နန်းခင်ဇေယျာနဲ့ပတ်သက်၍ ...
နန်းခင်ဇေယျာနဲ့ပတ်သက်ပြီးပြော ကတာကို ထပ်မံတွေ့ရှိရပြန်ပါပြီ။
ဒီတစ်ခါကတော့ အရင်တုန်းကလို ဝတ်စားဆင်ယင်မှုနဲ့မပတ်သက်ဘဲ နန်းခင်ဇေယျာကို မဲပေးခြင်းနဲ့ပတ်သက်ပါတယ်။
နန်းခင်ဇေယျာကို တစ်ကြိမ်ထက်ပိုပြီးမဲပေးကြလို့ မြန်မာတွေဟာ ကိုယ်ကျင့်တရားညံ့ဖျင်းသတဲ့။
အာဏာရှင်လက်အောက်ကရုန်းထွက်ချင် တဲ့လူတွေက ဘာလို့ ဒီလို လုပ်ကြသလဲတဲ့။
နားလည်ထားသလောက်က ပြိုင်ပွဲတစ်ရပ်၊ မဲပေးပွဲတစ်ရပ်ကို မလုပ်ခင်မှာ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း စည်းကမ်း (Criteria) သတ်မှတ်ရပါတယ်။
ဥပမာ ပြိုင်ပွဲဝင်သူက ဘယ်လိုအချက်အလက်နဲ့ပြည့်စုံရမယ် ၊ ပ၇ိသတ်က ဘယ်လိုမရမ်းကားရဘူး၊ ရမ်းကားရင် ဘယ်လောက်ပြစ်ဒဏ် စသဖြင့် သတ်မှတ်ရပါတယ်။
အခု နန်းခင်ဇေယျာကိုမဲပေးခွင့်မှာလဲ Flickr ကနေ ပြီးတော့ စည်းကမ်းချက်လေးတွေ သူ့ဟာနဲ့သူ သတ်မှတ်ထားပြီးသားပါ။
အထူးပြုလုပ်ချက်ဆော့ဝဲတွေသုံးပြီး မဲမပေးသင့်ဘူး၊ မပေးရဘူးလို့တိုက်တွန်းတာတွေတွေ့ ရတယ်။ လက်ခံပါတယ်။ အကြွင်းမဲ့သဘောတူပါတယ်။ ကာယကံရှင်ကိုယ်တိုင်ကလဲ မလုပ်ကြဖို့ တောင်းပန်ထားတာပါ။
ဒါပေမယ့် ကိုယ်တိုင် တစ်ကြိမ်ထက်မဲပေးပိုင်ခွင့် ကိုကျတော့ ဒီ အွန်လိုင်းမဲပေးခြင်းကို Organize လုပ်တဲ့ Flickr ကိုယ်တိုင်က ကန့်သတ်မထားတာဖြစ်ပါတယ်။
ဒီလို ကန့်သတ်မထားတဲ့ အပေါ် မြန်မာတွေ မဲပေးကြတာဟာ ကိုယ်ကျင့်တရားပျက်စီးတာဟုတ်ပါသ လား။
ဒါဟာ ကျနော်တို့ အငြင်းပွားစရာကိစ္စ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အငြင်းပွားစရာအဆင့်မှာပဲ ထားခဲ့တာက ပိုပြီးလက်တွေ့ကျပါလိမ့််မယ်။
ဘာလို့လဲဆိုတော့ လောကမှာ ကိုယ်ကျင့်တရားစံနှုန်းတွေဟာ တစ်နေရာနဲ့တစ်နေရာမတူကြလို့ပါ။ ဥပမာ သားဖျက်ချခြင်းကိစ္စရပ်လိုပေါ့။ ဒီလို အငြင်းပွားလို့မပြီးတဲ့ ကိစ္စတွေ ဒုနဲ့ဒေးပါ။
ဒါပေမယ့် ဒီလို ကိစ္စကြောင့် မြန်မာတွေရဲ့ Fabric of society (လူမှုရေးအဆင်အသွေးအဆင့်အတန်း) ပျက်စီးရတယ်၊ အာဏာ၇ှင်စံနစ်ကြောင့် ဒီလိုဖြစ်ရတယ်ဆိုရင်တော့ လွဲနေပြီလို့ပဲမြင်မိပါတယ်။
