Friday, October 19, 2012
သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၁၀)
သစ်ထူးလွင်
Posted: 19 Oct 2012 06:47 AM PDT
ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင် ကနေ တဆင့် ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာသူ မြန်မာနိုင်ငံသား ၄၂ ဦးကို ဒေသခံ အာဏာပိုင်တွေက ဒီနေ့ ဖမ်းဆီးရမိ ခဲ့တယ်လို့ မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းက ဖော်ပြသွားပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မယ်ပရပ်ကွက် အနောက်က ကြံတောထဲမှာ နိုင်ငံထဲ ခိုးဝင်သူလို့ ယူဆရတဲ့ လူတစု ဖြတ်ဝင်လာကြောင်း ကျေးရွာလုံခြုံရေးတပ်ဖွဲ့ကနေ မဲဆောက်မြို့နယ်မှူးဆီကို အကြောင်းကြားခဲ့တဲ့အတွက် နယ်မြေလုံခြုံရေးရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့အတူ သွားရောက် စစ်ဆေးခဲ့ရာမှ မြန်မာနိုင်ငံသား ၄၂ ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ခိုးဝင်လာသူတွေဟာ တာ့ခရိုင် တဘက်ကမ်း မြ၀တီကနေ   တောတောင်တွေထဲ ခြေလျင်ဝင်လာပြီး ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ လူတဦးကို ဘတ်ငွေ ၁ သောင်းနဲ့ ပွဲစားက ခေါ်ခဲ့တာလို့ ထွက်ဆိုချက်အရ သိရပါတယ်။
by ဒီဗွီဘီ
Posted: 19 Oct 2012 05:53 AM PDT
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ တည်ဆောက် နေတာကို မြို့ခံတွေ စုပေါင်းကန့်ကွက် ဆန္ဒပြကြမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်း ထန်းဥယာဉ် ဟိုတယ်ခေါ် Treasure Resort ကနေ စတင် ဆန္ဒပြကြမယ်လို့ ဦးဆောင်သူ တဦးဖြစ်တဲ့ ကိုမင်းနိုင်က ပြောပါတယ်။  --
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 19 Oct 2012 05:44 AM PDT
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အသက် ၁၇ နှစ်အရွယ် မြန်မာ ကျောင်းသူတဦး ကားတိုက်ခံရပြီး သေဆုံးသွားတဲ့ အမှု နစ်နာကြေး အပြည့်အ၀ မရရတဲ့ အတွက် ရသင့်ရထိုက်တဲ့ လျော်ကြေး ငွေရရေး ဆောင်ရွက် သွားမယ်လို့ မြန်မာပြည်သားများ အရေး ဆောင်ရွက် ပေးသူတွေက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 19 Oct 2012 05:29 AM PDT
လားရှိုးမြို့၊ ရပ်ကွက်(၂)၊ ပြည်ထောင်စု လမ်းမကြီးပေါ်၊ ရေပန်းလမ်းဆုံ အနီးတွင် အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်က သီပေါဖက်မှ မောင်းနှင်လာသော (၁၂)ဘီး ကုန်တင်ယာဉ် တစ်စီးသည် ဘရိတ်ပေါက်ကာ လမ်းဘေးသို့ ထိုးကျခဲ့ပြီး လမ်းဘေး လေထိုး ကျွတ်ဖာဆိုင်မှ အလုပ်လုပ်နေသူ တစ်ဦးအား တိုက်ကြိတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဘရိတ်ပေါက်ကာ လမ်းဘေး ထိုးကျလာသည့် ကုန်တင်ကား ။ ဓါတ်ပုံ - Eleven Media Group
