Thursday, October 25, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅ - ၁၀)


သစ်ထူးလွင်


Posted: 25 Oct 2012 07:08 AM PDT
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၂)

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်

၁၃၇၄ ခု၊ သီတင်းကျွတ်လဆန်း ၁၀ ရက်

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း

၁။ ၂၀၁၂ ခုနှစ် မေလ နှင့် ဇွန်လ တို့တွင် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများကို အကြောင်းပြု၍ လူအုပ်စုအချင်းချင်း ဒေါသအလျောက် အကြမ်းဖက်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ရာ ဇွန်လ (၁၄)ရက်အထိ သေဆုံးသူ (၅၀)ဦး၊ ဒဏ်ရာရရှိသူ (၅၄)ဦးရှိခဲ့၍ လူနေအိမ် (၂၂၃၀)အိမ်နှင့် ဘာသာရေး အဆောက်အဦ (၁၄)ခု မီးလောင်ဆုံးရှုံး ခဲ့ပါသည်။ ဒေသခံပြည်သူ (၆၁၄၆၂)ဦး တို့သည် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ဒုက္ခသည်စခန်းများသို့ ရောက်ခဲ့ကြရပါသည်။

၂။ အဆိုပါ ပဋိပက္ခဖြစ်ပွားနေခြင်းများနှင့်ပတ်သက်၍ အလျင်အမြန် အေးငြိမ်းသွားစေရန် ရခိုင်ပြည်နယ်အစိုးရက မြို့နယ်အချို့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ လည်းကောင်း၊ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာ၍လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်အပါအဝင် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သောကြောင့် အချိန်တိုအတွင်း တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိခဲ့ပါသည်။ အရေးပေါ်အခြေအနေ ထုတ်ပြန်ဆောင်ရွက်မှုကိုလည်း ဥပဒေနှင့် အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူ ဆောင်ရွက်ခဲ့ပါသည်။

၃။ အထက်ပါဖြစ်စဉ်အပေါ် နိုင်ငံတကာအဖွဲ့အစည်းအချို့တို့မှ မြန်မာနိုင်ငံအား လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် ပုံဖော်ပြီး ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသို့ပင် တင်ပြခဲ့ရာ၊ နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါပြစ်တင်ဝေဖန်မှုများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းချေဖျက်ခဲ့ရပါသည်။ တစ်ချိန်တည်းမှာပင် ဒုက္ခသည်များအတွက် ယာယီနေရာချထားရေး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် လူသားချင်း စာနာထောက်ထားသည့် ထောက်ပံ့ကူညီမှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရပါသည်။

၎။ ယခုအခါ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦး မြို့နယ် တို့တွင် မမျှော်လင့်ဘဲ ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခဲ့ရာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၂၄)ရက်အထိ သေဆုံးသူ (၁၂)ဦး၊ ဒဏ်ရာရရှိသူ(၅၀)ဦး ရှိပြီး၊ လူနေအိမ် (၁၉၄၈)အိမ်၊ ဘာသာရေး အဆောက်အဦ (၈)ခု မီးလောင်ပျက်စီး ဆုံးရှုံးကာ လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။

၅။ လက်ရှိအခြေအနေသည် ဒီမိုကရေစီဖော်ဆောင်သော ပြုပြင်ပြောင်းလဲမှုများကို အချိန်တို အတွင်း ညင်သာစွာ အသွင်ကူးပြောင်းနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အသိအမှတ်ပြု ထောက်ခံလျက် ရှိသကဲ့သို့၊ ဆက်လက် တိုးတက်ဖြစ်ပေါ်လာမည့် အခြေအနေများကို စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည့် အချိန်ကာလ လည်း ဖြစ်ပါသည်။

၆။ ဤသို့သောအခြေအနေတွင် တစ်ကျော့ပြန် ဖြစ်ပွားလာသော ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံတော်၊ နိုင်ငံသားတို့၏ ဂုဏ်သိက္ခာနှင့်အကျိုးစီးပွားကို ထိခိုက်နစ်နာ စေနိုင်သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ် အေးချမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

