Saturday, October 20, 2012

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဆရာဒဂုန်တာရာ၏ သဘောထားထုတ်ပြန်ချက်


ကျေးလက်နေပြည်သူများခင်ဗျား မြို့နေပြည်သူများခင်ဗျား
ကျွန်တော်သည် ခင်ဗျားတို့၏ ကန့်ကွက်သံများကိုကြားနေရပါသည် ။
တကယ်က ကျွန်တော်တို့တိုင်းပြည်သည် သယံဇာတ အလွန်ကြွယ်ဝသော တိုင်းပြည်ဖြစ်ပါသည် ။
သဘာဝအလျောက်ရှိနေသော သယံဇာတ အရင်းအမြစ် များကိုလည်းကောင်း သဘာဝပတ်ဝန်းကျင်ကိုလည်းကောင်း ပျက်စီးအောင် ပြုလုပ်နေခြင်းက အလွန်အကျည်းတန် အရုပ်ဆိုးသည်ဟု ထင်ပါသည် ။ ထိုကြောင့် သယံဇာတ ကို ထုတ်ယူ မသုံးစွဲပဲ သဘာဝ မပျက်စီးအောင်ထားရှိခြင်းက အလွန်ကောင်းပါသည် ။

ထိုကြောင့် မုံရွာခရိုင်အနီးရှိ လက်ပံတောင်းတောင်ခြေအနီးမှ ရွာသားများနှင့် မုံရွာမြို့သားများနည်းတူ ခံစားရပါသည် ။

ထိုကြောင့် လက်ပံတောင်းတောင်စိမ်းလန်းစိုပြည်ရေး နှင့် ကျေးရွာသားများ၏ စားဝတ်နေရေးပြေလည်အောင် ဆုတောင်းမေတ္တာပို့သအပ်ပါသည် ။

ပြည်သူလူထု စည်းလုံးညီညွတ်မှု မြှင့်တင်ရန် လိုအပ်ပါသည် ။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို လုံးဝ အပြီးအပြတ် ဖျက်သိမ်းရန်တောင်းဆိုလိုက်ပါသည် ။

ဒဂုန်တာရာ
ပန်းကြာဝတ်မှုန်
ရန်ကုန်မြို့ ၁၆ . ၁ဝ . ၂ဝ၁၂
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...