Monday, December 2, 2013

ပြည်တွင်းထုတ် OK Virus Cleaner



ဗိုင်းရပ် တွေကြောင့် စိတ်ညစ်နေရတဲ့သူတွေအတွက်ပါ။
ထွက်တာတော့ကြာပါပြီ။
လိုက်အပ်နေသူတွေအတွက်ပြန် Share ပေးလိုက်တာပါ။
အောက်မှာ ဒေါင်းယူနိုင်ပါတယ်။
ပြည်တွင်းမှ ပရိုဂရမ်မာ ၃ ဦးစုပေါင်း၍ ကိုယ်တိုင်ရေးဆွဲထားသော Computer Virus Cleaner CD ထွက်ရှိလာကြောင်းသိရသည်။ အဆိုပါစီဒီတွင်ပါရှိသော Virus Cleaner Software ကို OK Virus Cleaner အဖွဲ့မှ ဖန်တီးထားခြင်းဖြစ်ပြီး ယင်း Software အပြင် USB နှင့်ပတ်သက်သည့် လုံခြုံရေး Software များနှင့် Recovery Software များကိုပါ အပိုထည့်သွင်းပေးထားကြောင်း သိရသည်။ “ ဒီထဲမှာ Virus Cleaner Software အပြင် အခြား USB Anti-Body နဲ့ Recovery Software တွေလဲ ထည့်သွင်းပေးထားပါတယ်။ 
အသုံးပြုသူတွေအနေနဲ့ သက်သက်သာသာနဲ့ အလွယ်တကူအသုံးပြုနိုင်မှာပါ။ နောက်ပြီးစီဒီထဲမှာပါတဲ့ Software တစ်ခုခြင်းစီရဲ့ Install လုပ်ခြင်းနဲ့ အသုံးပြုနည်းတွေကို မြန်မာလို ရှင်းလင်းရေးသားထားတဲ့ E-book တွေကိုလည်း ထည့်ပေးထားပါတယ်။ အဲဒါကြောင့် အသုံးပြုသူတွေအနေနဲ့ Virus အမျိုးအစားတွေရဲ့အကြောင်း၊ USB stick အသုံးပြုတဲ့အခါ Virus မ၀င်အောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာတွေနဲ့ မိမိတို့ရဲ့စက်ကို ဘယ်လိုမျိုး ကာကွယ်မှုတွေလုပ်သင့်တယ်ဆိုတာကို သိရှိနိုင်မှာပါ ” ဟု Virus Cleaner Software ရေးသားသူတစ်ဦးဖြစ်သော ကိုစိုးမင်းသူမှ အင်တာနက်ဂျာနယ်သို့ပြောကြားသည်။ Virus Cleaner Tools ဖြင့် ယခုနှစ်နောက်ပိုင်းတွင် ကွန်ပျူတာတွေ၌ အများဆုံးတွေ့ရသော chrome, explorer, funny, fun, flashy, globle, iloveu, killvbs, nargiz, kolay, loikaw, svchost, tayatmyo စသည့် Virus များနှင့် Network Service တွေကိုပိတ်သည့် win 32 worm virus တွေကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ 
ထို့ပြင် USB Drive များ ကွန်ပျူတာဖြင့် တွဲဖက်အသုံးပြုရာတွင် လုံခြုံစိတ်ချရစေမည့် USB antibody, USB guard, Autorunkiller, USB safe remove Software များ၊ Virus ကြောင့် သို့မဟုတ် အသုံးပြုသူအမှားကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသည့်ဖိုင်များ၊ ဓာတ်ပုံများကို Hard Disk, USB stick, Memory Card, MP3/4 များအတွင်းမှ ပြန်လည်ရယူနိုင်မည့် Recovery Software များ၊ System Cleaner နှင့် OS Guard စသည့ှ်
Software များနှင့်အတူ Windows တင်ခြင်း (Installing)၊ ပြုပြင်ခြင်းနှင့် စီဒီထဲရှိ Software တစ်ခုခြင်းအလိုက် ထည့်သွင်းပုံ၊ အသုံးပြုပုံများကို ရုပ်ပုံများနှင့်တကွ မြန်မာလို လမ်းညွှန်ချက် PDF ဖိုင်များ ထည့်သွင်းပေးထားသောကြောင့် သာမန် User တွေအနေနဲ့ပင် အလွယ်တကူ အသုံးပြုလုပ်ဆောင်နိုင်မည်ဖြစ်သည်။ (ref: :http://www.planet.com.mm)

 Post By : သားငယ်
Download Update : 12 Aug 2013 at 9:45 PM
Click Here to Download v4.0
 (or)
Click Here to Download v4.2
 
User Guide
Click Here to Download Ok virus cleaner မှ password များ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...