နိုင်ငံတော် သမ္မတရုံး ၀က်ဆိုဒ်





Posted: 25 Oct 2012 06:25 AM PDT
ရှမ်းပြည်နယ် တောင်ကြီးမြို့  စပ်စံထွန်း ရပ်ကွက် စပ်စံထွန်း ဆေးရုံ ဝန်ထမ်းအိမ်ရာ တွင် ၂၅.၁၀.၂၀၁၂ အချိန် မနက် ၉း၄၀ အချိန် ခန့်၌ မီးရူးဝင်လာ၍  မီးလောင်ကျွမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။

မီးလောင် ကျွမ်းမှုသည် မနက် ၉း၄၀ အချိန်မှ စတင်ကာ ၁နာရီအချိန် နီးပါးလောင်ကျွမ်းခဲ့ပြီး ၁၀း၂၀ အချိန်မှ မီးညွှန့်ကျိုးခဲ့ကြောင်း သိရသည်။

 နတ်ဆောင်း နာမည်ဖြင့် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲ အတွက် မီးရူးမီးပန်းများ ပြုလုပ်နေခြင်းဖြစ်သည်ပာု သိရသည်။

“ မီးသတ်ကို ဖုန်းဆက်မယ် ဆိုတော့လည်း ဖုန်းနံပါတ်ကို အလွှတ်မရဘူးလေ။ ဒါကြောင့် ဆိုင်ကယ်နဲ့ မီးသတ်ကိုသွားခေါ်ခဲ့တယ် ” ပာု မီးလောင်ကျွမ်းရာ အနားရှိ ဆေးရုံဝန်ထမ်း အိမ်ရာတွင် နေထိုင်သူ ကိုထွန်းထွန်းမှပြောပြပါသည်။

လောင်ကျွမ်းမှုသည် နေအိမ် တစ်လုံးရှိ မိသားစု နှစ်စု မီးလောင်ကျွမ်းခဲ့တာလည်း ဖြစ်ပြီး  ၎င်းမီးလောင်ကျွမ်းသည့်နေအိမ်တွင် နေထိုင်သူ အိမ်ရှင် ဦးကျော်သီပာ နှင့် မောင်နှမ (၃) ဦး ရှိတာဖြစ်သည်ပာု သိရသည်။

နတ်ဆောင်း မီးကြီး နာမည်ဖြင့် တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲတွင် ဝင်ပြိုင်မည့် မီးရူးမီးပန်းများ၊ ခိုပျံများ၊ မီးပုံးစက္ကူများ နှင့် ပျဉ်ထောင် သွမ်းမိုးကာ အိမ်ဖြစ်တဲ့အတွက် မီးလောင်ကျွမ်းမှု မြန်ဆန်ခဲ့ပြီး ဆုံးရူံးမှု့တန်ဖိုးကို အိမ်ရှင်ညီမ အားမေးကြည့်ရာမှာတော့ “ ဆုံးရူံးမှုတန်ဖိုးဆိုရင်တော့ ဘားမှကို မရတော့တာ။အကုန်လုံးပါသွားပါတယ်” ပာု ပြောပြပါတယ်။

အိမ်ရှင်ဖြစ်သူ ဦးကျော်သီပာ သည် စပ်စံထွန်း ဆေးရုံ၏ စက်ပစ္စည်းထိန်း ဝန်ထမ်း တစ်ဦးဖြစ်ပြီး မီးစလောင်စဉ် အိမ်ထဲဝင်ကြည့်ရာ၌ ခြေထောက်တွင် ဒဏ်ရာ အနည်းငယ်ခန့် ရရှိခဲ့ပြီး တခြား ထိခိုက်ဒဏ်ရာရသူ နှင့် သေဆုံးသူ မရှိကြောင်း သိရသည်။

တောင်ကြီးတန်ဆာင်တိုင်မီးပုံးပျံပြိုင်ပွဲတွင် ဝင်ပြိုင်မည့် မီးပုံပျံ မီးကြီးများသည် တရုတ်နိုင်ငံမှ တင်သွင်းသော မီးရူးမီးပန်းများ တပ်ဆင်၍ ဝင်ပြိုင်ခွင့်မရှိသောကြောင့် ယခုလို မီးရူးမီးပန်းများအား ကိုယ်တိုင်ပြုလုပ်တပ်ဆင်ပြီး ဝင်ပြိုင်ကြရတာလည်းဖြစ်သည်ပာု သိရသည်။

