သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၁၀)
သစ်ထူးလွင်
|
- သျှမ်းပြည်မြောက်ပိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အစိုးရတပ် ဖမ်းဆီးရိုက်နှက်
- ပြည်သူ့လွှတ်တော်ပဉ္စမပုံမှန်အစည်
းအဝေး၌ ဥပဒေဟောင်းများ ဖျက်သိမ်း - အောက်တိုဘာလ(၁၈)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၈၄၁
- အောက်တိုဘာလ (၁၇) ရက်နေ့ ထုတ် Good Health ဂျာနယ် အမှတ် ၄၀၇
- ရနောင်း၌ နှစ်နိုင်ငံ လူကုန်ကူးမှုတားဆီးရေး ပထမဦးဆုံးအကြိမ် ဆွေးနွေးပွဲပြုလုပ်နေ
- အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် KIA နှစ်ဦးနှင့် ရွာသား သုံးဦး သေဆုံး
- ဥပဒေမဲ့ လုပ်ရပ်များအား မြို့နယ်အဆင့်နှင့် မဖြေရှင်းနိုင်က တိုင်းဒေသကြီး အရေးကိစ္စ အဖြစ် ကိုင်တွယ်မည်
- မော်ဒန်ဂျာနယ် အမှတ် ၃၂၈၊ ၁၂ အောက်တိုဘာ ၂၀၁၂
- Spitfire တိုက်လေယာဉ်တွေဖေါ်ဖို့ သဘောတူ
- ပါကစ္စတန်ရေဘေး ၄၅၀ ကျော်သေ
- ခေါ်ဈေးအောက် လျှော့ရောင်းနေရသည့် မန္တလေးမြေဈေးကွက်
- လက်ပန်တောင်းတောင်ပြည်သူညီလာခံ ကျင်းပ
- လွှတ်တော်အစည်းအဝေးများ နိုဝင်ဘာ ၂၇ ရက်ထိ ကျင်းပမည်
- ရုံးဖွင့်ခွင့် ပြုတော့မည် မဟုတ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အိုအိုင်စီသို့ အကြောင်းကြား
- ကျွန်တော်နှင့် Galaxy Ace
- ကြိုတင်ပြင်ဆင်သင့်သော အမျိုးသားရေးဆိုင်ရာလုံခြုံရေး
- မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ADSL တပ်ဆင်ခနှင့် လစဉ်ကြေးများ နိုဝင်ဘာလ ၁ရက်နေ့မှ စတင်၍ လျှော့ချ
- ဒေါ်အောင်ဆန်းစုကြည်ကို ဆာကားအိမြို့ ငြိမ်းချမ်းရေးဆု ချီးမြှင့်
- အမေရိကန်-မြန်မာ လူ့အခွင့်အရေးဆွေးနွေး
- ရန်ကုန်မှာ နိုင်ငံတကာ IT ကုမ္ပဏီ တခု လုပ်ငန်း စတင်
- အမေရိကန် သမ္မတလောင်းတွေရဲ့ ဒုတိယ စကားစစ်ထိုးပွဲ
- H.K ပလစ်စတစ်စက်ရုံမှ အလုပ်သမားများ အလုပ်ခွင် နစ်နာချက်များ ဆန္ဒပြတောင်းဆို
- ကန်လ/ထ နိုင်ငံခြားရေးဝန်ကြီး မြန်မာအစိုးရနဲ့ဒေါ်စုကို တွေ့
- အောက်တိုဘာလ ၁၇ ရက်နေ့ ထုတ် SHADE ဂျာနယ် ။ အတွဲ (၆) ၊ အမှတ် (၃၈)
- ၃၂ ခုမြှောက် NLD ရုံး ရခိုင်က ချင်းကျေးရွာတွင် ဖွင့်လှစ်
Posted: 18 Oct 2012 05:51 AM PDT
သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် နှင့် ပလောင် ကိုယ်ပိုင်အုပ်ခွင့်ရ ဒေသအတွင်းမှ ကျေးရွာအုပ်စု နှင့် ကျေးရွာ ချုပ်ရေးမှူး ၁၀ ဦး ကျော်အား နမ္မတူမြို့နယ် မန့်စံတပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင် စစ်ဆေး မေးမြန်းရိုက်နှက် ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၁၇ ရက်နေ့က စကခ ၁ လက်အောက်ခံ မန့်စံအခြေစိုက် တပ်မှူး တဦးဖြစ်သည့် ဒုဗိုလ်ချုပ်မှူးကြီး သိန်းလွင် မှ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 18 Oct 2012 04:59 AM PDT