Posted: 19 Oct 2012 05:34 AM PDT
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းကို ရပ်တန့် ပေးဖို့ တောင်းဆိုတဲ့ ပြည်သူ့ ညီလာခံကျင်းပ နေစဉ်မှာပဲ စီမံကိန်း လုံခြုံရေး တာဝန်ကျနေတဲ့ ရဲအရာရှိ တချို့ ဖမ်းဆီး စစ်ဆေးခံနေရပါတယ်။
လုံခြုံရေး တာဝန်ကျ ရဲအုပ်အောင်ကြည်စိန်နဲ့ ရဲဒုတပ်ကြပ် အောင်ဝင်းထွန်းတို့ နှစ်ဦးဟာ မုံရွာမြို့  အမှတ် ၂ ရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးခံနေရတာပါ။
ကြေးနီစီမံကိန်း လုံခြုံရေး အလှည့်ကျ တာဝန်ချထားခံရတဲ့ စစ်ကိုင်းတိုင်းပုလဲမြို့နယ်ရဲတပ်ဖွဲ့က ရဲ အုပ်အောင်ကြည်စိန်ဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းတာဝန်ရှိသူတွေက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေအပေါ် ခြိမ်းခြောက်ခိုင်းစေမှုတွေရှိနေတဲ့အကြောင်းပြောပြထားတဲ့ ဗီဒီယို အင်တာနက်မှာ ပြန့်နှံခဲ့တဲ့အတွက် စစ် ဆေးခံရတာလို့ ရဲစခန်းမှာ သွားရောက်တွေ့ဆုံခွင့်ရခဲ့တဲ့ မုံရွာ အခြေစိုက် ရှေ့နေ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဒီမိုကရက်တစ် မြန်မာအသံ ရုပ်မြင်သံကြား ကနေ ပြည်တွင်းက ပြည်သူပြည်သား သတင်းသမား များ ပေးပို့တဲ့ အဲဒီမှတ်တမ်းကို ထုတ်လွင့်ခဲပြီးဖြစ်ပါတယ်။
ရုပ်/သံ မှတ်တမ်း ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
အဲဒီ ဗီဒီယို မှာ ရဲအုပ်အောင်ကြည်စိန်နဲ့ ရဲဒုအကြပ်အောင်ဝင်းထွန်းတို့ကနေ လက်ပံတောင်းတောင် စီမံကိန်းမှာ အနေအထိုင် ဆင်းရဲရပုံတွေ ၊ တရုတ်ကုမဏီက တစ်ရက် ငွေ ၂ ထောင်ပေးပြီးခိုင်းတာကို မလုပ်ချင်ပဲ ရဲတပ်ဖွဲ့ရဲ အလုပ်တွေကို သာ လုပ်ချင်ကြတယ်လို့ ပြောပြထားတာတွေ ပါဝင်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရဲအရာရှိ ၂ ဦးဟာ မုံရွာရဲအချုပ်မှာ ရဲတပ်ဖွဲ့ဝင်အချင်းချင်း မညှာမတာ ဆက်ဆံခဲ့ရတယ်လို့ လည်း ရဲအုပ်အောင်ကြည်စိန်ရဲ့ ပြောဆိုချက်ကိုကိုးကားပြီးေ၇ှ့ နေကပြော ပါတယ်။
ရဲအုပ် အောင်ကြည်စိန်နဲ့ ရဲဒုအကြပ် အောင်ဝင်းထွန်းတို့ နှစ်ဦး ဗီဒီယိုရိုက်ကူးစဉ်က ထိုင်ခဲ့တဲ့ မုံရွာ ပုလဲ ကားလမ်းပေါ် ဖေါင် ကားရွာအနီးက Gold Star စားသောက်ဆိုင်က ဆိုင်ပိုင်ရှင် ဦးအောင်မင်းကိုလည်း အမှတ် ၂ ရဲစခန်းကို ခေါ်ယူ စစ်ဆေးထားတယ်လို့ သိရပါတယ်ခင်ဗျာ။
မင်းလွင် DVB ၁၉ အောက်တိုဘာ ၂၀၁၂
ရဲအုပ် အောင်ကြည်စိန်နဲ့ ရဲဒုအကြပ် အောင်ဝင်းထွန်း
Posted: 19 Oct 2012 04:43 AM PDT