မြန်မာအနောက်က ကပ်လိုက်နေတဲ့ မကာအိုရဲ့ လူဦးရေ စုစုပေါင်းက 578,025 ပါ။ ရန်ကုန်တစ်မြို့တည်းတင် လူဦးရေ ငါးသန်းနီးပါး ရှိပါတယ်။ မန္တလေးကလဲ ရန်ကုန်နီးပါးရှိပါတယ်။
မြန်မာပြည်က ပေးတာ ဖြစ်နိုင်သေးတယ်လို့ ဆိုရမယ့် အချိန်မှာ မဖြစ်နိုင်တဲ့ ကိန်းဂဏန်းတွေနဲ့ တက်နေတာက မကာအိုပါ။
နောက်ပြီး အာဏာရှင်စံနစ် ဒီမိုကရေစီစံနစ်ကြောင့် လူတွေ ကိုယ်ကျင့်တရားပျက်စီးရတယ်လို့ ဆိုရင်တော့ တစ်မျိုးထူးဆန်းတဲ့အဆိုပါပဲ။ ကမ္ဘာ့အမှုအခင်းအများဆုံး ထိပ်သီးဆယ်နိုင်ငံထဲက အများစုတွေဟာ ဒီမိုကရေစီနိုင်ငံ(အရင်းရှင်နို င်ငံ) တွေပါ။
၂ဝဝ၂ ကမ္ဘာ့ဖလားမှာ အီတလီအသင်းကို ရှက်ဖွယ်လိလိ ဒိုင်အကူနဲ့ အနိုင်ယူပြခဲ့တဲ့ တောင်ကိုးရီးယားနိုင်ငံရဲ့ အင်စတီကျူးရှင်းဖွံ့ဖြိုးမှုနှုန်း၊ စာတတ်မြောက်မှုနှုန်း၊ ဝင်ငွေ၊ လူလတ်တန်းစား စတဲ့ဟာတွေက မြန်မာထက် အများကြီးသာပါတယ်။ ဒီ ဒီမိုကေ၇စီ တောင်ကိုးရီးယားက ပညာတတ်လူလတ်တန်းစားတွေဟာ သူတို့ရဲ့ရှက်စရာအောင်မြင်မှုကို ဘာလို့ ယစ်မူးနေခဲ့ကြပါသလဲ။
ဒီနှစ် ကမ္ဘာ့ဖလားကျင်းပမယ့်နိုင်ငံရွေး ချယ်ပွဲမှာ အင်္ဂလန်ကိုမေ၇ွးချယ်ဘဲ ကာတာကို ဖီဖာက ရွေးချယ်ခဲ့တယ်။ အင်္ဂလန်ဆိုတာ ဘောလုံးဘိုးအေ၊ ကမ္ဘာ့ထိပ်သီးပရီးမီးယားလိဂ်နဲ့ အဆင့်မီကွင်းတွေရှိတဲ့နေရာ။ လမ်းပန်းဆက်သွယ်မှုနဲ့ ဟိုတယ်လ်စတဲ့ အဆောင်အယောင်တွေကလဲ အပြည့်။ ကန်စရာကွင်းတောင် မဆောက်ရသေးဘဲ မပြရသေးတဲ့ ကာတာကို ဖီဖာကေ၇ွးချယ်အပြီးမှာ ဖီဖာရဲ့ သံသယဖြစ်ချင်စရာ အဂတိလိုက်စားမှုတွေကို အင်္ဂလိပ်မီဒီယာတွေက အဆက်မပြတ်ဖော်ပြခဲ့ကြပါတယ်။
ဖီဖာမှာ ပါတဲ့ အမှုဆောင်လူကြီးမင်းတွေထဲမှာ အရှေ့အလယ်ပိုင်း အာဏာရှင်နိုင်ငံများ၊ လက်တင်အမေရိက ကွန်မြူနစ်နိုင်ငံများနဲ့ အာရှအာဏာရှင်နိုင်ငံများက အမှုဆောင်တွေ ဘယ်လောက်များ ပါနေပါသလဲ။
ဆိုလိုချင်တာက တိုင်းပြည်မှာရှိတဲ့ လူတွေရဲ့ အကျင့်စာရိတ္တဟာ နိုင်ငံရေးစံနစ်နဲ့ ဆက်နွယ်နိုင်ပါတယ်။ ဒါပေမယ့် တိုက်ရိုက်အချိုးချပြောဖို့တော့  ခက်ပါလိမ့်မယ်။ ပြောရဲရင်တော့ အံ့သြစရာပါပဲ။ ယနေ့ အံ့သြစရာ လူနှစ်ဦးသုံးဦးကိုတော့ တွေ့မိပါတယ်။ သေချာ လေ့လာထားတဲ့ အယူအဆတွေနဲ့ပြောတာမဟုတ်ဘဲ Personal Belief နဲ့ပြောတာလို့ပဲ သုံးသပ်မိပါတယ်။
