Sunday, October 14, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၁၀)

သစ်ထူးလွင်



Posted: 14 Oct 2012 07:12 AM PDT
ဧရာဝတီ တိုင်းဒေသကြီး သာပေါင်း မြို့နယ် ကျိန္တလီ သစ်တော ကြိုးဝိုင်း အတွင်းရှိ ဝါးခုတ် စခန်း၌ အောက်တိုဘာ ၁ဝ ရက် နံနက်ပိုင်းက တောဆင်ရိုင်း တစ်ကောင်သည် တဲအတွင်း၌ အိပ်နေသူ တစ်ဦး အား နင်းသတ် ခဲ့ခြင်းကြောင့် လူသေဆုံးမှု တစ်ခု ဖြစ်ပွားကြောင်း သိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Oct 2012 06:56 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် နယ်စပ် ဖြတ်ကျော် လမ်းများမှ တရားမဝင် ခိုးဝင် လာသော ဘင်္ဂါလီ လူမျိုး(၁၆)ဦးအား အောက်တိုဘာလ (၁၄) ရက်နေ့တွင် ထပ်မံ ဖမ်းဆီး ရမိခဲ့ကြောင်း ကလေးမြို့နယ် ရဲစခန်းမှ အတည်ပြု ပြောကြားချက် အရ သိရသည်။ ၄င်းဘင်္ဂါလီများသည် ကလေး အနောက်မြောက် ဒေသ၊ မောက်လင်း အုပ်စုတွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သတင်း - ဓါတ်ပုံ - The Voice Weekly




Posted: 14 Oct 2012 06:31 AM PDT

ရန်ကုန်တိုင်း၊ ရဲတပ်ရင်းများ ကွပ်ကဲမှု အဖွဲ့ လက်အောက်ရှိ ရဲတပ်ရင်းများတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များအား အထက်ဖော်ပြပါ လက်ဝှေ့ပွဲ လက်မှတ်များအား တပ်ရင်းတစ်ခုလျှင် စောင်ရေ (၂၀၀)ကျော်ခန့် အတင်းအဓမ္မ ရောင်းချခိုင်းလျက် ရှိပါသည်။

ရဲတပ်ရင်းများတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များမှာ မိမိတို့လစာဖြင့် မနည်းစားလောက်အောင် ကြိုးစားရုန်းကန်နေရသဖြင့် အထက်လူကြီးများမှ အမိန့်ဖြင့် ရောင်းချခိုင်းသော လက်ဝှေ့ပွဲလက်မှတ်များကြောင့် စိတ်ဆင်းရဲလျက်ရှိပါသည်။

လက်ဝှေ့လက်မှတ်ဖိုး များအား လစာများမှ ဖြတ်တောက်ကာ ပေးနေရခြင်း ဖြစ်ပါသည်။ အထက်လူကြီးများသည် အောက်ခြေရဲတပ်ဖွဲ့ဝင်များအား အမိန့်အမျိုးမျိုးဖြင့် ညှင်းပန်းနှိပ်စက်လျက် ရှိကြောင်း ရဲတပ်ဖွဲ့ ဝင်တစ်ဦးမှ Myanmar News Now ကို ပြောပါသည်။

By Myanmar News Now

Posted: 14 Oct 2012 05:35 AM PDT
မန္တလေးတိုင်းဒေသကြီး၊ သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်က OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည်မဟုတ်ကြောင်း၊ ထိုအချက်ကို ၄င်းအာမခံကြောင်း၊ ထို့ကြောင့် OIC ရုံးမဖွင့်ရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် ယနေ့ ညနေ ၄ နာရီတွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်ဟောင်း၌ မန္တလေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအ၀င် သံဃာ့နာယက အဖွဲ့၊ ဆန္ဒဖော်ထုတ်မှုများကို ဦးဆောင်သော လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့တို့ကို လျှောက်ထားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Oct 2012 04:26 AM PDT
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ်  သင်းလုံးကျွတ် ပါတီ ညီလာခံအား  ၂၀၁၂ခုနှစ် အောက်တိုဘာလ  (၁၄)ရက်နေ့မှ (၁၇)ရက်နေ့အထိ  (၄)ရက်တိုင်တိုင် နေပြည်တော်   ဒက်္ခိဏသီရိမြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးချုပ်    တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိ ရသည်။ အဆိုပါ ညီလာခံမှာ ပါတီဒုတိယ ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ အဖွင့် အမှာစကား ပြောကြားရာတွင်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - The Hot News Weekly Journal




Posted: 14 Oct 2012 04:05 AM PDT
၁။  မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရေး ကိစ္စနှင့် စပ်လျဉ်း၍ ရဟန်းသံဃာများ အပါအဝင် ပြည်သူ အများက ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။

