Sunday, October 21, 2012

နိုင်ငံတော်သမ္မတနှင့် ပြည်တွင်းမီဒီယာများ တွေ့ဆုံပွဲ


အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်


သမ္မတ ဦးသိန်းစိန်နှင့် သတင်းမီဒီယာ အမေး၊ အဖြေ၊ ၁/၂ (ရုပ်သံ)


သမ္မတ ဦးသိန်းစိန်နှင့် သတင်းမီဒီယာ အမေး၊ အဖြေ၊ ၃ (ရုပ်သံ)



(၄) ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် အရေးကြီးဆုံးဟုယူဆရသည့် ပညာရေး နှင့် ပတ်သက်ပြီး အစိုးရ၏ ပြင်ဆင်လုပ်ဆောင်မှုများနှင့် ပတ်သက်သည့် The Voice Journal မှ မေးမြန်းချက်။

အဖြေ။ (ရုပ်သံ)
 


(၅) မီဒီယာများအနေဖြင့် ဝန်ကြီးဌာနများအား တိုက်ရိုက်ဆက်သွယ်နိုင်ရန်လုပ်ဆောင်ပေးဖို့
ပြောဆိုချက်နှင့် ပတ်သက်ပြီး Reuters သတင်းဌာနမှ မေးမြန်းချက်။

(၆) ပြည်ထောင်စုကြံခိုင်ရေးပါတီတွက် ဥက္ကဌတာဝန်ပြန်ယူထားတာမို့ ၂၀၁၅ မှာ သမ္မတသက်တမ်း
ပြန်လည်ယူမှု နှင့် ပတ်သက်ပြီး Reuters သတင်းဌာန မှ မေးမြန်းချက်။

အဖြေ။ (ရုပ်သံ)
မေးမြန်းခဲ့သည့် သတင်းဌာနများနှင့် မေးသည့် အကြောင်းအရာများ (အစဉ်အလိုက်)
(၁) စီမံကိန်းများ ပွင့်လင့်မြင်သာမှုရှိရန်နှင့် ပတ်သက်ပြီး 7 Days Journal မှ မေးမြန်းချက်။

အဖြေ။ ။ (အသံဖိုင်) 

(၂) ကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေသောတိုက်ပွဲများနှင့် ပတ်သက်ပြီး 7 Days Journal မှ မေးမြန်းချက်။

(၃) အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြင်ဆင်နိုင်ဖို့  ၂၀၁၅
ရွေးကောက်ပွဲမတိုင်မီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အစီအစဉ် ရှိပါသလား၊ ဒါမှမဟုတ် ၂၀၁၅
ရွေးကောက်ပွဲ ကျော်လွန်ပြီးမှ အခြားပါတီနိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အခြေအနေ
မျိုးမှာမှ ပြုပြင်ဖို့ အစီအစဉ်ရှိပါသလားနှင့် ပတ်သက်သည့် Eleven Media Group မှ မေးမြန်းချက်။

(၄) ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် အရေးကြီးဆုံးဟုယူဆရသည့် ပညာရေး နှင့် ပတ်သက်ပြီး အစိုးရ၏
ပြင်ဆင်လုပ်ဆောင်မှုများနှင့် ပတ်သက်သည့် The Voice Journal မှ မေးမြန်းချက်။

(၅) မီဒီယာများအနေဖြင့် ဝန်ကြီးဌာနများအား တိုက်ရိုက်ဆက်သွယ်နိုင်ရန်လုပ်ဆောင်ပေးဖို့ ပြောဆိုချက်နှင့် ပတ်သက်ပြီး Reuters သတင်းဌာနမှ မေးမြန်းချက်။

(၆) ပြည်ထောင်စုကြံခိုင်ရေးပါတီတွက် ဥက္ကဌတာဝန်ပြန်ယူထားတာမို့ ၂၀၁၅ မှာ သမ္မတသက်တမ်းပြန်လည်
ယူမှု နှင့် ပတ်သက်ပြီး Reuters သတင်းဌာန မှ မေးမြန်းချက်။

