Friday, October 26, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၁၀)

သစ်ထူးလွင်

ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်
မင်းပြား၊ မြောက်ဦးတွင် မီးဘေး ဒုက္ခသည်နှင့် နေအိမ် စွန့်ခွာသူ(၃၀၀၀)ခန့်ရှိ
ရခိုင်ပဋိပက္ခနှင့် ပတ်သက်သည့် အရေးကြီးအဆို လွှတ်တော်က မှတ်တမ်းတင်
ရမ်းဗြဲမြို့တွင် မီးဆက်လက် လောင်နေဆဲ
ရမ်းဗြဲမြို့တွင် မီးလောင်မှု ဖြစ်ပွားနေ
ရှေးဟောင်း ခေါင်းလောင်းကြီး မဟာစန္ဒာ မုနိမြတ်စွာ ဘုရားကြီးဝင်းတွင် တူးဖော်ရရှိ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် မီးလောင်မှု ဆက်ဖြစ်
OIC အား တုံ့ပြန်မှုများကြောင့် မင်းပြားပြသာနာ စတင်ခြင်းဖြစ်သည်ဟု ဒေသခံများဆို
ဆန္ဒပြမည့် သတင်းများ ထွက်ပေါ်၍ လုံခြုံရေးများ ချထား
သမ္မတကြီးနှင့် သူ၏သတင်းထောက်များ
အမျိုးသမီး၏ ကာအိနြေ္ဒပျက်စီးစေရန် လက်ရောက်စေခဲ့သူအား ဖမ်းဆီးမိ
တောင်ကြီးမြို့တွင် လူသတ် ပစ္စည်းယူ အလောင်းဖျောက်ဖျက် တရားခံနှစ်ဦး ဖော်ထုတ် ဖမ်းဆီး ရမိ
မြန်မာ သံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ် Vol-1,No-33.. Oct 27-Nov 2,2012
ကျောက်ဖြူမှထွက်ပြေး စက်လှေ(၄၀)စီး မောင်တောမြို့နယ်သို့ ဆိုက်ရောက်
တရားဥပဒေ စိုးမိုးရေး ကော်မတီက လက်ရှိ ဖြစ်ပေါ် နေသော ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ အရေးကြီး အဆိုအဖြစ် တင်သွင်း
ရခိုင်ပြည်နယ် မြို့နယ် အသီးသီးမှ ထွက်ပြေး လာသည့် ဘင်္ဂါလီများကို မောင်တောတွင် လက်ခံ ထားမည်ဟုဆို
ဘင်္ဂလာဒေခ်ျ့ နယ်စပ် တပ်လှန့်ထား
ဘင်္ဂလီအရေး သမ္မတကြီး စကားတည်ဖို့ ရဟန်းရှင်လူများ ဆန္ဒပြ (ရုပ်/သံ)
ရခိုင်ပြဿနာ အခြေခံကိုဖြေရှင်းဖို့ ကင်တားနားတိုက်တွန်း
အောက်တိုဘာ ၂၆ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၉
ရခိုင်ပြဿနာ ကုလစိုးရိမ်
ရခိုင်ပြည်နယ် အကြမ်းဖက်မှု ချက်ချင်း ရပ်ဖို့ အမေရိကန် တောင်းဆို
မြို့မှ ရွာသို့ ပြန်လာစဉ် အမျိုးသမီးတစ်ဦး လှည်းလမ်း ပေါ်တွင် အသတ်ခံရ
ရခိုင်အရေး စစ်တပ်က ပစ်ခတ် ထိန်းခဲ့ရ
ရခိုင်ပဋိပက္ခ ကြိုးကိုင်လှုပ်ရှားသူများကို အရေးယူမည်
ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်
Posted: 26 Oct 2012 06:09 AM PDT
ယနေ့ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အတွက် အခြေခံ ဥပဒ အခန်း (၁၁) ပါ ပါ ပြဌာန်းချက်များနှင့် အညီ ဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့ရာ ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာ ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



http://feeds.feedburner.com/thithtoolwin/yIWV

မင်းပြား၊ မြောက်ဦးတွင် မီးဘေး ဒုက္ခသည်နှင့် နေအိမ် စွန့်ခွာသူ(၃၀၀၀)ခန့်ရှိ
Posted: 26 Oct 2012 05:41 AM PDT
အောက်တိုဘလအတွင်း မြောက်ဦး-မင်းပြားတွင် ဖြစ်ပွားခဲ့သည် ဆူပူ အကြမ်းဖက်မှု များကြောင့် ယခုအခါတွင် မီးဘေး ဒုက္ခသည်နှင့် နေအိမ် စွန့်ခွာ ထွက်ပြေး သူပေါင်း(၃၀၀၀)ခန့်ရှိကြောင်း သတင်း ရရှိသည်။ ပိုးဖြူကျွန်း၊ ကျောက်တန်းကုန်း၊ ပရိန်ကုန်း၊ မြရိပ်ကျွန်း စသည့်ကျေးရွာများမှ ဒေသခံများသည် ပန်းမြောင်း၊ ဂုံးချွန်၊ ဆင်အုပ်ကြီး၊ ဆင်အုပ်ချေ၊ စေတီကုန်း၊ လီညှင်းတောင် စတဲ့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



http://feeds.feedburner.com/thithtoolwin/yIWV

ရခိုင်ပဋိပက္ခနှင့် ပတ်သက်သည့် အရေးကြီးအဆို လွှတ်တော်က မှတ်တမ်းတင်
Posted: 26 Oct 2012 06:26 AM PDT
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီ က ဆွေးနွေး ဆုံးဖြတ်ပြီး ပန်းတနော် မြို့နယ်က ဦးမောင်မောင်ဥာဏ် တင်သွင်းတဲ့ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ အရေးကြီး အဆိုကို အမတ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့ပေမယ့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




http://feeds.feedburner.com/thithtoolwin/yIWV

ရမ်းဗြဲမြို့တွင် မီးဆက်လက် လောင်နေဆဲ
Posted: 26 Oct 2012 06:33 AM PDT
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် မွတ်ဆလင်များ ရှို့ခဲ့သော မီးမှာ အခုညနေ အချိန်ထိ  လောင်ကျွမ်း
 နေကြောင်း သိရသည်။ “ အိမ်က ၁၅ လုံး၊ ၂၀ ခန့် လောင်သွားပါပြီ။ အခုအချိန်ထိ မငြိမ်းသေးပါဘူး။ ဟိုနား တကွက် ဒီနား တကွက် လောင်နေပါတယ်” ဟု ရမ်းဗြဲဒေသခံ တစ်ဦးက ပြောသည်။
အာဏာပိုင်များမှ မီးမရှို့ရန် မွတ်ဆလင် (ကမန်) မိသားစုများအား မေတ္တာရပ်ခံထားသည့်ကြားက ယနေ့ နေ့လည် ၁၂ နာရီကျော်တွင် အိမ်များကို မီးရှို့ပြီး ထွက်ပြေးသွားကြသည်ဟု ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရမ်းဗြဲမြို့နယ်မှ ကျေးရွာ တစ်ရွာ (ဓါတ်ပုံ- နိရဉ္စရာ)