နန်းခင်ဇေယျာဟာ လက်နက်မကိုင်ဘဲ တိုင်းပြည်ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာ့သမီးပျိုဖြစ်ပါတယ်။ ဒါကြောင့် မတိုက်တွန်းရဘဲ လူတွေ စုဝေးမိလာကြတယ်။ ဒီလိုမျိုးမဲပေးကြပါလို့ ကြံ့ခိုင်ရေးက ဆော်သြော၊ MRTV က ဝါဒဖြန့်ပါစေ မဖြစ်နိုင်ပါဘူး။
ဒါကြောင့်် အထက်မှာဆိုခဲ့သလို သာမန် ဒွိဟဖြစ်ဖွယ်ကိစ္စ တစ်ရပ်လောက်ကို အကျယ်ချဲ့ပြီး စေတနာမေတ္တာနဲ့ အားပေးကြတဲ့ လူတွေ၊ အင်တာနက် နှေးနှေးကွေးကွေးမှာဒုက္ခခံပြိးအားပေးကြတဲ့ ပြည်သူတွေကို ကိုယ့််မှာရှိတဲ့ ကလောင်တစ်ချောင်းနဲ့ စော်ကားလို့တော့ မသင့်တော်ဘူးထင်ပါတယ်။
ဒီတစ်ခါကတော့ အရင်တုန်းကလို ဝတ်စားဆင်ယင်မှုနဲ့မပတ်သက်ဘဲ နန်းခင်ဇေယျာကို မဲပေးခြင်းနဲ့ပတ်သက်ပါတယ်။
နန်းခင်ဇေယျာကို တစ်ကြိမ်ထက်ပိုပြီးမဲပေးကြလို့ မြန်မာတွေဟာ ကိုယ်ကျင့်တရားညံ့ဖျင်းသတဲ့။
အာဏာရှင်လက်အောက်ကရုန်းထွက်ချင်
နားလည်ထားသလောက်က ပြိုင်ပွဲတစ်ရပ်၊ မဲပေးပွဲတစ်ရပ်ကို မလုပ်ခင်မှာ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း စည်းကမ်း (Criteria) သတ်မှတ်ရပါတယ်။
ဥပမာ ပြိုင်ပွဲဝင်သူက ဘယ်လိုအချက်အလက်နဲ့ပြည့်စုံရမယ်
အခု နန်းခင်ဇေယျာကိုမဲပေးခွင့်မှာလဲ
အထူးပြုလုပ်ချက်ဆော့ဝဲတွေသုံးပြ
ဒါပေမယ့် ကိုယ်တိုင် တစ်ကြိမ်ထက်မဲပေးပိုင်ခွင့် ကိုကျတော့ ဒီ အွန်လိုင်းမဲပေးခြင်းကို Organize လုပ်တဲ့ Flickr ကိုယ်တိုင်က ကန့်သတ်မထားတာဖြစ်ပါတယ်။
ဒီလို ကန့်သတ်မထားတဲ့ အပေါ် မြန်မာတွေ မဲပေးကြတာဟာ ကိုယ်ကျင့်တရားပျက်စီးတာဟုတ်ပါသ
ဒါဟာ ကျနော်တို့ အငြင်းပွားစရာကိစ္စ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အငြင်းပွားစရာအဆင့်မှာပဲ ထားခဲ့တာက ပိုပြီးလက်တွေ့ကျပါလိမ့််မယ်။
ဘာလို့လဲဆိုတော့ လောကမှာ ကိုယ်ကျင့်တရားစံနှုန်းတွေဟာ တစ်နေရာနဲ့တစ်နေရာမတူကြလို့ပါ။ ဥပမာ သားဖျက်ချခြင်းကိစ္စရပ်လိုပေါ့။ ဒီလို အငြင်းပွားလို့မပြီးတဲ့ ကိစ္စတွေ ဒုနဲ့ဒေးပါ။