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ ပြုလုပ်ရန် အချိန်သည် တစ်လခန့်သာလိုတော့သည့်အတွက် ပြိုင်ပွဲဝင်ပြိုင်မည့် အဖွဲ့များအားလုံးသည့် မီးရူးမီးပန်းများအား ကြိုတင်ပြုလုပ် နေခြင်း ဖြစ်သည်ပာု သိရသည်။

မီးပုံပျံ တစ်လုံးအတွက် ကုန်ကျစရိတ် သိန်း ၃၀ မှ ၄၀ အကြား ကုန်ကျကြောင်း နှင့် တစ်လ မှ နှစ်လ ကြိုတင် ပြုလုပ်ရသည် ပာု သိရသည်။

မီးပုံပျံ ကိုယ်ထည် သုံးသည့် ရှမ်းစက္ကူ  အမျိုးအစား အမျိုးမျိုး ရှိပြီး ပင်လောင်း မှ လာသော ရှမ်းစက္ကူ နှင့် မိုင်းကိုင် မှ လာသော ရှမ်းစက္ကူ ပာု၍ ရှိသည်ပာု မီးဆရာမှ ပြောပြပါသည်။ တစ်ရွက် လျှင် ၂၀၀ ခန့် ပေးဝယ်ရပြီး တစ်လုံးလျှင် ရွက်ရေ ၁၀၀၀ ကျော်ခန့် အသုံးပြုရကြောင်း သိရပါသည်။

ပြိုင်ပွဲဝင် မီးပုံပျံ များ၏ ယမ်းပိသာချိန် ၄၀ ကျော်ခန့် ရှိပြီး ယမ်းပြုလုပ်ရာတွင်လည်း ပိုတက် ၊ ဘေနီယမ်  စသည့် ပစ္စည်းများကိုလည်း အချိုးကျ ပါဝင်ရောစပ်၍ စနစ်တကျ ထောင်း၍ ပြုလုပ်ရကြောင်း သိရပါသည်။

ယမ်းထောင်းရာတွင် အန္တရာယ် များစွာ ရှိပြီး ကျွမ်းကျင်သည့် မီးဆရာများ နှင့် ပြုလုပ်သူများမှ စနစ်တကျ ကိုင်တွယ် ပြုလုပ်ရကြောင်းသိရပါသည်။

ယခုလို မီးရူးလုပ်သည့် နေအိမ်မီးလောင်မှုများသည် မနှစ်ကလည်း အလားတူလောင်ကျွမ်းမှုများ ရှိခဲ့ပြီး တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ အချိန်ရောက်ခါနီး အချိန်တွင် ယခုလို မီးလောင်မှုများ အကြာခဏဖြစ်တတ်ကြောင်း ဒေသခံ တစ်ဦးပြောကြားချက်အရသိရသည်။

သတင်း -  ဓါတ်ပုံ ။ ။ နေလင်းသိုက်(တောင်ကြီး)


မီးလောင်ကျွမ်းမှု မြင်ကွင်း



Posted: 25 Oct 2012 04:41 AM PDT
ရန်ကုန်၊အောက်တိုဘာ-၂၅

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိ သေဆုံးသူသုံးဦး ဒဏ်ရာရရှိသူ ၂၅ ဦးရှိပြီး အိမ်ခြေ တစ်ထောင်နီးပါး မီးလောင်ကျွမ်း ခံရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့  ပြန်ကြားရေးမှူး ဦးဝင်းမြိုင်က အတည်ပြု ပြောကြားသည်။

