အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း
by မင်းခက်ရဲ (Min Khet Ye) on Monday, October 1, 2012 at 6:52pm ·
လူသားဆန်မှုကိုဆန့်ကျင်သောရာဇ၀တ်မှုကို ခေတ်ပြိုင်ကာလမှာ သုံးစွဲကြပုံကို ခဏထားပြီး ဒုတိယကမ္ဘာစစ်ကို ပြန်လှည့်ကြရအောင်ပါ။ကုလသမဂ္ဂတည်ရှိလာတာက လူ့အခွင့်အရေးကာကွယ်မှုကို နိုင်ငံတကာက စိတ်ဝင်စားတဲ့ ကာလတစ်ခု စတင်လာပြီဆို တာကို ပြတယ်။ ကုလသမဂ္ဂရဲ့ အစောင့်အရှောက်အောက်မှာ လူ့အခွင့်အရေးကာကွယ် ခြင်းနဲ့ တိုးမြှင့်လုပ်ကိုင်ဖို့အတွက် အဓိကကိရိယာတွေကို တည်ဆောက်ကြတယ်။ မျိုးဖြုတ်သတ်ဖြတ်မှုကင်းစင်ရေး ညီလာခံအပြီး အထွေထွေညီလာခံမှာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးညီလာခံကို နိုင်ငံတွေနဲ့ ပြည်သူတွေရရှိခံစား ရမယ့် စံပုံစံအဖြစ်ကြေညာတယ်။ အခုဆိုရင်နှစ်၆၀ရှိပြီဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းဟာ အတော်ကလေး ကြီးကြီးမားမား လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ဒဿနပိုင်းအတွက်ရော၊ ဥပဒေအရေးအသားနဲ့ ဆုံးဖြတ်ချက်တွေချမှတ် ခြင်းမှာပါ လွှမ်းမိုးနိုင်စွမ်းရှိတာပါ။ ဘာသာစကားပေါင်း ၃၀၀ကျော်ပြန်ဆိုခဲ့တယ် ။
ကိုယ့်ရဲ့ အခွင့်အရေးကို ကာကွယ်ရမယ် ၊ လေးစားရမယ်လို့ ခံယူပြီးတောင်းဆိုတဲ့ လူတွေရဲ့ နှလုံးသည်းပွတ်မှာ ကိန်းအောင်းနေတယ်။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအများစုဟာ ကြေညာစာတမ်းကို အခြေခံပြီးရေးဆွဲခဲ့ကြသလို ၊ နိုင်ငံနဲ့ နိုင်ငံတကာ တရားရုံးတွေဟာ သူတို့ရဲ့ စီရင်ချက်တွေထဲမှာကြေညာစာတမ်းကို အခြေခံပြီး စီရင်ချက်ချလေ့ရှိတယ်။ ကုလသမဂ္ဂအဖွဲ့ ၀င်အများစုက ကြေညာစာတမ်းမှာ ခိုင်မာတဲ့ ဥပဒေလမ်းညွန်မှုတွေ မပါပေမယ့်လည်း တကယ့်စစ်မှန်တဲ့ လူ့အခွင့်အရေး ကတိက၀တ်တွေ ပါဝင်တယ်လို့ လက်ခံထားကြတယ်။ ၁၉၆၈ လူအခွင့်အရေး ကမ္ဘာ့ပထမဆုံးညီလာခံ တက်ဟန်ရန် နိုင်ငံတကာ ညီလာခံမှာ လေးလေးနက်နက် ကြေညာခဲ့တာကတော့“ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းဟာလူသားအချင်းချင်းကြားထဲ အကြမ်းမဖက်နိုင်တဲ့ မရွေ့ပြောင်းနိုင်တဲ့ အခွင့်အရေးတွေအပေး ကမ္ဘာ့လူ သားတွေ တူညီတဲ့ နားလည်မှုတွေ ဖြစ်လာဖို့ ၊ နိုင်ငံတကာ အသိုင်းအ၀န်းအတွင်း ကတိက၀တ်တွေ ဖွဲ့စည်းလာဖို့ အတွက် ပြုလုပ်ပေးတယ်ဆိုတာပါပဲ ။ ၁၉၄၈မှာ ကြေညာစာတမ်းနဲ့ ဆက်တိုက်ဆိုသလို ကြေညာစာတမ်းကို အခြေခံပြီး ထွက်လာတဲ့ ကတိက၀တ်နဲ့ ပဠိညဉ်စာချုပ်စာတမ်းတွေကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံဟာ လူ့အခွင့် အရေး ထုတ်ဖော်ချက်မှာ နိုင်ငံတကာသဘောဆောင်တဲ့ အဓိပ္ပာယ်တွေကို ပေးအပ်နိုင်ခဲ့တယ်။ ကြေညာစာတမ်းမှာ ပထမဆုံးအပိုဒ်၁က ဒဿနပညာအုတ်မြစ်အပေါ်ကို အခြေခံထားတယ်။ ၁၇၈၉ ပြင်သစ်တော်လှန်ရေး ကြေညာစာတမ်းနဲ့ ဆင်တူတဲ့ ဘာသာစကာမျိုးကို အသုံးပြုပြီး “လူသားတိုင်းသည် ဂုဏ်သိက္ခာနှင့် အခွင့်ရေး၌ ညီမျှပြီး လွတ်လပ်စွာမွေးဖွားလာကြသည်”လို့ဆိုတယ် ။ လူသားကို ဆင်ခြင်တုံတရားနဲ့ ကောင်းမွန်တဲ့ အသိကို ပိုင်ဆိုင်သူအဖြစ်ချီးမြောက်ထားပြီး ညီအစ်ကိုရင်းချာကဲ့သို ပြုမူနေထိုင်သင့်ကြောင်း ဆိုတယ် ။ ဒါကြောင့် ကြေညာစာတမ်းဟာ အခွင့်အရေးဆိုတာကို အပြည့်အ၀နားလည်ဖို့အတွက် လူမှုရေးအစီအစဉ် အတွက်လိုအပ်တဲ့ အရာတွေကို အသိအမှတ်ပြုပေးရမှာဖြစ်တဲ့ အတွက် လူ့အခွင့်အရေး လက်တွေ့ ကျင့်သုံးမှုတွေမှာတစ်ချို့သော အကန့်အသတ်တွေကို ချမှတ်လာရ တယ်။ အပိုဒ် ၂၉မှာတော့ တသီးပုဂ္ဂလလူသားဟာ လူအဖွဲ့အစည်းအတွက် တစ်ချို့တာဝန်တွေကို လုပ်ဖို့လိုပြီး အဲဒီလိုလုပ်ထားတဲ့ လူအဖွဲ့အစည်းမှာသာလျင် လူသားဟာ ကိုယ်ရည်ကိုယ်သွေး အပြည့်အ၀ဖွံ့ ဖြိုးလာပြီး လွတ်လပ်လာမယ်လို့ ၀န်ခံထားတယ်။ တာဝန်ဆိုတာနဲ့ သတ်မှတ်ထားတဲ့ အကန့်အသတ် တွေကို ဥပဒေကနေ ပြဌာန်းထားတယ် ။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ အများကောင်းကျိုးချမ်းသာ၊ လူထုရဲ့အစီအစဉ်၊ ကိုယ်ကျင့်တရားလိုအပ်ချက်တွေ ပြည့်ဝဖို့အတွက် အခြားသူတွေရဲ့အခွင့်အေ၇းကိုလေးစားဖို့ ၊ အသိအမှတ်ပြုဖို့ စတဲ့ လုံခြုံရေးရည်ရွယ်ချက်တွေရှိမှသာလျင် ဖြစ်နိုင်မယ်လို့ ယူတယ်။ မှတ်ချက်ချသူတွေက တစ်ခါတစ်ရံမှာ ကြေညာစာတမ်းမှာ ဖော်ပြထားတဲ့ အမြင်တွေကို အနောက်တိုင်းဆန်တဲ့ အမြင်တွေ အဖြစ်ဖော်ပြီး ကြေညာစာတမ်းမူကြမ်းကို ဆွဲတဲ့ ကော်မတီကလည်း အနောက်တိုင်းဆန်သူတွေသာ ဖြစ်တယ်လို့ ဖော်ပြကြတယ်။ အဒူလာဟီအမ်နာအင်က ကော်မတီထဲမှာ အနောက်တိုင်းသားမဟုတ်သူဆိုလို့ တရုတ်က ချွန်ဖန်ချောင်းနဲ့ လက်ဘနွန်က ဟာဘိမာလိ နှစ်ယောက်သာရှိတယ်။ ပြီးတော့ ကော်မတီအတွင်း အငြင်းအခုန်မှာလည်း သူတို့နှစ်ယောက်ရဲ့ အမြင်ဟာ အနောက်တိုင်းအမြင်အတွင်းကပြုပြင်ပြောင်းလဲရေးကိုသာ အလေးအနက်ထားကြတယ်လို့ ထောက်ပြတယ် ။ ဒါပေမယ့် အမ်နာအင်က အနောက်တိုင်းမဟုတ်တဲ့ သံတမန်တွေပါဝင်ဆောင်ရွက်ခြင်းက ကြေညာစာတမ်းနဲ့ ကွဲပြားခြားနားတဲ့ အမြင်တွေကို ထုတ်လုပ်ပေးမယ်လို့ ဆိုတာမျိုးတော့မဟုတ်ဘူး။ အမ်နာအင် အလေးအနက်ထား ပြောချင်တာက အနောက်တိုင်းဆန်တဲ့ ကိုယ်စားလှယ်တွေဟာ မူကြမ်းဆွဲနေတဲ့ အချိန်မှာ သူတို့ရဲ့အနောက်တိုင်း မဟုတ်တဲ့ ဒေသခံတွေကို ဆင်ခြင်မှုရှိရှိနဲ့ ထပ်တူပြုနိုင်မှာ မဟုတ်သလို ၊အစစ်အမှန်ကိုယ်စားပြုနိုင်မှာလည်း မဟုတ်ဘူးရယ်လို့ ဆိုချင်တာပါ။ ကော်မတီထဲမှာ လက်တင်အမေရိက၊ ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပကတရားဝင် ကိုယ်စားလှယ်တွေသာအဓိကပါဝင်ပြီ။ ကန့်သတ်ခံထားရတယ်။ ကျယ်ပြန့်တဲ့ ယဉ်ကျေးမှုအမျိုးမျိုးကနေ ဆွဲထုတ်ထားတာမျိုး မပါဝင်ဘူး။ အနောက်အတွက်ကတော့ အနောက်တိုင်းမဟုတ်တဲ့ ယဉ်ကျေးမှု ရှုထောင့်တွေကနေကြည့်ရင် ယဉ်ကျေးမှုဆိုင်ရာ တရားဝင်မှုအပေါ် စိတ်ဝင်စားမှု ချို့တဲ့ နေတာဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း မှန်ကန်မှု အဆင့်အတန်းကို လျော့ကျသွားကောင်းသွားစေနိုင်တယ် လို့ မြင်တာ။ ကြေညာစာတမ်းရေးဆွဲနေတဲ့ ကာလမှာ သံတမန်တွေအတွက် အဓိကပြဿနာရပ်က ကြေညာစာတမ်းမှာ ပါတဲ့ တန်ဖိုးစံတွေကို မှန်ကန်ကြောင်းသက်သေ အထောက်အထားမပြနိုင်တာပဲ။ ဒါပေမယ့် ဆိုရှယ်လစ်အုပ်စုနဲ့ အနောက်အုပ် စုကြား အငြိုးကလေးတွေသာ မွေးဖွားပေးခဲ့တယ်။ အဆုံးသတ်မှာ ဆိုရှယ်လစ်နိုင်ငံတွေက သူတို့ရဲ့ အမြင်တွေဖြစ်တဲ့ စီးပွားရေးနဲ့ ဆိုရှယ်လစ်အခွင့်အရေးတွေကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးမယ့် အမြင်တွေကို ရအောင်မစွမ်းဆောင် နိုင်တော့ဘူး ၊ နောက်တော့ကြေညာစာတမ်းကို မဲမပေးဘဲ ရှောင်သွားတယ်။ အနောက်တိုင်းပါဝါတွေက သူတို့ရဲ့ နိုင်ငံရေး ပုံစံတွေကိုသာလျင် ပိုပြီးသာလွန်ကြီးကျယ်တယ်လို့ အောင်ပွဲခံဖို့ စိတ်အားထက်သန်နေစဉ်မှာပဲ၊ ကြေညာစာတမ်းကို ဥပဒေအရ ချက်ချက်အကျိုးသက်ရောက်မှုရှိလာအောင် အသေအချာ ဂရုတစိုက်မလုပ်နိုင်ဘူး။ လူ့အခွင့်အရေးဟာ အမှန်တကယ်ပဲ အကြွင်းမဲ့ ယူနီဗာဆယ်ဖြစ်သလား၊ အာရှနဲ့ အာဖရိက အစိုးရတွေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လောလောဆယ် လက်ခံတာမှာ လူ့အခွင့်အရေးဆိုတာဘာလဲလို့ နားလည်လက်ခံပေးခြင်းမှာ ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားခြားနားမှုတွေကို ဖမ်းမိအောင် မကြိုးစားနိုင်ခဲ့ကြပေမယ့် လူအခွင့်အရေးစာရင်းထဲမှာ ဘယ်လိုကတိက၀တ်အသစ်တွေ ထည့်သင့်သလဲ လို့ မကြိုးစားနိုင်ခဲ့ကြပေမယ့် လူ့အခွင့်အရေး ပဠိညဉ်အမျိုးမျိုးကို လက်မှတ်ရေး ခဲ့ကြပြီးပါပြီ။ အမ်နာအင်အကြံပေးသလိုပဲ ယဉ်ကျေးမှုဆိုင်ရာ တရားဝင်မှု ချို့တဲ့ နေတဲ့ ခံစားချက်တွေကို ယဉ်ကျေးမှုမတူတဲ့ ဒေသအတွင်းလက်ခံထားတဲ့ တန်ဖိုးစံတွေအပေါ်တည်ဆောက်ထားတဲ့ အမြင်တွေကနေ ကိုင်တွယ်နိုင်တယ်။ အဓိကဖိအားပေးနေတဲ့ ပြဿနာရပ်က ၁၉၄၈က ကိုယ်စားလှယ်တွေဟာ အပြည်ပြည်ဆိုင်ရာတန်ဖိုးစံ ၀ါ အကြွင်းမဲ့ယူနီဗာဆယ်တန်ဖိုးစံကို တောင်းဆိုရာမှာ တရားဝင်ဖြစ်လာခြင်း ဖြစ်မလာခြင်းနဲ့ မဆိုင်ဘူး၊ အဓိကက ကျွန်တော်တို့တွေဟာ ဒီအတွေးအခေါ်တွေကို ယဉ်ကျေးမှုကွဲပြားခြားနားတဲ့ လူတွေအပါအ၀င် လူသားအားလုံး နားလည်းတန်ဖိုးထားလက်ခံလာတဲ့ အတွေးအခေါ်ဖြစ်အောင် ဘယ်လို တည်ဆောက်မလဲ ဆိုတာနဲ့ပဲ သက်ဆိုင်တယ် ။ အစိုးရတစ်ချို့ကတော့ တိုင်းရင်းသားတွေ (၀ါ) လူနည်းစုအုပ်စုတွေရဲ့ စုပေါင်းအခွင့်အရေးကို လူအခွင့်အရေးတောင်းဆိုမူတွေထဲ ထည့်တာကို ကန့်ကွက်ကြတယ်။ ဒီရည်ရွယ်ချက်က လူအခွင့်အရေးဟာ ဘာဖြစ်သင့် တယ်ဆိုတဲ့ သီးသန့်တန်ဖိုးထားနားလည်မှု အပေါ်ကို အခြေခံတယ်။ ဥပမာ လူအခွင့်အရေးရဲ့ ယူဆချက်တစ်ချို့ဟာ တစ်သီးပုဂ္ဂလနဲ့ နိုင်ငံတော်ကြားက တည်ဆောက်ထားတဲ့ လူမှုပဠိညဉ် သဘောကနေစတင်လာတယ် ဆိုတဲ့ ယူဆချက်ကနေလာတယ်။ ဒီလိုယူဆချက်ကနေလာတဲ့ လူအခွင့်အရေးအမြင်အတွက် လူအုပ်စုရဲ့ စုပေါင်းအခွင့်အရေးကို လူ့အခွင့်အရေးထဲ ထည့်ဖို့ သီးသန့်ဆန်လွန်းနေတာမျိုးဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ကန့်ကွက်ချက်တွေတောင်မှ အနောက်လူ့ အဖွဲ့အစည်းအတွင်း အသိအမှတ်ပြုထားတဲ့ လူအခွင့်အရေးအာမခံချက်တွေ ဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခြင်း၊ လွတ်လပ်စွာအဖွဲ့အစည်းဖွဲ့စည်းခွင့်၊ ပုဂ္ဂလိက ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်တွေကို မကန့်ကွက် ဘူး။ အလားတူပဲ စီးပွားရေး၊လူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေနဲ့ ပတ်သတ်တဲ့ ခေတ်ပြိုင် အငြင်းအခုန်တွေမှာ အိမ်ယာပိုင်ဆိုင်ခွင့်၊ ကျန်မာရေးနဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေကို ဥပဒေနဲ့ အားဖြည့်ပေးရမယ့် ရပိုင်ခွင့်တွေရယ်လို့ မမြင်ဘဲ လူထုပေါ်လစီ၊ ရည်မှန်းချက်ပန်းတိုင်၊ စီမံကိန်း ဒါမှမဟုတ်ဆိုရှယ်လစ်တွေရဲ့နိုင်ငံရေးမက်လုံးလို အရာမျိုးအဖြစ် မြင်သူတွေကနေ ၀င်ရောက်စီးနင်းထားတယ်။ဒီအခန်း နောက်ပိုင်းမှာ ကျွန်တော်တို့အနေနဲ့ လူ့အခွင့်အရေးရဲ့ ကျင်လည်တဲ့ တရားကိုယ်သဘောဟာ လူမှုရေး၊ စီးပွားရေး နိုင်ငံရေး နဲ့ ယဉ်ကျေးမှု အခွင့်အရေးတွေကို အဓိပ္ပာယ်ရှိလာအောင်လုပ်ပေးတာကို တွေ့ရလိမ့်မယ်။ ဒါကြောင့် လူအခွင့်အရေးကပေးမယ့် ရစရာတွေကို အကြွင်းမဲ့ လက်ခံတဲ့ပုံ ထင်ရှားရင်တောင်မှ လူ့အခွင့်အရေး ထဲမှာ ဘာပါသလဲ ၊ လူ့အခွင့်အရေးတွေကို ဘယ်လိုဖြည့်ဆည်းပေးသင့်သလဲ ဆိုတာမှာ သဘောမတူဖြစ်နေသေးတယ်။ နိုင်ငံတော် အဆင့်ကနေစတင်လုပ်ကိုင်ရမှာကတော့ အထင်အရှားပါပဲ။ ယနေ့မှာ နိုင်ငံအများစုဟာ သူတို့ရဲ့ အမျိုးသားဥပဒေတွေမှာ နိုင်ငံတကာဥပဒေရဲ့ အတွင်းသားသဘာဝ ပါဝင်နေအောင်ပြုလုပ်နေကြတယ်။ တနည်းအား ဖြင့် နိုင်ငံတကာဥပဒေထဲက လူ့အခွင့်အရေးကို အမျိုးသားဥပဒေ အစီအစဉ်ထဲပါဝင်အောင် ထည့်ဝင်ကြတာ။ ဒါပေမယ့် ဒီလို အသွင်းကူပြောင်းမှု ပုံစံမှာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေရဲ့ တကယ့်အတွင်းသား အကြောင်းအရာတွေ ဆုံးရှုံး သွားမယ်ဆိုတာ ပြောဖို့တောင်လိုမယ် မထင်ပါဘူး။ နောက်တစ်မျိုးဆိုရရင် ကျွန်တော်တို့ဟာ မြင့်မားတဲ့ ကြေညာချက်တွေကနေ တကယ့်တာဝန်ယူပြီး လက်တွေ့ ဖြည့်ဆည်းလုပ်ကိုင်ရတဲ့ အသေးစိတ်ကိစ္စတွေဆီရွေ့လျားသွားတဲ့ အခါ ကျွန်တော်တို့ဟာ အခွင့်အရေးဆိုတာ ကိုယ့်တိုင်း ပြည်အတွင်းက စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆက်အစပ်အတွင်းကသာ ဖြည့်ဆည်းရတယ်ဆိုတဲ့ တုံ့ပြန်မှုတွေနဲ့ ကြုံရမယ်။ ဒါဟာ လူ့အခွင့်အရေးတွေရဲ့ အကြွင်းမဲ့ ယူနီဗာဆယ်သဘာဝရယ်လို့ထင်ရတဲ့အရာတွေအပေါ် ယုံကြည်မှု ကျဆင်းလာစေတဲ့ သေမင်းတမန်ခေါင်းလောင်သံတစ်ခုအဖြစ်မြင်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူ့အခွင့်အရေးဟာ ဒေသခံ အဆက်အစပ်နဲ့ ကင်းလွတ်ပြီး အလုပ်လုပ်နိုင်တယ် ဒါမှမဟုတ်အလုပ်လုပ်သင့်တယ်လို့ စိတ်ကူးတာဟာ အမှားတစ်ခုပါပဲ။ ယခုလက်ခံထားတဲ့ အသက်ရှင်သန်ခွင့် အခွင့်အရေးလို လူ့အခွင့်အရေးတောင်မှ ဒေသခံအဆက်အစပ် နဲ့ အနက်အမျိုးမျိုး ပြန်ကြည့်ကောင်းပြန်ကြည့်နိုင်တယ်။ မကြာသေးမီက ထူဆန်းတဲ့ မိဘနှစ်တွဲဟာ သူတို့ရဲ့ သန္ဓေသားနဲ့ ပတ်ပြီး ပြဿနာဖြစ်ကြတယ်။ ဥရောပ လူ့အခွင့်အရေး တရားရုံးက ကိုင်စွဲထားတာက-
“ဘ၀ရဲ့အစနဲ့ ပတ်သတ်ပြီး သိပ္ပံနည်းကျဖွင့်ဆိုမှုနဲ့ ဥပဒေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုအပေါ် ဥရောပသားတွေရဲ့သဘောတူညီညွတ်မှု မရှိတာကြောင့် ဘယ်အချိန်မှာ အသက်စတင် ရှင်ပိုင်ခွင့်ရှိလဲ ဆိုတဲ့ ပြဿနာရပ်ဟာ ဘေးဖယ်ထုတ်ထားတဲ့ ပြဿနာဖြစ်နေပြီး ဥရောပတရားရုံးက နိုင်ငံတော်တွေဟာ ဒီပြဿနာရပ်ထဲ ၀င်ရောက်ကိုင်တွယ်သင့်တယ်လို့ စဉ်စားခဲ့တယ်”
နိုင်ငံတကာတရားသူကြီးတွေကသန္ဓေသားကို ဖျက်ဆီးပြစ်ခြင်း၊ မဖျက်ဆီးပြစ်ခြင်းမှာ မိခင်တစ်ယောက်ဟာ သူမရဲ့ ကိုယ်ပိုင်ဘ၀ကို လေးစားပိုင်ခွင့်ရှိမရှိ ကို ဖျက်ဆီးခြင်းနဲ့ ရောယှက်ပြီး စဉ်းစားမလား ၊မစဉ်းစားဘူးလားဆိုတာအပေါ် ကွဲပြားခဲ့ကြဖူးတယ်။ နောက်ပြီး ဒီကိစ္စကို လူ့အခွင့်အရေးဆိုင်ရာ တရားစီရင်ရေးနိယာမတွေထက် နိုင်ငံဥပဒေပြုသူတွေရဲ့ လက်ထဲမှာထားရင် ပိုကောင်းမလားလို့လဲ စဉ်းစားကြတယ်။ တစ်ချို့နိုင်ငံတွေမှာ အဖေတွေက ကလေးမမွေးချင်ဘူးဆိုတဲ့ အဆိုပြုချက်ဟာ ကိုယ်ဝန်ဖျက်ချက်မှုအပေါ် စဉ်းစားရတဲ့ အချက်ထဲမှာ ပိုပြီးကြီးကြီးမားမား ပါဝင်နေတတ်တယ်။ ဥရောပနိုင်ငံတွေရဲ့ကြားထဲမှာ ဘုံသဘောတူညီမှု အခြေခံပျောက်ဆုံးနေခြင်းကြောင့် တရားရုံး ရှေ့မှာ ကြိုတင်ဖြစ်ပေါ်နေတဲ့ ဥပဒေပြုမှုဟာ ဥရောပလူ့အခွင့်အရေး ကွန်ဗင်ရှင်န်းကနေ ဘေးဖယ်ထုတ်ထားတဲ့ အတွင်းမှာ တည်ရှိတယ် ဆိုတာကို ပြနေတယ်။ အတိုးချုံ့ရရင်တော့ လူ့အခွင့်အရေးဥပဒေဟာ ယဉ်ကျေးမှုကွဲပြားခြားနား ခြင်းနဲ့ နိုင်ငံဒေသ မတူညီခြင်းအပေါ် အခြေခံကြည့်မယ့် ချည်းကပ်ပုံအမျိုးမျိုးကနေကြည့်ရင်တောင် ပြီးမြောက် အောင်မြင်အောင်ဖြည့်ဆည်းပေးနိုင်ဖို့ရာ လက်ခံခွင့်ပြုပေးထားတယ်။ တစ်ချိန်တည်းမှာပဲ ဒါဟာ အခွင့်အရေးတစ်ခုချင်းစီ မှာ အဓိကမဏ္ဍိုင် အကြောင်းအရာတစ်ချို့ရှိနေတယ်ဆိုတာကိုပြနေ တာဖြစ်ပြီး ဒီအနှစ်သာရကို မလေးစားဘူးဆိုရင် အကြွင်းမဲ့သဘောအရ ပြစ်တင်ရှုံ့ချခံရမှာဖြစ်တယ်။
နိုင်ငံတကာ သဘောတူညီမှုများ
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းထွက်ပေါ်လာပြီးတဲ့ နောက်မှာ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်က လူအခွင့်အရေးကိစ္စတွေကိုဆောင်ရွက်ဖို့ ဥပဒေဆိုင်ရာ စာချုပ်စာတမ်းတွေချုပ်ဆိုပြီး စတင်ဆောင်ရွက်တယ် ။ အစိုးရတွေကလည်း တည်ရှိဆဲ လူ့အခွင့်အရေး ကြေညာစာတမ်း အသက်ဝင်လာဖို့အတွက် သဘောတူ စာချုပ်စာတမ်း ပုံစံအမျိုးမျိုးနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံချိတ်ဆက် ထိန်းကွပ်ရေး စာချုပ်စာတမ်းချုပ်ဆိုသင့်တယ်လို့ ယူတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတစ်ခုတည်းမှာပါတဲ့ အခွင့်အရေးပုံစံအမျိုးမျိုးကြောင့် နိုင်ငံရေးအရ သဘောမတူညီမှုတွေ ဖြစ်လာတဲ့အတွက် အထွေအထွေညီလာခံက ကော်မရှင်ကို သဘောတူစာချုပ်ကို နှစ်ပိုင်းခွဲပြီးချုပ်ဆိုဖို့တောင်းပန်တယ်။ တစ်ပိုင်းက နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးအပိုင်း ဖြစ်ပြီး ကျန်တစ်ပိုင်းက စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေနဲ့ ပတ်သတ်တဲ့ အပိုင်းဖြစ်တယ်။ ၁၉၆၆ ဒီဇင်ဘာ၁၆ရက်နေ့မှာ အထွေထွေညီလာခံက စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအခွင့်အရေးတွေအပေါ် နိုင်ငံတကာ သဘောတူညီမှု နဲ့ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးတွေအပေါ် နိုင်ငံတကာသဘောတူညီမှု ဆိုပြီး ချုပ်ဆိုတယ် ။ နှစ်ခုစလုံး ၁၉၇၆မှာ အသက်ဝင်လာတယ်။ ပထမတစ်ခုဖြစ်တဲ့ စီးပွားရေး၊လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးများအပေါ် နိုင်ငံတကာ သဘောတူညီမှုမှာ ပညာရေး၊ အစားအစာ၊ နေထိုင်မှု၊ ကျန်းမာရေး နဲ့ အလုပ်လုပ်နိုင်ခွင့်၊ တရားမျှတပြီး လက်ခံဖွယ်ရာ အလုပ်ခွင်အခြေအနေ တွေပါဝင်တယ်။ ဒါကိုသဘောတူညီညွတ်တဲ့ နိုင်ငံက သဘောတူစာချုပ်ပါအခွင့်အရေးတွေကို သူတို့ရရှိနိုင်တဲ့ အရင်းအမြစ်တွေကို အစွမ်းကုန် အသုံးချပြီး နောက်ထပ်တစ်ဆင့်တိုးတက်အောင် လုပ်မယ်ဆိုတဲ့ သဘောတူညီမှုရှိရမယ်။ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးတွေ အပေါ် နိုင်ငံတကာသဘောတူစာချုပ်ကတော့ အသက်ရှင်သန်ခွင့် ၊လွတ်လပ်ခွင့် ၊ မျှတတဲ့ တရားစီရင်မှု၊ လွတ်လပ်စွာ လှုပ်ရှားသွားလာပိုင်ခွင့်၊ အတွေးအခေါ်လွတ်လပ်ခွင့် ငြိမ်ချမ်းစွာ စုရုံးနိုင်ခွင့် ၊ မိသားစုနှင့် ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်ခွင့် တွေကို အဓိက ထိန်းသိမ်းစောင့်ရှောက်ထားတယ်။ ပြီးတော့ ညှင်းပန်းနှိပ်စက်ခြင်း ၊ ကျွန်ပြုခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ လူသားမဆန် ဒါမှမဟုတ် သိက္ခာချဆက်ဆံခြင်းနဲ့ အပြစ်ပေးခြင်း၊ တရားဥပဒေမဲ့ဖမ်းဆီးမှု၊ ကြွေးမြီကြောင့် ထောင်ချခြင်းတွေကို တားမြစ်ထား တယ်။ သဘောတူညီမှု နှစ်ခုစလုံးက-
“လူတိုင်းသည် မိမိကိုယ်ကို ပြဌာန်းပိုင်ခွင့်ရှိရမည်။ အခွင့်အရေး၌ သက်ဝင်နေသော ကောင်းမြတ်ခြင်းကြောင့် လူသားသည် သူ၏နိုင်ငံရေး အဆင့်အတန်းကို လွတ်လပ်စွာ ပြဌာန်းရမည်၊ သူတို့၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးမှုကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ရမည်။”
လို့ အပိုဒ်တစ်ခုမှာ စတင်ထားတယ်။ သဘောတူညီချက်နှစ်ခုစလုံးဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းထဲမှာ ရှိတဲ့ အတွက် သူတို့ကို “International Bill of Rights” လို့ ညွန်းကြတယ်။ မဟာပါဝါတွေကြားထဲက အိုင်ဒီယိုလိုဂျီနဲ့ နိုင်ငံရေးတိုက်ပွဲတွေဟာ ၁၉၅၀များကာလအတွင်းက နိုင်ငံတကာလူ့ အခွင့်အရေးတွေကို လွှမ်းမိုးကြီးစိုးထားပြီး၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို ခံယူလုပ်ကိုင်နေတဲ့ စစ်ပြီးခေတ်အရှိန်အဟုန်ဟာလည်း စူပါပါဝါတွေ အားပြိုင်မှုကြားထဲမှာ အတော်ကလေး ယုတ်လျော့ကျသွားတယ်။ ဘယ် လိုပဲဖြစ်ဖြစ် ကုလသမဂ္ဂကနေ တွန်းအားပေးလိုက်တဲ့ လူအခွင့်အရေးတွေဟာ ၁၉၆၀ခုနှစ်များမှာ တစစအရှိန်အဟုန်လျော့ လာတယ်။ အဓိကကတော့ ကိုလိုနီနယ်မြေတွေယုတ်လျော့လာတဲ့ အတွက်ပဲ။ ကုလသမဂ္ဂတည်ထောင်တုန်းက အာဖရိကနဲ့အာရှမှာ ရှိတဲ့ ကိုလိုနီနယ်အများစုဟာ နောက်ပိုင်းမှာ တဖြည်းဖြည်း လွတ်လပ်ရေးရလာခဲ့တယ်။ ကိုလိုနီလက်အောက်ကနေလွတ်မြောက်ခဲ့တဲ့ နိုင်ငံအများစုဟာ သူတို့ရဲ့ ကိုလိုနီသမိုင်းကြောင့် လူ့အခွင့်အရေးပြဿနာ ရပ်ကို အထူးစိတ်ဝင်စားကြတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်ဟာ နှစ်ဆတိုးလာတယ်။ပြီးတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့မဲဟာ အထွေထွေညီလာခံမှာ အရေအတွက်အများဆုံးပဲ။ သူတို့တွေရဲ့ ပါဝင်ဆောင်ရွက်မှုဟာ လူ့အခွင့်အရေးလှုပ်ရှား တတ်ကြွမှုတွေကို နှိုးဆွလိုက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုကို ဦးတည်ချက်လမ်းကြောင်းအသစ် ဖြစ်လာစေခဲ့တယ်။