 အိန္ဒိယနိုင်ငံတွင် နှစ်စဉ် ကျင်းပလေ့ ရှိသည့် ဂျဝါဟာလာ နေရူး အထိမ်းအမှတ် ဟောပြောပွဲ တွင် မိန့်ခွန်း ပြောရန် အတွက် နိုဝင်ဘာ လလယ်တွင် နယူး ဒေလီမြို့သို့ ဒေါ်အောင်ဆန်း စုကြည် ရောက်ရှိလာမည် ဖြစ်သည်။ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ် ရန်ရှိသည့် ၉ ကြိမ်မြောက် နေရူး ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း မြွက်ကြား ပေးမည် ဖြစ်ကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 19 Oct 2012 04:31 AM PDT
လမ်းကောင်းစဉ် အခါက တွေ့ ရပုံ
ရထားသံလမ်းပေါ်မှာ ခြုံများ ပေါက်ရောက်နေပုံ
ရထားလမ်းပေါ်မှာ ပိတ်ဆို့ နေမှုများအား ဖယ်ရှာနေစဉ်
ဧရာဝတီမြစ် အနောက်ဖက် ကမ်းရှိ ကြံခင်းမြို့ မှ မင်းဘူးမြို့ သို့ ဆက်သွယ် ဖောက်လုပ်ထားသော ရထားလမ်းသည် ယ္ခုအခါ ယိုယွင်း ပျက်စီးနေကြောင်း ဒေသခံများ က Myanmar News Now ကိုပြောပါတယ်။
လမ်းကောင်းစဉ် အခါက ခရီးသွား ပြည်သူများ အနေဖြင့် ခရီးသွားရာမှာ အဆင်ပြေ ချောမွေ့ ခဲ့ပြီး အချိန်ကုန်လဲ သက်သာခဲ့ပါတယ်။
နောက်ပိုင်းမှာ ရာသီဥတုကြောင့် လမ်းများ ပျက်စီးနေပြီ မကြာခဏ လမ်း ဖွင့်လိုက် ပိတ်လိုက် လုပ်နေရပါတယ်။ ရထား စက်ခေါင်း နှင့် တွဲများမှာလဲ မကြာခဏ ချော်ကြနေကြောင့် ဒေသခံများ က ပြောပါတယ်။
ယ္ခုအခါ ရထားသံလမ်းများမှာ ပြတ်တောက်၍ ရေ၀ပ်လျှက် မြေနိမ့်ဆင်းပြီး လမ်းများပျက်စီးကာ ခရီးသွားသည့် အခါ တစ်ခါတစ်ရံ ညအိပ်ရပြီး တစ်ခါတစ်ရံ ခရီးတစ်ဝက်ဖြင့် ပြန်လာ ခဲ့ရတယ်လို့ ဆိုပါတယ်။
RBE ကားများမှာလဲ ပျက်စီး၍ မကြာခဏ ရေပိုက်ပေါက်သည်နှင့် ကြုံနေရကြောင်းလည်း သိရပါတယ်။ ကျွမ်းကျင်သော လုပ်သားများနဲ့ သက်ဆိုင်ရာ အာဏာပိုင်များမှ လာရောက်စစ်ဆေးပြီး အမြန်ဆုံး ပြင်ဆင်ပေးစေလို ကြောင်း ဒေသခံများ က Myanmar News Now ကို ပြောပါတယ်။
Posted: 19 Oct 2012 03:57 AM PDT
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အတွင်း၌ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ်(၂) သိန်းတန် GSM ဆင်းကဒ်များကို အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။ မြို့နယ် ဆက်သွယ်ရေး လုပ်ငန်း တာဝန်ခံ(သို့ဟုတ်) မြို့နယ် အုပ်ချုပ်ရေးမှူးထံ၌ စာရင်း ပေးသွင်း၍ အဆိုပါ GSM ဆင်းကတ် ၀ယ်လိုသူများ သွားရောက် လျှောက်တင်နိုင်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မြန်မာဆင်းကဒ်နှင့် ငွေဖြည့်ကဒ်
Posted: 19 Oct 2012 01:54 AM PDT
တရုတ်နိုင်ငံ အစိုးရ အနေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ လာရောက်ရန် အတွက် ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း တရုတ်နိုင်ငံ သံအမတ်ကြီးက အောက်တိုဘာ ၁၅ ရက်တွင်
ပြောသည်။ “ဒေါ်စုနဲ့ ကျွန်တော် ခြောက်ခါတွေ့ပြီးပါပြီ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 19 Oct 2012 01:34 AM PDT
စစ်အင်အားကြီး အမေရိကန် အပါအ၀င် အာရှနိုင်ငံ အချို့ပါဝင်သော ကမ္ဘာ့အကြီးဆုံး ‘ကော်ဘရာဂိုး’ စစ်ရေးလေ့ကျင့်မှု ကို လေ့လာရန် မြန်မာနိုင်ငံ အမေရိကန် ပြည်ထောင်စုက ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို အမေရိကန် စစ်သားတစ်သောင်းကျော် အပါအ၀င် ထိုင်းနှင့် အခြားအာရှနိုင်ငံများမှ နှစ်စဉ်ပူးတွဲ ပြုလုပ်လေ့ရှိသည်။
ယင်းသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်ရေးအရ ဆက်ဆံမှုဖြတ်တောက်ပြီးနောက်ပိုင်း အမေရိကန်နှင့် မြန်မာ စစ်ရေးပူးတွဲ ဆောင်ရွက်ရန် ပထမဆုံးအဆင့် ခြေလှမ်းဖြစ်ကြောင်း Reuters သတင်းက ဆိုသည်။
The Voice Weekly
Posted: 19 Oct 2012 01:03 AM PDT
မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထု မြို့နယ်ခွဲ၊ ကျောက်လိပ် ကျေးရွာတွင် အဖျားအနာများပြားနေပါသဖြင့် (၉-၁၀-၂၀၁၂)၇က်နေ့မှစပြီး ကျောက်လိပ်ကျေရွာ မူလတန်းကျောင်းမှာ ပိတ်ထားရပါသည်။  (၁၁-၁၀-၂၀၁၂) ရက်နေ့ တွင် ကျောက်လိပ်ကျေးရွာမှ (၁၁)မိုင်ခန့်ဝေးသော တပြင်းဆေးမှူး ဦးအွမ်ရှိန်း ကိုခေါ်ပြီး ဆေးကုသမှု ပြုလုပ်ရပါသည်။ ဖျားနာသည့် ကျေးရွာသူ/  ကျေးရွာ သား ၁၁၀ဦးခန့် ရှိပြီး ---
အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 19 Oct 2012 12:56 AM PDT
ဒေသတွင်း ပဋိပက္ခကြောင့် ထိရောက်စွာ မရှင်းလင်းနိုင်သော ကချင် ပြည်နယ်ရှိ ဘိန်းစိုက်ခင်း များအား ဒီဇင်ဘာလ ပထမပတ်တွင် သွားရောက် ရှင်းလင်းမည်ဟု ပြည်နယ် ရဲမှူးကြီးမြင့်လွင်က ပြောသည်။ နယ်မြေ မတည်ငြိမ်၍ ဖမ်းဆီး နိုင်ခြင်း မရှိသည်ကို အခွင့်ကောင်း ယူကာ ပူတာအိုခရိုင်မှ လွဲ၍ကျန် ခရိုင် သုံးခုတွင်မြို့နယ် ပြင်ပနေရာ များ၌ ဘိန်းနှင့် မူးယစ်ဆေးဝါး သယ် ဆောင်ရောင်းချမှုများ ရှိနေပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 19 Oct 2012 12:31 AM PDT
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ မှ အချို့ မကြာမီ နိုင်ငံရေး ပါတီ တစ်ရပ် ထူထောင်ကာ ၂၀၁၅ နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်ရန် ပြင်ဆင်တော့မည်ဟု ခိုင်လုံသော အတွင်း သတင်း တစ်ရပ်အရ သိရသည်။ ယင်း နိုင်ငံရေး ပါတီတွင် လူထုနှင့် ထိတွေ့ မှုများသော---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 19 Oct 2012 12:16 AM PDT
အောက်တိုဘာလ ၂၀ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ်.. Vol-1,No-32… Oct 20-26,2012
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 18 Oct 2012 08:04 PM PDT
