ငါ့ ကိုသောင်းကျန်းသူလို့ မခေါ်ကြပါနဲ့ ။
´ ငါ `
ဒီတောင်တန်းတွေကြားမွေးဖွား ခဲ့ 
တောင်တန်းရဲ့ ရင်ခွင်မှာကြီးပြင်းရင်း.. .........
ငါ့ အဖိုးကတော်လှန်ရေးလုပ်တယ်တဲ့ .
ငါမသိတဲ့ ခေါင်းစဉ်တွေနဲ့ ပေါ့ ။
အဖေလည်းတော်လှန်ရေးထဲဝင်တယ် ။
ငါမသိပေမယ့် ကြားဖူးတာပဲ.............. .
အဖိုးက..........လွတ်လပ်ရေး အတွက်တဲ့ လေ။
အဖေက လူမျိုးရေးအတွက်ဆိုလားပဲ... ....။
ငါ...ကျောင်းမနေဖူးပေမဲ့ စာဖတ်တတ်ခဲ့ တယ်။
ဘုရားကျောင်း...father..... သင်ပေးလို့ .......
ခု..............ငါတော်လှန် ရေးသမားတဲ့ ။
သေနတ်ကိုင်ခဲ့ ပြီ..ငါ့ အမျိုးသားရေးတဲ့ ။
အဖေ..ပြောပြတာလေ........... ..........
ငါလည်းငါ့ အမျိုးချစ်ရမှာပေါ့ နော်...။
ဒါပေမဲ့ ......................... ....
ငါမပျော်ပါဘူး
ငါ့ အဖိုးသတ်ခဲ့ တာကုလားဖြူ..........။
တော်လှန်သင့် တဲ့ သူပါ။
အဖေ.....နဲ့ ငါ............ဟားးးးးးး
ပြည်တွင်းစစ်တဲ့ ...................
ငါတို့ ကို.......သောင်းကျန်းသူတဲ့ 
ငါတို့ .....မသောင်းကျန်းပါဘူး။
တောင်တန်းကြီးသိတယ်.....။
မေ ခ နဲ့ မလိ ခ သိတယ် ။
ငါတို့ အပြစ်မရှိတဲ့ သူမသတ်ဘူး။
ငါတို့ သူများ ဆန်မလုဘူး။
ဘာလို့ နာမည်ဆိုးလာပေးတာလဲ
သူတို့ ......................... .....
ငါတို့ တောင်ပေါ်လာကြတယ်။
ငါတို့ .....ကျွဲ၊နွားတွေလုသွားတယ်၊
ငါတို့ .....တောင်ယာတွေဖျက်သွားတယ်
ငါတို့ မအေ နှမတွေစော်ကားသွားတယ်
ငါတို့ ဝမ်းစာတွေလုသွားတယ်၊
ငါတို့ ညီအစ်ကိုတွေကိုသတ်သွားတယ်
ငါတို့ ရွာကို ပြာချပေးသွားတယ်။
ငါတို့ ကိုသောင်းကျန်းသူလို့ ခေါ်သူတွေလေ............... ..
ငါတို့ က........ဘယ်တုန်းကမှ မတရားမလုပ်ပါဘူး
ဘုရား........မကြိုက်တာမလုပ်ဘူး
သူများထမင်းတောင်မကျွေးရင်မ လုစားဘူး
ငါတို့ .တောင်တန်းကသောင်းကျန်းခံေ နရတာပါ။
ငါတို့ ကို...................... ......ငါတို့ ကို၊
ကျေးဇူးပြုပြီးသောင်းကျန်းသူလို့ မခေါ်ကြပါနဲ့ ။
ဘုရားသခင်ဆိုတဲ့ .fatherကြီးပြောပြတဲ့ သူဆိုတာ
တကယ်ရှိခဲ့ မယ်ဆိုရင်................ .............
ငါတို့ တောင်ကြား......ငြိမ်းချမ်းပါစေ။
ငါတို့ အဖေ တွေငြိမ်းချမ်းပါစေ။
ငါတို့ ဆွေ.......ရွာငြိမ်းချမ်းပါစေ။
ငါတို့ အဖိုး လို တိုင်းပြည်ကိုကိုယ်စားပြုပါရစေ။
ဒါမှလည်း.................. .......
တောင်ကြားမှာတောပန်းတွေဝေနေ မှာ
ငါ့ နှမများလည်းလက်ဖက်ခူးရဲမှာ
ငါ့ နောင်ဖွားများလည်းတောင်ယာခုတ်ရဲမှာ
မိုင်းကင်းတဲ့ ရွာအ၀င်လမ်းလျှောက်ရဲမှာ
ယမ်းငွေ့ မြူတွေကင်းဖို့ ပါ..နော်
ဒါကြောင့် ...................
ငါ တို့ ကို......သောင်းကျန်းသူလို့ မခေါ်ကြပါတော့ နဲ့ နော်။
0 comments:
Post a Comment