Wednesday, October 24, 2012

အသက်ကို ဖက်နှင့်ထုပ်ထားပြီး နေရသော ပြည်သူတို့ထဲက ပြည်သူတဦး



ကျနော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိပါသည်။ ကျနော်သည် ဒီလိုမျိုး မကြာခန ဖြစ်လေ့ရှိသော ရပ်ကွက်လေးထဲမှာ ဒီလိုပဲ အသက်ကို ဖက်နှင့် ထုပ်ထားပြီး နေရသော ပြည်သူတို့ထဲက ပြည်သူ တဦးသာဖြစ်ပါသည်။

ကျနော့်ကို ငြိမ်းချမ်းရေး နေ့ သီချင်းဆိုပြီး လှည့်လည်ခဲ့မှု အတွက် တရားစွဲရန် ဆင့်ခေါ်ခြင်း ပျက်ကွက်သည့် အတွက် တရားခံပြေး အဖြစ် ကြေငြာသည် ကို မိတ်ဆွေများက လှမ်းပြောသည့် အတွက် သိရသည်။ 

ကျနော် နေထိုင်ရာ တောင်ဒဂ
ုံ ၁၈ ရပ်ကွက်မှ လူငယ်တဦး လွန်ခဲ့သော လေးရက်က ဓါးခုတ်ခံရပြီး ဦးခေါင်းတွင် စုစုပေါင်း ဆယ်ချက်ကျော် ချုပ်ရသည့် ခုတ်ရှ ပြတ်ရှ ဒါဏ်ရာ ကြီး နှစ်ခု ။ လက်ဖမိုးတွင်လည်း အရိုးပါ ပေါ်သော ခုတ်ရှ ဓါဏ်ရာကြီး တခု သေကောင်ပေါင်းလဲ ရခဲ့သည့် အကြောင်းကို သူ့ဦးလေး ဖြစ်သူက လာပြောပြသည်။

ယင်း သို့ လူစည်ကားရာ နေရာတွင် လူတဦးအား လူအချို့က ဓါးဖြင့် အသေခုတ်သတ်သည့် ဖြစ်စဉ်ကြီး ဖြစ်ခဲ့သည်မှာ ငါးရက်မြောက်နေ့ဖြစ်သည့်တိုင် ပြည်သူ့ရဲတို့ဘက်က တရားခံ မည်သူဖြစ်ကြောင်း မသိသေးဟု ဆိုပါသည်။

အခုလေးတင် ကျနော် တောင်ဒဂုံ ရဲစခန်းက တာဝန်မှူးထံ ဖုန်းဆက်လိုက်သည်။ ရဲအုပ်သောင်းရင် ဆိုသူက ပြန်ဖြေသည်။ အမှုနှင့် ပတ်သက်ပြီး လာတိုင်စဉ် ကတည်းက ဓါးနှင့်ခုတ်သူ အမည် မပါလာလို့ သူတို့ မသိပါ ဟု ဆိုသည်။

ဓါးခုတ် ခံရသူ ကိုဇာနည်မျိုး ( အသက် ၂၇) နှစ် မှာ လှုပ်ရှားမရ ဒါဏ်ရာများနှင့် သင်္ဃန်းကျွန်း စံပြ ဆေးရုံကြီးက ဒါဏ်ရာများ ချုပ်ပြီးပြီးချင်း အတင်း ဆေးရုံက ဆင်းခိုင်းပြီး အိမ်ပြန်လွှတ်လိုက်သည်။ စံပြ ဆေးရုံမို့သာ တော်တော့သည်။ စံမပြ ဆေးရုံဆိုလျှင် .....

ယနေ့ ထိုလူငယ်မှာ နေအိမ် ခြင်ထောင်ငယ်လေး အတွင်း ပက်လက် ဦးခေါင်းမှ ဓါးခုတ်ခံရသော ဒါဏ်ရာ ဘယ်လို ဆက်ဖြစ်လာမည် မသိ။

ပိုမို ဂရုဏာသက်မိသည်မှာ ဓါးခုတ်ခံရသူ လူငယ်လေးသည် မွန်တိုင်းရင်းသား ဖြစ်ပြီး ၊ ကားဘော်ဒီ ထုစားသူဖြစ်သည်။ တိုင်းရင်းသားဖြစ်သည် ဆိုတာနှင့် ဘာလာတိုင်တိုင် ဂရုစိုက်စရာမလို ဟုများ တာဝန်ရှိသူတို့ သဘောထားလေသည်လား မသိပါ။