http://feeds.feedburner.com/thithtoolwin/yIWV

ရမ်းဗြဲမြို့တွင် မီးလောင်မှု ဖြစ်ပွားနေ
Posted: 26 Oct 2012 04:10 AM PDT
ရမ်းဗြဲမြို့နယ် အမှတ်(၆) ရပ်ကွက် ပလုပ်တောင် ရပ်ကွက် နှင့် တန်းရွာ တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်း မှုကို ငြိမ်းသတ်ရန် အတွက် ရမ်းဗြဲ မြို့နှင့် နီးစပ်လျက်ရှိသော ကျေးရွာ များမှ ဒေသခံများက မီးကို ငြိမ်းသတ်ရန် ကုန်းလမ်း ရေလမ်းများမှ လာရောက် လျက်ရှိနေကြပြီး ၊ မြို့ခံပြည်သူ များကလည်း မီးလောင်မှုနှင့် နီးစပ်လျက်ရှိသည့် အမှတ်(၁) (၂) (၅) ရပ်ကွက်ရှိ နေအိမ်များကို မကူးစက်ရန် ကာကွယ်လျက် ရှိနေကြကြောင်း သိရသည်။
လက်ရှိအချိန်တွင် မီးလောင်ကျွမ်းမှုမှာ ငြိမ်သက်စပြုနေပြီ ဖြစ်သော်လည်း မီးရှို့ခဲ့သော ရမ်းဗြဲမြို့မှ ဘင်္ဂလီ တစ်ဦးကို ဖမ်းဆီး ရမိရန် ကြိုးပမ်းနေကြကြောင်း ရမ်းဗြဲမြို့နယ်နေ ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်လွင် က ရန်ကုန်မီဒီယာ ဂရုပ်သို့ပြောကြားသည်။
ယင်းက ဆက်လက်၍ "လက်ရှိ လောင်ကျွမ်းနေတဲ့ အိမ်တွေကို ဒေသခံတွေပူးပေါင်းပြီး မီးကိုငြိမ်းသတ်နေရဆဲပါ ၊ ကိုယ့်အိမ်ကိုယ်မီးရှို့ပြီး ထွက်ပြေးသွားတဲ့ လူကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖမ်းမိဖို့အပူတပြင်းလိုက်ရှာနေရပါတယ်။ လက်ရှိအရ လောင်ကျွမ်းသွားတာကတော့ အိမ်ခြေ ၅၀ လောက် မီးထဲပါသွားပါတယ် လက်ရှိကို ငြိမ်းသတ်နေရဆဲပါ " ဟု ပြောကြားသည်။
စောမြင့်သန်း (ပေါက်တော) - Yangon Media Group
-----------------------------------------------------------------------------------


ကျောက်ဖြူမြို့တွင် ယနေ့နံနက်ပိုင်းက အိမ် ၂-ဆောင် မီးလောင်
--------------------------------------------------------------------
အောက်တိုဘာ ၂၆ ယနေ့ နံနက် ၇နာရီ ခန့်တွင် ကျောက်ဖြူမြို့ ပိုက်ဆိပ်ရပ်ကွက် မှ ရခိုင်အိမ် ၂ လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ ယခင် နေ့ ရက်များတွင်လောင်ထားသော မီးကြွင်း မီးကျန်များမှ ကူးစက် ပြီး လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပိုက်ဆိပ်ရပ်ကွက် ရခိုင်သူ/သားများမှ မီးသတ်ဌာနသို့ အကြောင်းသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး မီးငြိမ်းသတ်ရန် ကြိုးစားခဲသော်လည်း တားဆီး၍ မရနိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးမှ သတင်းပေးပို့ချက်အရသိရပါသည်။
ထိုမီးသည် ကျောက်ဖြူမြို့တွင် နောက်ဆုံးလောင်သော မီးဖြစ်ကြောင်းလည်း သိရှိရပါသည်။

Rakhine Straight Views

http://feeds.feedburner.com/thithtoolwin/yIWV

ရှေးဟောင်း ခေါင်းလောင်းကြီး မဟာစန္ဒာ မုနိမြတ်စွာ ဘုရားကြီးဝင်းတွင် တူးဖော်ရရှိ
Posted: 26 Oct 2012 03:55 AM PDT
မန္တလေးမြို့ တမ္မဝတီ ဝလုံး တံတား ရပ်ကွက် အကွက် ၄၆၆ မန္တလေး – စစ်ကိုင်း လမ်းပေါ်မှာရှိတဲ့ မဟာစန္ဒာ မုနိမြတ်စွာ ဘုရားကြီးဝင်း အတွင်းမှာ အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၉ နာရီခန့်က သစ်ပင်စိုက်ဖို့ မြေကျင်းတူးရာက ရှေးဟောင်း ခေါင်းလောင်း တလုံး တွေ့ရှိခဲ့ပါတယ်။
ရှေးဟောင်း ခေါင်းလောင်းဟာ အထက်အောက် အမြင့် ၃ ပေ ၂ လက်မ၊ ခေါင်းလောင်းဝ အကျယ် ၂ ပေ၊ လုံးပတ်က ၆ ပေ ၄ လက်မ၊ ခေါင်းလောင်း သက်တမ်းက နှစ် ၁၅၀ နဲ့ ၂၀၀ ကြား ရှိတယ်လို့ သတ်မှတ်ထားပါတယ်။
ဘုရားသက်တမ်းက နှစ် ၂၀၀ ကျော်ပြီလို့လည်း သိရပါတယ်။ ဒီဘုရားဟာ အမရပူရ မြို့တည်မင်း ဗဒုံမင်း ခေါ် ဘိုးတော် ဦးဝိုင်း တည်ထားခဲ့တဲ့ ဘုရားလို့လည်း သိရပါတယ်။
မဟာစန္ဒာမုနိမြတ်စွာဘုရားကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးနန္ဒိယက “သစ်ပင်စိုက်ဖို့ တူးတာလေ။ နည်းနည်းထူးခြားလို့ ဆက်တူးရင်းနဲ့ တွေ့တာပါ” လို့ မိန့်ပါတယ်။
by ဒီဗွီဘီ


http://feeds.feedburner.com/thithtoolwin/yIWV

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် မီးလောင်မှု ဆက်ဖြစ်
Posted: 26 Oct 2012 04:30 AM PDT
၂၆.၁၀.၂၀၁၂ ရက် ၂း၂၅ နာရီတွင် ရမ်းဗြဲမြို့တွင် ဘင်္ဂလီကုလား (၁)ယောက်သည် ဓာတ်ဆီးပုံများဖြင့် ရခိုင်အိမ် တစ်ကို ၀င်ရောက် မီးရှိုးထွက်ပြေးပြီး ရခိုင်များမှ ၀ိုင်းဖမ်းရာ ထို ဘင်္ဂလီကုလားအား လက်ရ ဖမ်းဆီးမိသည်ဟု သိရှိရပါသည်။ ထို့အပြင် တချိန်တည်းတွင် ဘင်္ဂလီရပ်ကွက်များမှ မီးလောင်းမှုများဖြစ်ပေါ်လာပြီး ယခုအခါ အခြေအနေမှာ ဆက်လက် အပြန်အလှန်မီးရှိုးမှုများနှင့် တဖက်နှင့် တဖက် အပြန်အလှန်တိုက်ခိုက်မှုများရှိသည်ဟု RSV သတင်းထောက်မှ သတင်းပေးပို့လာပါသည်။
၂း၄၁ နာရီ ရမ်းဗြဲမြို့ သတင်း
----------------
ယခုအခါ ရမ်းဗြဲမြို့ရှိ တပ်ရွာနှင့် သာယာကုန်ကျေးရွာတို့တွင် မီးလောင်းမှုများ ဖြစ်လျှက်ရှိပြီး ဘင်္ဂလီကုလားများနှင့် ရခိုင်တို့ အပြန်အလှန် တိုက်ခိုက်လျှက်ရှိသည်ဟု သိရှိရပါသည်။ မီးလောင်းမှုမှာ ပြင်ထန်းလျှက်ရှိပြီး ဒဏ်ရာရမှုများလည်း ရှိသည်ဟု သိရှိရပါသည်။
၃း၅၂ နာရီ ရမ်းဗြဲမြို့သတင်း
----------------
ရမ်းဗြဲမြို့ ဘင်္ဂလီကုလားများ မီးရှိုးပြီး ပင်လယ်ပြင်ဖက်သို့ စက်လှေများဖြင့် ထွက်ပြေးနေကြသည်ဟု သိရှိရပါသည်။ ယခုအခါ မီးမှာ အချိန်ပြင်းစွာဖြင့် လောင်းကျွမ်းလျှက်ရှိနေပါသည်။ ရမ်းဗြဲမြို့ရှိ တပ်ရွာ ရပ်ကွက်၊ ပလုတ်တောင် ရပ်ကွက်၊ သာယာကုန် ရပ်ကွက်များမှာ မီး အရှိအဟုန်ပြင်းစွာဖြင့် လောင်းကျွမ်းလျှက်ရှိသည်ဟု သတင်းရရှိပါသည်။

၃း၀၅ နာရီ ကျောက်တော်မြို့ သတင်း
----------------
၂၅.၁၀.၂၀၁၂ ရက်နေ့က ကျောက်တော်မြို့နယ် အရေးအခင်းတွင် သေဆုံးသွားတော့ ရခိုင်တိုင်းရင်းသားနှစ်ယောက် အသုဘ အခမ်းအနားတွင် ရခိုင်များမှ ပေါ်စတာများကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။၂၅.၁၀.၂၀၁၂ ရက်နေ
ထိ ကျောက်တော်မြို့နယ် အရေးအခင်းတွင် သေဆုံးလက်ရှိ (၄) ယောက်ရှိပြီး ယခု အသုဘအခမ်းအနားမှာ
(၁) ဦးကျော်သိန်း ၊ အသက် (၃၇)နှစ် ၊ ပြည်တော်သာ ရပ်ကွက်။
(၂) ဇော်ဝင်း၊ အသက် (၃၈)နှစ်၊ ပြည်တော်သာ ရပ်ကွက်။
Rakhine Straight Views

Photo: Kyaw Gree

http://feeds.feedburner.com/thithtoolwin/yIWV

OIC အား တုံ့ပြန်မှုများကြောင့် မင်းပြားပြသာနာ စတင်ခြင်းဖြစ်သည်ဟု ဒေသခံများဆို
Posted: 26 Oct 2012 03:09 AM PDT
OIC ကို လက်မခံသည့် ဆန္ဒ ထုတ်ဖော် မှုများကြောင့် အစ္စလာမ် လူမျိုးတို့မှ မကျေနပ်သည့် တုန့်ပြန်မှု   ကြောင့် အောက်တို ဘာ(၂၀)ရက်နေ့က မင်းပြားမြို့ရှိ ကျေးရွာများတွင်  ပြသာနာစ တင်ဖြစ်ပွားခဲ့ရ ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။ အဆိုပါနေ့ ညနေပိုင်းတွင် ပိတ်သေရွာရှိ ရခိုင်လူမျိုး ထမင်းစား နေသည်ကို အစ္စလာမ်လူမျိုး တစ်ဦးမြှား နှင့်ပစ်ရာမှ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV

ဆန္ဒပြမည့် သတင်းများ ထွက်ပေါ်၍ လုံခြုံရေးများ ချထား
Posted: 26 Oct 2012 02:53 AM PDT
ယနေ့မွန်းလွဲ ၁ နာရီ၌ ရန်ကုန်မြို့  ဆူးလေနှင့် အောင်ဆန်းကွင်း နဘေး တခြမ်းပဲ့ ဗလီတို့တွင် ဆန္ဒပြမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေ သဖြင့် ရဲလုံခြုံရေးများ ချထားသော်လည်း မွန်းလွဲ ၃ နာရီကျော်သည့် အထိ မည်သည့် ဆန္ဒပြမှုမျှ ဖြစ်ပွားခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။ မွန်းလွဲ ၁ နာရီဝန်းကျင် ကတည်းက ရန်ကုန်မြို့ ဆူးလေစေတီ တ၀ိုက်တွင် ရဲလုံခြုံရေးများ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



http://feeds.feedburner.com/thithtoolwin/yIWV

သမ္မတကြီးနှင့် သူ၏သတင်းထောက်များ
Posted: 26 Oct 2012 02:34 AM PDT
 နေပြည်တော်၊ အောက်တိုဘာ ၂၁၊ ၂ဝ၁၂

နေပြည်တော်၏ အပူဆုံးအချိန် နေ့လယ် ၁၂ နာရီ။ ကင်မရာ အိတ်များ၊ ကွန်ပျူတာ အိတ်များ ကိုယ်စီ လွယ်ထားသော သတင်းမီဒီယာသမား အယောက် ၁ဝဝ ကျော်သည်  ချစ်ချစ်တောက် ပူနေသော အပူရှိန် ကိုလည်း ဂရုမပြုနိုင်၊ နဖူးတစ်ဝိုက် စို့နေသော ချွေးတွေကိုလည်း မသုတ်နိုင်၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ စီ စဉ်ပေးသော ဘတ်စ်ကားအိုကြီး များပေါ်တွင် နေရာယူလျက် ထွက်ခွာချိန်ကို စိတ်လှုပ်ရှားမှုကိုယ်စီဖြင့် စောင့်ဆိုင်းနေကြသည်။
တချို့က လည်း “သမ္မတကြီးကို တွေ့လို့ကတော့ ဘာတွေမေးပစ်လိုက်မယ်”ဟု တွေးကာ ရင်ခုန်နေသူများလည်း ပါသကဲ့သို့ တချို့ကလည်း သမ္မတကြီးကို အနီးကပ် ဓာတ်ပုံတွေရအောင် ဘယ်ရှုထောင့်က ရိုက်ရမည်နည်းဟု တွေးကာ ကင်မရာ တဆဆ ဖြစ်နေသူများလည်း ပါသည်။