၂၀၁၂ ခုနှစ်အောက်တိုဘာ (၁၈)ရက်နေ့ တွင်ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး၌ ဥပဒေဟောင်းဖျက်သိမ်းခြင်းများအာ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 18 Oct 2012 04:44 AM PDT
| ||
Posted: 18 Oct 2012 04:40 AM PDT
| ||
Posted: 18 Oct 2012 03:42 AM PDT
ထိုင်းနိုင်ငံနှင့် တနင်္သာရီတိုင်း နယ်စပ်ကြား လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အတွက် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် သဘောတူညီမှု စနစ်တစ်ခုအား ရနောင်းမြို့၌ လူကုန်ကူးမှု ဆန့်ကျင်ရေး အတွက် နည်းလမ်းမျိုးစုံ လေ့လာရေး လုပ်ငန်းခွင် ဆွေးနွေးပွဲ (Workshop on Multidisciplinary Team for Anti-trafficking in Persons)တစ်ခု ချမှတ် ဆောင်ရွက် နေကြောင်း သိရသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 18 Oct 2012 03:21 AM PDT
ဖားကန့်မြို့ပေါ်ရှိ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲဘော် နှစ်ဦးနှင့် ဒေသခံရွာသား သုံးဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရှိခဲ့သည်ဟု ဖားကန့် ဒေသခံများနှင့် KIO က ပြောသည်။ ဗုဒ္ဓဟူးနေ့ ည ၉ နာရီမှ ၁၁ နာရီဝန်းကျင်ထိ ဖားကန့် ဗျူဟာကုန်း အစိုးရတပ်စခန်းမှ တမိုင်ကျော် အကွာအဝေးရှိ KIA တပ်မဟာ ၂ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 18 Oct 2012 02:21 AM PDT
ရန်ကုန်မြို့တွင်း အုပ်စုဖွဲ့ ရိုက်နှက်ခြင်း၊ ရမ်းကားခြင်းနှင့် ပြစ်မှုကျူး လွန်ခြင်းများကို မြို့နယ် အဆင့်နှင့် မရပါက ခရိုင်၊ တိုင်းဒေသကြီး အရေးကိစ္စ အဖြစ် သတ်မှတ်၍ အရေးယူ ဖော်ထုတ် သွားမည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူက ပြောသည်။ ''အသိ ဥာဏ်မဲ့ တရားဥပဒေ မဲ့လုပ်ရပ်တွေက ပိုများလာလို့ပဲ'' ဟုအထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 18 Oct 2012 01:53 AM PDT
| ||
Posted: 18 Oct 2012 01:36 AM PDT
ဒုတိယကမ္ဘာစစ်အပြီး ကာလက မြန်မာနိုင်ငံမှာ ချန်ရစ် ဖွက်ထားခဲ့တဲ့ Spitfire တိုက်လေယာဉ် ၆၀ ပြန်တူးဖေါ် ရေးနဲ့ ပတ်သက်လို့ ဗြိတိသျှလူမျိုး တိုက်လေယာဉ် ဝါသနာအိုးတဦးနဲ့ မြန်မာအစိုးရကြား သဘောတူချက် တရပ် လက်မှတ် ရေးထိုး လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ တိုက်လေယာဉ်တွေဟာ လုံးဝ အသုံးမပြုရ သေးတဲ့ အသစ်စက်စက် လေယာဉ်တွေဖြစ်ပြီး ပို့တဲ့ ကုန်သေတ္တာကြီးတွေထဲမှာပဲ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 18 Oct 2012 01:27 AM PDT
ပါကစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ မုတ်သုန် မိုးရာသီအတွင်း သီတင်းပတ် ပေါင်းများစွာ ရေကြီး ခဲ့တာကြောင့် လူ ၄၅၅ ယောက် သေဆုံးပြီး ၅ သန်းကျော် ဘေးဒုက္ခ ရောက်ခဲ့ကြတယ်လို့ ပါကစ္စတန် ဘေးဒုက္ခ ကယ်ဆယ်ရေး အဖွဲ့က ခန့်မှန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ငါးပတ်အတွင်းမှာ ပါကစ္စတန် တနိုင်ငံလုံး ရေကြီးတဲ့ ဘေးဒဏ်တွေကို ခံခဲ့ကြရတယ် လို့ ပါကစ္စတန် တာဝန်ရှိ သူတွေက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 18 Oct 2012 01:13 AM PDT