အောက်တိုဘာ ၂၁ ရက်မှ စတင်၍ ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တောမြို့နယ်တို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ယခုအခါ ငြိမ်သက်လာပြီဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သို့သော် အောက်တိုဘာ ၂၅ ရက် အခြေအနေများနှင့် ရသေ့တောင်၊ စစ်တွေ ဆင်ခြေဖုံးနေရာအချို့တွင်လည်း ပဋိပက္ခဖြစ်ပွားနေသည်ဆိုခြင်းနှင့်ပတ်သက်၍ အတည်မပြုနိုင်သေးကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အဓိကဖြစ်ပွားလျက်ရှိသော မြို့နယ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့် တိုးမြှင့်ခြင်းများ ဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း၊ အောက်တိုဘာ ၂၇ ရက်တွင် ကျရောက်မည့် ကုရ်အာနီအိဒ်ပွဲတော် မကျင်းပရန် တစ်စုံတရာ ဟန့်တားခြင်း၊ အနှောင့်အယှက်ပေးခြင်းများကို အစိုးရမှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

7Day News Journal

ဓါတ်ပုံ - ကိုအောင် (Facebook)



Posted: 25 Oct 2012 03:39 AM PDT
အမေရိကန် ခရီးစဉ် အတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက် ချက်ကို အလေး အနက်ထား ထောက်ခံခဲ့ ခြင်းမှာ သမ္မတအား ပုဂ္ဂိုလ်ရေး အရနေရာ ရလိုမှု သက်သက်ဖြင့် ထောက်ခံ ခဲ့ခြင်းမ ဟုတ် ဟု ဒေါ်အောင်ဆန်းစုကြည်က ပါတီ လွှတ်တော်ကိုယ်စား လှယ်များနှင့် အစည်း အဝေးတွင် ပြောကြား ခဲ့ကြောင်းသိရသည်။ သူမအနေဖြင့် အမေရိကန် ခရီးစဉ်၌ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်တွင် တွေ့ဆုံခဲ့စဉ်



Posted: 25 Oct 2012 03:45 AM PDT
၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့ တပ်မတော် အာဏာ သိမ်းရာတွင် ဒုတိယ ခေါင်းဆောင် တစ်ဦးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး (သခင်အောင်ကြီး- ပေါင်းတည်) သည် ယနေ့ အောက်တိုဘာ ၂၅ ရက် နံနက် ၈ နာရီ ၂၀ မိနစ် တွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့ ၊ ရှစ်မိုင်ရှိ နေအိမ်၌ ကွယ်လွန် သွားကြောင်း သိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Oct 2012 02:44 AM PDT
၂၀၁၂ အောက်တိုဘာလ ၂၀ ရက်နေ့  ညနေ ၅း၃၀ ခန့် တွင် မွန်ပြည်နယ် ရေးမြို့ နယ် ၊ အောင်မေတ္တာ ရပ်ကွက်၊ ရေး-အစင် သွား ရထား လမ်းကူး အနီး ယာဉ်တိုက်မှုမှာ သေဆုံး ဒါဏ်ရာရမှု များ ရှိခဲ့ကြောင်း Myanmar News Now မှ သတင်း ရရှိပါသည်။

အစင်ရွာမှ ရေးမြို့သို့ မောင်းနှင် လာသော ၉က/၂၈၇၈ (၁၂)ဘီး၊ နီဆန်ဒီဇယ်၊ ကုန်တင်ကားသည် ကုန်းဆင်း ဘရိတ်ပေါက်၍ မြေသယ်ယာဉ်(၁)စီး၊ ဆိုင်ကယ်(၄)စီးအား တိုက်မိရာ ဆိုင်ကယ်ပေါ်မှ အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၃)ဦး သေဆုံးပြီး ကျန်အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦးမှာ ဒဏ်ရာရရှိသဖြင့် ယာဉ်မောင်း ဦးဝင်းမောင် နှင့် ယာဉ်နောက်လိုက် မောင်ဇော်တို့အား ရေးမြို့နယ် ရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

By Myanmar News Now

ယာဉ်တိုက်မှု မြင်ကွင်း နှင့် သေဆုံး ဒါဏ်ရာရမှု
 ဓါတ်ပုံများ ကြည့်ရှုလို ပါက ဒီနေရာကို နှိပ်ပါ
မှတ်ချက် ။  ။ နှလုံးရောဂါ အခံရှိသူများ မကြည့်သင့်ပါ




Posted: 25 Oct 2012 02:17 AM PDT
ရှမ်းပြည်နယ် တောင်ကြီးနဲ့ ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွေမှာ ဒီနေ့မနက်က မီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာ မီးသတ် ဌာနတွေက ပြောပါတယ်။

တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံ ၀န်ထမ်းအိမ်ရာမှာ ရိုးရာ မီးပုံးပျံပွဲ အတွက် ပြင်ဆင်ရင်း  ဒီနေ့ မနက် ၁၀ နာရီလောက်က မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် ၂ ခန်းတွဲအိမ် ၁ လုံး ပျက်စီးဆုံးရှုံးသွားပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။

မီးပေါ့ဆမှုကြောင့် နတ်စောင်း မီးပုံးပျံ အဖွဲ့ခေါင်းဆာင် ဦးသက်နိုင်ထူးကို တိုင်ချက် ဖွင့်ထားတယ်လို့ မြို့နယ်မီးသတ်ဌာန ဒု-ဦးစီးမှူး ဒေါ်ရီရီလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမှာတော့ ဒီမနက် ၂ နာရီလောက်က  မြစ်ကြီးနား လေဆိပ်  ဈေးဆိုင်ခန်း တခုမှာ လောင်ကျွမ်းခဲ့တယ်လို့ မြို့နယ် မီးသတ်ဝန်ထမ်းတဦးက ပြောပါတယ်။

မီးအားမြှင့်စက် အသုံးပြုရာကနေ အပူလွန်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာရှိပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့  မြစ်ကြီးနား မီးသတ်ဌာနက ပြောပါတယ်။

by ဒီဗွီဘီ

ယနေ့ နေ့လည် ၉:၁၅ ၀န်ကျင်က တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံကြီး ဝန်ထမ်း အိမ်ယာမှာ မီးရှူး ပြုလုပ်ရာမှ မီးလောင်မှု ဖြစ်ခဲ့ရာ ဝန်ထမ်း အိမ်တစ်လုံး လောင်ကျွမ်းပျက်စီးခဲ့ပြီး  ထိခိုက်ဒဏ်ရာရ မှုမရှိဘူးလို့ သိရပါတယ်။ ဓါတ်ပုံ - ကိုဇော်



Posted: 25 Oct 2012 03:51 AM PDT
လွှတ်တော်က အတည်ပြု၊ သမ္မတက လက်မှတ် ရေးထိုးပြီး ဥပဒေတခု သက်ဝင် လှုပ်ရှားနိုင်ရေး သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက မေးခွန်း ထုတ်ခဲ့တဲ့ အပြင် ပြည်ထောင်စု အစိုးရ တာဝန်ရှိသူကို တောင်းဆိုမှုလည်း လုပ်ခဲ့ပါတယ်။ မနေ့က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 





Posted: 25 Oct 2012 03:55 AM PDT
မုံရွာ ရဲစခန်းမှာ  အောက်တိုဘာ ၁၇ ရက်နေ့ ကတည်းက ဖမ်းဆီး စစ်ဆေး ခံခဲ့ရတဲ့ လက်ပန်း တောင်းတောင် စီမံကိန်း လုံခြုံရေး တာဝန်ကျ ရဲအုပ် အောင်ကြည်စိန်ကို ကချင်ပြည်နယ်နဲ့ ဒုရဲတပ်ကြပ် အောင်ဝင်းထွန်းကို ချင်းပြည်နယ်တို့ကို တာဝန်ပြောင်းရွှေ့ ပေးလိုက်တယ်လို့  သူတို့ ၂ ဦးကို လိုက်ပါ ဆောင်ရွက်ပေးတဲ့ ရှေ့နေက ပြောပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရဲဒု-တပ်ကြပ် အောင်ဝင်းထွန်းနဲ့ ရဲအုပ်အောင်ကြည်စိန်




Posted: 25 Oct 2012 04:00 AM PDT
ရခိုင်ပြည်နယ် ပေါက်တောမြို့ တွင် အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မီးရှို့မှု ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။ ပေါက်တောမြို့ ဗ၀န်း ရပ်ကွက် တွင်ရှိသော ဘင်္ဂလီ များနှင့် ပေါက်တော ဒေသခံ အချို့ ပဋိပက္ခများ ဖြစ်ပွား လျက်ရှိရာ ယခုအခါ တွင် ဗ၀န်းရပ်ကွက်ရှိ အိမ်အချို့နှင့် တောင်ဖူမြစ်ကမ်းနား တွင် နေထိုင်လျက် ရှိသော အိမ်အချို့ မှာ မီးလောင် မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