သတင်းထောက်များ ရင်ခုန် လှုပ်ရှားမည်ဆိုပါကလည်း လှုပ်ရှားချင်စရာပင်။ ဆယ်စုနှစ်ပေါင်း များစွာအတွင်း ပထမအကြိမ် တိုင်းပြည်၏ အာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးနှင့် ပြည်တွင်းမီဒီယာများ တွေ့ဆုံခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ယခင့် ယခင်သော အစိုးရများ လက်ထက်တွင် ထိုကဲ့သို့ တွေ့ဆုံခွင့်ရရှိရန် အိပ်မက် ပင် မမက်ရဲကြပေ။
မိမိထိုင်နေသော ခုံက သိမ့်ကနဲ လှုပ်သွားသည်။ မီဒီယာများလိုက်ပါ စီးနင်းလာသော ကားတန်းကြီးစတင်  ထွက်ခွာလာလေ ပြီ။ ကားပေါ်တွင် တစ်ဦးကို တစ်ဦးနောက်ပြောင်လျက်  သတင်းမီဒီယာသမားများ ပျော်ရွှင် တက်ြွကစွာ လာကြလေပြီ။ သမိုင်းဝင် တွေ့ဆုံမှုကြီးအတွက် သမ္မတ အိမ်တော်သို့ လာကြလေပြီ။
မီဒီယာသမားများ၏ ပျော်ရွှင် တက်ကြွမှုများသည် ကြာရှည်မခံ၊ အိမ်တော်ရောက်ရှိပြီး ဝင်ခွင့်ကတ် လဲလှယ် ရာတွင်ပင် အဖုအထစ်များ စတင်ကြုံတွေ့ရတော့သည်။ သတင်းထောက် ၁ဝဝ ကျော်ကို ဝင်ခွင့်ကတ်  လဲလှယ်ပေးမည့် ဝန်ထမ်းက ၂ ဦး တည်းသာ။ မဆီမဆိုင် ဆရာဇော်ဂျီ ၏ ဘဲအုပ်က တစ်ရာ၊ နှစ်ရာ မဗေဒါက တစ်ပင်တည်းဆိုသည့် ကဗျာကို သတိရလိုက်မိသေးသည်။ ထို့ကြောင့် မြန်မာပီပီ တိုးရဝှေ့ရ ပြန်သည်။ မလိုအပ်ဘဲ အချိန်တွေ လင့်ရသည်။ ဝင်ခွင့်မူဝါဒကလည်း ခိုင်မာမှုမရှိ။ အစောပိုင်းလူများက တယ်လီဖုန်း ယူခွင့်မရှိ။ နောက်ကျုတော့ ယူချင်လည်း ယူပါဟု ဖြစ် သွားသည်။ တချို့က လက်ပ်တော့ ယူခွင့်ရသည်။ တချို့ကမရ။ မြန်မာပြည်၏ ကမ္ဘာကျော် သားရေကွင်း မူဝါဒကို သမ္မတ အိမ်တော်တွင် ကျင့်သုံးနေဆဲပင်။
နာရီဝက်ခန့် ချွေးတပြိုက်ပြိုက် တိုးဝှေ့လိုက်သည့်အခါ ဝင်ခွင့်ကတ် ကလေးရရှိပါတော့သည်။ ထိုကတ် ကလေးကို လည်ပင်းတွင် ချိတ်ဆွဲကာ ခမ်းနားကြီးကျယ်လှသော သမ္မတ အိမ်တော်ထဲသို့ ခြေချခွင့်ရရှိ ခဲ့ပါပြီ။ သမ္မတကြီး ရောက် မလာခင် ရောက်ရှိနှင့်နေသော သမ္မတ ရုံးဝန်ကြီး နှစ်ပါးဖြစ်သည့် ဦးစိုးသိန်း နှင့် ဦးအောင်မင်းတို့ကို ဝိုင်းဝန်း မေးနေကြသည်။ သမ္မတရုံးမှ ဖေ့ဘွတ်မင်းသား မှူးဇော်ကို ဓာတ်ပုံ ရိုက်နေကြသည်။ ဗီဒီယို ကင်မရာ များ ထောင်ကာ အသင့်ပြင်သူက ပြင်နေကြသည်။
ထို့နောက်တွင်တော့ ဝန်ကြီး ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့က မီဒီယာသမားများကို နေရာယူစေ ကာ သမ္မတကြီး၏ မီဒီယာပွဲအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
သမ္မတကြီး အမေရိက ခရီးစဉ်မှ ပြန်ရောက်ရှိ လာသည့်အခါ ပြည်တွင်း သတင်းထောက်များမှ အပြေးအလွှား နောက်မှ လိုက်ကာ မေးခွန်းများ မေးနေရသည် ကို တွေ့ခဲ့ရ ကြောင်း၊ နိုင်ငံတကာ မီဒီယာများ ကိုတော့ အင်တာဗျူးခွင့်ပေးခဲ့ပြီး ပြည်တွင်းမီဒီယာများကို ခွင့်မပြု လျှင် မတရားသလို ဖြစ်နေကြောင်း၊  ထို့ကြောင့် ယခုပွဲကို စီစဉ်ရခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ  ဝန်ကြီး နှစ်ပါးစလုံး အဓိက ပြော ကြားသည့် အကြောင်းမှာတော့ သမ္မတကြီး၏ ပထမဆုံး အကြိမ် ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံသည့် ပွဲဖြစ်သဖြင့် သမ္မတကြီး အကျပ်ရိုက်စေမည့် မေးခွန်းများ မမေးရန်နှင့် သမ္မတအဆင့် ဖြေရ မည့် မေးခွန်းများကိုသာ မေးစေလို ကြောင်း ထပ်တလဲလဲ တိုက်တွန်း ပြောကြားသွား သည်ကို သတိထား လိုက်မိသည်။
ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်ကလည်း အထက်ပါ ဝန်ကြီးနှစ်ပါး၏ စကားကို ထောက်ခံကာ မီဒီယာများကို အမှာစကား အနည်းငယ် ပြောကြားခဲ့သည်။ ဝန်ကြီး သုံးပါး၏ ဩဝါဒများ ခံယူ ပြီးသွားချိန် မှာတော့ ကင်မရာမီးရောင် တဖျတ်ဖျတ် အောက်တွင် အိနြေ္ဒရရ လမ်းလျှောက်ဝင်လာ သူကတော့ သမ္မတကြီး ဦးသိန်းစိန်ပင်။