လက်ရှိ သင်ရိုးညွှန်း တမ်းဖြစ်သည့် တက္ကသိုလ် ဝင်တန်း ဝိဇ္ဇာဘာသာတွဲကို ရယူထားသူ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနက ပညာသင်ဆုအဖြစ် စားစရိတ်ငြိမ်းသင် ကြားပေး သွားမည့် အစီအစဉ် ရှိကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြောသည်။
ထိုအစီအစဉ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး တို့တွင် လာမည့် ပညာသင်နှစ်၌ စတင်ဆောင်ရွက် ဖွယ်ရှိပြီးပြီးမှ ခရိုင်၊ ထိုမှတစ် ဆင့် မြို့နယ်အဆင့်သို့ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်အကောင် အထည် ဖော်သွားမည်ဟု အထက် ပါ ပုဂ္ဂိုလ်က ပြောသည်။
ဒုတိယဝန်ကြီးက ''ကျွန်တော့် အမြင်ပြောရရင် ဒီဝိဇ္ဇာဘာသာတွဲ ကို ယူထားတဲ့သူ၊ တော်လည်း တော်မယ်။ ထူးချွန်မှုလည်းရှိမယ် ဆိုရင် ပညာသင်ဆုတွေ ပေးမယ်။ ဘော်ဒါဆောင်မှာထားပြီး စား စရိတ်ငြိမ်း သင်ပေးသင့်တယ်။ ဒါကြောင့် အခုလုပ်မယ့် အစီအစဉ် က လုပ်ကို လုပ်သင့်တဲ့ ကိစ္စပဲလို့ ကျွန်တော်မြင်တယ်'' ဟု ထပ် လောင်းဆို သည်။ နိုင်ငံတော်က ၂ဝဝ၂ ခုနှစ်ပညာသင်နှစ်မှ စကာ ဝိဇ္ဇာ၊ သိပ္ပံ၊ ဝိပ္ပံ အစရှိသည်ဖြင့် စိတ်ကြိုက်ဘာသာတွဲ များရွေးချယ် ကာ ကျောင်း သား၊ ကျောင်းသူတို့ အား တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့် ပြုလုပ်ပေးခဲ့ သည်။
အခြေခံပညာရေးလေ့လာ သုံးသပ်နေသူ အငြိမ်းစားတက္ကသိုလ် ဆရာတစ်ဦးက ဝိဇ္ဇာဘာသာတွဲ အပေါ်တန်ဖိုးထား ရွေးချယ်စေ လို သောစိတ်ဆန္ဒဖြင့်ဆောင်ရွက်သော လုပ်ရပ်တစ်ခုဟု ရှုမြင်ကြောင်း သုံးသပ်ပြီး ထိုမျှဖြင့်မရဘဲ ကာလ ရှည်ကြာစွာ ဆရာ၊
ဆရာမအချို့ မိဘများနှင့် ကျောင်းသား အပါ အဝင် လွဲမှားလက်ခံနေသော တန်ဖိုးမရှိဆိုသည့် အမြင်အပေါ် ဦးစွာပြုပြင်သင့်ကြောင်း ထောက်ပြ ခဲ့သည်။
ပညာရေးဝန်ကြီးဌာန စာရင်း တို့အရ တက္ကသိုလ်ဝင်တန်း၌ ဝိဇ္ဇာ ဘာသာတွဲယူသူသည် ဘာသာတွဲ အလိုက်တွင် အနိမ့်ဆုံးနေရာတွင် ရှိနေခဲ့ကြောင်း သိရှိရသည်။
Popular Myanmar News Journal
Posted: 18 Oct 2012 07:16 PM PDT
    ၂၃.၈.၂၀၁၂ ရက်နေ့ကစပြီး မတူကွဲပြားခြင်းနဲ့  ငြိမ်းချမ်းရေး ပါတီဥက္ကဌ ဦးနေမျိုးဝေအား ဇေကမ္ဘာ မန်နေဂျာ ဦးမြင့်ဇော်က တရားလို အနေဖြင့် ရွှေနံ့သာ လယ်သမားများ အရေး လိုက်ပါဆောင်ရွက်သူ ဦးနေမျိုးဝေ၏ ပြောဆိုမှုများသည် ၎င်းတို့ကမ္ပဏီ၏ ဂုဏ်သိက္ခာကို ထိခိုက်ကြောင်းဖြင့် အသရေဖျက်မှုဖြင့် တရားစွဲဆို ထားရာ ယနေ့ (၁၈.၁၀.၂၀၁၂)ရက်နေ့ ရုံးချိန်တွင် တရားလိုဘက်မှ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
(၁၈.၁၀.၂၀၁၂)ရက်နေ့ ရုံးချိန်တွင် ရှေ့နေဦးအေးမြင့် နဲ့ အဖွဲ့ အား တွေ့ ရစဉ်
သက်သေများအားတွေ့ ရစဉ်
Posted: 18 Oct 2012 07:25 PM PDT
