Thursday, March 26, 2015

ဆီးချိုရောဂါနဲ့အချိုမှုန့်


လူမှန်းသိတတ်စချိန် -အမေကဘေးအိမ်ကလူတွေနဲ့စကားတွေအော်ပြီးမေးလိုက်ပြောလိုက်လုပ်နေတာလေးကို သတိရမိ ပြီးဒီစာလေးကိုရေးဘို့သတိရခဲ့တာပါ။ပြည်သူပိုင်သိမ်းလိုက်ပြီတဲ့ ၊ဘာမှနားမလည် ။ ပြန်တွက်တော့ အဲဒီတုံးက (၄)နှစ်သား ၊ကျောင်းမနေရသေး ဒါပေမဲ့လူကြီးတွေရဲ့စကားတွေကို ကြားတော့ကြားတယ် ဘာရယ်မသိခဲ့၊လိုရင်းကိုမသိခဲ့။ အဲဒီအရွယ်ထဲက အမေဈေးက ဆွဲခြင်းပါလာရင်နောက်ဖေးကို မနိုင်တနိုင်ဆွဲသွား၊ပြီးကြက်သွန်နွှာ ထောင်း ပန်ကန်တွေဝိုင်းဆေး။
ဒါတွေကိုဝိုင်းလုပ်ပြီးအမေဟင်းချက်တာ-မွှေတာတွေကိုခုံပေါ်ကတက်ကြည့်၊အမေ့ဆီက ယူပြီးကူလုပ်။အမေပြီးမှထွက်ကစား။ဒီလိုနဲ့မွေးခြင်း(၅)ယောက် ကိုယ်ကအလယ်၊ဒါပေမဲ့မီးဖိုချောင်အလုပ်က (၅-၆)နှစ်သားထဲကတော်တော်လုပ်တတ်နေပြီ။အဲဒီရွယ်ထဲက -ကလေးပီပီ အမေကိုစပ်စု အားလုံးခေါင်းထဲမှတ်ထား။ဒီအတွေ့အကြုံတွေနဲ့ရင်းပြီးဒီစာတစ်ပုဒ်ကို စာကြမ်းလေးရှာနိုင်ခဲ့တာပါ။အမေဟင်းချက်တိုင်းအာဂျီနိုမိုတိုကိုအမြဲထဲ့သုံးတာတွေ့ခဲ့ရတာ။ထဲ့ပြီးတဲ့အရသာမေ့ကျန်တဲ့ခါရတဲ့အရသာ၊ဆားမေ့တဲ့ခါ ရှိတဲ့အရသာ၊ဆားများရင်ရှိတဲ့အရသာ။အားလုံးကမှတ်မိခဲ့တာ။ဒီတော့ ဒီအာဂျီနိုမိုတိုဆိုတဲ့အချိုမှုန့်ကအဲဒီကထဲကမြန်မာပြည်ကလူတွေအတော်သုံးတတ်နေပြီလို့ဆိုနိုင်ပြီ။ခုဒီစာကိုရေးဘို့ AJINOMOTO ဆိုပြီး လိုင်းပေါ်မှာရိုက်လိုက်တာ နိုင်ငံအစုံက ဒီလို မျိုး မိုတို -မိုတိုတွေ အများကြီးတွေ့ရပါတယ်။ဒီအတိုင်းဆိုအရင်ကသိတာဂျပန်က ထုတ်တယ်ဆိုပေမဲ့အခုနိုင်ငံစုံကထွက်နေတယ်ပေါ့။ငယ်စဉ်အခါက မြန်မာနိုင်ငံကလဲစက်ရုံတည်ပြီးထုတ်ခဲ့သေး။ တံဆိပ်ကဆွမ်းအုပ်ထင်ပါရဲ့။နောက်တော့ပျောက်သွားခဲ့တာကနေ့ထိပါပဲ။အဓိကရည်ရွယ်တာက ကုသရေးလာတဲ့သူတချို့က အချိုမှုန့်လဲလျှော့စားပါတယ်။ရှောင်ပါတယ်။အချိုမှုန့်စားလို့ဖြစ်တာလို့လဲပြောကြသလို။အချိုမှုန့်မစား လဲဖြစ်တယ်လို့ ပြောကြတာလဲရှိပါရဲ့။အတွေ့အကြုံအရတော့ ဆီးချိုသွေးတိုးဖြစ်နေသူတွေထဲမှာ ရာသက်ပန်အသက်လွတ် စားသောက်တဲ့သူတွေလဲ ဖြစ်နေတာတွေကိုတွေ့ရပါတယ်။ဒီလိုလူတွေမှာအချိုမှုန့်ကိုမစားသလို လက်ဖက်ကိုကဖိန်းသဘောဖြစ်လို့ရှောင်ပြီးကြက်သွန်ကိုတောင်ရှောင်ကြတာတွေရှိပါတယ်။ဒီလိုဆိုအချိုမှုန့်မစားလဲရောဂါတွေဖြစ်တယ်ဆိုတော့အချိုမှုန့်က အဓိက မတဲ့စာမဟုတ်ဘူးလို့ပြောလို့ရ့နေပြီပေါ့။စားလို့ရ တယ်ပေါ့။ခြွင်းချက်ကတော့နိင်ငံတကာကတော့ ဘေးဖြစ်တယ်လို့တော့ပြောကြတာတွေကတော့မနဲပါဘူး။သုံးသပ်ချင်တာကတော့ဓါတုနည်းနဲ့ထုတ်လုပ်ကြတဲ့ဘယ်အရာမဆိုအနဲအများဘေးဆိုးကျိုးတွေကိုပေးတတ်တယ်ဆိုတာကိုပါ။ဓါတုနည်းဆိုတာက အခုလိုနဲနဲသေးသေးက ကြီးမားတဲ့ရလာဒ်ကိုပေးပါတယ်ဆိုတာပါပဲ။ရလာဒ်ဆိုတာကလဲ ကောင်းတာရောဆိုးတာရောဖြစ်ပါကြောင်း။
အမည်
အသက် နေရပ် ခံစားနေရတဲ့ဝေဒနာတွေကို ချန်မထားပဲဖြစ်သမျှရေးတင်ထားပါ။လိုင်းကောင်းတာနဲ့ အဖြေနဲ့လိုအပ်တာကိုရေးထားပေးပါမယ်။အမ်အာအိုင် ။အိပ်စရေးရှိသူကလဲဓါတ်ပုံရိုက်ပြီးတင်ထားပေးနိုင်ပါတယ်။ commentအတွင်းဝင်ရောက်မေးမြန်းဆွေးနွေးခြင်းမပြုပါရန်။ဆက်လက်ဖေါ်ပြပါမည်။

အောင်စံမှီ (အထူးကု)

မှတ်(၁)ဒီစကားဝါလမ်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...