၂။ နိုင်ငံ အချင်းချင်း (သို့မဟုတ်) နိုင်ငံအများနှင့် ပူးပေါင်း ဆောင်ရွက်သည့် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Oct 2012 04:12 AM PDT
၁၃-၁၀-၂၀၁၂ ည ၁၀ နာရီခန့် တွင် ရမည်းသင်းမြို့ ဝါတိုးလယ်ရပ်နေ ဦးခင်မောင်အေး အသက်(၄၅)နှစ် နှင့် ဦးညိုစိမ့် အသက်(၃၄)နှစ်တို့ သည် အလုပ်ကိစ္စဖြင့် သိမ်ကုန်းကျေးရွာသို့ စည်ပင်သာယာလမ်း အတိုင်း ဆိုင်ကယ်ဖြင့် သွားရာ လုံခြုံရေး တာဝန်ကျ အရံမီးသတ် တပ်ဖွဲ့ ဝင် မွတ်စလင်များမှ စစ်ဆေးရန် အကြောင်းပြတားဆီးခဲ့ ကြောင်းသိရပါတယ်။

အဲဒီအချိန်မှာ ရမည်းသင်းမြို့ ပျဉ်တပ်ရပ်ကွက် နှင့် ဗမာ မွတ်စလင် ရပ်ကွက် ( ခ ) ( ဗ.မ.က )ရပ်ကွက် မှ မွတ်စလင်များ အဓိကရုဏ်း ဖြစ်ပွါးမှုကြောင့် အခြေအနေ တင်းမာ နေချိန်လည်း ဖြစ်ပွါး နေချိန် လည်း ဖြစ်ပါတယ်။

အဆိုပါ အရံမီးသတ်မှ မွတ်စလင်များ တားဆီးထားတဲ့ ဆိုင်ကယ်ကို အမှောင်တွင်းပုံးနေကြသော အပေါင်းပါမွတ်စလင်များမှ ဝိုင်းဝန်းထွက်ရိုက်ကြပြီး ဓါးများဖြင့် ထိုးခုတ်သတ်ကြသဖြင့် ဦးခင်မောင်အေး နှင့် ဦးညိုစိမ့် တို့ က အော်ဟစ်အကူညီ တောင်းရာ ပတ်ဝန်ကျင်ရှိ ဗမာများ   မှ အချိန်မှီသွားရောက် ကူညီခဲ့သဖြင့် အသက်ဘေးမှ လွတ်ခဲ့ပေမယ့် ရမည်းသင်း ဆေးရုံတွင် အရေးပေါ်လူနာများအဖြစ် ကုသလျှက်ရှိကြောင်း မျက်မြင်သက်သေတဦးက Myanmar News Now ကိုပြောပါတယ်။

မွတ်စလင်များ ဓါးဖြင့်ထိုးခုတ်ခံထားရသည့် လူနာများ၏ ဓါတ်ပုံများကြည့်ရှုလိုရန် ဒီနေရာကို နှိပ်ပါ 
မှတ်ချက်။ ။ နှလုံးရောဂါ အခံရှိသူများ မကြည့်သင့်ပါ

ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ၁၂နာရီမှာ မွတ်စလင်များ လက်ချက်ကြောင့် ဆေးရုံ တင်ထားရသော လူနာဦးညိုစိမ့်နှင့် ဦးခင်မောင်အေးတို့ အား ခရိုင်ရဲမှုးနှင့် အရာရှိ များက ဆေးရုံသို့ လာရောက် အားပေးပြီး လိုအပ်သည်များကို ကူညီပေးမည် ဖြစ်ကြောင်းနှင့် အခင်းဖြစ်ရာတွင် ပါဝင်ကြသူများကို ဖမ်းစီးထားပြီး ထိရောက်စွာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဟု ပြောကြားသွားပါတယ်။

ထိုလူနာများအားမြို့နယ် တာဝန်ရှိသူများမှ တစ်ဦးလျှင် ငါးသောင်းကျပ်စီ လာရောက်ကူညီ သွားကြောင်းလည်းသိရပါတယ်။  

ရမည်းသင်း မြို့ နယ် ရဲတပ်ဖွဲ့ အသိုင်းဝိုင်းမှ ပြောပြချက်အရ ဒီညမှာ အရင်ညများထက် လုံခြုံရေး အင်အားနှစ်ဆ တိုးပြီးချထားမည်ဟု သိရပါတယ်။

