Monday, March 2, 2015

ပိုက်ဆံကို ကိုယ့်ဆီ လာအောင် ဘယ်လိုလုပ်မလဲ?



ကိုယ့်ရဲ့စွမ်းဆောင်မူ အပေါ် မူတည်ပြီး ကိုယ့်ရဲ့ ပတ်ဝန်းကျင် ကို ပြောင်း လဲအောင် လုပ်ယူ လို့ရပါတယ်။ ပိုက်ဆံ လည်း ဒီလိုပါပဲ။ ပိုက်ဆံ အပေါ်မှာ အကောင်းမြင်သော သူထံ မှာ ပိုက်ဆံက မရှားပါ။
အဲဒီလိုပြောတော့ ဆင်းရဲသော သူမှာတော့ ပိုက်ဆံက တသက်လုံး မကပ်ဖူးလိုတော့ ဆိုလို တာ မဟုတ်ပါ။ ဆင်းရဲသော သူရော ချမ်းသာသော သူရော ပိုက်ဆံကို ကိုယ့် ဆီရောက်အောင် ခေါ်ယူရမှာဖြစ်ပါတယ်။
ဘယ်လို ခေါ်ယူရမှာလဲ ဆိုတဲ့ နည်းလမ်း ၇ ချက် ကိုတော့ အောက်မှာ ဖတ်ကြည့်ပါ။
၀၁. ပိုက်ဆံ ကို ချစ်ဖို့လိုပါတယ်
***********************************
မေးခွန်း။ သင့် အတွက် ပိုက်ဆံ ဆိုတာ ဘာလဲ။
ပိုက်ဆံ ကို များများ ရှာနိုင်သူ ပိုက်ဆံ ရှိတော့ ပျော်တာပေါ့။ ပိုက်ဆံကို သိပ်ချစ်။
ပိုက်ဆံ ကို သာမန်ရှာနိုင်သူ ပိုက်ဆံ ဆိုတာ မရှိရင် မဖြစ်သောအရာပါ။
ပိုက်ဆံ ကို သိပ်မရှာနိုင် သူ ပိုက်ဆံ ဆိုတာ ခက်ခက်ခဲခဲရှာမှ ရသော အရာပါ။
အပေါ်က သူတွေရဲ့ အတွေး ကို ဖတ်ကြည့်ပြီး ဘယ်လို ထင်ပါသလဲ။ ပိုက်ဆံ အပေါ်မှာ အကောင်းမြင်သော သူဆီမှာ ပိုက်ဆံက ချည်းကပ် မှာဖြစ်ပါတယ်။
ပိုက်ဆံကြောင့် ဒုက္ခဖြစ်ရတယ် ပိုက်ဆံကြောင့် အားလုံး က ပြိုကွဲ ခဲ့ရတယ် စသည်ဖြင့် ပိုက်ဆံ အပေါ်မှာ အကောင်း မမြင်သောသူမှာတော့ ပိုက်ဆံက ချည်းကပ်ချင်မှာ မဟုတ် ပါ။
ဒါကြောင့် ပိုက်ဆံ အပေါ်မှာ ကောင်းသော အမြင် ကို ရှိဖို့လိုတယ် လို့ထင်ပါတယ်။
၀၂. ရည်မှန်းချက် က တိတိ ကျကျ ရှိဖို့လိုပါတယ်
******************************************************
မေးခွန်း။ ပိုက်ဆံ ကို ဘယ်လောက် ရရင် အဆင်ပြေမလဲ။
ပိုက်ဆံ ကို များများ ရှာနိုင်သူ တလ ကို XX သိန်း ရှာမယ်။ (တိတိကျကျ ပြောနိုင်ရမယ်)
ပိုက်ဆံ ကို သာမန် ရှာနိုင်သူ များရင် များသလောက် ကောင်းတယ်။
ပိုက်ဆံ ကို သိပ် မရှာနိုင်သူ တော်ရုံလောက် ရရင် ရပါပြီ။
ပိုက်ဆံ ကို ကိုယ့်ဆီကို ဝင်လာစေဖို့ က စိတ်ထဲမှာ စဉ်းစားထားတဲ့ အတိုင်း ဖြစ်လာ မှာပါ။
