားမက်လောင်းအား မည်သည့်အခါမျှ မျက်နှာကျောမတည့်။

၇၂။ နယ်မှ တယောက်တည်းလာနေသော မိန်းမလေးများသည် သန်းချီပေးရသော အခန်းများ ငှါးနေတတ်ကြပြီး ဘတ်စ်ကားဖြင့်သွားလေ့ရှိသည်။

၇၃။ဆင်းရဲသား အလုပ်သမားများသည် စုတ်ချာသော(တခါတရံ) စုတ်ပြဲနေသော အ၀တ်အစားများကို သာ ၀တ်ဆင်လေ့ရှိကြသည်။

၇၄။ ချမ်းသာသူတို.၏ သားသမီးများသည် ဘွဲ.ရပြီးသည်အထိ အလုပ် လုပ်လေ့မရှိကြ။

၇၅။ အသည်းကွဲသူများသည် မီးရထားလမ်းဘေးတွင် လမ်းလျှောက်နေလေ့ရှိသည်။

၇၆။ ပိုက်ဆံချမ်းသာသော လုပ်ငန်းရှင်သူဌေးများသည် ဆင်းရဲပြီးချောမောလှပသော ကောင်မလေးအား

လက်ထပ်ခွင့်ရရန် ယောက်ခမလောင်းများအားငွေဖြင့် သိမ်းသွင်းတတ်သည်။

၇၇။ အဖြူရောင်ကုတ်အင်္ကျီရှည်ဝတ်ထားပြီး နားကျပ်လည်ပင်းတပ်ထားသူတိုင်း ဆရာဝန်များဖြစ်ကြ သည်။

(သို.) ဆရာဝန်တိုင်းဂျူတီကုတ်ဝတ်ပြီး နားကျပ်လည်ပင်းဆွဲထားတတ်ကြသည်။

၇၈။ ခွဲစိတ်ကုသမှုမအောင်မြင်လျှင် ခွဲစတ်ဆရာဝန်ကြီးသည် ခွဲခန်းအတွင်းမှ ခေါင်းယမ်း၍ (သို.) မျက်နှာပျက်၍ ထွက်လာတတ်သည်။

၇၉။ မင်းသား (သို.) မင်းသမီး၏ အမေများတွင် နှလုံးရောဂါ (သို.) သွေးတိုးရောဂါများရှိတတ်သည်။

၈၀။ တယ်လီဖုန်းမှ သတင်းဆိုးကြားရလျှင် တယ်လီဖုန်းပြောနေရင်းမှ မူးမေ့လဲသွားတတ်သည်။

၈၁။ အလွန်တော်သောမိန်းမများသည် အသုံးမကျသော (သို.) အလွန်မာနကြီးသော ယောက်ျားများကို ကြိုက်နှစ်သက်ကြသည်။

၈၂။ အလွန်ထက်မြက်သော မိန်းမများ၏ အိမ်ထောင်ရေးသည် အဆင်မပြေ။

၈၃။ လူငယ်များ၏ နာမည်အများစုမှာ ခေါ်ရခက်သော တောက်ညင်ကတ်ဖွယ်နာမည်များ ဖြစ်လေ့ရှိသည်။

၈၄။ တခါတရံ မည်သို.မျှ တွေးတောယူဖွယ်မရလောက်သော နာမည်မျိုးရှိသည်။

၈၅။ ထိုတောက်ညင်ကတ်ဖွယ်နာမည်ဆိုးကို မည်သူကမျှ စခြင်းနောက်ခြင်း ပြောင်လှောင်ခြင်းမပြုကြ။

၈၆။ ယောက်ျားနောက် ခိုးရာလိုက်ပြေးသွားသော မိန်းကလေးများသည် မိဘများအား ခိုးရာလိုက်သွားပြီးဖြစ်ကြောင်း... လိုက်မရှာရန် နှင့်ခွင့်လွတ်စေချင်ကြောင်း.. အစရှိသဖြင့် စာရေးထားတတ်ကြပြီး....အိပ်ယာပေါ် (သို.) အိပ်ယာဘေးက စားပွဲပေါ်တင်တားလေ့ရှိကြသည်။

၈၇။ ထိုစာအများစုတွင် သမီးမိုက်ဆိုသော စာသား ပါလေ့ရှိသည်။

၈၈။ ယောက်ျားလေးအများစုကတော့ မိဘကို မိန်မခိုးမည့်ကိစ္စ နှင့် ပါတ်သက်ပြီး လုံးဝ အသိပေးလေ့မရှိ။

၈၉။ နှဲသံကြားပါက (နာတာရှည်) မမာမကျန်းဖြစ်နေသူများ သေတတ်သည်။

၉၀။ အိမ်ဖေါ်မိန်းမများ၊ ခြံစောင့်များသည် အိမ်ရှင်၏ သမီးများအား မမလေး ပာုသာ ခေါ်လေ့ရှိသည်။

၉၁။ ယောက်ျားလေးများ၏အခန်းသည် လူမနေသည့်အခန်းကဲ့သို. အစဉ်အမြဲရှင်းလင်းနေတတ်ပြီး သန်.ရှင်းနေလေ့ရှိသည်။

၉၂။ အခုနောက်ပိုင်းတွင် ပေါ့ပေါ့ပါးပါးစကားများကိုပင် လေးနက်အောင် တမင်ကြိုးစားဖျစ်ညှစ်ပြော တတ်သော အကျင့်ရှိလာကြသည်။

၉၃။ လူကြားထဲတွင် အိန်ဒယေပျက်လောက်အောင် တကိုယ်လုံးနှင့် လက်များရမ်းခါလှုပ်ပြီးစကားပြောတတ်သူများကို... မထူးခြားသယောင် ဆက်ဆံပြောဆိုတတ်ကြသည်။

၉၄။ လူငယ်များသည် ပူအိုက်သောရာသီမှာပင် နွေးထည်များဝတ်ဆင်ကြလေ့ရှိသည်။

၉၅။ ကျောင်းသားကျောင်းသူ အများစုမှာ စာကြိုးစားသည်ကို မတွေ.ရ။

၉၆။ ဖယောင်တိုင်များထွန်းထားလျှင် အလွန်ပင်ရိုမန်တစ်ဖြစ်သည်။

၉၇။ သင်္ကြန်လည်ရာတွင် မည်သူမျှ အရက်မသောက်ကြ။

၉၈။ နိုင်ငံခြားသွားပြီး ပညာသင်လာပါက မြန်မာပြည်တွင် အလွန်အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် (သို.) ပညာရှင်အဖြစ်ရပ်တည်နိုင်သည်။

၉၉။ ယောက်ျားဖြစ်ပြီး နှုတ်ခမ်းမွေးမရှိရင် အတုတပ်ထားတတ်ကြသည်။

၁၀၀။ မြန်မာလူမျိုးများသည် မည်မျှပင် ဒေါသထွက်စေကာမူ ဆဲဆိုခြင်းမပြုကြ။

  2 comments:

  1. ကောင်းလိုက်တာ တစ်ခါ လာ မဲပြာပုဆိုး တစ်ခါလာ မဲပြာပုဆိုး ချည်းပဲ မြန်မာဒါရိုက်တာ များ ဒါရိုက်တာ သင်တန်းတက်လျှင် ..

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...