(၇)သမ္မတ၏အမေရိကန်ခ၇ီးစဉ်အတွင်းသဘောတူညီချက်များ နှင့် ပတ်သက်ပြီး မေးမြန်းချက်၊ နိုင်ငံရေး
အကျဉ်းသားများ ထပ်မံလွတ်ပေးဖို့ရှိ မရှိ နှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားစစ်အခြေစိုက်စခန်းထားဖို့ တောင်းဆိမှုရှိ၊
မရှိ Yangon Times Journal  မှ မေးမြန်းချက်။

(ဂ) အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုကြံခိုင်ရေးပါတီမှ လွတ်တော်အမတ်များကို တိုက်တွန်း
ပြောဆိုမည်လားဟု Popular Journal မှ မေးမြန်းချက်။

(၉) ပြည်သူလူထုအတွင်းအောက်ခြေကဖြစ်ပျက်နေသည့် တကယ့်အခြေအနေကို သိပါသလားဟု
ပြည်မြန်မာဂျာနယ် မှ  မေးမြန်းချက်။

(၁၀) ရခိုင်ပြည်နယ်အခြေအနေကိုမည်သို့ဆက်လက်ကိုင်တွယ်ဆောင်ရွက်မည်လဲဟု AFP သတင်းဌာန မှ
မေးမြန်းချက်။

(၁၁) ပြည်ထောင်စုကြံခိုင်ရေးပါတီတွင်ရှိသည့် အတိုင်ပင်ခံအဖွဲ့နှင့် ပတ်သက်သည့် ပြည်သူ့ခေတ်ဂျာနယ်မှ
 မေးမြန်းချက်။

(၁၂) လယ်သမားများ၏ မြေယာသိမ်းမှု ပြသနာများနှင့် ပတ်သက်သည့် မြန်မာတိုင်းမ် မှ မေးမြန်းချက်။

(၁၃) ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့်ပတ်သက်သည့် Hot News Journal မှ မေးမြန်းချက်။

(၁၄) မကြာခင်ရက်ပိုင်းအတွင်းကလာရောက်ခဲ့သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှာ စစ်တပ်ကအရာရှိတွေ ပါဝင်နေမှု နှင့် ပတ်သက်ပြီး AP သတင်းဌာနမှ မေးမြန်းချက်။

(၁၅) သမ္မတ၏ လစာနှင့် ပတ်သက်ပြီး Myanmar Post Journal  မှ မေးမြန်းချက်။

(၁၆) ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး Kumudra Journal  မှ မေးမြန်းချက်။

(၁၇) ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ပြည်သူ့အသံကို သိရှိရန်ဘယ်လိုလုပ်မည်လဲဟု Venus Journal  မှ
မေးမြန်းချက်။

(၁၈) ရင်းနှီးမြုပ်နှံမှု ဥပဒေအသစ်နှင့် ပတ်သက်ပြီး ဆင်ဟွာသတင်းဌာန၏  မေးမြန်းချက်။

(၁၉) တရုတ်နိုင်ငံနှင့် မဟာဗျုဟာဆက်ဆံရေးမည်သို့ရှိပါသလဲဟု Independent Journal မှ မေးမြန်းချက်။

(၂၀) တန်ဖိုးနည်းဖုန်းများဘယ်လောက်တန်ဖိုးနည်းနည်းချထားပေးမည်လဲဟု Messenger Journal  မှ မေးမြန်းချက်။

(၂၁) အဂတိလိုက်စားမှု ပပျောက်ရေးအတွက် အစိုးရ၏လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး Sky Net TV  မှ
မေးမြန်းချက်။

(၂၂) ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်တွေ့ဆုံဆွေးနွေးပြီး လက်တွဲလုပ်ဆောင်ရန် နှင့်ပတ်သက်ပြီး NHK  မှ
မေးမြန်းချက်။

(၂၃) သယံဇာတရောင်းချမှုမှ ရရှိသည့်ငွေပမာဏအား လွတ်တော်တွင် တင်ပြဖို့ ရှိ၊မရှိ Nay Pyi Taw Times
မှ မေးမြန်းချက်။