 အင်တာဗျူးမည့် ခန်းမအတွင်း ဝင်ရောက်လာသည့် သမ္မတ ဦးသိန်းစိန်

“ခင်ဗျားတို့ မီးရောင်တွေ ကြောင့် ဘာမှတောင် ကောင်းကောင်း မမြင်ရတော့ဘူး”သမိုင်းဝင် တွေ့ဆုံမှုတွင် ပထမဆုံး ပြောကြားလိုက်သည့် သမ္မတကြီး၏ စကားဖြစ်သည်။ အဆိုပါ စကားကို သမ္မတကြီး အနေဖြင့် ရုတ်တရက် စိတ်ထဲတွင် ပေါ်လာသည့် အတိုင်း ပြောချင်လား သို့မဟုတ် ရည်ရွယ်ချက် ရှိရှိ ပြောချင်လား ဆိုသည်ကိုမူ သမ္မတကြီး မှတပါး မသိနိုင်။ မီဒီယာများကြောင့် “သမ္မတကြီးရဲ့ မြင်ကွင်းတွေ မဝေ ဝါးစေရပါဘူး”ဟု ကျွန်တော့် စိတ်ထဲတွင် ကျိတ်ပြောနေမိသည်။
“မီဒီယာဆိုတာ အစိုးရရဲ့ နား နဲ့ မျက်စိဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဝန်ကြီးအဖွဲ့တွေကိုလည်း မီဒီယာ တွေနဲ့ ပူးပေါင်းဖို့ မီဒီယာတွေကို မကြောက်ဖို့ ပြောကြားထားပါတယ်”
သမ္မတကြီး ပြောကြားသော မီဒီယာများအပေါ် နှုတ်ခွန်းဆက် စကားများက နွေးနွေးထွေးထွေးရှိ လှသည်။
မီဒီယာကို နားနှင့်မျက်စိ ဟု တင်စားသွားသည်။ ထိုသို့ဆို လျှင် စာပေစိစစ်ရေးရုံးကိုလည်း မည်ကဲ့သို့များ တင်စားမည်နည်းဟု သမ္မတကြီးကို မေးချင်စိတ်ပေါ်လာ သည်။ ထို့အတူ မှန်ဘီလူးမီဒီယာ များ၊ လော်စပီကာ မီဒီယာများကို လည်း သတိထားသင့်ကြောင်း ပြော ကြားလိုသည်။
သမ္မတကြီးက အမေရိကား ခရီးစဉ်အတွင်း နိုင်ငံတကာ မီဒီယာ များနှင့် ဆက်ဆံခဲ့ရပုံများကို ပြန်ပြောင်း ပြောပြသည်။ အင်တာဗျူး အချို့ကြောင့် အကျပ်တွေ့ခဲ့ပုံကိုပါ ရွှန်းရွှန်းဝေဝေ ပြောကြားသည်။ အခက်ဆုံး အင်တာဗျူးမှာ ဘီဘီစီ မှ ပြုလုပ်သည့် အင်တာဗျူးဖြစ် ကြောင်း၊ နောက်မှ သိရသည်မှာ အဆိုပါ အစီအစဉ် သည် Hard Talk အစီအစဉ်ဖြစ်ပြီး အချို့ခေါင်းဆောင် များပင် လက်ရှောင်သည့် အစီအစဉ် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားသည်။
သမ္မတကြီး၏ သိပ်မရှည်လှသော နှုတ်ခွန်းဆက်စကားအပြီးတွင် သတင်းမီဒီယာများ စောင့်ဆိုင်းနေသည့် မေးခွန်းမေးသည့် အစီအစဉ် ကို စတင်ပါတော့သည်။ မေးခွန်း မေးသည့် အစီအစဉ်မှာ ပြည်တွင်း မီဒီယာ ၃ ခု၊ ပြည်တွင်း အခြေစိုက် ပြည်ပ မီဒီယာ ၁ ခုနှုန်းဖြင့် မီဒီယာ တစ်ခုလျှင် မေးခွန်း ၁ ခုမေးခွင့် ရသည်။ မည်သည့် ဂျာနယ်က ပထမဆုံးမေးခွန်းမေးခွင့် ရမည်နည်း ဟု မျှော်လင့်တကြီး နားစွင့်နေကြ သည်။ သမိုင်းဝင်ပွဲကြီးမှာ ပထမ ဆုံးမေးခွင့်ရသည့် မီဒီယာက မှတ် တမ်းဝင်မည် မဟုတ်လား။
ထိုအချိန်မှာပဲ မေးမြန်းခွင့်ရ မည့် မီဒီယာအမည်ကို ကြေညာ သည်။ ပထမဆုံး မေးခွင့်ရသည့် တိုက်ကတော့ 7Days ။ သူ့နောက်တွင် Eleven နှင့် Voice ။ ပြီးရင်တော့ ရိုက်တာ သတင်းဌာနမှ မေးမြန်းရမည်ဟု ကြေညာလေသည်။ ဂျာနယ်စောင်ရေပေါ်မှာများ မူတည်ပြီးတော့ ရှေ့နောက် တန်းစီထား သလားဟုပင် တွေးမိသေးသည်။ 7Days မှ မေးသည့်မေးခွန်းတွင်ပင် ပြဿနာတက်တော့သည်။ တခြား မဟုတ် မိုက်နှင့် ပြောသည့် အသံသည် လုံးထွေးနေသဖြင့် သမ္မတကြီးက ပြတ်ပြတ်သားသား မကြားရ။  ထို့ကြောင့် သူ့နားသို့ ကပ်၍ မိုက်မပါဘဲ မေးရန် သမ္မတကြီးက ပြောသည်။  ထိုအခါ မေးခွန်းများကို ထိုင်နေသည့် တခြားမီဒီယာများ မှ မကြားရတော့ပေ။ သမ္မတကြီး၏ အဖြေပေါ်တွင် မူတည်ပြီး မေးခွန်းကို ခန့်မှန်းရသည်။ ကချင်စစ်ပွဲနှင့်ပတ် သက်ပြီး မေးလိုက်ပုံရသည်။
“ကချင်စစ်သား တစ်ယောက် ကျတာလည်း တိုင်းပြည်ရဲ့ ဆုံးရှုံးမှုဖြစ်သလို မြန်မာစစ်သားတစ်ယောက် ကျတာလည်း တိုင်းပြည်ရဲ့ဆုံးရှုံးမှု ဖြစ်ပါတယ်၊ အစိုးရရဲ့စေတနာအမှန် ကို နားလည်ရင် ငြိမ်းချမ်းရေး ရမယ်လို့ ယုံကြည်ပါတယ်” သမ္မတကြီး၏ လေသံက တိုးတိုး ဖျော့ဖျော့ဖြစ်သော်လည်း နားထောင်နေသူတိုင်း ရှင်းရှင်း လင်းလင်း ကြားနိုင်သည်။ သို့သော် ထိုင်နေရာမှ ထကာ ဓာတ်ပုံရိုက်ကြသော မီဒီယာ သမားများကြောင့် ရှင်းရှင်းလင်း လင်းတော့ မမြင်ရ။ Eleven အလှည့်ရောက်သည့်အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး မေးသွားပုံရသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်ပါတယ်။ အဓိကကတော့ ပြည်သူတွေ တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်များ အပေါ် မှာပဲ မူတည်ပါတယ်”
ထိုအဖြေကလည်း စိတ်ဝင်စားစရာ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးနိုင်ရန် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မှ ဖြစ်မည်။ အလားတူ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သော မေးခွန်းကို ရိုက်တာ သတင်းဌာန မှ မေးမြန်းသွားခဲ့သည်။ မကြာသေး ခင်ကမှ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ သော အာဏာရ ပါတီ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင် ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်ခံရခြင်းသည် အခြေခံဥပဒေနှင့် ငြှိစွန်းပါသလား ဟု မေးသည်။ ထိုမေးခွန်းကို သမ္မတကြီးက “ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ပါတီကနေ ထွက်ဖို့ မလိုပါဘူး ။ ပါတီလုပ်ငန်းတွေကိုပဲ ဝင်မလုပ်ရမှာပါ”ဟု ဖြေကြားခဲ့သကဲ့သို့ သမ္မတ သက်တမ်း တစ်ကြိမ်သာ ထမ်းရွက် လိုကြောင်းနှင့် ပြည်သူလူထု က တောင်းဆိုလာမှသာ နောက်တစ်ကြိမ် ထပ်မံအရွေးခံ မည့် အကြောင်းကိုပါ ထည့်သွင်း ဖြေကြားခဲ့သည်။
ထို့နောက်တွင်တော့ မေးခွန်း များ၊ အဖြေများနှင့် သမ္မတကြီး၏ တွေ့ဆုံပွဲသည် အသက်ဝင် လှပနေသည်။ အချို့ မေးခွန်းများကိုတော့ သမ္မတကြီးမှ စေတနာထားလွန်း၍ လားမသိ။ နာရီဝက်ကျော် အချိန်ယူကာ ပြည့်ပြည့် စုံစုံ ဖြေကြားသွားသည်။ သို့သော် မီဒီယာပေါင်းများ စွာနှင့် အမေးအဖြေလုပ်ရသည့် အခုလိုပွဲ မျိုးတွင်တော့ မေးခွန်းတစ်ခုကို ထိုမျှလောက် အချိန်ယူ ဖြေကြားရန် မသင့်ပေ။

