Monday, October 1, 2012

ရန်ကုန် ကျောက်မြောင်းတွင် ဖြစ်ပွားခဲ့သော ရမ်းကားမှုတွင် ကြံ့ ဖွတ်အမတ် လဲ့လဲ့ဝင်းဆွေမှ အဖြစ်မှန်အား ဖုံးကွယ်ပြောကြား။

Nik Nayman


အဖြစ်မှန်က ဒီလိုပါ။

တကယ်လာတာက (၆)ယောက်၊ လွတ်သွားတာ (၂)ယောက်၊ လွတ်သွားတဲ့အထဲမှာ လူကြီးသားက ပါသွားတယ်။ ရဲကလည်း လူကြီးသားကို လွှတ်ပေးလိုက်တယ် ထင်တာဘဲ။ ဒါကို စုံစမ်းလို့ ရတဲ့ ဖွတ်မ လဲ့လဲ့ဝင်းဆွေက လွတ်သွားတဲ့လူဟာ လူကြီးသားမှန်းလည်း သိရော ခေါင်းရှောင်ပြီး ရဲကို ထိုးကျွေးတော့တာဘဲ။ 

ရဲနဲ့ လဲ့လဲ့ဝင်းဆွေလည်း မကြည်ဘူး။ ရဲတွေက သူ့ကို တော်တော်အမြင်ကပ်နေတာ။ နေရာတကာ ပါနေလို့လေ။ ရပ်ကွက်ကလည်း မကြည်ဘူး။ လမ်းခင်းကတည်းက အလံစိုက်ရမယ်၊ ကျောက်စာ စိုက်ရမယ်လို့ပြောလို့ ရပ်ကွက်က အလံဘဲ စိုက်မယ်၊ ကျောက်စာတော့ မစိုက်နိုင်ဘူးလို့ ပြောထားတယ်။

ဒီကြားထဲ အောင်သိန်းလင်းခေါ်လာပြီး ရိုက်စားလုပ် မင်္ဂလာယူသေးတယ်။ ကြာရင် ပြည်သူတွေက သူ့ကို လက်မှတ်ထိုးပြီး ဖြုတ်ဖို့ စီစဉ်တော့မှာ။ ဖြေတာကြည့်အုံးလေ။ အလံတိုင်ကို ချိုးပါတယ်လို့ ရပ်ကွက်ပြည်သူကပြောတာကို သူက အလံကို မချိုးပါဘူး။ အလံအောက်ကတိုင်ကို ချိုးတာပါတဲ့။ ကြောက်ချီးပန်းတာ။ ပုံထဲမှာ ကြည့်ပါလား။ အလံပါလဲလို့။ သူများသားသမီးကျပြောသေးတယ်။ငါးခြောက်ရောင်းတာတဲ့။ သူကမှ ဘာမှမရှိတဲ့ စတိုးဆိုင်ဖွင့်ပြီး ဘယ်ကအောက်ဆိုဒ်ဝင်ငွေနဲ့ ရပ်တည်နေသလဲ မသိဘူး။ သူ့အောက်ကကောင်တွေကလည်း ငွေတိုးချေးစားတဲသူနဲ့၊ ကြာကူလီရိုက်တဲ့သူတွေနဲ့ချည်းဘဲ။ သူများကို ပြောမနေနဲ့။ ခင်ဗျားအကြောင်း ခင်ဗျားသိလို့ - ကျားကွက်သစ်သားများမှ ပြောကြားတာကို ကြားသိရပါတယ်။ 










(ကေကေတီ)။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...