မြောင်းတကာ အောင်မင်္ဂလာ ကျောင်း(မြောင်) မြေပေါ်တွင် အမှတ်(၂)သံမဏိ စက်ရုံမှ ကျူးကျော် ရယူထားသည့် အပေါ် ကျောင်း အကျိုးတော် ဆောင်များမှ စာသင်ကျောင်း မြေပြန်လည် ရရှိရေး ပြောဆိုချက်ကို ကွမ်းဇော် အမည်ဖြင့် သတင်းရေးသား ဖော်ပြခဲ့သည်။ ထိုသတင်းကို ရေးသားသူသည် တစ်ဖက် သက်ပြောဆို မှုများကိုသာ ရေးသည်ဟု စက်ရုံမှူးမှ ပြောဆို၍ ပြန်လည် ရှင်းလင်း ပြောဆို လိုကြောင်း----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 
Posted: 18 Oct 2012 06:40 PM PDT
အောက်တိုဘာ ၁၉ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၈
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 18 Oct 2012 07:33 PM PDT
တရုတ် ဂျပန် ကမ်းခြေစောင့် တပ်များ တရုတ်နိုင်ငံက သူ့ရဲ့ရေပိုင်နက်ကို ကာကွယ်ရေးဖို့ လေ့ကျင့်တဲ့ အနေနဲ့ ဒီကနေ့ သောကြာနေ့မှာ အရှေ့တရုတ် ပင်လယ်ပြင်မှာ တရုတ်ရေတပ်က စစ်ရေး လေ့ကျင့်မယ်လို့ သတင်းတွေ ဖြစ်ပေါ်နေ ပါတယ်။ ဂျပန်တို့ အခေါ် ဆင်ကာကူနဲ့ တရုတ်တို့ ဘက်က အခေါ် ဒိုင်အိုယုဆိုတဲ့ ကျွန်းစုတွေရှိတဲ့ နေရာမှာ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တရုတ် ဂျပန်ကမ်းခြေစောင့်တပ်များ
Posted: 18 Oct 2012 07:40 PM PDT
လူသိများ ထင်ရှားတဲ့ တူရကီ စန္နယား ဂီတပညာရှင်ဟာ ပြီးခဲ့တဲ့ ဧပြီလက သူ့ရဲ့ တွစ်တာပေါ်မှာ အစ္စလာမ်ဘာသာကို ပုတ်ခတ် ရေးသားခဲ့တာကြောင့် ဘာသာရေး စော်ကားမှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ တွစ်တာပေါ်မှာ ရေးသားခဲ့တဲ့ မှတ်ချက်ကို တွစ်တာသုံးစွဲသူ အတော်များများက မူဆလင်တွေကို ဟာသ လုပ်ခဲ့ကြတဲ့ အတွက်---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 
တူရကီ စန္နယား ဂီတပညာရှင် Fazil Say
Posted: 18 Oct 2012 06:13 PM PDT
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တိဘက် ဘုန်းတော်ကြီး ဒလိုင်လားမား တို့ဟာ  Forum 2000 အဖွဲ့ရဲ့ နိုင်ငံတကာ အကြံပေး ဘုတ်အဖွဲ့ထဲမှာ ပါဝင်လာကြပြီလို့  Forum 2000 အဖွဲ့က ကြာသပတေးနေ့မှာ သတင်း ထုတ်ပြန် ပါတယ်။ ဒီမိုကရေစီရေး ကျိုးပမ်းမှုကြောင့် ကမ္ဘာက ချစ်ခင်လေးစားမှု ခံရသူ ၂ဦးပါ  အခုလို  ပါဝင်လာတာမို့ ဒီအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေ ပိုမိုအားကောင်း လာမှာ ဖြစ်တဲ့အပြင် ကမ္ဘာအနှံ့က လူတွေအတွက် ပိုအားတက်လာစေတယ်လို့  ဖိုရမ် ၂၀၀၀ ဆွေးနွေးပွဲကို တက်ရောက်မယ့် သူတွေက သုံးသပ်ပါတယ်။
