Thursday, October 18, 2012

စပ်မိစပ်ရာ ရန်ကုန်မှာ


ရန်ကုန်ပြန်ဖို့ရာ အကြောင်းတွေ တိုက်ဆိုင်လာပြန်တော့ ခဏပြန်မှာပါ မိန်းမရာ လို့ အခါ ၁၅၀ လောက် ပြောပြီးသကာလမှာတော့ ရန်ကုန် ပြန်ခွင့် Visa ကျပါတယ်။ ဒီတစ်ခါ ရန်ကုန်ပြန်ရတာ ၉ ရက်ထဲပေမယ့် မျှော်လင့်ချက်တွေက အပြည့် တစ်သက်လုံး လုပ်ချင်နေတဲ့ အလုပ်တစ်ခု လုပ်နိုင်တော့မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြန်သွားဖြစ်ဲ့တယ်။ ရောက်ရောက်ချင်း သတိထားလိုက်မိတာက လူဝင်မှု ကြီးကြပ်ရေးက ၀န်ထမ်းတွေပါပဲ။ အရ
င်အခေါက်တွေ ပြန်တုန်းက ဆို လူဝင်မှု ကြီးကြပ်ရေး ဆိုတာ ဂိတ်ကြေး ကောက်နေသလား အောက်မေ့ရတယ်။ တန်းစီနေတဲ့ လူတွေရဲ့ လက်ထဲမှာလဲ အကြွေလေးတွေ အဆင်သင့်၊ ၂ကျပ်တန် ၅ ကျပ်တန် ၁၀ တန်၊ စာအုပ်ထဲ ညှပ်သူက ညှပ်၊ အိပ်ကတ်ထဲ အလွယ်ထည့်သူက ထည့်၊ ခပ်တည်တည် လက်ထဲ ကိုင်ထားသူတွေက မရှား။ ကိုရွှေကြီးကြပ်ရေးတွေကလဲ ပိုက်ဆံများ အဆင်သင့်မပါရင် ၀တ်တရား နှောက်ယှက်မှုနဲ့ အရေးယူမလားထင်ရတယ်။ ဒီတစ်ခေါက်တော့ ထူးထူးဆန်းဆန်း ကျွန်တော့် ရှေ့က မိန်းကလေး ငယ်ငယ်ချောချာက ဆယ်တန်လေးတစ်ရွက် အဆင်သင့် ထည့်ပေးလိုက်တာတောင် မှ ခပ်တည်တည် မျက်နှာထားနဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး ချီတက်နေတဲ့ ပုံစံနဲ့ ပြန်ယူသွားဆိုပြီိး ငြင်းလိုက်တာ တွေ့တော့ ဟယ် တို့ကြီးကြပ်ရေးကြီိးတော့ လို့ အော်ရတော့မလို။

ဒါတင်လားဆိုတော့ မဟုတ်သေးဘူး အရင် အိတ်တွေ စစ်တဲ့နေတာ ကာစတမ်ထင်ပါရဲ့ အဲဒီမှာ အရင်တုန်းက ကြားနေကြ စကားက မောင်လေး နည်းနည်းပါးပါးတော့ လုပ်လိုက်၊ နိုင်ငံခြား ပိုက်ဆံလေးများ မပါဘူးလား၊ မပေးရင် တစ်အိတ်လုံး ဖွင့်ရှာတော့ မလို ပေးများပေးလိုက်ရင် အဲဒီအိတ် လေယဉ်ပေါ်က ဆင်းလာမှန်းတောင် မသိလိုက်ရလေအောင် ယောင်လို့တောင်မှ လည့်မကြည့်၊ မှန်တာပြော toto ပေါက်ပါစေ ဘိန်းကုန်ကူးချင်စိတ်တောင်ပေါက်တယ်။ ၁၀ လောက်များ ပေးလိုက်လို့ကတော့ လူ့အရင် အိတ်ထွက်သွားစေရမယ်၊ အရင်တုန်းကနော် အရင်တုန်းက။ ခုများတော့ မမများက ခပ်တည်တည် လာထားအိတ် ထည့်ထား X-Ray ထဲ ထွက်သွားလိုက်လူ၊ မသိရင် နိုင်ငံများ မှားဆင်းမိသလား အောက်မေ့ရတယ်။ ဒီလိုနဲ့ အစ်ကိုတော် ကားနဲ့ လာကြိုတာ သူကားပေါ်တက်သွားလိုက်တာ အမယ် ကား နောက်ဆုတ်တာကို တယ်လီဗေးရှင်းကြီးနဲ့ ပြသဗျာ။ ကိုကြီးကားက မိုက်သဗျာ ဘယ်လောက်တုန်းဆိုတော့ ၁၀၀ ကျော်ကျော်လေးပါကွာဆိုပဲ။ ကောင်းပါလေ့ ကောင်းပါလေ့။