၂း၄၅ ပေါက်တောမြို့နယ်တွင် မီးလောင်နေသည်အား စစ်တွေမြို့မှ မြင်တွေ့ရပုံ - (ဓါတ်ပုံ)  Rakhine Straight Views





Posted: 25 Oct 2012 04:08 AM PDT
ရခိုင်ပြည်နယ်၊ မင်းပြားမြို့  ဖြစ်စဉ်မှ အစပြုခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကြောင့် မင်းပြား၊ မြောက်ဦး၊
 ကျောက်ဖြူ၊ မြေပုံ၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ် စသည့် မြို့နယ် ၆ ခုတို့တွင် ဆူပူ အုံကြွမှုများ  ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။ မင်းပြားမြို့၊ ကားဂိတ် အနီးရှိ ပိုက်သည် ရပ်ကွက်တွင်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 





Posted: 25 Oct 2012 01:01 AM PDT
    ကျွန်တော်တို့ ၏ မြို့ တော် ဘိလပ်မြေ စက်ရုံသည် မန္တလေးတိုင်း၊ သာစည်မြို့ နယ်၊ ယင်းမာပင် အုပ်စု ရန်ကုန်-တောင်ကြီး လမ်းမကြီးအနီး ပြည်ညောင် ကျေးရွာမှာ တည်ရှိပါသည်။ လမ်းမကြီးမှ အတွင်းသို့ ဆိုင်ကယ်နှင့် မိနစ် ၃၀ ခန့် ဝင်ရပါသည်။ ယခု ဖြစ်ပေါ်နေသော ပြဿနာမှာ စက်ရုံမှ ၀န်ထမ်းများသည် စက်ရုံ အရာရှိများကိုသာ မိဘ အုပ်ထိန်းသူ သဖွယ် အားကိုပြီး နေထိုင် ကြရပါသည်။ ကျွန်ုပ်တို့ ၏ အသက်များမှာလည်း ၄င်းအရာရှိများ အပေါ်တွင် မှီတည်နေသလို ဖြစ်နေပါသည်။

    ယခု ရောက်ရှိနေသော လူကြီးမင်းသည် ၀န်ထမ်းများအား အလွန်တရာမှ လျစ်လျူရှုထား နေပါသည်။ ၀န်ထမ်းများ၏ စားရေး သောက်ရေးများကို ဖြစ်သလို စီစဉ်ပေးခြင်း ၊ ကျန်းမာရေး ကိစ္စများ အကူအညီ တောင်းသည့် အခါ ဟိန်းဟောက်ပြီး မညှာမတာ ပြောဆိုပါသည်။ နံနက် ၆ နာရီတွင် အရေးကြီး၍ ကားတောင်းသည်ကို ၄င်းတို့ အိပ်နေသောကြောင့် ငြင်းဆိုပြီး ၉ နာရီမှ တောင်းခဲ့ရပါသည်။ သည်လောက်အရေးကြီးနေသော်လည်း နေ့ လည် ၁၁ နာရီခွဲမှ ကားပေးခဲ့ပါသည်။ ထို့ ကြောင့်ဆေးရုံသို့ ပို့ ရန်အချိန်မမှီတော့သော ကြောင့် အမေနှင့်မောင်နှမသုံးယောက်ကို လုပ်ကိုင်ရှာဖွေကျွေးမွေးနေသော လူနာ ကလေးမှာ အသက်ဆုံးရှုံးခဲ့ရပါသည်။ ကျန်ရစ်သူမိဘများမှာ သူတို့ ၏သားကြီး ဆုံးပါးသွားသောကြောင့် ၀မ်းနည်းပူဆွေပြီး ဒုက္ခကြီးစွာ ရောက်နေရရှာပါသည်။ ၄င်းတို့ ၏အိပ်ချိန်လေး အတွက်နှင့် လူတစ်ယောက်၏ အသက်ကို တန်းဖိုးမထားခဲ့ပါ။ ၀န်ထမ်းများ၏ ဂုတ်သွေးစုပ်ယူပြီးရ ရှိလာသော ငွေများကိုလည်း ၄င်းတို့ မိသားစုနှင့်ရင်နှီးသော စာရေးမများနှင့် တောင်ကြီး-ပုဂံ-မေမြို့ -မန္တလေး-နေပြည်တော်များသို့ အပျော်ခရီး ထွက်ပြီးသုံးစွဲခဲ့ပါသည်။ ၀န်ထမ်းများ ကားတောင်းသောအခါတွင် ဌာနမှ ဆီကိုတိုင်းထွာပေး၍ှဆီမလောက်ဘူး ဟုပြောပြီး ငြင်းဆိုခဲ့ပါသည်။