ကမ္ဘာတ၀ှမ်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မျက်နှာချင်းဆိုင်ဆွေးနွေး အဖြေရှာနိုင်ဖို့ စဉ်းစားခဲ့တဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံက ကွယ်လွန်သူ သမ္မတဟောင်း Vaclav Havel က ဦးဆောင်ပြီး ဂျပန်နိုင်ငံသား Yohei Sasakawa နဲ့  ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်  Elie Wiesel တို့နဲ့ အတူ  ၁၉၉၆ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Forum 2000 အဖွဲ့ဟာ  နှစ်စဉ် နိုင်ငံတကာက လူ့အခွင့်အရေး ဒီမိုကရေစီရေး ဦးဆောင်နေသူတွေနဲ့ အစည်းအဝေးကျင်းပ နေတာဖြစ်ပြီး  ၁၆ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံကိုတော့  အောက်တိုဘာလ ၂၁ရက်နေ့ကနေ ၂၃ရက်နေ့အထိ Prague မှာကျင်းပမှာဖြစ်ပါတယ်။
ဒီညီလာခံမကျင်းပခင်  ကြာသပတေးနေ့ကတော့ အဖွဲ့အကြီးအကဲ Jakub Klepal က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားတို့ပါ အဖွဲ့ရဲ့ အကြံပေးဘုတ်အဖွဲ့မှာ ပါဝင်လာပြီဖြစ်ကြောင်း ကြေငြာခဲ့ ပါတယ်။
ဒီညီလာခံကိုတက်ရောက်ဖို့ အဖိတ်ကြားခံရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကတော့ ဒါဟာ ဒီအဖွဲ့ကို ပိုမိုအားကောင်း  လာစေတယ်လို့ ပြောပါတယ်။
ဦးကိုကိုကြီး။   ။“ ကွန်ဖရင့် ၂၀၀၀ ကိုစီစဉ်တဲ့ အဖွဲ့အစည်းက People in Need အဖွဲ့ပါ မစ္စတာ ဗားစလပ်ဟာဗဲလ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ တည်ထောင်ထားတာ ဆိုတော့ ဒီအဖွဲ့အစည်းက နိုင်ငံတကာမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်နေတဲ့ နိုင်ငံတွေ အတွက် ဒီလိုမျိုး ဆွေးနွေးပွဲတွေ လုပ်တဲ့နေရာမှာ ကျွန်တော်တို့ နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင် တယောက်၊ မစ္စတာ ဒလိုင်လားမား လို ပြည်သူတွေ အတွက် တောက်လျှောက် ရပ်တည်ခဲ့တဲ့ သူတွေ ပါဝင်လာခြင်းဟာ  ဒီအဖွဲ့အစည်း ဒီကွန်ဖရင့်ကို ပိုပြီးအားကောင်း လာစေတယ်။ နောက် ကျွန်တော်တို့ ကမ္ဘာအနှံ့က ပြည်သူတွေ အတွက်လည်း ပိုပြီးတော့ အားတက်စရာတွေ ဖြစ်လာစေတယ်လို့ ကျွန်တော် အဲဒီလိုပဲ ခံစားရပါတယ်။”
မေး။   ။ဖိုရမ်၂၀၀၀ ရဲ့ ၁၆ကြိမ်မြောက် ညီလာခံမှာ မြန်မာနိုင်ငံက ဘယ်နှစ်ယောက်တက်မှာပါလဲ ဦးကိုကိုကြီး။
ဦးကိုကိုကြီး။   ။“အခုကျွန်တော်သိသလောက်က အန်ကယ်ဦးအုန်းကြိုင်တက်မယ်။ နောက် ကျွန်တော်တက်မယ်။ ဒေါက်တာကျော်သူနောက် မခင်သန်းမြင့်၊  နောက် ကျွန်တော်တို့ မင်းရန်နောင်တက်မယ်။ နောက်ဒေါ် စူစန်နာ လှလှစိုးက တော့ သူက တခြားအခန်းအနား တခုရှိလို့ မတက်ဖြစ်ဖူးလို့ သိရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကနေ တက်ကြမယ့်သူတွေကတော့ အဲဒါပဲပေါ့လေ။”
မေး။   ။မြန်မာနိုင်ငံက ၆ယောက်ဖိတ်တဲ့ထဲမှာ ၅ယောက်တက်ဖြစ်တယ်ပေါ့နော်။ ဖိုရမ် ၂၀၀၀ နဲ့ ပါတ်သက်ပြီးတော့ ဘာတွေ ဆွေးနွေးကြတယ် ဆိုတာ။ ကိုယ်ကတော့ ဒါက ပထမဦးဆုံးအကြိမ်တက်တာဆိုတော့ ထူးထူးခြားခြား ဘာတွေများ မျှော်လင့်ထားပါသလဲ။ ဒီအခန်းအနားနဲ့ ပါတ်သက်ပြီးတော့။