မန္တလေး အိမ်ခြံမြေ ဈေးကွက်မှာ အမြင့်ဈေးဖြင့် အရောင်းအ၀ယ် မြင့်တက်ခြင်းမရှိပဲ အရောင်းအ၀ယ် ပြုလုပ်လို သူများက အမေးသာရှိပြီး အ၀ယ်အေးကြောင်း ၊ အရောင်းအ၀ယ် ဖြစ်ရန် ခေါ်ဈေးအောက် လျှော့ရောင်း နေရကြောင်း မန်းအိမ်ခြံမြေ ပွဲစားတို့က ဆိုသည်။ မန္တလေး မြေဈေးကွက်မှာ ပြည်ပ လုပ်ငန်းရှင်ကြီးများက စက်ရုံလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု အတွက်---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 18 Oct 2012 12:51 AM PDT
မုံရွာခရိုင် ဆားလင်းကြီး မြို့နယ် ဆည်တည်း ကျေးရွာတွင် အောက်တိုဘာ ၁၈ရက်နေ့ နံနက် ၇း၀၀ နာရီမှ ည ၇း၀၀ အချိန်ထိ ကျင်းပသည့် လက်ပန်တောင်းတောင် ပြည်သူညီလာခံတွင် လက်ပန်တောင်းတောင် စီမံကိန်းများ ရပ်ဆိုင်းရေးအတွက် ဆည်တည်းကျေးရွာနေ ပြည်သူများမှ အဆိုတင်သွင်းလွှာများ တင်သွင်းကြပြီး ညီလာခံမှ ရပ်ဆိုင်းရေး အတည်ပြုချက် ထုတ်ပြန်ခဲ့ပါသည်။
ဆရာကြီး ဒဂုံတာရာမှလည်း ဒေသခံများ ခံစားနေရမှုများကို ခံစား နားလည်ကြောင်းနှင့် ပြည်သူများ အမြန်ဆုံး ငြိမ်းချမ်းပါစေဟု သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ လက်ပန်တောင်းတောင် ပြည်သူညီလာခံကို အောက်တိုဘာလ ၁၈ရက်နေ့မှ ၁၉ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဟု သိရှိရပါသည်။ Burma VJ Media Network | ||
Posted: 18 Oct 2012 12:22 AM PDT
နေပြည်တော်၊ အောက်တိုဘာ- ၁၈
ယခု ကျင်းပ လျက်ရှိသည့် ပထမ အကြိမ် လွှတ်တော် အစည်းအဝေးများ၏ ပဉ္စမ ပုံမှန် အစည်းအဝေးကို ယနေ့ အောက်တိုဘာ ၁၈ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပရန် လျာထားကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကပြောသည်။ သို့သော် အကြောင်းအရာများ ပေါ်မူတည်၍ ကျင်းပမည့်ရက် ပိုလျှင်လည်း ပိုသွားနိုင်ကြောင်း ဆက်လက်ပြောသည်။ သူရဦးရွှေမန်းက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပုသိမ်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့် တင်သွင်းသည့် "လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်နှင့် အချိန်ကြာမြင့်စွာ ကင်းကွာနေမှုမရှိစေရေး၊ နယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်နိုင်ရေးအတွက် တစ်နှစ်လျှင် ၆ လထက် မပိုသော ကာလအထိသာ လွှတ်တော်ပုံမှန်အစည်းအဝေးများ ကျင်းပရန်၊ လွှတ်တော်များသို့ တိုက်တွန်းကြောင်း" အဆိုကို ပြန်လည်ရှင်းလင်းရာတွင် အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည်။ လက်ရှိလွှတ်တော်ကျင်းပနေမှုပုံစံ လွှတ်တော်ကျင်းပချိန်ကို သတ်မှတ်ခြင်းကိုခွင့်ပြုလိုက်ပါ 7Day News Journal | ||
