Friday, October 5, 2012

လျှာနဲ့ သွား


by Moenge Aung on Friday, October 5, 2012 at 2:07am ·

လျှာနဲ့သွားဟာ နီးစပ်တယ်။ ဒါပေမယ့် သဘာဝခြင်း မတူကြဘူး။ သွားကတော့ မာတောင့်ပြီး လျှာကတော့ ပျော့အိအိ။
သွားရဲ့ စရိုက်က ခက်ထန်ကြမ်းတမ်းကာ ကိုက်မယ်၊ ဝါးမယ်၊ ချေမယ် ကြေသွားအောင် လုပ်မယ်ပေါ့။ လျှာကတော့ အနုနည်းနဲ့ ပွတ်တယ် သပ်တယ် လွှဲတယ် ဖယ်တယ် ရှောင်တယ်ပေါ့။
တစ်ခါတစ်လေ သွားက လျှာကို ကိုက်လိုက်တာ လျှာက သွေးတောင်ထွက်သွားတယ်။
ဒါပေမယ့် နေ့စဉ် အချိန်နဲ့အမျှ လျှာက သွားကို အနုနည်းနဲ့ပဲ သုံးသပ်တယ်၊ ပွတ်တိုက်ပေးတယ် လျှက်ပေးတယ်။
 ဒီလိုနဲ့ ရက်တွေ လတွေ နှစ်တွေ ကြာလာတော့ နောက်ဆုံးမှာတော့ . . . လူ့ပါးစပ်ထဲမှာ သန်မာပြီး စရိုက်ကြမ်းတဲ့ သွားတွေဟာ ကျိုးပဲ့ပျက်စီးပြီး နောက်ဆုံး အကုန်လုံး ပြုတ်ထွက်ကုန်တော့တယ်။
ပျော့ပျောင်းနုညံ့တဲ့ လျှာကတော့ လူတွေ သေသွားတဲ့အထိ လူ့ပါးစပ်ထဲမှာ ကျန်ရစ်ခဲ့တယ်။

 လျှာနဲ့သွားရဲ့ ရယူနိုင်တဲ့ သင်္ခန်းစာကတော့ . . . အကြမ်းဖက်နည်းဟာ စောစီးစွာ အရင်ပြုတ်နိုင်တယ်။
အနုနည်းကတော့ ရေရှည်မှာ ပန်းပန်နေဆဲ။ သေသွားတဲ့သူ ရည်စူပြီးလှူ သေသူ ရမရ
(နန်းစန်ဟွမ်) မေး။  အရှင်ဘုရား သေတဲ့သူကို ရည်စူးပြီး ဆွမ်းသွပ်အမျှဝေပေးတာ   သေဆုံး သွားတဲ့သူ ရနိုင် မရနိုင် သိချင်ပါတယ် ဘုရား။ တချို့လူတွေက ပြောတယ်   သေသွားတဲ့သူတွေ မရနိုင်တော့ဘူး။ အလှူအတန်းလုပ်တဲ့သူတွေပဲ ရတယ်လို့ ပြောကြတယ်။ အဲဒါ အရှင်ဘုရား ဘယ်လိုမြင်ပါသလဲဘုရား။   ကျေးဇူးပြု၍ ဖြေကြားပေးပါဘုရား။
(အရှင်စ၀်ဆုခမ်း) ဖြေ ။  သေဆုံးသွားတဲ့သူတွေ တချို့ရနိုင်တယ်။ တချို့ မရနိုင်ဘူးလို့ပဲ ဖြေရပါမယ်။
မရနိုင်တဲ့သူတွေကတော့ -
(၁) ငရဲကျသွားသူ- အကုသိုလ် ဆိုးကျိုးပေးခံနေရသူဖြစ်လို့ သူ့အတွက် ကုသိုလ်တွေလုပ်၊ အမျှအတမ်းပေး ဝေသော်လည်း မသိနိုင်၊ သာဓုမခေါ်နိုင်လို့ မရနိုင်တော့ပါ။
(၂) တိရစ္ဆာန်ဘဝ ရောက်သွားသူ- တိရစ္ဆာန်ဆိုတာ လူ့စကား နားမလည်တော့ဘူး။ သူ့အတွက် ကုသိုလ်တွေ လုပ်ပေးသော်လည်း မသိနိုင်၊ သာဓုမခေါ်နိုင်လို့ မရနိုင်တော့ပါ။
(၃) လူ့ဘဝ ရောက်သွားသူ- လူ့ဘဝကို ရသွားရင် အတိတ်ကဘဝကို မမှတ်မိတော့တာကြောင့် တစ်ကြောင်း၊ အလှူအတန်း ပြုပေးတဲ့အချိန် သန္ဓေသားဖြစ်နေရင် ဘာမှ မသိသေးတာကြောင့် သူ့ကို ရည်စူးပြီး ကောင်းမှုလုပ် အမျှဝေသော်လည်း သူမရနိုင်ပါ။
(၄) နတ်ပြည်ရောက်သွားသူ- နတ်စည်းစိမ်ဟာ လူ့စည်းစိမ်ထက် အဆများစွာ သာလွန်တယ်။ သေဆုံးတဲ့သူ နတ်ပြည်ရောက်သွားရင် အသစ်စက်စက် နတ်စည်းစိမ်ကို ခံစားစံစားနေရလို့ လူ့ပြည်က သူ့အတွက် ကုသိုလ်လုပ် အမျှပေးဝေသော်လည်း သူမသိအား၊ သာဓုမခေါ်အားတာကြောင့် နတ်ပြည်ရောက်သူလဲ ပြုပေးတဲ့ကုသိုလ် သာဓုမခေါ်အားလို့ မရနိုင်ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...