ဦးကိုကိုကြီး။   ။“အခုကတော့ နိုင်ငံတကာ နိုင်ငံရေး နယ်ပယ်မှာ အစဉ်အလာကြီးမားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒီမှာလာပြီးတော့ တက်ကြတာတွေ ပြောကြတာတွေ တွေ့ရတော့ ကျွန်တော်ကတော့ ဒါဟာ ပထမဦးဆုံး အတွေ့အကြုံလည်း ဖြစ်တယ်။ နောက် ဒါကျွန်တော့အနေနဲ့ လေ့လာ သင်ယူစရာ တွေလည်း အများကြီးရလိမ့်မယ်လို့ အဲဒီလိုပဲ ကျွန်တော်တို့ မျှော်လင့်ထားခဲ့တာပေါ့။ ကျွန်တော်သိသလောက်ကတော့ တက်လာတဲ့သူတွေကနေ ပြီးတော့ သူတို့ရဲ့ အတွေ့အကြုံတွေ သူတို့ နိုင်ငံတကာက အပြောင်းအလဲတွေ အပေါ်မှာ အမြင်တွေပေါ့လေ။ အဲဒါတွေ သုံးသပ်ဆွေးနွေးကြမယ်။ ကျွန်တော် အဲလောက်ပဲ သိထားပါတယ်။”
မေး။   ။မြန်မာနိုင်ငံက ပုဂ္ဂိုလ် တယောက်အနေနဲ့ အဖိတ်ခံရတဲ့အခါမှာ ဦးကိုကိုကြီးအနေနဲ့ ဘာတွေများ တင်ပြနိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။
ဦးကိုကိုကြီး။   ။ “ကျွန်တော်ကတော့ ကျွန်တော်တို့ နိုင်ငံ အပြောင်းအလဲ နောက် ကျွန်တော်တို့ သက်တမ်း အတွေ့အကြုံပေါ့နော်။ အဲဒါတွေနဲ့ ဒီ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍ ပေါ့။ အဲဒါတွေကို ကျွန်တော်ပြောဖို့ စီစဉ်ထားပါတယ်။”
ကျောင်းသားခေါင်းဆောင် ကိုကိုကြီးပါ။ ဒီနှစ်ဆွေးနွေးပွဲကို နိုင်ငံတကာက ထင်ရှားတဲ့ ပုဂ္ဂိုလ် ၁၂၀ကျော်တက်ရောက်မှာဖြစ်ပြီး ဒီအထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright တို့ တိဘက်ဝန်ကြီးချုပ် Lobsang Sangay တို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အရင်နေအိမ်အကျယ်ချုပ်နဲ့နေရစဉ် ကတည်းက ညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပြီး နောင်ဆွေးနွေးပွဲတွေမှာ တက်ရောက်လာဖို့ မျှော်လင့်ထားကြောင်းလည်း ဖိုရမ် ၂၀၀၀ အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိဘက် ဘုန်းတော်ကြီး ဒလိုင်လားမား အင်္ဂလန်တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၉၊ ၂၀၁၂။)
Posted: 18 Oct 2012 07:47 PM PDT
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ အဖြစ်ပြန်လည် ရွေးကောက် တင်မြှောက်ခြင်း ခံရခြင်းမှာ ၎င်းအား ဂုဏ်ပြုသောအားဖြင့် ပြန်လည် ခန့်အပ်ခြင်း ဖြစ်ကြောင်း ပါတီတာဝန် ထမ်းဆောင်ရန် မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌဦးဌေးဦးက အောက်တိုဘာ ၁၇ရက် နေ့က ဗဟို ပါတီညီလာခံ ကျင်းပရာ အခမ်းအနား၌ ပြောကြားခဲ့သည်။ ဦးဌေးဦးက ““သမ္မတဆိုတာဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီတာဝန်ထမ်းဆောင်လို့ မရဘူးလေ။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 
...
[Message clipped]  View entire message
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...