သူ့တို့ မွန်တိုင်းရင်းသား သားအဖ မွန်ပြည်နယ်ကို ပြန်ပြောင်းသွားတော့မည်ဟု ဆိုနေကြသည်။ မြို့ပြတွင် လူနေမှု မလုံခြုံတော့သောကြောင့် ဟု ဆိုပါသည်။ မတရား ဓါးခုတ်ခံရလို့ သွားတိုင်သည်ကိုလည်း မည်သို့မျှ အရေးယူဆောင်ရွက်ပေးခြင်းလည်း မရှိသောကြောင့် ကြောက်လန့်စရာကောင်းလာပြီ ဟု
ဆိုပါသည်။

ပြည်ထဲရေး ၀န်ကြီးဌာန ပြည်သူ့ရဲတပ်ဖွဲ့သည် ယခုလိုမျိုး လူမြင်ကွင်းတောင်ဒဂုံ မြို့နယ်အတွင်းမှ ၈၈ ကားကြီး ဂိတ်လိုနေရာမျိုး ည ၁၁ နာရီတွင် ဖြစ်ပွားသော ဓါးခုတ်မှုကြီးမျိုးကို ဘာကြောင့်များ မဖေါ်ထုတ်ပါသနည်းဟု စဉ်းစားနေမိသည်။

၁၈ကွေ့ မှတ်တိုင် ဟူသည် ရန်ကုန်မြို့ထဲ မြို့တော်ခန်းမ နှင့်ဆို လိုင်းကားစီးလျှင်တနာရီ သာသာ စီးရသည့် နေရာဖြစ်သည်။ နိုင်ငံ့ အချက်အခြာ နေရာတခုမှ နာရီပိုင်းမျှသာ ကားမောင်း အကွာအဝေးတွင် ယခုလို ဖြစ်ပျက်နေသော ကြောက်ခမန်း လိလိဖြစ်စဉ်ကြီးမျိုးအား မည်သည့် ရဲ ကမျှ အရေးတယူ ဖေါ်ထုတ်ကြေငြာ ဖမ်းဆီးနိုင်ခြင်း မရှိဘဲ ။ တရားခံ က လွတ်မြောက်နေဆဲ့ အမည်မသိ တရားခံဖြစ်ကြောင်း တာဝန်မှူးရဲ ဆိုသူက ဖြေသည်ကို ကျနော် နားဖြင့် ဆတ်ဆတ်ကြားရသည်။

ငြိမ်းချမ်းရေး အတွက် သီချင်းသီဆိုမှုဖြင့် ရုံးတင် တရားစွဲခံရပြီး တရားခွင်သို့ယနေ့ မလာရောက်သည့်အတွက် ၀ရမ်းထုတ်ခံရသည် ဟု သတင်းများပေါ်ထွက်လာသည့် ကျနော် မအံ့သြတော့ပါ။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သည် မည်သို့သော တပ်ဖွဲ့ အမျိုးအစားဖြစ်ပါသနည်းဟု အဖြေများက ရှင်းနေပါပြီ။

ကျနော်တို့ နိုင်ငံအတွက် အလုပ်တွေ အများကြီး လုပ်ကြရပါအုံးမည်။ ယခု အမှုအတွက် အသေးစိတ် သိလိုပါက တောင်ဒဂုံ ပြည်သူ့ ရဲတပ်ဖွဲ့စခန်း ဖုန်းနံပတ် 01590093 ကို တိုက်ရိုက်ဆက်သွယ်မေးမြန်း နိုင်ပါသည်။

ဓါးဖြင့် အခုတ်ခံရသူ မိသားစုထံ ခုတ်သူဘက်က နစ်နာကြေး လျော်ကြေးပေးရန် ကမ်းလှမ်းလာနေသည့် အချိန်တိုင်အောင် ဓါးဖြင့် ခုတ်သူ မည်သူဖြစ်မှန်း မသိသေးသည် လတ်တလော မြန်မာ့ပြည်တွင်းမှ တရားစီရင်ရေး ဆိုင်ရာ့ဖြစ်စဉ်များ အကြောင်း အသေးစိတ် မေးမြန်း လေ့လာနိုင်ပါသည်။ သူ့ ဦးလေး ဖြစ်သူက ဒီလိုရှင်းပြထားပါသည်။ http://youtu.be/9KtdoN-RjnI

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...