Posted: 17 Oct 2012 11:28 PM PDT
မြန်မာ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အစ္စလာမ်မစ် ပူးပေါင်းရေး အဖွဲ့(အိုအိုင်စီ) သို့ မြန်မာနိုင်ငံ၌ ရုံးဖွင့် ခွင့်ပြုတော့မည် မဟုတ်ကြောင်း အကြောင်းကြား လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ထိုသို့ အကြောင်းကြား လာခြင်းကို အိုအိုင်စီ အတွင်းရေးမှူး Ekmeleddin Ihsanoglu က ယမန်နေ့က အတည်ပြု ပြောကြားသည်ဟု အေပီ သတင်းတွင် ဖေါ်ပြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 17 Oct 2012 11:13 PM PDT
ကျွန်တော် “ပင်စင်နာ” (Pensioner)သည် အသက် ၇၀ ရှိပြီဖြစ်သော်လည်း လက်ကိုင်ဖုန်းကို Nokia အမျိုးအစားကိုသာ ကိုင်သုံးနေသည်မှာ ငါးနှစ်တောင် ကျော်ခဲ့ပါပြီ။ ကျွန်တော် ကျွမ်းကျင်တာဆိုလို့ ဖုန်းခေါ်မယ်၊ ဖုန်းလာရင်ပြောမယ် ဒီလောက်ပဲလုပ်တတ်ပါတယ်။ ဘာပြဿနာမှလည်း မရှိပါဘူး။
ဒါပေမဲ့ ကျွန်တော်နဲ့ စနေနေ့ ညနေတိုင်း ဂေါက်ကွင်းမှာ တွေ့နေတဲ့ သူငယ်ချင်းတွေအားလုံးက iPhone ၊ Galaxy SIII ၊ HTC ၊ Huawei တွေနဲ့ချည်းပဲ။ မိတ်ဆွေတစ်ယောက်များဆိုရင် ဖုန်းနှစ်လုံးတောင်ရှိသေး။ ဟိုဖုန်းက မြည်လိုက်၊ ဒီဖုန်းကမြည်လိုက်နဲ့ လက်တောင်မလည်ဘူး။ သူ့ကိုကြည့်ရတာ ကျွန်တော်ပါ စိတ်မောလာတယ်။ စကားကောင်းကောင်း မပြောနိုင်ဘူး။ ပြောမယ်လုပ်ရင်း ဖုန်းမြည်ရင်းပေါ့။ ထားပါတော့လေ...။ ကျွန်တော် တစ်နေ့ကျတော့ Touch Screen ပါတဲ့ ဖုန်းတစ်လုံး လိုချင်စိတ် ဘယ်ကနေဘယ်လို ဖြစ်သွားလဲမသိပါဘူး။ ရူးတယ်ပဲပြောပြော လိုချင်စိတ်ကတော့ ပိုပြီးဆိုးလာတာ သေချာပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Peer Pressure ပေါ့ဗျာ။ ပတ်ဝန်းကျင်ရဲ့ စေ့ဆော်မှုလို့လည်း ပြောလို့ရပါတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း မိတ်ဆွေတွေညွှန်းတဲ့ ပါရမီလမ်းက “လူကြီးမင်းဖုန်းဆိုင်”ကို ရောက်သွားပါလေရော။ ဖုန်းတွေကလည်း Brand အမျိုးမျိုး၊Function တွေကလည်း စုံလို့ပါပဲ။ ကိုယ်က အသက်လည်းရလာပြီး ခေတ်နောက်ကျန်နေတော့ မသိတာတွေလည်း များတာပေါ့လေ။ ဒါကြောင့် ဆိုင်က၀န်ထမ်းတွေကို မေးရမှာတောင် အားနာမိပါတယ်။ ဒီလိုနဲ့ပဲ ကိုယ်သိချင်တဲ့ Function တွေကို ရေးချပြီး ဆိုင်က ကလေးမလေးကို ပြလိုက်တယ်။ သူ့ကြည့်ရတာ တော်တော်လေး ဖုန်းအကြောင်း နားလည်ကျွမ်းကျင်ပုံ ရပါတယ်။ ကျွန်တော့်ကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတယ်။ ဒီလို“ပင်စင်နာ”ကြီးကို ရှင်းပြဖို့ဆိုရင် တော်ရုံစိတ်ရှည်မှုနဲ့ မရဘူးလေ။ တိုတိုပြောရရင် ဈေးနှုန်းသင့်တင့်တဲ့ Samsung Galaxy Ace ကို ၀ယ်ဖြစ်ခဲ့ပါတယ်။ ဖုန်းဈေးက ၁၈၈၀၀၀ ကျပ်ပါ။ ဒါပေမဲ့ Application တွေ၊ အင်တာနက်တွေ၊ မြန်မာ Font တွေ ထည့်လိုက်တော့ ဈေးနှုန်းက ကျပ်နှစ်သိန်းငါးသောင်းဝန်းကျင် ကဲ - ဖုန်းလည်းရရော သင်တန်းကတော့ စပါပြီ။ ဖုန်းခေါ်နည်း၊ ပိတ်နည်း၊ Contacts ရှာ နည်း၊ Gmail အသုံးပြုပုံ၊ စာရိုက်နည်း၊ ရိုးရိုးစာလုံး၊ စာလုံးအကြီးရေးနည်း စသည်ကို ဆိုင်က၀န်ထမ်းက ပြပေးပါတယ်။ ကျွန်တော့်ကို ဖုန်းသုံးတာသင်ပေးတဲ့ ကလေးမလေးက အသက် ၂၀ ကျော်လောက်ပဲ ရှိမယ်။ ပါးစပ်ကလည်းပြော၊ လက်ကလည်းရိုက်ပြ၊ မြန်လွန်းလို့ ခဏခဏ ပြန်ပြခိုင်းရတယ်။ ဒါကိုပဲကြည့်လေ။ လူငယ်နဲ့လူကြီး အသက်တင်ကွာတာ မဟုတ်ပါ။ ဦးနှောက်သင်ယူမှုကလည်း ကွာတယ်ဆိုတာ သိလိုက်ပါတော့တယ်။ သင်တန်းကတော့ လွယ်လွယ်နဲ့မပြီးသေးပါ။ Gmial ၊ Skype ၊ Viber စတာတွေကို ဖွင့်နည်းပိတ်နည်းတွေကိုပါ သင်ယူရပါသေးတယ်။ ကြာလာတော့ ဦးနှောက်က Hang ဖြစ်လာချင်တယ်။ ဒါနဲ့ ကလေးမလေးကို နောက်မှဆက်သင်ပါရစေလို့ တောင်းပန်ပြီး တစ်နေ့တာသင်တန်းကို နားခဲ့ပါတယ်။ အိမ်လည်းရောက်ရော ဖုန်းကိုဖွင့်ကြည့်တယ်။ အိုကေပါပဲ။ ကျွန်တော့်ညီမရဲ့ဖုန်းကို ခေါ်ကြည့်တယ်။ ဒါလည်းရနေပြီ။ ဒါနဲ့ ခလုတ်တွေကို ဆက်နှိပ်ကြည့်လိုက်၊ ပိတ်လိုက်လုပ်မိတယ်။ သြော်..“မျောက်အုန်းသီးရတယ်”ဆို စနေနေ့ ညနေလည်းရောက်ရော ထုံးစံအတိုင်း ဂေါက်ကွင်းက သူငယ်ချင်းတွေလည်း ဖုန်းမခေါ်လာဘူးလို့တွေးပြီး စောင့်နေတယ်။ နောက်တော့ အိမ်ရှေ့မှာနေတဲ့ သူငယ်ချင်းကလာပြီး “မင်းဖုန်းပိတ်ထားတာလား”ဆိုပြီး မေးတယ်။ ချက်ချင်းပဲ ဖုန်းကိုကြည့်လိုက်တော့ လေယာဉ်ပုံကလေး ပေါ်နေတယ်။ အဲဒါ Flight Mode ဆိုတာ နောက်မှသိရတယ်။ လေယာဉ်အတက်အဆင်း ဖုန်းမသုံးရအောင် ခဏပိတ်ထားတဲ့ ခလုတ်ဖြစ်တယ်။ သြော်.. ဒါကြောင့်ကိုး။ ဖုန်းပွင့်သွားပြီးနောက် ဖုန်းခေါ်သံကြားတယ်။ ဒါနဲ့ ဖုန်းကိုကောက်ကိုင်လိုက်ပြီး “ဟယ်လို၊ ဟယ်လို”ဆိုပြီး အကြိမ်ပေါင်းများစွာ ပြောနေမိပြန်ရော။ ဒါပေမဲ့ ဘာသံမှမကြားရဘူး။ နောက်တော့မှ ဖုန်းရဲ့ Screen ကို ညာဘက်တွန်းလိုက်မှ အသံကြားရတယ်။ ဆိုင်မှာတုန်းက ဆရာမလေးကတော့ သင်ပေးလိုက်မှာပါ။ ဒါပေမဲ့ ကျွန်တော့်မှတ်ဉာဏ်တွေက အောက်နေပြီ။ နောက်တစ်ဆင့် နိုင်ငံခြားကို အီးမေးလ်ပို့မယ်ပေါ့နော်။ မေးလ်ဆိုတဲ့ “M” ပြထားတဲ့ခလုတ်ကို နှိပ်လိုက်တယ်။ စာရိုက်ဖို့ Compose Mail ကို နှိပ်လိုက်တော့ Email Address နှင့် Subject တွေ ပေါ်လာတယ်။ ကဲ- စာစရိုက်ပါပြီ။ Key တွေကို ဘယ်လိုနှိပ်နှိပ် မပေါ်လာပါဘူး။ Cursor ကို နှိပ်လိုက်တော့မှ ဆက်ရိုက်လို့ ရတော့တယ်။ ပြီးတော့ Screen က သိပ်ပြီးနူးညံ့တော့ “W” ကိုနှိပ်ရင် “E” ဖြစ်၊ “A” ကိုနှိပ်ရင် “S” ဖြစ် စသည်ဖြင့် ကမောက်ကမတွေ ဖြစ်နေတော့တာပဲ။ ဒါတောင် တိုတိုလေးရိုက်တာကို အချိန် ၁၅ မိနစ်လောက် ပေးလိုက်ရတယ်။ အသက်ကြီးမှ လက်ပေးသင်နေရတဲ့ ခွေးလိုမျိုး ဖြစ်နေတော့တာပေါ့။ ကိုယ့်ဟာကိုယ်ပြန်ပြီး အားပေးရတော့တာပါပဲ။ “စိတ်ရှည်ရမယ်။ ဒါပြဿနာမဟုတ်ဘူး။ စိန်ခေါ်မှုတွေလို့ ခံယူရမယ်”ဆိုတာပေါ့။ ကျွန်တော် နောက်တစ်နေ့ကတော့ တစ်ဆင့်တက်ပြီး စမ်းသပ်ပြန်ပါတယ်။ ဒါကတော့ ဖုန်းကအင်တာနက်ကိုဖွင့်ပြီး