လူငယ်တွေ ဘ၀အတွက် စာဖတ်ကြစမ်းပါ...
by Soe Min on Sunday, October 21, 2012 at 11:19pm ·
ဒီလိုပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လူငယ်လေးတစ်ယောက် ရှိတယ်။ သူဟာ ပခုက္ကူခရိုင် မြိုင်မြို့နယ်ဘက်က။ အချိန်ကား ဖက်ဆစ်ဂျပန်တွေရဲ့ သံဖနောင့်အောက် စစ်ပြေးပုန်းအောင်းနေရတဲ့ကာလ။ ကျောင်းမတက်ရတော့ စာအုပ်ထဲမှာ ပညာရှာတယ်။ စာဖတ်တယ်။ ဒါနဲ့ တစ်နေ့ စာရေးဆရာကြီး ရဲထွန်းလင်းရဲ့ "အရေးတော်ပုံတပ်သား" ကိုတွေ့တော့ ထမင်းမေ့ ဟင်းမေ့ဖတ်မိ။ စာအုပ်ဆုံးလို့ နောက်ဆုံးစာမျက်နှာလည်းရောက်ရော ဒုတိယတွဲဇာတ်သိမ်း ဆက်ဖတ်ပါဆိုတဲ့ စာကြောင်းကိုဖတ်ပြီး အလွန်အမင်း မောသွားတယ်။ ဘယ်လိုမှ နေလို့ထိုင်လို့ မရတော့။ စာဖတ်သမားဟာ စာအုပ်မရှိရင် နေလို့မရ။ ဒီလိုနဲ့ စုံစမ်းလိုက်တာ သူနေထိုင်ရာကနေ (၂၂)မိုင်လောက်ဝေးတဲ့ အခြား စစ်ပြေးရွာ တစ်ရွာမှာ ရန်ကုန်က စစ်ပြေးခိုအောင်းနေတဲ့ အရာရှိကြီး တစ်ဦးရဲ့အိမ်မှာ စာအုပ်တွေ အပုံလိုက်ရှိကြောင်း သတင်းရ။ အဲဒီအခါ လူငယ်လေးဟာ ဖက်ဆစ်ဂျပန်တွေရဲ့ အန္တရာယ်တွေကို မကြောက်အားဘဲ အဲဒီရွာကို ခြေလျင်လျှောက်ပြီး အရောက်သွားခဲ့တယ်။
အရာရှိကြီးနဲ့တွေ့၊ အကျိုးအကြောင်းပြောပြ စာအုပ်ငှားတော့ စာအုပ်ပိုင်ရှင်က ပြုံးပြီးခေါင်းခါ။ စာအုပ်က ရှိတယ်။ မငှားနိုင်။ မောင်ရင့် စာဖတ်ဝါသနာကို ခန့်မှန်းမိပါရဲ့။ လေးစားပါတယ်။ စစ်ကာလထဲ ရွှေငွေရတနာတွေ ဆုံးရှုံးခံပြီးပြီ။ အဲဒီဒဏ်ကို ခံနိုင်ပေမယ့် စာအုပ်ရတနာတွေကိုတော့ ထပ်ပြီးအဆုံရှုံး မခံနိုင်တော့ပါဘူး။ ဒါကြောင့် မောင်ရင့်ကို ထမင်းကျွေးမယ်။ ဒီမှာပဲ လိုရာကိုဖတ်ပါပြောတော့ လူငယ်လေးဟာ အငမ်းမရ ထမင်းမစား ဟင်းမစား မိုးချုပ်ကနေ မိုးလင်းအထိ ဖတ်လိုက်တာ ပြီးသွားတယ်။ အရာရှိကြီးကိုကန်တော့၊ ကျေးဇူးတင်ကြောင်းပြောပြီး (၂၂)မိုင်ခရီးကို လျှောက်ပြန်လာခဲ့တယ်။ တစ်နေ့မှာ ကြီးကျယ်ထင်ရှားတဲ့ စာရေးဆရာကြီး ဖြစ်လာခဲ့တယ်။ သူ ဘယ်သူလဲ။ ကျွန်တော်တို့ရဲ့ ခေတ်ရှေ့ဆောင် စာရေးဆရာကြီး မြသန်းတင့်။ ဒီလိုနဲ့ ဂန္ထ၀င်မြောက် စာအုပ်ပေါင်း မြောက်မြားစွာ ရေးသားနိုင်ခဲ့တာ ဘာကြောင့်လဲ။ စာဖတ်ခဲ့လို့ပါပဲ။
အမေရိကန်နိုင်ငံက သမ္မတကြီး လင်ကွန်း စာဖတ်ခဲ့တယ်။ ကျွန်တော်တို့ စာနိုင်ငံက သမ္မတကြီး မြသန်းတင့် စာဖတ်ခဲ့တယ်။ ကျွန်တော်တို့လည်း စာဖတ်ရမယ်မဟုတ်ပါလား။
ဆရာမင်းချမ်းမွန်
by:ကိုလင်း သလ္လာဝတီ
0 comments:
Post a Comment