အာကာသ လွန်းပျံယာဉ် အန်ဒဲဗား၏ နောက်ဆုံးခရီးစဉ်
by Myanmar Online News on Sunday, October 14, 2012 at 7:12am ·
Sunday, October 14, 2012
174738_shuttle_D.O.K._ The space shuttle Endeavour traveles north on Crenshaw Blvd, past Florence Ave en route to the California Science Center. Los Angeles Times
အမေရိကန် အကာသ လွန်းပျံယာဉ် အန်ဒဲဗား(Endeavor) ၏ နောက်ဆုံးကွန်းခိုရာ ခရီးစဉ် ဖြစ်သည့် ကာလီဖိုးနီးယား အမျိုးသားသိပ္ပံ ပြတိုက် သို့ သယ်ဆောင်မှု ခရီးစဉ်တွင် ယနေ့နံနက် အစောပိုင်း ကတည်းက လောဇ်ဆန်းဂျလိဇ် မြို့ တွင်းသို့  ဖြတ်၍ သယ်ဆောင်ခဲ့သည်။
ဂျပန် နိုင်ငံလုပ် Toyota Tundra အမျိုး အစား မော်တော် ကားက ဘီးပေါင်း ၁၆၀ ပါဝင်သည့်ထရော်လီတွင် တင်ဆောင်လာသည့် အန်ဒဲဗား ကို တစ်နာရီလျှင် နှစ်မိုင်
နှုန်း ဖြင့်ဆွဲယူလာရာ လမ်းတစ်လျှောက်တွင် အခြေခံ ပညာကျောင်းများ နှင့် အဆင့်မြင့် ပညာ ကျောင်းများမှကျောင်းသူ ၊ ကျောင်းသူများနှင့် ဒေသခံ ဖျော်ဖြေ ရေး အဖွဲ့ များက ဂီတ၊ အကများဖင့် ဖျော်ဖကြိုဆိုခဲ့ကြသည်။
အာကာသလွန်းပျံယာဉ်ကြီးအား သောကြာနေ့ က LA နိုင်ငံ တကာလဆိပ်မှ စတင်သယ်ဆောင် လာပြီးနာက် အဝေးပြေးလမ်းမများ၊ မာတင်လူသာကင်းလမ်းမကြီး ၊ မန်ချက်စတာလမ်းမတို့ကို ဖြတ်သန်းပြီး သယ်ဆောင်လာခြင်း ဖြစ်သည်။ ပြီး ခဲ့သည့်သတင်းပတ်က ဘိုအင်း ၇၄၇ လေယာဉ် ကြီး ဖြင့် တင်ဆောင်ပြီး LA နိုင်ငံ တကာ လေဆိပ်သို့  ရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။
၁၉၉၂ ခုနှစ် မေ လ တွင် စတင်ခဲ့ ပြီး နောက်ဆုံး ပျံသန်းမှုမှာ မေ လ ၂၀၁၁ ခုနှစ် တွင် ဖြစ်သည်။
အာကာသယာဉ်ကြီးသည် သူ့ ကိုကြိုဆိုသူများပားသည့် နေရာများ နှင့် LA မြို့  တွင်းရှိ လမ်းဆုံလမ်းခွနေရာ များတွင် ခေတ္တရပ်နားပြီး ဂုဏ်ပြုမှုကိုခံယူသည်။
အန်ဒဲဗားကို သယ်ဆောင်ရာလမ်းတစ်လျှောက်ရှိ မော်တော်ယာဉ် အချက် ပြ မီးပွိုင့်များကိုခေတ္တ ဖြုတ်ထားခြင်း၊ သစ်ပင်များကို ဆိုင် ကြိုး ဖြင့် လွှဲ ထား ခြင်း တို့  အပြင် လုံးဝ မလွတ်ကင်းသည့် သစ် ပင် ၄၀၀ ကို ဖယ်ရှား ခဲ့ သော် လည်း LA မြို့  ပြ စိမ်းလန်းစိုပြေ ရေး ကောင်စီအရွယ် တူ နှင့် အခြား သစ်ပင် ၁၀၀၀ ကျော် ပြန်လည် စိုက်ပေး ရန် ကတိပြု ခဲ့သည်။
အကာသ ခရီးစဉ် အကြိမ် ၁၃၀ ကျော် ထွက်ရှိခဲ့ ပြီး ကမ္ဘာကို အကြိမ်ပေါင်း ၄၆၀၀ ကျော်ပတ်ခဲ့ ကာဂြိုလ်တု ပေါင်းများစွာကို နေရာချထားပေးခဲ့သည့်အန်ဒဲဗားအာကာသလွန်းပျံ
ယာဉ်သည်သူ၏ နောက်ဆုံးကွန်းခိုရာသို့ သွားသည့် ခရီးစဉ်သည် လောဇ်ဆန်းဂျလိစ် မြို့ တွင် အထင်ရှားဆုံး လူအမြောက်အများ ပါဝင်သည့် ကြိုဆိုဂုဏ်ပြုမှုတစ်ခု ဖြစ်သည်ဟု LA Times သတင်းစာက ရေးသား ဖော်ပြထားသည်။
အန်ဒဲဗား သည် တနင်္ဂနွေ နေ့ နံနက် ၂ နာရီ တွင် သူ၏ နောက်ဆုံးထားရှိရာနရာ ကို ဆိုက်ရောက်ခဲ့သည်။
0 comments:
Post a Comment