G-Talk ကို ၀င်ကြည့်တာပါပဲ။ စာရိုက်တာလည်း အမှားနည်းလာတယ်။ တိုးတက်လာတဲ့ သဘောပေါ့နော်။ အကျေနပ်ကြီး ကျေနပ်နေမိပါတော့တယ်။ ဒါပေမဲ့ နေ့လယ် အင်တာနက်ကို တစ်ခါပြန်ဖွင့်တဲ့အခါကျတော့ သူ့အလိုလို “ON” နေတာ တွေ့ရတယ်။ ဒီလိုမျိုး ဖွင့်ရက်ကြီးဖြစ်နေတာ ငါးနာရီလောက်ရှိပြီ။ ဒုက္ခပါပဲဆိုတဲ့ စကားလုံးတစ်လုံးကလွဲပြီး ဘာမှမပြောတတ်၊ ပြန်လည်းမပိတ်တတ်ပေါ့။ ခလုတ်တစ်ခုနှိပ်ဖို့အတွက် “လူကြီးမင်း”ဆီ ပြေးရမယ်ဆိုရင်လည်း ဓာတ်ဆီဖိုးတောင် မကာမိပါဘူး။ သင်ခန်းစာပေါ့ဗျာ။ Touch Screen က လက်မငြိမ်တဲ့သူ၊ လက်တုန်တဲ့သူဆိုရင် ဘယ်လိုမှမဖြစ်ဘူး။ ခလုတ်တစ်ခုကိုနှိပ်တဲ့အခါ နည်းနည်းလေးမှ အမှားမခံဘူး။ ဘယ်ညာအတိမ်းအစောင်းလည်း မခံဘူး။ စူးစိုက်မှု(Concentration) အပြည့်ရှိမှ ရတယ်။ သမာဓိကောင်းဖို့ လိုအပ်ပါတယ်။ စာရိုက်လို့ တွေ့တဲ့အမှားတွေ ပြောပြရရင်တော့ အများကြီးပါပဲလေ။ တဖြည်းဖြည်းတော့ မှန်လည်းမှန်လာသလို မြန်လည်းမြန်လာပါတယ်။ ဒီလိုနဲ့ Galaxy က User Friendly ဖြစ်လာတယ်။ Gmail ၊ G-Talk တွေတင် မကပါဘူး။ Skype ၊ Viber စတာတွေရော၊ SMS ရော ပို့တတ်လာတယ်။ ဖုန်းကတော့ Connection ပေါ်မှာ မူတည်တာပေါ့နော်။ ကနေဒါနဲ့ ပြောတာတောင် မြို့တွင်းမှာပြောသလို ကြည်ကြည်လင်လင် ကြားရတယ်။ အခုဆိုရင် လမ်းသွားရင်း ဓာတ်ပုံရိုက်ကြည့်တယ်။ 5MP ဆိုတော့ ပုံတွေက ထင်ထင်ရှားရှား မြင်ရတယ်။ လျှပ်တစ်ပြက် မြင်လိုက်ရတဲ့ဟာ ဥပမာ-လမ်းဘေးဈေးသည်တွေ၊ စီတန်းလမ်းလျှောက်ဆန္ဒပြတာတွေ၊ ယာဉ်တိုက်မှုတွေ စသည်ဖြင့်ရိုက်ပြီး ဂျာနယ်တိုက်တောင် ပို့လို့ရပြီ။ Photo Journalist တောင် လုပ်ချင်လာသေးတယ်။ မနေ့ကတော့ Zawgyi One ကို Install လုပ်ပြီး မြန်မာစာရိုက်ကြည့်တော့ အင်္ဂလိပ်စာထက် အများကြီးခက်တယ်ဆိုတာ တွေ့ရတယ်။ “ဘဦး ရေကူးနေသည်” ဆိုတဲ့စာတန်းကို ၁၅ မိနစ်လောက် ရိုက်လိုက်ရတယ်။ မြန်မာ Font ထည့်တယ် ဆိုတာကလည်း အယ်ဒီတာ့ထံပေးစာရေးဖို့၊ အခါအခွင့်သင့်လို့ ရေးစရာအကြောင်းပေါ်လာရင် ရေးဖို့ပေါ့နော်။ နောက်ပြီး ၀က်ဘ်ဆိုက်တွေမှာပေါ်တဲ့ Myanmar Blog တွေကို ဖတ်ချင်တာလည်း ပါတာပေါ့နော်။ သတင်းဦး သတင်းထူးတွေကို ဦးဦးဖျားဖျား ဖတ်ချင်တဲ့ မျှော်လင့်ချက်ကလေးနဲ့ပေါ့လေ။ ကျွန်တော့်လို ပင်စင်နာ အလုပ်လက်မဲ့တွေကို မျှဝေချင်တာလေး ရှိပါတယ်။ Galaxy ရပြီးကတည်းက ကျွန်တော့်အတွက် တစ်နေ့မှာ ၂၄ နာရီ ရှိတဲ့အချိန်လေးဟာ နည်းနေသေးတယ်လို့တောင် ထင်ရပါသေးတယ်။ အနောက်နိုင်ငံတွေမှာရှိတဲ့ အသက်အရွယ်ကြီးတဲ့သူတွေ ဖြစ်လေ့ရှိတဲ့ အတိတ်မေ့ရောဂါ (Alzheimer) မဖြစ်ချင်ရင် လက်ကိုင်ဖုန်းတစ်လုံးဝယ်ပြီး ကမ္ဘာကြီးနဲ့ရော မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပါ အဆက်အသွယ် မပြတ်အောင် အမြဲဆက်သွယ်နေပါ။ စိတ်ဓာတ်ကျမှု (Depression)တွေ၊ အထီးကျန်နေတာတွေ လုံးဝမဖြစ်စေရဘူးလို့ အာမခံရဲပါတယ်။ (မှတ်ချက်-ဤဆောင်းပါးသည် ဘ၀လွတ်မြောက်ရေးအတွက် လောကုတ္တရာတရားများ ကျင့်ကြံအားထုတ်နေသော ကျွန်တော့် သူငယ်ချင်းမိတ်ဆွေများအတွက် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။) မျိုးအောင်(အငြိမ်းစား) 7Day News Journal အတွဲ (၁၁)၊ အမှတ်(၃၁) | ||