ကုလသမဂ္ဂ၏ အခြားသော လူ့အခွင့်အရေး ပဠိညဉ်များ
“International Bill of Human Right” လို့ခေါ်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကြမ်းအပြင် ကုလသမဂ္ဂရဲ့ စနစ်ဟာ အခြားသော နိုင်ငံတကာ လူ့အခွင့်အရေး ကိရိယာတွေရဲ့ အရင်းအမြစ်ဖြစ်နေတယ်။ လူ့အခွင့်အရေး စနစ်ရဲ့ အဓိကမဏ္ဍိုင်လို့ စဉ်းစားကြတဲ့ “လူမျိုးရေးအရခွဲခြားဆက်ဆံမှု ပုံစံအမျိုးမျိုး ကို ပယ်ဖျက်ရေး နိုင်ငံတကာ ညီလာခံ” အပါအ၀င် အခြားသော စာချုပ်စာတမ်းတွေကို ၁၉၆၉မှာ အတည်ပြုလာတယ် -
“လူမျိုး ၊အသားအရောင်၊ မျိုးရိုးစဉ်ဆက်၊ လူမျိုးစု အရင်းအမြစ် များ၏ အခွင့်အရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ၊ယဉ်ကျေးမှုဆိုင်ရာနှင့် အခြားသော လူထုဘ၀နယ်ပယ်အတွင်း အခြေခံ အခွင့်အရေးများကို ကျင်သုံးခြင်း၊ အသိအမှတ်ပြုခြင်းကို သန့်စင်ပစ်မည့် ရည်ရွယ်ချက်ဖြင့်ပြုလုပ်သော တားမြစ်ပိတ်ပင်ခြင်း ၊ဖယ်ထုတ်ခြင်းများကို တားမြစ်သည်”
လို့ပါတယ်။ နောက် အမျိုးသမီးများအားခွဲခြားဆက်ဆံတဲ့ပုံစံအမျိုးမျိုးကို ပယ်ဖျက်ရေးသဘောတူစာချုပ် မှာတော့ မိန်းမတွေ နိုင်ငံရေး နဲ့လူထုဘ၀ဒါမှမဟုတ် ပညာရေး၊ကျန်းမာရေးနဲ့ အလုပ်အကိုင်တွေကို ညီတူညီမျှ ချည်းကပ်နိုင်ရဖို့ ရည်၇ွယ်တယ်။ ၁၉၈၁မှာမှ အသက်ဝင်လာတဲ့ ဒီသဘောတူစာချုပ်ရဲ့ အောက်မှာ နိုင်ငံတွေ ကတိက၀တ် ပြုထားတာက-
“မိန်းမနှင့်ယောက်ျားတို့၏ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အပြုအမူအစဉ်ပုံစံတွေကို ချဲ့ထွင်ရန်။ဤသို့ချဲ့ထွင်ရာ၌ လိင်နှင့် ယောက်ျား၊မိန်းမတို့၏ အစဉ်အလာပုံစံ တစ်ခုခုကို အခြေပြု၍ တစ်ခုခုက နိမ့်ကျသည် ၊ တစ်ခုခုက သာ၍မြတ်သည်ဟူသော အတွေးအခေါ်များအပေါ် အခြေခံထားသော အလေ့အကျင့်နှင့် ရှေးရိုးဓလေ့ထုံးစံ၊ ဘက်လိုက်မှုများ ကို ပယ်ဖျက်ပစ်နိုင်ရန်ရည်ရွယ်၍ ချဲ့ထွင်ရမည်။”
“ညှင်းပန်းနှိပ်စက်မှုနဲ့ ရက်စက်ကြမ်းကြုတ်ပြီး အခြားလူသားမဆန်သော ဆက်ဆံမှုနှင့် အပြစ်ပေးမှုမျာကို ဆန့်ကျင်သော သဘောတူစာချုပ်”ဟာ ၁၉၈၇မှာ အသက်ဝင်လာတယ်။ စာချုပ်မှာ ညှင်းပန်းနှိပ်စက်မှုရဲ့ အဓိပ္ပာယ်ပါဝင်ပြီး ၊ ပပျောက်အောင် အကူညီပေးတယ်။ ဥပမာ- တရားစီရင်မှုအောက်မှာရှိတဲ့ ဘယ်လိုနယ်မြေမှာမဆို ညှင်းပန်နှိပ်စက်မှုတွေကို တားမြစ်ထားဖို့၊ လူပုဂ္ဂိုလ်တစ်ယောက်ကို သူ့ရဲ့ နိုင်ငံဆီပြန်ပို့မယ်ဆိုရင် ညှင်းပန်းနှိပ် စက်ခံရမယ်လို့ ယုံကြည်တယ်ဆိုရင် ပြန်မပို့ရန်၊ ညှင်းပန်းနှိပ်စက်မှုတွေဟာ ပြည်ပမှာ ဖြစ်ပေါ်ခဲ့ရင်တောင်မှ သက်ဆိုင်ရာ နိုင်ငံရဲ့ တရားရုံးမှာ ပြန်ပြီး တရားစွဲဆို စီရင်ချက်ချဖို့ တွေပါပဲ။ ညှင်းပန်းနှိပ်စက်ခြင်းကို တားမြစ်တာ၊ သိက္ခာချဆက်ဆံတာတွေနဲ့ ပတ်သတ်ပြီး လာမယ့်အခန်းမှာ ဆွေးနွေးပါမယ်။ ကလေးငယ်အခွင့်အရေးသဘောတူစာချုပ်မှာ“ ကလေးဆိုတာ ဥပဒေအရသတ်မှတ်ပေး ထားတာမျိုး မရှိဘူးဆိုရင် အသက် ၁၈နှစ်အောက်ငယ်တဲ့ လူတိုင်းကို ကလေးလို့သတ်မှတ်တယ်။ ကလေးငယ်တွေရဲ့ ကောင်းကျိုးကို အန္တရာယ်ဖြစ်စေမယ့် အလေ့အကျင့်တွေ၊ ဥပမာ- စီးပွားရေးအရ အမြတ်ထုတ်ခြင်း၊ ရောင်းဝယ်ခြင်း၊ မူယစ်ဆေးသုံးစွဲစေ ခြင်း၊ လိင်ပိုင်းအရ ပုံစံအမျိုးမျိုးနဲ့ အမြတ်ထုတ်ခြင်း၊ နိုင့်ထက်စီးနင်းလုပ်ခြင်း ကို အကာအကွယ်ပေးရမယ်။ သဘောတူ စာချုပ်ရဲ့ လမ်းညွန်ချက်က ကလေးငယ်တွေရဲ့ အကောင်းဆုံး အကျိုးအမြတ်တွေ၊ ခွဲခြားဆက်ဆံမှုကင်းမဲ့ခြင်းနဲ့ ကလေးငယ်ရဲ့ ဆန္ဒကို လေးစားမှုတွေ ထုတ်ဖော်ပြနိုင်ရမယ်လို့ဆိုတယ်။ သဘောတူစာချုပ်ဟာ ၁၉၉၀မှာ အသက်ဝင် လာတယ်။ ကုလသမဂ္ဂ ပဠိညဉ်စာတမ်းတွေမှာ နိုင်ငံအများစုပါဝင်ပြီး