By Myanmar News Now

မွတ်စလင်များ ဓါးဖြင့်ထိုးခုတ်ခံထားရသည့် လူနာများ



Posted: 14 Oct 2012 01:41 AM PDT
ရမည်းသင်းမြို့တွင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး ကျင်းပသော ဖူဆယ် ဘောလုံးပြိုင်ပွဲကို အခြေပြုကာ ဗမာများနှင့် မွတ်ဆလင်များ ခိုက်ရန် ဖြစ်ပွားရာမှ အင်အားကြီးမားသော အဓိကရုဏ်း အသွင်အဖြစ် ပြောင်းသွားပါသည်။ ယမန်နေ့ 13-10-2012 ညနေ (၄)နာရီအချိန်ခန့်မှ စတင်ကာ အရန်မီးသတ် တပ်ဖွဲ့ဝင် မွတ်ဆလင်များမှ လုံခြုံရေး အကြောင်း ပြကာ ဗမာလူငယ် သုံးဦးအား ဓားဖြင့် ထိုးပြီး ၀ိုင်းဝန်းရိုက်နှက်ခဲ့ ကြပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ယနေ့ ရမည်းသင်း ဆေးရုံအနီး လုံခြုံရေး ကားတစီးချထားစဉ်



Posted: 14 Oct 2012 01:11 AM PDT
နေပြည်တော်၊ အောက်တိုဘာ၊ ၁၄

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသိန်းစိန် နိုင်ငံတော် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသဖြင့် ယင်းပါတီ၏ ပထမအကြိမ် ညီလာခံတွင် အဖွင့် မိန်ခွန်းကို ဒုတိယ ဥက္ကဌဖြစ်သူ သူရဦးရွှေမန်းက တက်ေ၇ာက် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ယင်းပါတီသည် ဥက္ကဌနေရာ လစ်လပ်နေသော မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ပါတီ
တစ်ခုအဖြစ် ရပ်တည်နေသော ပါတီတစ်ခု ဖြစ်ပြီး ယခုညီလာခံတွင် လစ်လပ်နေသော ဥက္ကဌနေရာကို ရွှေးချယ် တင်မြောက် သွားနိုင်ဖွယ်ရှိပြီး ယင်းဥက္ကဌနေရာကို ယနေ့ အဖွင့် မိန်ခွန်း တက်ရောက်ပြောကြားခဲ့သော ပါတီဒုတိယဥက္ကဌ သူရဦးရွှေမန်း (ပြည်သူ့လွတ်တော်ဥက္ကဌ၊) ဖြစ်လာ နိုင်ဖွယ်ရှိသည်ဟု သိရသည်။

စွမ်းရဲထွဋ် - Popular Myanmar News Journal


“ပြည်ထောင်စု ကြံ့ခိုင်ေ၇းနှင့် ဖွံ့ဖြိုးရေးပါတီ ပထမ အကြိမ်ပါတီ ညီလာခံသို့ နိုင်ငံတော် သမ္မတ တက်ရောက် အားပေး”နေပြည်တော်၊အောက်တိုဘာ၊ ၁၄ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် နေပြည်တော် ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး ပါတီရုံးချုပ်တွင် ကျင်းပပြု လုပ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ်ပါတီ ညီလာခံသို့ တက်ရောက် အားပေးခဲ့သည်။  ဓါတ်ပုံ - စွမ်းရဲထွဋ် - Popular Myanmar News Journal




Posted: 13 Oct 2012 06:51 PM PDT
မန္တလေးမြို့  ၈၄ လမ်း၊ ၄၂ လမ်းထောင့် ရှိ ပန်းတိုင် ဘော်ဒါဆောင်တွင် (၈)တန်းနှစ် မှ စတင်၍  ပညာသင်ကြားနေသော ဆယ်တန်းကျောင်းသား ကချင်ပြည်နယ်  တာမခံမြို့၊  နမ့်စပိန်းရွာနေ မောင်သန်းထိုက်အောင် သည် (၁၂.၁၀.၁၂) ည (၁၁)နာရီ ၀န်းကျင်တွင် အဆောင်နေ နှစ်ကျ ကျောင်းသား ဖြစ်သူ နမ့်တောရွာနေ၊ မောင်ဝင်းကိုကိုမှ မာကြောသော လက်နက်ဖြင့် ကိုယ်ထိလက်ရောက် ရိုက်လိုက်ရာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Oct 2012 02:43 PM PDT
ကညွတ်ကွင်းမြို့ မှာ တစ်လအတွင်း ဖောက်ထွင်းမှုကြီး (၁၃) မှု ဆက်တိုက် ဖြစ်သွားခဲ့ပြီး တရားခံမမိသေးဘူးလို့ သိရပါတယ်။ အောက်တိုဘာလ ၁၂၊ ၂၀၁၂  ရက်နေ့ ညကပဲ ကညွတ်ကွင်းမြို့ ဗိုလ်တဲရပ်ကွက်(ရဲစခန်းနဲ့ ကပ်လျက်)မှ အိမ်နှစ်အိမ် ဖောက်ထွင်း ခံရပြန်ပါတယ်။ တစ်အိမ်က ရွှေထည်များ ပါသွားပြီး နောက်တစ်အိမ်ကတော့ ငွေကျပ်(၃) သိန်းပါသွားခဲ့ပါတယ်။   ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Oct 2012 08:46 AM PDT
ယနေ့ 13.10.2012 ည 7 နာရီခန့် အချိန်တွင် ရမည်းသင်းမြို့ ပျဉ်တပ်ရပ်ကွက် နှင့် ဗမာ မွတ်စလင်ရပ်ကွက် ( ခ ) ( ဗ.မ.က )ရပ်ကွက် မှ မွတ်စလင်များက ပျဉ်တပ်ရပ်ကွက်ရှိ ( ရတနာ စာလွတ်ကျောင်း )မှ ဘုန်းကြီးအား ကျောင်းဝန်းအတွင်း ၀င်ရောက်ကာ ခဲများဖြင့် ပေါက်၊ ရိုက်နှက်သဖြင့် ဘုန်းကြီးဒဏ်ရာ ရရှိသွားပြီးနောက် အနီးရှိ( ရန်အောင်မင်း စာသင်တိုက် )နှင့်
မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများမှ ဘုန်းကြီးများ ရောက်ရှိလာကာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ







Posted: 13 Oct 2012 08:08 AM PDT
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ရာထူးရှိသူ ဦးမောင်မောင်မြင့် ဆိုသူသည် နောက်လိုက် အဖွဲ့သားများနှင့် ၄င်းမြို့နယ်ရှိ ရွာများဖြစ်ကြသော ပေပင်တန်းရွာ၊ ဗျက်ကြီး (ချောင်းနား)ရွာ၊ ရှားတေားကွင်းရွာ၊ ပျဉ်ထောင်ကွင်းရွာ၊ တူးမြောင်းရွာ အစရှိသော ရွာပေါင်း မြောက်မြား စွာသို့ လှည့်လည်၍ ၄င်းရွာများထဲ၌ တည်ဆောက်ထားသော အိမ်များ၊ နွားတင်းကုတ်များ၊ စပါးကျီများ၊ ဆန်စက် အသေးစားများမှ ကာလကြာမြင့်နေပြီဖြစ်သော  ကျွန်းတိုင် အချို့ ကို ဖမ်းဆီး၍ ရသည်ဟု အကြောင်းပြကာ ကျပ်ငါးသောင်း၊ ခြောက်သောင်း လှည့်လည် တောင်းခံနေ ကြောင်း ဒေသခံများကို Myanmar News Now ကိုပြောပြပါသည်။

၎င်းကျွန်းတိုင် များသည် ကာလသက်တမ်း နှစ် (၂ဝ)မှ (၃ဝ)ကျော်များ ဖြစ်ကြပါသည်။

ကျေးလက်နေ ပြည်သူများ၏ ကာလကြာမြင့်စွာ ဆောက်လုပ်ထားသော အဆောက်အဦးများမှ ကျွန်းတိုင်အခိျု့မှာ တောင်ပေါ် သစ်တောများမှ ခိုးယူခိုးထုတ် သယ်ဆောင်လာ၍မရပါ။ တောင်ပေါ် သစ်တောများမှ ကျွန်းများကို ကျေးလက်နေ ပြည်သူများမှ ခိုးထုတ်သယ်ဆောင်နိုင်မှုမှာ အိပ်မက်ပင် မမက် ရဲကြပါ။ သို့သော် ၄င်းတောအုပ်သည် ဘိုးစဉ်ဘောင်ဆက်က ကျွန်းကို မြင်တိုင်း ပိုက်ဆံတောင်းနေသည်မှာ ကျေးလက်နေ လူတန်းစား ပြည်သူများကို အနိုင်ကျင့်၍ လုပ်စားနေကြသဖြင့် သက်ဆိုင်ရာမှ အရေးယူပေးစေလိုကြောင်း ဒေသခံများက Myanmar News Now ကိုပြောပြပါသည်။




Posted: 13 Oct 2012 08:44 AM PDT
ဟင်္သာတမြို့နယ်၊ အမှတ်(၁)ရဲတပ်ဖွဲ့ စခန်းရှိ နယ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ဖြစ်သည့် နယ်ထိန်းဒုတပ်ကြပ် သန်းမျိုးဇော်ဦးပါ တပ်ဖွဲ့ဝင်(၃)ဦးသည်  4-10-2012 ရက်နေ့ည ၁၂နာရီကျော်ခန့်တွင် ဖမ်းဝရမ်းမပါ၊ သက်သေမပါ၊ အရပ်ဝတ်ဖြင့် သဲပုံဆိပ်ကမ်း (ရှုခင်းဧရာအနီး)သို့ ရောက်ရှိလာသော စက်လှေအား ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...