ဒါပေမယ့် ဒီလို ကိစ္စကြောင့် မြန်မာတွေရဲ့ Fabric of society (လူမှုရေးအဆင်အသွေးအဆင့်အတန်း) ပျက်စီးရတယ်၊ အာဏာ၇ှင်စံနစ်ကြောင့် ဒီလိုဖြစ်ရတယ်ဆိုရင်တော့ လွဲနေပြီလို့ပဲမြင်မိပါတယ်။
မြန်မာအနောက်က ကပ်လိုက်နေတဲ့ မကာအိုရဲ့ လူဦးရေ စုစုပေါင်းက 578,025 ပါ။ ရန်ကုန်တစ်မြို့တည်းတင် လူဦးရေ ငါးသန်းနီးပါး ရှိပါတယ်။ မန္တလေးကလဲ ရန်ကုန်နီးပါးရှိပါတယ်။
မြန်မာပြည်က ပေးတာ ဖြစ်နိုင်သေးတယ်လို့ ဆိုရမယ့် အချိန်မှာ မဖြစ်နိုင်တဲ့ ကိန်းဂဏန်းတွေနဲ့ တက်နေတာက မကာအိုပါ။
နောက်ပြီး အာဏာရှင်စံနစ် ဒီမိုကရေစီစံနစ်ကြောင့် လူတွေ ကိုယ်ကျင့်တရားပျက်စီးရတယ်လို့ ဆိုရင်တော့ တစ်မျိုးထူးဆန်းတဲ့အဆိုပါပဲ။ ကမ္ဘာ့အမှုအခင်းအများဆုံး ထိပ်သီးဆယ်နိုင်ငံထဲက အများစုတွေဟာ ဒီမိုကရေစီနိုင်ငံ(အရင်းရှင်နို
၂ဝဝ၂ ကမ္ဘာ့ဖလားမှာ အီတလီအသင်းကို ရှက်ဖွယ်လိလိ ဒိုင်အကူနဲ့ အနိုင်ယူပြခဲ့တဲ့ တောင်ကိုးရီးယားနိုင်ငံရဲ့ အင်စတီကျူးရှင်းဖွံ့ဖြိုးမှုနှုန်
ဒီနှစ် ကမ္ဘာ့ဖလားကျင်းပမယ့်နိုင်ငံရွေး
ဖီဖာမှာ ပါတဲ့ အမှုဆောင်လူကြီးမင်းတွေထဲမှာ အရှေ့အလယ်ပိုင်း အာဏာရှင်နိုင်ငံများ၊ လက်တင်အမေရိက ကွန်မြူနစ်နိုင်ငံများနဲ့ အာရှအာဏာရှင်နိုင်ငံများက အမှုဆောင်တွေ ဘယ်လောက်များ ပါနေပါသလဲ။
ဆိုလိုချင်တာက တိုင်းပြည်မှာရှိတဲ့ လူတွေရဲ့ အကျင့်စာရိတ္တဟာ နိုင်ငံရေးစံနစ်နဲ့ ဆက်နွယ်နိုင်ပါတယ်။ ဒါပေမယ့် တိုက်ရိုက်အချိုးချပြောဖို့တော
နန်းခင်ဇေယျာဟာ လက်နက်မကိုင်ဘဲ တိုင်းပြည်ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာ့သမီးပျိုဖြစ်ပါတယ်။ ဒါကြောင့် မတိုက်တွန်းရဘဲ လူတွေ စုဝေးမိလာကြတယ်။ ဒီလိုမျိုးမဲပေးကြပါလို့ ကြံ့ခိုင်ရေးက ဆော်သြော၊ MRTV က ဝါဒဖြန့်ပါစေ မဖြစ်နိုင်ပါဘူး။
ဒါကြောင့်် အထက်မှာဆိုခဲ့သလို သာမန် ဒွိဟဖြစ်ဖွယ်ကိစ္စ တစ်ရပ်လောက်ကို အကျယ်ချဲ့ပြီး စေတနာမေတ္တာနဲ့ အားပေးကြတဲ့ လူတွေ၊ အင်တာနက် နှေးနှေးကွေးကွေးမှာဒုက္ခခံပြိးအ
0 comments:
Post a Comment