Posted: 17 Oct 2012 11:15 PM PDT
ရခိုင်ပြည်နယ်မှာ ဒီနှစ် မေ၊ ဇွန်လများ အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက် ပဋိပက္ခ များနှင့် ပတ်သက်၍ ဆွေးနွေး မှုတွေ၊ ငြင်းခုံမှုတွေ၊ ဝေဖန်ပြစ်တင်မှု တွေဟာ ပြည်တွင်း၊ ပြည်ပမှာ ယခု အချိန်အထိ အဆုံးမသတ် နိုင်သေးပါဘူး။ အချိန် တိုတို အတွင်း ဒီပြဿနာ အေးငြိမ်းသွားဖို့ ဆိုတာလည်း မဖြစ်နိုင် သေးပါဘူး။ ဆွေးနွေး ငြင်းခုံမှု တွေဟာ ရှေ့လျှောက် ပိုမိုကျယ်လောင် ရှုပ်ထွေးလာမယ့် အလား အလာတွေတောင် တွေ့လာနေရပါတယ်။ အခုထိကို ဆန္ဒပြပုံရိပ် သတင်းတွေက စာနယ်ဇင်းတွေမှာ တက်လာနေဆဲပါ။ နိုင်ငံတော်ကလည်း ဒီကိစ္စ ပိုပြီးအရှိန် မြင့်တက်မလာဖို့ ကြိုးစားအားထုတ် နေပါတယ်။ ကမ္ဘာ့ အစ္စလာမ်နိုင်ငံ အသီးသီးမှာ ဒီကိစ္စဟာ ပြောဆို ဆွေးနွေးစရာ ဖြစ်လာနေပြီး အစွန်းရောက် အစ္စလာမ် ဘာသာရေး အဖွဲ့အစည်း အချို့ကလည်း မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအပေါ် ခြိမ်းခြောက်မှုတွေ ပြုလာတာတောင် ရှိပါတယ်။
ဒီဆောင်းပါးမှာ မြန်မာပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ လုံခြုံရေးကိစ္စကို အဓိကဆွေးနွေးမှာ ဖြစ်ပါတယ်။ အများပြည်သူရဲ့ လုံခြုံရေးနှင့်ပတ်သက်ပြီး တာဝန်ယူဖို့၊ တာဝန်ခံဖို့တွေ လိုလာပါတယ်။ လုံခြုံရေးသတိ အမြဲရှိဖို့ပါ။ လူထုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ မဖြစ်ပေါ်အောင် ကြိုတင်ကာကွယ်ရမှာ ဖြစ်သလို အကယ်၍ တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ရင်လည်း အလျင်မြန်ဆုံး ဘယ်လိုအရေးယူ ဆောင်ရွက်မလဲဆိုတာ ကြိုတင်ပြင်ဆင်ထားရပါမယ်။ ကြိုတင်ကာကွယ် တားဆီးရမှာကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အဓိကတာဝန်ဖြစ်ပေမယ့် ဖြစ်လာခဲ့ပြီးတဲ့ လုံခြုံရေးကျိုးပေါက်ပြီး အကြမ်းဖက်တိုက်ခိုက်ခံရမှု အခြေအနေတစ်ရပ်မှာ ဘယ်လို အမြန်ဆုံး အရေးယူဆောင်ရွက်ကြမလဲဆိုတာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီနဲ့ ဆေးရုံ၊ ဆေးခန်း၊ ၀န်ထမ်းတွေ၊ ရပ်ရွာခေါင်းဆောင်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေရဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးလာပါတယ်။ အခုဖြစ်ပွားခဲ့တဲ့ ရခိုင်အရေးခင်းရဲ့ သက်ရောက်မှုဟာ ထင်ထားတာထက် ကြီးမားကျယ်ပြန့်ခဲ့ပါတယ်။ ဆိုလိုတာ ပြည်ပနိုင်ငံ အတော်များများဆီအထိ ပျံ့နှံ့ခဲ့တာပါ။ အစ္စလာမ်နိုင်ငံအချို့ရဲ့ မြန်မာသံရုံးတွေရှေ့မှာ ဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး ပါကစ္စတန်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်လို