ကိုယ်ကသာ တစ်နှစ်လောက် ခွာပြီး ရောက်လာလို့ တအံတသြ ဖြစ်နေတာ ရန်ကုန်က ကိုကိုမမ များကတော့ မပြောင်းလဲဘူး ဆိုတာချည်းပဲ။ နည်းနည်းပြောင်းတယ်တော့ လုပ်လိုက်ပါ ပြောတော့လဲ သိပ်မကြိုက်ချင်ကြဘူး။ အဲဒီအကြောင်းတော့ နောက်မှ ဆက်ရေးတာပေါ့။ လောလောဆယ် စိတ်ဝင်စားတာလေးတွေ ရွေးပြောကြရအောင်။ နေးတစ်ကာ ကြီးများ အချိန်ကို မဖြုန်းတီးရလေအောင်။

ဖြည်းဖြည်း ပြောသွားရင် ပြသနာ မရှိဘူး ထင်ပါရဲ့၊ အစ်ကိုတော်နဲ့ အစ်ကိုတော့ သူငယ်ချင်း က မိန်းမ ရှိ ခလေး နှစ်ယောက်စီ ဆိုတော့ကာ သူတို့ရဲ့ အိမ်ပြင်ထွက်ခွင့် Visa လေးတွေကလဲ ဒီက ငမိုက်သား ပြန်သွားမှ ကျကြသကိုး။ ဆိုတော့ကာ အစ်ကိုတွေရဲ့ လွမ်းချက်က သြချ လောက်ပေရဲ့။ အိမ်နဲ့ မြို့ထဲ သွားရလာရ ဝေးလို့ ဟော်တယ်မှာပဲ ခဏတည်းလိုက်တော့မယ် ဆိုတော့ ချစ်ကိုကြီးများက ညီလေး ညီလေးနဲ့ မခွဲနိုင်ကြရှာဘူး။ အလုပ်တွေ ဘယ်လောက်ရှိရှိ ဒီကောင် အချိန်တန် ဟော်တယ် ပြန်လာရမှာပဲ ဆိုပြီး ညည ကိုယ့်ညီလေး အထီးမကျန်ရအောင် လာအိပ်ကြလေရဲ့ အဲဒီနောက်မှာတော့ မနေနိုင်လောက်အောင် ညောင်းညာကိုက်ခဲနေတဲ့ အစ်ကိုတော်များကို အလိုက်တသိ အနှိပ်ခန်းလေး ဘာလေး လိုက်ပို့ရရောဗျာ။ ဖြည်းဖြည်းချင်းပဲ ပြောကြတာပေါ့ဗျာ နော်၊ အနှိပ်ခန်းထဲက အကြောင်းလေး ဘာလေး ပြောချင်လွန်းလို့ ဒီလောက်ရေးနေရတာပါ။ ကြွားချင်လို့ မဟုတ်ရပါဘူး။ ဒီလိုနဲ့ ရွှေဂုံတိုင် ဟိုတယ်ရောက်ရော ဆိုပါတော့ အိုး များလိုက်တဲ့ လူတွေ ဆိုတာ သဲတွေ ဂေါ်နဲ့ ကော်ပြီိး ကျဲထည့်သလား အောက်မေ့ရတယ်။ ကားတွေ ကားတွေ ဆိုတာကလဲ BMW တောင် ရှိသေးတယ်။ အနှိပ်ခန်းထဲရောက်လို့ အဲဒီက ကောင်မလေးကို ဟဲ့ ညည်းဟာက လူတွေများလှ ချည်လားဆိုတော့ အဖမ်းအဆီိးရှိလို့တဲ့ တခြားက လူတွေ အကုန်ဒီကို လာနေကြတာ ဆိုပဲ။ အဓိက ပြောချင်တာ က အဲဒီကောင်မလေး နောက်ဆက်ပြောလိုက်တဲ့ စကားပါ။ ကျွန်တော်မှာ အဲဒီစကား ကြားပြီိး အီလည်လည်ကြီိး ကိုဖြစ်လို့ တော်ပြီကွာ ပြန်တော့မယ် ဆိုပြီး ထပြန်လာခဲ့တယ်။ အဲဒီကောင်မလေး ပြောလိုက်တာကတော့ အမေစု ကိုယ်တိုင်ဖမ်းနေတာတဲ့။

(COPIED)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...