သတင်းဓာတ်ပုံယူနေကြသည့် သတင်းထောက်များကို တွေ့ရစဉ်
မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်မှလည်း မေးခွန်းမေးခွင့် ရသည့်အခါ ကျွန်တော့် ခေါင်းထဲတွင် မေးခွန်း ၃ခု၊ ၄ ခု ပြေးလွှားနေသည်။ သမ္မတရှေ့ ရောက်သည့်တိုင် မည်သည့်မေးခွန်း ကို မေးရမည်ကို မဆုံးဖြတ်ရသေး ။ နောက်ဆုံးတွင်တော့ မြန်မာပြည်သူ အများနှင့်လည်း သက်ဆိုင်သော သမ္မတ အဆင့် ဖြေသင့်သည့် မေးခွန်း ဖြစ်သည့် တရုတ်ပြည်နှင့် ဆက်ဆံရေး မေးခွန်းကို မေးလိုက်သည်။
တရုတ်လူမျိုးများနှင့် ဖက်စပ်လုပ်သော စီမံကိန်း တော်တော်များတွင် ပြဿနာများ ဖြစ်ပွားလျက် ရှိသည်။ မြစ်ဆုံ စီမံကိန်း ကိုလည်း သမ္မတကြီး၏ အမိန့်ဖြင့် ရပ်ထားရသည်။ ယခုလည်း လက်ပံတောင်း တောင်တွင် လည်း အငြင်းပွားမှုများ  ကျယ်ပြန့်နေသည်။ ထိုကြောင့် တရုတ်ပြည်နှင့် ရှေ့လျှောက်မည်ကဲ့သို့ လက်တွဲ လုပ်ဆောင် သွားမည်နည်းဟု အဓိပ္ပာယ်ရသော မေးခွန်းကို မေးလိုက်သည်။ သမ္မတကြီးက မဆိုင်းမတွပင် “တရုတ်ပြည်က မြန်မာနိုင်ငံ ပိတ်ဆို့ခံခဲ့ရစဉ် တစ်လျှောက်လုံး အိမ်နီးချင်းကောင်း ပီသစွာ ဖေးမကူညီ ခဲ့ပါတယ်။ ကမ္ဘာ့အရေးမှာလည်း မြန်မာနိုင်ငံ ဘက်က အစစ အရာရာ ရပ်တည်ခဲ့ပါတယ်။ တချို့ အခြေအနေတွေမှာ ဗီတိုအာဏာ သုံးပြီး ပယ်ချခဲ့တဲ့အထိ လုပ်ဆောင် ပေးခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာ လူမျိုးဆိုတာကလည်း ကျေးဇူးသိတတ်တဲ့ လူမျိုးတွေပါ။ ဒါကြောင့် အနာဂတ်မှာ တရုတ်ပြည်နဲ့ ပိုမိုနွေးထွေးစွာ ဆက်ဆံသွားမှာပါ။ ဒါပေမယ့် တိုင်းပြည်ရဲ့ သယံဇာတတွေ ထုတ်ယူတဲ့နေရာ မှာတော့ သားစဉ်မြေးဆက် စားလို့ရအောင် စနစ်တကျ လုပ်သွားမှာပါ”ဟု ပညာသားပါပါ သံခင်းတမန်ခင်း ဖြေကြားသွား သည်။
အခြားသော မီဒီယာများ၏ မေးခွန်းများမှာလည်း စုံစေ့လှသည်။ ရခိုင်အရေးလည်းပါသည်။ OIC အရေးလည်း ပါသည်။ သမ္မတကြီး ကတော့ OIC ကို မြန်မာပြည်မှာ ရုံးစိုက်ခွင့်ပြုမှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား ဖြေသည်။ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်း အဆမတန် နိမ့်ပါးနေသည်ကိုလည်း ဝန်ခံဖြေကြား သွားသည်။ ဖြေကြားရုံ သာမက ပညာရေး၊ ကျန်းမာရေး အဆင့် ပြန်လည်မြှင့်တင်နိုင်အောင် ကြိုးစားသွားမည့် အကြောင်းကိုပါ ကတိပြုသွားသည်။
၂ နာရီဝန်းကျင်ကြာသော သမိုင်းဝင် မီဒီယာများနှင့် တွေ့ဆုံ မှုသည် များစွာ ကျေနပ်အားရဖွယ် ကောင်းသည်။ စစ်တပ်ခေါင်းဆောင် တစ်ဦးဖြစ်ခဲ့ ဖူးသော်လည်း သမ္မတ ကြီးထံတွင် စစ်ဗိုလ် အများစုတွင် တွေ့ရတတ်သော မောက်မာ ခက်ထန် မှုမျိုး မရှိ။ မီဒီယာများအပေါ် နွေးနွေး ထွေးထွေးပျော့ပျော့ပျောင်းပျောင်း ဆက်ဆံသည်။ စကားပြော နူးညံ့ သိမ်မွေ့သည်။
အောက်ခြေမှ အရာရှိများ၊ ဝန်ထမ်းအများအနေဖြင့် သမ္မတကြီးကို များစွာ အတုယူသင့်သည်။ သမ္မတကြီး ကိုယ်တိုင် အပြောင်းအလဲကို လက်ခံကာပွင့်ပွင့်လင်းလင်းဖြေကြား ပြေဆိုနေချိန်တွင် မီဒီယာများကို ရှောင်ပုန်း နေရမည့် အချိန်မဟုတ်တော့။
ရပ်ကွက်အဆင့် ရုံးများမှသည် နေပြည်တော်ရှိ ပြည်ထောင်စုရုံးကြီးထိ ပွင့်လင်းမြင်သာမှုများ ဖြစ်ပေါ် စေလို သည်။  မီဒီယာများကို မကြောက်စေလိုတော့။ သမ္မတကြီး နှင့် သူ၏ သတင်းထောက်များက တော့ နားလည် ယုံကြည်မှုများ တည်ဆောက်နိုင်ခဲ့ပြီ။ အခြားသော ဌာနများနှင့် သတင်းထောက်များမှာ တော့…။
 မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်
http://feeds.feedburner.com/thithtoolwin/yIWV