ဒေသတွင်းနိုင်ငံများရှိ ဘာသာရေးအစွန်းရောက် အုပ်စုအချို့ထံမှ မြန်မာ့အကျိုးစီးပွားနဲ့ အမျိုးသားလုံခြုံရေးကို တိုက်ရိုက်စိန်ခေါ် ခြိမ်းခြောက်မှုတွေ ရှိလာပါတယ်။ ဒီလို အရိပ်အယောင်ပြ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်အပိုင်းက လုပ်သင့်လုပ်ထိုက်တဲ့ လုံခြုံရေးအစီအမံတွေ ချမှတ်လုပ်ဆောင်လျက် ရှိပါတယ်လို့ဆိုပြီး လူထုအပိုင်းကလည်း စိုးရိမ်ပူပန်မှု အချို့ရှိပေမယ့် ဒီစိုးရိမ်ပူပန်မှုဟာ ကျယ်ကျယ်ပြန့်ပြန့် ကြီးကြီးမားမားတော့ မဟုတ်ခဲ့ပါဘူး။ နိုင်ငံရေး စိတ်ဝင်စားသူများနဲ့ နိုင်ငံတကာရေးရာတွေကို အဆက်မပြတ် လေ့လာသုံးသပ်နေသူတွေ ကြားမှာတော့ ပြည်သူလူထုအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုဟာ စိုးရိမ်စရာရေမှတ်မှာ ရှိနေဆဲပါ။ ဘာမှ မဖြစ်သေးဘူးတော့ မဖြစ်သေးဘူးပေါ့။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ကြိုတင်ပြင်ဆင်မှုအပိုင်းမှာ အားနည်းသလို ရေရှည်အမြင်နဲ့ ကြံစည်လုပ်ဆောင်မှု အပိုင်းမှာလည်း အားနည်းလှပါတယ်။ အစီအစဉ်တကျ ဖွဲ့စည်းလုပ်ဆောင်မှုတွေအပေါ်မှာ အားမသန်လှဘဲ ၀ုန်းခနဲဖြစ်လာတဲ့ အခြေအနေတွေလောက်မှာပဲ စုစည်းမှု အားကောင်းတတ်ကြပါတယ်။ ပြီးရင်လည်း ပြီးသွားတာပါပဲ။ အဲဒီလို အခြေအနေမျိုးတွေဟာ ဆိုင်ကလုန်းနာဂစ်လို အနေအထားမျိုးမှာ အလုပ်ဖြစ်ပေမယ့် နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အန္တရာယ်ပြု ခြိမ်းခြောက်လာတဲ့ အကြမ်းဖက်မှုအခြေအနေတွေကိုတော့ ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုရဲ့ လုံခြုံရေးကို ဘယ်လောက်စိုးရိမ်ပူပန်စရာရှိလည် တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေက လူထုလုံခြုံရေးအပေါ် သက်ရောက်မှုရှိတဲ့ အကြမ်းဖက်ပဋိပက္ခတွေကို လက်လှမ်းမီသလောက် တင်ပြပါမယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ဇင်ကျန်း(Xinjiang) ပြည်နယ်မှာ ဒေသခံ အစ္စလာမ်ဘာသာ ကိုးကွယ်ကြတဲ့ Uighurs မျိုးနွယ်တွေနဲ့ ပြောင်းရွှေ့အခြေစိုက်လာတဲ့ ဟန်တရုတ်လူမျိုးများအကြားမှာ ၂၀၀၉ ခုနှစ် ဇူလိုင်လလောက်က အပြန်အလှန် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၅၀ လောက်က အသက်ဆုံးရှုံးခဲ့ပါတယ်။ လူ ၁၀၀၀ လောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် တိန့်မိန်အိန်ရင်ပြင် အရေးအခင်းနောက်ပိုင်း တရုတ်ပြည်မှာ လူအသေအပျောက်အများဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်လို့ ကမ္ဘာ့မီဒီယာတွေက ဆိုကြပါတယ်။ အဲဒီနောက်ပိုင်းမှာ ဇင်ကျန်းပြည်နယ်ရဲ့ အချို့ဒေသတွေမှာ ကားဗုံးပေါက်ကွဲမှုလိုမျိုး အများပြည်သူရဲ့လုံခြုံရေးကို အန္တရာယ်ပြုလာတာတွေ ရှိလာပါတယ်။ တရုတ်ပြည်ရဲ့ အခြားမြို့ကြီးတွေကိုပါ လုံခြုံရေးခြိမ်းခြောက်လာနိုင် |
[Message clipped] View entire message
0 comments:
Post a Comment