    ထို့ ကြောင့်ရပ်ဝေးရပ်ခြားတွင် မိဘများနှင့်ခွဲခွာ၍ လာရောက်လုပ်ကိုင်ရသော ၀န်ထမ်းများမှာ အရာရှိလူကြီးမင်းများ မကောင်း၍ အားလုံးအဆင်မပြေဒုက္ခရောက်ကြရပါသည်။ ထို့ ကြောင့် သက်ဆိုင်ရာ အကြီးအကဲလူကြီးမင်းများ ကျွန်တော်တို့ ကိုကြည့် မနေကြပါရန်နှင့် ၀န်ထမ်းများကိုအမှန်တကယ် ဂရုစိုက်စောင့်ရှေက်တတ်သော အရာရှိများကိုသာ ခန့် ထားပေးပါရန် လေးစားစွာ တင်ပြတောင်းခံအပ်ပါသည်။

မြို့ တော်ဘိလပ်မြေစက်ရုံမှ ၀န်ထမ်းများ




Posted: 25 Oct 2012 12:44 AM PDT
ရခိုင်ပြည်နယ် ဒေသ အချို့တွင် အစော တလျင်ဖြစ်သည့် စိတ်ငြိုငြင်စေမှု (သို့မဟုတ်) အန္တရာယ် ဖြစ်လိမ့် မည်ဟု စိုးရိမ် ဖွယ်ရှိ သဖြင့် တားဆီးနိုင်ရန် ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ အမိန့် ထုတ်ပြန်ထား ရှိပါသည်။

ယခုအခါ ရခိုင် တိုင်းရင်းသားနှင့် ဘင်္ဂါလီ လူမျိုးတို့ အကြား ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး၊ အမ်းဒေသများတွင် ပဋိပက္ခများ ထပ်မံဖြစ်ပွား လာသဖြင့် လူအသေ အပျောက်များ ရှိခဲ့ပြီး ဒဏ်ရာ ရရှိသူ အများအပြား လည်းရှိကြောင်း ၀မ်းနည်းဖွယ်ရာ ကြားသိရပါသည်။

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ထိန်းသိမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိစေရေးအတွက် နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက ပိုမိုဝီရိယစိုက်ထုတ် ဆောင်ရွက်ရန် လိုအပ်နေပါသည်။

နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက ပိုမိုထိရောက်သော လုပ်ဆောင်မှုများ အမြန်ဆုံးဆောင်ရွက်ပါရန် အလေးအနက် တိုက်တွန်းပါသည်။

(၂၄.၁၀.၂၀၁၂)တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်



Posted: 25 Oct 2012 04:14 AM PDT
မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ကျောက်ဖြူ မြို့နယ် တို့တွင် ဖြစ်ပွားနေသော အဓိဂရုဏ်းမှာ ယခုအခါ ကျောက်တော်မြို့သို့ တဖန် ကူးစက်သွားပြီး မီးရှို့ တိုက်ခိုက်မူများ ဖြစ်ပွားနေရာ ရခိုင်အမျိုးသား (၃) ဦးသေဆုံး သွားကြောင်း သတင်း ရရှိသည်။ သေဆုံးသူ (၃) ဦးထဲတွင် မွတ်ဆလင် ပိုက်သည် ရွာသားများနှင့် တိုက်ခိုက်စဉ် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 