အမျိုးသမီး၏ ကာအိနြေ္ဒပျက်စီးစေရန် လက်ရောက်စေခဲ့သူအား ဖမ်းဆီးမိ
Posted: 26 Oct 2012 02:09 AM PDT
၂၀၁၂ ခုနှစ်အတွင်း ညဥ့်အချိန် ပုန်းလျှိုး ၀င်ရောက်ကာ အိနြေ္ဒ ပျက်စီးစေရန် လက်ရောက်စေမှုဖြင့် အမှုဖွင့် ထားသောအမှု တစ်ခုသာရှိကြောင်း ကျောက်မဲမြို့နယ် ရဲစခန်းမှ သိရှိရသည်။ အိပ်ပျော်နေသော အမျိုးသမီး တစ်ဦး၏ ခုတင်ပေါ်သို့ တက်ရောက်၍ စောင်ကို လှန်ကာ လက်ဖြင့် စမ်းသပ်ခဲ့ သူအား အောက်တိုဘာလ(၂၃) ရက်နေ့က---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



http://feeds.feedburner.com/thithtoolwin/yIWV

တောင်ကြီးမြို့တွင် လူသတ် ပစ္စည်းယူ အလောင်းဖျောက်ဖျက် တရားခံနှစ်ဦး ဖော်ထုတ် ဖမ်းဆီး ရမိ
Posted: 26 Oct 2012 01:46 AM PDT
ရှမ်းပြည်နယ် တောင်ကြီးမြို့  ဘုရားဖြူ ရပ်ကွက် ပန်းသစ္စာ လမ်းတွင် လူသတ်၊ ပစ္စည်းယူ၊ အလောင်း ဖျောက်ဖျက်သူ များ အား အောက်တိုဘာ ၁၉ ရက်က ဖော်ထုတ် ဖမ်းဆီး ရမိ ကြောင်း သိရသည်။ ဖြစ်စဉ်မှာ တောင်ကြီးမြို့ ညောင်ရွှေ ဟော်ကုန်း ရပ်ကွက် နယ်မြေ(၂) ခြင်္သေ့လမ်းနေ ဦးငွေစိုး သည် အောက်တိုဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီက အမှတ် (၂) ရဲစခန်းသို့ ရောက်ရှိ လာပြီး ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



http://feeds.feedburner.com/thithtoolwin/yIWV

မြန်မာ သံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ် Vol-1,No-33.. Oct 27-Nov 2,2012
Posted: 26 Oct 2012 01:23 AM PDT
မြန်မာ သံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ် Vol-1,No-33.. Oct 27-Nov 2,2012
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV

ကျောက်ဖြူမှထွက်ပြေး စက်လှေ(၄၀)စီး မောင်တောမြို့နယ်သို့ ဆိုက်ရောက်
Posted: 26 Oct 2012 01:15 AM PDT
ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ပြီး စက်လှေ(၄၀)စီးခန့်ဖြင့် ထွက်ပြေး တိမ်းရှောင် သွားသော ရာပေါင်း များစွာသော ဘင်္ဂလီ မူဆလင်များမှာ ယမန်နေ့ညဥ့်တွင် မောင်တောမြို့နယ်သို့ ဆိုက်ရောက် သွားခဲ့ကြောင်း သတင်းရရှိသည်။
မောင်တောမြို့နယ်၊ အလယ်သံကျော် နယ်မြေ ကျောက်ပန်းတူ နယ်မြေတွင် သက်ဆိုင်ရာမှ ယင်းတို့အား စခန်းဖွင့် လက်ခံနေကြောင်းနှင့် မောင်တောမြို့နယ်နှင့် မျက်နှာချင်း ဆိုင်တည်ရှိသော ဘင်္ဂလာဘက်ခြမ်း တာခ်နာမြို့နယ်သို့ ယင်းစက်လှေတစ်ချို့ ထပ်မံထွက်ပြေး သွားရောက် နိုင်ကြောင်း နယ်စပ်မှ သတင်းများ ထွက်ပေါ်လာနေသည်။
မောင်တောမြို့နယ်၊ ကျောက်ပန်းတူနယ်မြေတွင် ရခိုင်ကျေးရွာ အိမ်ခြေမှာ(၇၀)ကျော်ခန့်သာရှိ၍ ဘင်္ဂလီရွာများမှာ(၃)ရွာခန့်ရှိပြီး အိမ်ခြေမှာ(၁၀၀၀)ကျော်ခန့်ရှိသည်ဟု သိရသည်။ ယခု ဒုက္ခသည်စခန်းချမည့် ရွာအမည်မှာ သင်္ဘောကွေ့ရွာဟုသိရပြီး မောင်တောမြို့မှ (၅)မိုင်ခန့်၊ ကျောက်ပန်းတူရွာမှ နာရီဝက်ခန့်သာဝေးသည်ဟု သိရသည်။
ယခုအခါ ရခိုင်ပြည်နယ် လ၀က၊ ရဲ၊ လုံထိန်းတာဝန်ရှိ တစ်ချို့အနေဖြင့် ယနေ့မနက်(၅)နာရီချိန်တွင် ယင်းကျောက်ပန်းတူသို့ သွားရောက်ပြီး ဘင်္ဂလီမူဆလင်များအား လက်ခံနေရာချပေးမှုများ ပြုလုပ်နေကြောင်း ပြည်တွင်းမှ သတင်းပေးပို့ချက်အရ သိရှိရသည်။
မောင်တောမြို့နယ်တွင် ဒုက္ခသည်စခန်းဖွင့်ရန် ရောက်ရှိလာပုံကို ကျောက်ပန်းတူရွာမှ ဒေသခံအမျိုးသမီးအား မေးမြန်းရာ " ကျမတို့ရွာ ကျောက်ပန်းတူရွာ (နတလရွာ)လို့ ခေါ်ပြီးတော့ ဘင်္ဂလီရွာကိုကျတော့ ကျောက်ပန်းတူ ဘင်္ဂလီရွာလို့ခေါ်ပါတယ်။ ဒီနေ့ နံနက် (၉)နာရီကျော်လောက်မှာ မောင်တောကွပ်ကဲရေးမှူး၊ နစက၊ နဝတ၊ လဝကနှင့် နိုင်ငံခြားဧည့်သည်များ(၄၀)ကျော်က သင်္ဘောကွေ့ရွာမှာ ဘင်္ဂလီတွေအတွက် ဒုက္ခသည်စခန်း ဖွင့်ပေးဖို့ နေရာကိုကြည့်ရန် ရောက်လာကြပါတယ်။ အဲဒါကို ရွာသူရွာသားတွေကကြားတော့ ရွာဦးကျောင်းနှင့် စခန်းက စောင့်နေပြီးတော့ စခန်းကိုမဖွင့်ဖို့ ကန့်ကွက်ဆန္ဒပြကြပါတယ်။ မောင်တောကွပ်ကဲရေးမှူးကတော့ ဘာမှ စိတ်မပူကြဖို့နှင့် အားလုံးကို သူတာဝန်ယူပါတယ်လို့ ပြောပါတယ်။ သင်္ဘောကွေ့ရွာက ပင်လယ်နဲ့ ပင်လယ်ကမ်းခြေနီးပြီးတော့ မောင်တောကားလမ်းအောက်မှာ ရှိတာပါ။ အခု အဲဒီရွာမှာ ပြေးလာကြတဲ့ ဘင်္ဂလီတွေကို ဒုက္ခသည်စခန်းမှာ ထားပြီးသွားလျှင် တစ်ခုခုဖြစ်မှာကို ရွာသူရွာသားတွေက အရမ်းစိုးရိမ် နေကြပါတယ်။ " ဟု ပြောပြသည်။
မောင်တောမြို့နယ်၊ ကျောက်ပန်းတူရွာနှင့် အနီးနားတွင်ရှိသော ဘင်္ဂရွာမှ ရွာသူရွာသားများသည် အေးအေး ချမ်းချမ်းနဲ့ နေထိုင်နေကြကြောင်း၊ အခု ထွက်ပြေးလာကြသော ဘင်္ဂလီမျာအတွက် သင်္ဘောဆိပ်ကွေ့တွင် ဒုက္ခသည်စခန်းဖွင့်ပြီးသွားလျှင် ဆူပူမှုများဖြစ်လာမည်ကို ရွာသူရွာသားများ စိုးရိမ်နေကြောင်း၊ ဒုက္ခသည်စခန်းထားမည်၊ မထားမည်ကို သေချာစွာ မသိရှိရသေးကြောင်း မောင်တောဒေသခံ အမျိုးသီးတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
Written by သဇင်ဥ  - Arakan Times  