ဘယ်အချိန်မှာ ဘယ်လောက်ရအောင် လုပ်မလဲ ဆိုတာကို သေသေ ချာချာတွေး ထား ရင်တွေးထား သလောက် ပိုက်ဆံ ကလဲ ကိုယ့်ဆီကို ပျော်ပျော်ကြီး ရောက်လာမှာပါ။ ၁လ ကို ပိုက်ဆံ ဘယ်လောက် ရှာမယ် xx သိန်း ရှာမယ် ဆိုပြီး ရည်မှန်းချက်ကို ပါးစပ် ကနေ့တိုင်းပြောကြည့်ပါ။
၀၃. ဇွဲ ရှိရှိ နဲ့ ကြိုးစားဖို့လိုပါတယ်
**************************************
မေးခွန်း။ ဇွဲရှိတယ် ဆိုတဲ့ စကားလုံး ကို ဘယ်လို ထင်သလဲ။
ပိုက်ဆံ ကို များများ ရှာနိုင်သူ ဇွဲ ဆိုတဲ့ စကားလုံး ကို ကြိုက်ပါတယ်။ အဓိပ္ပာယ်အတိုင်း ကြိုးစားနေပါတယ်။
ပိုက်ဆံ ကို သာမန် ရှာနိုင်သူ ဇွဲ ဆိုတဲ့ အရာက လိုအပ်ပါတယ်။
ပိုက်ဆံ ကို သိပ် မရှာနိုင်သူ သိပ်စိတ်ညစ် ဖို့ကောင်းတဲ့ စကားလုံးပါ။
ပိုက်ဆံ ကို လာပါ လို့ခေါ်ဖို့ဆိုတာ ဘုရားမှာ ဆုတောင်းရုံနဲ့တော့ မရပါ။ ကိုယ်ကိုတိုင် လည်း ကြိုးစားရမှာပါ။ သာမန်ကြိုးစားရုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါ။ အလုပ်မှာ ပင်ပန်းပေမဲ့လည်း ဇွဲရှိရှိ လုပ်နေ ခဲ့ရင် ကိုယ်ရဲ့ အရည်အချင်းက တဖြည်းဖြည်းတောက်ပြောင်လာမှာပါ။
၀၄. ပိုက်ဆံအိတ် ကို သန့်ရှင်းအောင် ထားပါ။
**************************************************
မေးခွန်း။ ပိုက်ဆံအိတ် က သန့်ရှင်းနေရဲ့ လား။
ပိုက်ဆံ ကို များများ ရှာနိုင်သူ အမြဲတမ်း သန့်ရှင်းနေပြီး ပိုက်ဆံကို သပ်သပ် ရပ်ရပ် လည်း စီထည့် ထားပါတယ်။
ပိုက်ဆံ ကို သာမန် ရှာနိုင်သူ ပိုက်ဆံအိတ် က သန့်ရှင်းရေး ဟုတ်လား။ သာမန်ပေါ့။
ပိုက်ဆံ ကို သိပ် မရှာနိုင်သူ ပိုက်ဆံအိတ် ထဲမှာ ဘာတွေမှန်း ကို မသိဘူး။ အမြဲတမ်း ရှုပ်နေတာပါပဲ။
ပိုက်ဆံ အတွက် ကတော့ ပိုက်ဆံအိတ် ကတော့ သူ့အတွက် ခဏတည်း ရသော ဟော်တယ် ပါ။  သူ့ အခန်းလေး က သန့်ရှင်းနေရင်တော့ ကြာကြာ တည်း ချင် မှာပေါ့နော်။
ဒါကြောင့် ကိုယ့်ရဲ့ ပိုက်ဆံအိတ် ကလေးကို သန့်သန့် ရှင်းရှင်းလေး ထားရင် အဆင်ပြေ လာမှာပါ။
၀၅. ရရင်ကောင်းမယ် မဟုတ်ပဲ ရကို ရမယ်လို့ တွေးပါ။
**************************************************************
မေးခွန်း။ လိုချင်သော ပိုက်ဆံကို ရရင် ဘယ်လို လုပ်မလဲ ဆိုတာကို စဉ်းစား ထားပြီ လား။
ပိုက်ဆံ ကို များများ ရှာနိုင်သူ ဟုတ်ကဲ့။ စဉ်းစားပြီး သားပါ။
ပိုက်ဆံ ကို သာမန် ရှာနိုင်သူ ရရင်ကောင်းမှာပဲ လို့သာ တွေးထားပါတယ်။