Posted: 25 Oct 2012 04:20 AM PDT
ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် မူစဲကမ်းအတွင်း ဘင်္ဂလီ မွတ်ဆလင်များနှင့် တိုက်ခိုက်နေကြသော လူအုပ်ထဲကို စစ်တပ်မှ ချိန်ရွယ် ပစ်ခတ် သဖြင့် ရခိုင် ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိသွားကြောင်း လူနာများကို ဆေးရုံသို့ ပို့ဆောင်နေသည့် အမျိုးသမီး တစ်ဦးက---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 24 Oct 2012 08:30 PM PDT
(၂၅-၁၀-၂၀၁၂) ရက်နေ့  နံနက်(၉း၃၀) သတင်း

ကျောက်တော် မြို့နယ် အနီးတွင် ဖြစ်ပွားနေသော အဓိကရုဏ်းတွင် မောင်ကြီး(၂၆)နှစ်ခန့်
 နှင့် ကျော်ဝင်း(၃၀)နှစ်ခန့်တို့  သေဆုံး ခဲ့ကြောင်း သိရပြီး အခြား ဒါဏ်ရာရ သူများလည်း ရှိကြောင်း သိရှိရသည်။ အဆိုပါ အလောင်းများမှာ ယခု ကျောက်တော် ဆေးရုံသို့ရောက်ရှိ နေပြီ ဖြစ်ကြောင်း သိရသည်။---


(၂၅-၁၀-၂၀၁၂) ရက်နေ့  နံနက်(၀၈း၃၂)မိနစ် သတင်း

ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးရွာ အနီးတွင် ဖြစ်ပွားနေသော အဓိကရုဏ်းတွင် ကပ်ချောင်းရွာနေ အဖဦးထွန်းစံဦး(ခ)ခေါင်းချွန်း၏သား ဦးအောင်ဇံဝေ အသက်(၄၅)နှစ်မှာ ဦးခေါင်းဒါဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးပြီး၊ အခြား ဒဏ်ရာရသူ(၄)ဦးရှိကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 





Posted: 24 Oct 2012 08:35 PM PDT
စစ်တွေမြို့ ပြည်သူ့ ဆေးရုံးတွင် ဘင်္ဂလီ အကြမ်းဖက်မှုကို ခုခံကာကွယ်ရင်း ဒဏ်ရာ အပြင်အထန်းရရှိပြီး ဆေးကုသခံ ယူနေသော ရခိုင် တိုင်းရင်းသား လူနာ (၁၁) ယောက်စာရင်း။
--------------------
၁။ ဦးစိန်သာအောင်
၂။မောင်မောင်နိုင်
၃။မောင်ထွီးစိန်
၎။ဦးအောင်ရွှေမြ
၅။ညီဝင်း
၆။မောင်စောဖြူ
၇။ဦးသန်းထွန်း
၈။မောင်စိုးညွှန်
၉။အောင်မင်းခိုင်
၁၀။ဦးမောင်သန်းရွှေ
၁၁။အောင်လင်း
ဤစာရင်းများကို ၀ံလက်ဖောင်ဒေးရှင်းမှ ကူးယူပါသည်။

Rakhine Straight Views

















Posted: 24 Oct 2012 08:15 PM PDT
ဧရာဝတီတိုင်း ပန်းတနော် ဓနုဖြူ ညောင်တုန်း သုံးမြို့နယ် လယ်သမားတွေရဲ့ တောင်းဆို တိုင်တန်းမှုကြောင့် ရေထွက်ပေါက် ပိတ်ပြီး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်တဲ့ အင်းပိုင်တွေကို ဆည်မြောင်းဦးစီးမှုးက တရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့၃လ နီးပါးထဲကမိုးရေကြီးခဲ့တာကြောင့် ပန်းတနော် ၊ ဓနုဖြူ ၊ ညောင်တုန်း(၃)မြို့နယ်က ရွာပေါင်း(၂၀၀)ကျော်က လယ်ဧက သောင်းချီ ရေမြုပ်ခဲ့ပါတယ်။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အင်းတွေက ရေထွက်ပေါက် ပိတ်ပစ်လို့ လယ်တွေရေကြီး



Posted: 24 Oct 2012 07:24 PM PDT
အောက်တိုဘာလ ၂၅ ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၃၃

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...