ကျယ်ကျယ်ပြန့်ပြန့် အတည်ပြုတဲ့ သဘောတူ စာချုပ်ဖြစ်တယ်။ ဆိုမားလီယားနဲ့ အမေရိကန်ပြည်ထောင်စုနှစ်ခုကတော့ အတည်ပြုမှုထဲ မပါဝင်ခဲ့ဘူး။ လူ့အခွင့်အရေး ပဠိညဉ်စာချုပ်ရဲ့ သတ္တမမြောက်မဏ္ဍိုင်တစ်ခုကတော့ “ရွေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့မိသားစုတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ခြင်းဆိုင်ရာ သဘောတူစာချုပ်”ပဲ။ ၂၀၀၃မှာ အသက်ဝင်လာတယ်။ ကံဆိုးတာက ဒီသဘောတူစာချုပ်ရဲ့ ကတိက၀တ်တွေကို လက်ခံတဲ့ နိုင်ငံတွေထဲမှာ နိုငံအများစုက အိမ်ရှင်တွေမဟုတ်ဘဲ သူတို့ဆီက အလုပ်သမားတွေကို တစ်ဖက်နိုင်ငံကို တင်ပို့တဲ့နိုင်ငံတွေ ဖြစ်နေတာပဲ။ ဒါဟာ စာချုပ်ရဲ့ အကျိုးသက်ရောက်မှုစွမ်းအားနဲ့ ဦးတည်ချက်တွေကို လျော့နည်းသွားစေတယ်။ ရွေ့ပြောင်းအလုပ်သမားတွေကို လက်ခံတဲ့ နိုင်ငံက ဒီစာချုပ်ပါ ကတိက၀တ်တွေကို အပြည့်အ၀ မစွမ်းဆောင်နိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်တယ်။ ပဠိညဉ်စာချုပ်သစ်နှစ်ခုကို ၂၀၀၆မှာ စတင်ခံယူတယ်။ တစ်ခုကတော့ “ကိုယ်လက်အင်္ဂါချို့တဲ့သူ ၀ါ စွမ်းဆောင်ရည် ချို့တဲ့သူများ၏ အခွင့်အရေး ”အပေါ် နိုင်ငံတကာ သဘောတူညီမှု ပဲ။ အဓိက အခွင့်အရေးတွေကတော့ ဆုံးဖြတ်ချက်ချမှတ်နိုင်ခွင့်အခွင့်အရေး၊ လက်ထပ်ထိမ်းမြားပိုင်ခွင့်အခွင့်အရေး၊ ပညာသင်ယူနိုင်ခွင့်အခွင့်အရေး တို့ပါပဲ။ နိုင်ငံတော်က မစွမ်းမဆောင်နိုင်ဖြစ်နေတဲ့ အခြေခံအပေါ်မူတည်ပြီး ခွဲခြားဆက်ဆံမှု မဖြစ်အောင် ပြုလုပ်ဖို့ တာဝန်ရှိတယ်၊ ပြီးတော့ တခြားသော လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုခုကနေ ခွဲခြားဆက်ဆံ ခြင်းကနေ ကင်းဝေးအောင်လည်းပြုလုပ်ပေးရမယ်။ ဒုတိယ ပဠိညဉ်ကတော့ “ အင်းအားသုံး ပျောက်ကွယ်သွားအောင် လုပ်ခြင်းကို ဆန့်ကျင်တဲ့ နိုင်ငံတကာ သဘာတူစာချုပ်”ပါပဲ။ အင်းအားသုံး ရွေ့ပြောင်းပြစ်ခြင်း၊ ပျောက်ကွယ်သွားအောင် လုပ်ခြင်းနဲ့ ပတ်သတ်တဲ့ ရာဇ၀တ်မှုတွေကို နိုင်ငံတော်အဆင့်ကနေ တရားစွဲဆို စီရင် မှုပြုလုပ်ဖို့ရာ တည်ထောင်ထားရမှာ ဖြစ်တယ်။ ရာဇ၀တ်မှုကို အဓိပ္ပာယ်ဖွင့်ရာမှာ-
“လွတ်လပ်မှုကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ချိုးဖောက်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ သွေးဆောင်ခေါ်ဆောင်ခြင်း တို့ကို နိုင်ငံတော်၏ သဘောတူညီချက် ၀ါ ထောက်ပံ့မှု ၊သြဇာအာဏာတို့ဖြင့် အုပ်စုတစ်စု ၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ကပြုလုပ်ခြင်း ၀ါ နိုင်ငံတော်၏ ကိုယ်စားလှယ်က ကျုးလွန်ခြင်းဖြစ်သည်။ “
သဘောတူစာချုပ်များမှတစ်ဆင့် လူ့အခွင့်အရေးကို ကာကွယ်ခြင်း
အမေရိကန်ရဲ့ဒေသတွင်းအဆင့်တွေ၊ အာဖရိကန်သမဂ္ဂ၊ ဥရောပသမဂ္ဂတွေမှာ အဆင့်အဆင့် အပြိုင်ဖွံ့ဖြိုးလာတဲ့ ပဠိညဉ်စာချုပ်တွေက သက်ဆိုင်ရာ အစိုးရကို သူတို့လိုလားတဲ့ လူ့အခွင့်အရေးကာကွယ်မှုလုပ်စေခဲ့တယ်။ ဒါပေမယ့် သူတို့ တကယ်လုပ်သလား၊ သေချာတာကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သတ်တဲ့ နေ့စဉ်အထောက်အထားတွေက ပဠိညဉ်စာချုပ်တွေ ၊မူကြမ်းတွေဟာ မလုံလောက်ဘူးဆိုတာကို အကြံပြုနေတယ်။ ပဠိညဉ် စာချုပ်တွေက ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်ဖို့ရာ အာမခံချက်ပေးနိုင်ဖို့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အားထုတ်မှု တွေ လိုအပ်နေပါပြီ။ ဒီလိုလုပ်ဖို့အတွက် လုပ်ထုံးလုပ်နည်းအမျိုးမျိုးရှိပါတယ်။ ပထမ၊ အစိုးရတွေရဲ့ တင်ပြချက်တွေကနေ သူတို့ဟာ သူတိုပေးထားတဲ့ လူအခွင့်အရေးဆိုင်ရာ ကတိက၀တ်တွေကို ဘယ်လိုဖြည့်ဆည်းနေသလဲဆိုတာကို စစ်ဆေးဖို့ရာ ကျွမ်းကျင်သူအဖွဲ့အစည်းကို တည်ထောင်ရမယ်။စစ်ဆေးမှုမှာ အပြုသဘောဆောင်တဲ့ ဒိုင်ယာလော့ခ်တွေကို ၂ရက် သို့မဟုတ် ၃ရက်လောက်လုပ်ရမယ်။ ပြီးရင် သက်ဆိုင်ရာ ကော်မတီရဲ့ လေ့လားစူးစမ်းသမျှတွေ့ရှိချက်တွေကို ထုတ်ဖော်ရမယ်။ ကျွမ်းကျင်ထိန်းချုပ်မှု အဖွဲ့အစည်းတစ်ချို့က အချက်အလက်ရှာဖွေတာ၊ သက်ဆိုင်ရာနိုင်ငံကို သွားရောက်လေ့လာတာမျိုး လုပ်တတ်ကြတယ်။ ညှင်းပန်းနှိပ်စက်မှု ကာကွယ်ရေး အဆက်အစပ်မှာ ဆိုရင် ဥရောပကောင်စီရဲ့ ကျွမ်းကျင်သူတွေက ဥရောပ ၄၆နိုင်ငံမှာ ရှိတဲ့ အကျဉ်းထောင်၊ အချုပ်ခန်းတွေကို အချိန်ပေးသွားရောက်လေ့လာတာမျိုးလုပ်တယ်။ ကုလသမဂ္ဂရဲ့ကော်မတီအသစ် တွေကလည်း သဘောတူစာချုပ်သစ်တွေ ချုပ်ဆိုတော့မယ်ဆိုရင် စာချုပ်နဲ့ သက်ဆိုင်ရာ အဆက်အစပ်တွေကို ဒီလို သွားရောက်လည်ပတ်လေ့လာတာမျိုးရှိတယ်။ ဒုတိယ၊ တစ်ချို့သော ပဠိညဉ်တွေအောက်မှာ နစ်နာတဲ့ တစ်သီးပုဂ္ဂလလူသားဟာ သူ့ရဲ့ နိုင်ငံတော်ကို ဆန့်ကျင်ပြီး နိုင်ငံတကာအဆင့်မှာ သူဟာ လူ့အခွင့်အရေးချိုးဖောက်ခံရပါတယ်လို့ ပြစ်တင်ပြောဆိုမှု တွေလုပ်လာ တယ်။ဒီလို တစ်သီးပုဂ္ဂလရဲ့ ပြစ်တင်ပြောဆိုမှုဟာလည်း ဥရောပမှာ တရားစီရင်ချက်ချဖို့ လုံလောက်တဲ့ အကြောင်းအရာတွေ အများကြီးဖြစ်ခဲ့ဖူးတယ်။ ဥရောပ လူ့အခွင့်အရေးတရား၇ုံးက၂၀၀၅ တစ်နှစ်တည်းမှာ စီရင်ချက်ပေါင်း ၁၀၀၀လောက်ချမှတ်ခဲ့တယ်။ တတိယ၊ ပဠိညဉ်တွေထဲက အခွင့်အရေးတွေ ပေါင်းစည်းသွားခြင်းဟာ နိုင်ငံတကာ ကတိက၀တ်တွေပေးထား တဲ့ အာဏာရှိသူတွေကို သတိပေးတယ်။ ပြီးတော့ တောင်းဆိုမှုတွေ၊ ကန့်ကွက်မှုတွေကိုတောင် တရားဥပဒေ အတွင်းကဖြစ်စေ၊ အခြားသော ဖြစ်စဉ်တစ်ခုခုကနေဖြစ်စေ တစ်နိုင်ငံလုံးအဆင့်မှာ တရားဝင်လာစေ တယ်။ နောက်ဆုံး၊ မျိုးဖြုတ်သတ်ဖြတ်မှု၊ ညှင်းပန်နှိပ်စက်မှုနဲ့ အင်အားသုံး ပျောက်ကွယ်သွားအောင်လုပ်ခြင်းတွေ မှာ ပဠိညဉ်စာချုပ်တွေက သူတို့ရဲ့ တိုင်းပြည်ပြင်ပမှာ အဖမ်းဆီးခံလိုက်ရတဲ့ ကျူးလွန်သူတသီးပုဂ္ဂလလူသားကို တရားစီရင်ရာဖို့အတွက် ဥပဒေဘောင်ကို တည်ထောင်တယ်။ ညှင်းပန်းနှိပ်စက်မှု ပဠိညဉ်ကတော့ တစ်ချို့သောလူတွေမှာ ဒီလို တရားစီရင်ပုံတွေကနေ ကင်းလွတ်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေဆိုင်ရာ အဓွန့်တက်မှုတွေကို ပယ်ချတယ် ။ ပဠိညဉ်တွေအပေါ်မှီခိုပြီး ပိုကောင်းမွန်တဲ့ လူ့အခွင့်အရေးကာကွယ်မှုတွေဆီသွားရတာဟာ ကျေနပ်ဖွယ်ရာ မကောင်းဘူး။ အစိုးရဟာ လူ့အခွင့်အရေးကို အကောင်ထည်ဖော်မဖော် စစ်ဆေးခြင်းမှာအစိုးရရဲ့ အစီရင်ခံစာတွေ နဲ့ အရပ်သားလူ့အဖွဲ့အစည်းရဲ့ နောက်ခံအစီရင်ခံစာတွေ ကနေတစ်ဆင့်လုပ်နေရတာကိုက ခက်ခဲရှုပ်ထွေးစေတယ်။ ဒါကြောင့် အစိုးရတွေကို ထိန်းချုပ်စောင့်ကြည့်ခြင်းမှာ ဒီထက်ပိုကောင်းတဲ့ ခြေလှမ်းတရပ်လိုအပ်နေပြီ ဆိုတာကို ပြနေတယ်။ ဒါပေမယ့် နိုင်ငံတော်က သူကိုယ်တိုင်ပူးပေါင်းဆောင်ရွက်ဖို့ ခေါင်းမာမာနဲ့ငြင်းမယ်နေတဲ့ အဆက်အစပ်မှာ ဆိုရင် စောင့်ကြည့်ထိန်းချုပ်ရေးအဖွဲ့ဟာ လူထုကြားထဲမှာ ကျော်ကြားပြီး ပါဝါရှိတဲ့ တစ်ခုတည်းသော အရာပဲ။ ကျော်ကြားမှုဟာ တခြားသူတွေရဲ့အစီရင်ခံစာတွေကို ထိထိရောက်ရောက်အသုံးချနိုင်ဖို့ အသုံးဝင်ပြီးအစိုးရကို မေးခွန်းတွေ ထုတ်နိုင်တယ်။ ပဠိညဉ်စာချုပ်တွေရဲ့ အကျိုးသက်ရောက်မှုကို စစ်ဆေးရခက်တယ်။ ပဠိညဉ်ပါ စည်းမျဉ်းတွေကို အနက်ပြန်ဖွင့်ဆို ခြင်းဟာ သိမ်မွေ့ပြီး အကျိုးသက်ရောက်မှုရဖို့အတွက် အချိန်ယူရတယ်။ပဠိညဉ်စာချုပ်ပါ အတွေးအခေါ်တွေကြောင့် အရေးမယူခံရခင် လူအခွင့်အရေး အကြမ်းဖက်မှုတွေကို ဘယ်လောက်ထိရှောင်းရှား ခဲ့ကြသလဲ ဆိုတာ ကျွန်တော်တို့ ဘယ်တော့မှ သိမှာ မဟုတ်ဘူး။ ဒါပေမယ့် လူအခွင့်အရေး စောင့်ကြည့်မှုတွေ ကြောင့် လူအခွင့်အရေးတိုးတက်လာတဲ့ အထောက်အထားတွေတော့ ရှိပါတယ်။ တစ်ချို့အမှုတွေမှာ ဆိုရင် နိုင်ငံ့ ပေါ်လစီတွေကို လူအခွင်
0 comments:
Post a Comment