(၂၄) ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အစိုးရ၏လမ်းပြမြေပုံ နှင့်ပတ်သက်ပြီး Modern Journal မှ မေးမြန်းချက်။

(၂၅) မြန်မာပြည်တွင်းတွင် OIC ရုံးများဖွင့်ခွင့်မပေးသည့် ကိစ္စ၊ကချင်ပြည်နယ်တွင် ICRC ဝင်ခွင့် မပေးတာနှင့် ပတ်သက်ပြီး News Watch မှ မေးမြန်းချက်။

 (၂၆) လမ်းပေါ်မှာရောက်နေသည့် ကလေးငယ်များအတွက် အစိုးရ၏စီစဉ်ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး Street View Journal မှ မေးမြန်းချက်။

(၂၇) နိုင်ငံခြားသတင်းဌာနများ မြန်မာပြည်ရုံးခွဲ ဘယ်တော့ ဖွင့်ခွင့်ရမလဲဆိုသည့် Asahi Shimbun မှ မေးမြန်း
ချက်။

(၂၈) မြန်မာ-ဂျပန်ဆက်ဆံရေး နှင့် သီလဝါဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်ပြီး Sankei Shimbun မှ
မေးမြန်းချက် (၂၉) လွတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ်ရာခိုင်နှုန်းတဖြေးဖြေးလျာ့ချနိုင်မှုနှင့် ပတ်သက်သည့် Favourite Journal  မှ မေးမြန်းချက်။

(၂၉) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားပြည်သူ့လွတ်တော်မှခန့်အပ်သော၊ ကာကွယ်ရေးဝန်ကြီးမှ
ခန့်အပ်နိုင်မှု အနေအထားနှင့် ပတ်သက်ပြီး Favourite Journal  မှ မေးမြန်းချက်။

(၃၀) ပြုပြင်ပြောင်းလဲရေးတွင် သမ္မတ၏ညွန်ကြားချက်ကို အကောင်အထည်ဖေါ်မှု တချို့မရှိမှုများနှင့် ပတ်သက်ပြီး လျပ်တပြက် ဂျာနယ်မှ  မေးမြန်းချက်။

အဖြေ။ (အသံဖိုင်) 

(၃၁) မီဒီယာတချို့တရားစွဲဆိုခံထားရသည့်ပတ်သက်ပြီး မော်နီတာဂျာနယ်မှ မေးမြန်းချက်။

(၃၂) နိုင်ငံတကာမှချေးငွေပေးသည့် ကိစ္စနှင့် ပတ်သက်ပြီး Kyoto News မှ မေးမြန်းချက်။

အဖြေ။ (အသံဖိုင်) 

(၃၃) Cobra Gold စစ်ဆင်ရေးမှာ မြန်မာပါဝင်ပတ်သက်မှုအား Irrawaddy သတင်းထောက်တဦးမှ
မေးမြန်းချက်။

(၃၄) ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် နောက်ပိုင်းတရားမဝင်ခိုးဝင်လာသူများနှင့်ပတ်သက်ပြီး Nippon Television သတင်းထောက်တဦးမှ မေးမြန်းချက်။

အဖြေ။ (အသံဖိုင်) 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ ရုပ်သံ
သမ္မတ၏ ပထမအကြိမ် ပြည်တွင်းမီဒီယာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
နေပြည်တော် (မဇ္ဈိမ)။   ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ တာဝန်ထမ်းဆောင်ခြင်း တနှစ်ခွဲကျော် အကြာတွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် ပြည်တွင်းမီဒီယာများအား သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့က နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် ပြုလုပ်ခဲ့သည်။

၂ နာရီကျော် ကြာမြင့်သည့် သတင်းစာရှင်းလင်းပွဲတွင် လူအများ စိတ်ဝင်စားမှုရှိလှသော ကချင်ပြည်နယ် တိုက်ပွဲများ၊ ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကိစ္စတို့အပြင် နိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးမှုကိစ္စရပ်များနှင့် မြန်မာ-အမေရိကန်၊ မြန်မာ-တရုတ် ဆက်ဆံရေးကိစ္စများ အပါအဝင် မီဒီယာသမားများ၏ မေးခွန်းပေါင်း ၃၀ ကျော်ကို ဦးသိန်းစိန် က ပြန်လည်ဖြေကြားသွားခဲ့သည်။