http://feeds.feedburner.com/thithtoolwin/yIWV

တရားဥပဒေ စိုးမိုးရေး ကော်မတီက လက်ရှိ ဖြစ်ပေါ် နေသော ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ အရေးကြီး အဆိုအဖြစ် တင်သွင်း
Posted: 26 Oct 2012 01:10 AM PDT
အောက်တိုဘာ(၂၆)ရက်
တရားဥပဒေ စိုးမိုးရေး ကော်မတီက လက်ရှိ ဖြစ်ပေါ်နေသော ရခိုင် ပဋိပက္ခနှင့် ပတ်သက်၍ လုံခြုံရေး အင်အား တိုးမြင့်ရန်နှင့် အဆင့် တိုးမြှင့်ရန်နှင့် ဥပဒေ ချိုးဖောက်ခြင်းနှင့် အခြေခံ လူ့အခွင့်အရေး ချိုး ဖောက်ခြင်း တို့ကို တရားဥပဒေနှင့် အညီ ပွင့်လင်းမြင်သာမှု ရှိစေရန် အမြန်ဆုံး စီစဉ် ဆုံးဖြတ်ပေးရန် ပြည်ထောင်စု အစိုး ရသို့ တိုက်တွန်းကြောင်း အဆိုအား ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အရေး ကြီး အဆိုအဖြစ် တင်သွင်းဆွေးနွေး နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုအစိုးရ သို့တိုက်တွန်းကြောင်းအရေးကြီး အဆိုမှာ ဒေါ်အောင်ဆန်းစုကြည်ကော် မတီဥက္ကဌ အဖြစ်ဆောင် ရွက်နေသော တရားဥပဒေ စိုးမိုးမှုနှင့်တည်ငြိမ်းအေးချမ်းမှု ကော်မတီ ကိုယ် စား အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ် စား လှယ်ဦးမန်းမောင်မောင်ဉာဏ်မှ တင် သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုမှာ ''တရားဥပဒေ စိုးမိုးမှုနှင့်တည်ငြိမ်းအေးချမ်းမှု သည် လုပ်ငန်းစဉ်တစ်ရပ် အနေဖြင့် တရားဥပ ဒေ စိုးမိုးမှုနှင့် တည်ငြိမ်းအေး ချမ်းမှုကို ဥပဒေအရလေ့လာသုံးသပ်ဆောင်ရွက်ရ မည်ဖြစ်သည်ဟု သက်မှတ်ထား ကြောင်း၊ ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်ပေါက်နေ သော ပဋိပက္ခများကြောင့် အသက် ဆုံးရှုံး ခြင်း၊ထိခိုက်ဒဏ်ရာရခြင်း၊ အိမ်များမီး လောင်ဆုံးရှုံခြင်းများဖြစ်ပေါ်လျှက်ရှိသည် ကို သိရှိ ကြပြီးဖြစ် မည်ဖြစ်ကြောင်း၊မြော က်ဦးမြို့နယ်တွင် လုံခြုံရေးတာဝန်ရှိသူများ ပင်ကျဆုံးနေသည်ကို ကြား သိရကြောင်း၊ ကျောက်ဖြူမြို့နယ်တွင် တစ်ဘက်နှင့်တစ် ဘက်အပြန်အလှန်မီးရှို့ခြင်းကြောင့် ထိ ခိုက် ဒဏ်ရာ ရရှိခြင်းဖြစ်ပေါ်နေကြောင်း၊ မြောက်ဦးမြို့နယ်တွင်ရဟန်းသံဃာနှင့်ရပ် မိရပ်ဖိများ ၏ညှိုနှိုင်း စေ့စပ်မှုကြောင့် တချို့ မှာ ပြန်လည်တည်ငြိမ်မှု ရရှိလာကြောင်း၊ ထို့ပြင်ပဋိပက္ခများ ဆက်လက်ဖြစ် ပေါ်နိုင် သည့်အခြေအနေများ ကို သုံးသပ်တွေ့ရှိ နေရသည့်အတွက် တရားဥပဒေ စိုးမိုးမှု နှင့်တည်ငြိမ်းအေးချမ်း မှုရရှိစေရေးအတွက် ဖြစ်နိုင်ချေရှိသည့် မြို့နယ်များတွင် လုံခြုံ ရေးလိုအပ်ချက် အရ တပ်ဖွဲ့ဖြည့်တင်းခြင်း၊ အသစ်တိုးမြှင့်ခြင်းကို အလျင်အမြန် ဆောင်ရွက်ပေးရန်နှင့်ဥပဒေချိုးဖောက် မှု၊ အခြေခံ လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့်ပတ်သက်၍ တရားဥပဒေနှင့်အညီ ပွင့်လင်းမြင သာ၍ အမြန် ဆုံးစီစဉ်ဆုံးဖြတ် ဆောင်ရွက်ပေး ရန် ပြည်ထောင်စုအစိုးရ သို့တိုက်တွန်း ကြောင်း'' ပြည်သူ့ လွှတ်တော် သို့ တင်သွင်းခဲ့သည်။
အဆိုပါအရေးကြီးအဆိုအား ပြည်သူ့လွှတ်တော်က လက်ခံသဘောတူ သည့်အတွက် ယနေ့အစည်း အဝေး၌ပင် အဆိုပါအဆိုနှင့် ပတ်သက်၍လွှတ်တော်က လက်ခံဆွေးနွေး လျှက် ရှိကြောင်းသိရ သည်။
မောင်ပိုင် - Yangon Media Group

တရားဥပဒေ စိုးမိုးမှုနှင့်တည်ငြိမ်းအေးချမ်းမှု ကော်မတီ

http://feeds.feedburner.com/thithtoolwin/yIWV
...
[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...