ပိုက်ဆံ ကို သိပ်မရှာနိုင်သူ အိမ်မက် တခုပါ။
ပိုက်ဆံက ကိုယ့်ဆီရာက်လာဖို့ဆိုတာ ဘာကို လိုချင်လို့ ဘယ်လောက် ရအောင် လုပ် ရမလဲ ဆိုတာကို အသေးစိတ် စဉ်းစား ဆုံးဖြတ်ထားဖို့လိုပါတယ်။
အဲဒါ ကို လိုချင်တယ်။ ရရင်ကောင်းပါတယ်လို့ မတွေးပဲ ရအောင်ယူမယ် လို့တွေး ထား ရမှာပါ။
၀၆. ပိုက်ဆံ ကို သုံးပါ။
*************************
မေးခွန်း။ လက်ထဲ မှာ ပိုက်ဆံ ရှိရင် ဘယ်မှာ သုံးမလဲ။
ပိုက်ဆံ ကို များများ ရှာနိုင်သူ xxx မှာသုံး ဖို့ ဆုံးဖြတ်ထား ပါတယ်။
ပိုက်ဆံ ကို သာမန် ရှာနိုင်သူ လောလော ဆယ်တော့ စုထား လိုက်ပါမယ်။
ပိုက်ဆံ ကို သိပ် မရှာနိုင်သူ အသက်ကြီး လာရင် သုံးစရာ မရှိမှာ စိုးရိမ်လို့ စုထား ပါတယ်။
ပိုက်ဆံ ဆိုတာဟာ ခရီးသွား တယောက် လိုပါပဲ။ တနေရာ ကနေ တနေရာ သို့ သွားနေ ရတာကို ကြိုက်တဲ့ သဘာဝ ရှိပါတယ်။
ပိုက်ဆံ ကို ကိုယ့်နေရာမှာ လှောင်ထား ရင်တော့ ပိုက်ဆံ အတွက်လည်း မကောင်း သလို ကိုယ့်အတွက်လည်း မကောင်းပါ။
ပိုက်ဆံ ကို ဖြုံးဖို့ပြောနေတာ မဟုတ်ပဲ  လိုအပ်တဲ့နေရာမှာ အကျိုးရှိရှိ သုံးရန် အကြံ ပြုချင် ပါတယ်။
ဥပမာ။ ကိုယ့်ရဲ့ အရည်အချင်း တိုးတတ်ဖို့ အတွက် သင်တန်းတက်သည်ဖြစ်စေ၊ အကျိုး ရှိသော စာအုပ်ဝယ်သည် ဖြစ်စေ။
၀၇. ကျေးဇူးတင် စကားကို ပြောပါ။
**************************************
မေးခွန်း။ သူတပါး ကနေ ကိုယ့်ကို မကြိုက် လို့အကြံပေး စကားပြောရင် ဘယ်လို တုံ့ပြန် မလဲ။
ပိုက်ဆံ ကို များများ ရှာနိုင်သူ အကြံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် လို့ ပြောပါ မယ်။
ပိုက်ဆံ ကို သာမန် ရှာနိုင်သူ အာ ဟုတ်ကဲ့ ပါ။
ပိုက်ဆံ ကို သိပ် မရှာနိုင်သူ နားညီးတယ်။
ကျေးဇူး သိတတ်တယ် ဆိုတာ အရမ်း အရေးကြီသော ကိစ္စတစ်ခုပါ။ ကိုယ့်ကို မကောင်းပြောသောသူ ရှိရင်လည်း သူပြောပြတဲ့ အတွက် ကိုယ့်ကို ကိုယ် ပြန်ပြင်နိုင် ဖို့ အခွင့် အရေးတစ်ခု ရတယ်လို့ ခံယူထားမှာပါ။
ဒါမှသာလျှင် လူချစ် လူခင်ပေါများ လာပြီး ပိုက်ဆံ ဆိုတဲ့ အရာဟာလည်း အလို လိုရောက် လာ မှာပါ။
Credit : Chelmo Team
Business Opportunity

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...