Thein-Sein-meets-with-journalists-in-Myanmar-7
သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ပြည်တွင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲအပြီး သမ္မတ အိမ်တော် အပြင်ဘက်တွင် မှတ်တမ်းဓါတ်ပုံ ရိုက်ယူနေသော သတင်းထောက်များကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း သတင်းထောက် ၁၂၀ ကျော် တက်ရောက်ခဲ့ကြသည်။
သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း နှင့် ဦးစိုးသိန်း၊ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်တို့လည်း တက်ရောက်ကြသည်။

ပြည်တွင်းမီဒီယာသမား ၁၂၀ ကျော် တက်ရောက်သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တောင်သူလယ်
သမားများ၏ လယ်ယာမြေများ သိမ်းပိုက်ခံနေရမှု၊ အစိုးရ ဦးစီးပြုလုပ်နေသည့် ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ပွင့်လင်းသော အုပ်ချုပ်ရေး အစီအမံများအပြင် မြန်မာနိုင်ငံတွင်း နိုင်ငံခြားတိုင်းပြည်တခု၏ စစ်အခြေစိုက်စခန်း ထားရှိမှု/မထားရှိမှုကိစ္စရပ်များနှင့် ပတ်သက်သည့် မေးခွန်းများကိုလည်း သမ္မတ က ဖြေကြားသွားခဲ့သည်။

သတ်မှတ်ထားသည့် သမ္မတ လစာ သိန်း ၅၀ ကိုလည်း တိုင်းပြည် ဘဏ္ဍာရေး အခြေအနေအရ အပြည့်အဝ မယူကြောင်း သတင်းထောက် တယောက်၏ မေးမြန်းချက်ကို ဖြေကြားခဲ့သေးသည်။

သမ္မတ၏ ပြန်လည် ဖြေကြားချက် အသေးစိတ်ကို မဇ္ဈိမမှ ဆက်လက်ဖေါ်ပြသွားမည် ဖြစ်သည်။
သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်များနှင့် မှတ်တမ်းဓါတ်ပုံများ

Thein-Sein-meets-with-journalists-in-Myanmar-5
ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်များနှင့် မှတ်တမ်းဓါတ်ပုံ အရိုက်ခံနေသည့် သမ္မတ ဦးသိန်းစိန် ကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က နေပြည်တော်ရှိ သမ္မတ အိမ်တော်၌တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း သတင်းထောက် ၁၂၀ ကျော် တက်ရောက်ခဲ့ကြသည်။


Thein-Sein-meets-with-journalists-in-Myanmar-6
ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်များနှင့် မှတ်တမ်းဓါတ်ပုံ အရိုက်ခံနေသည့် သမ္မတ ဦးသိန်းစိန် ကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က နေပြည်တော်ရှိ သမ္မတ အိမ်တော်၌တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း သတင်းထောက် ၁၂၀ ကျော် တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်တွင်းမီဒီယာများ၏ မေးမြန်းချက်အား ဖြေကြားစဉ်

Thein-Sein-meets-with-journalists-in-Myanmar-4
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) ၂ နာရီကျော် ကြာမြင့်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးခွန်းပေါင်း ၃၀ ကျော်ကို သမ္မတ က ဖြေကြားသွားခဲ့သည်။


Thein-Sein-meets-with-journalists-in-Myanmar-1
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) ၂ နာရီကျော် ကြာမြင့်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးခွန်းပေါင်း ၃၀ ကျော်ကို သမ္မတ က ဖြေကြားသွားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) ၂ နာရီကျော် ကြာမြင့်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးခွန်းပေါင်း ၃၀ ကျော်ကို သမ္မတ က ဖြေကြားသွားခဲ့သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...