“ နိုင်ငံရေး ယဉ်ကျေးမှုအသစ်လား၊ ပဉ္စလက် နိုင်ငံရေးလား “
။။……..မနေ့တစ်နေ့ကတော့ ဂျာနယ်တစ်စောင်မှာ ၁၉၉၀ ရွေးကောက်ပွဲပြီးနောက်ပြည်ပကို ထွက်ခွာ သွားခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးနဲ့ပြုလုပ်တဲ့ အင်တာဗျုးတစ်ခုကိုဖတ်ခဲ့ရတယ်။ ထိုသူကတော့ ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ပြင်ဦးလွင် မဲဆန္ဒနယ်ကနေ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးခံခဲ့ရတဲ့ ဦးပီတာလင်းပင် ပါ။
( ငွေလိုသလား၊မြေလိုသလား )
ထိုအင်တာဗျုးမှာ ဦးပီတာလင်းပင်က “ မိမိအနေနဲ့ မြန်မာနိုင်ငံ ရောက်လာတော့ သမ္မတ အကြံ
ပေး နေဇင်လတ် ရဲ့ဟိုတယ်မှာ တည်းခိုခဲ့ပုံ၊ နောက် သုံးလေးရက်အကြာမှာ မြန်မာငြိမ်းချမ်းရေး
စင်တာ ( MPC ) မှဦးလှရွှေမောင်ရောက်လာပြီးဦးအောင်မင်းတို့နှင့်တွေ့သင့်ကြောင်း ပြောကြား
ခဲ့တယ် “ လို့ ပြောဆိုပါတယ်။
ထို့နောက်မှာတော့ပီတာလင်းပင်က“ပထမဆုံးဦးအောင်မင်း ရောက်လာတယ်၊
သမ္မတကြီးက ခင်ဗျားကို တရားဝင်တွေ့ခွင့်ပေးလိုက်တာပါလို့ ပြောတယ်၊ခဏကြာတော့
ဦးစိုးသိန်း ရောက်လာတယ်၊ ကျွန်တော့်ကို လက်ဆောင်တွေပေးတယ်၊ ကျွန်တော်က ဒါတွေယူဖို့လာတာမဟုတ်ဘူး၊ကျွန်တော့် ကို သူတို့ပါလာတဲ့ ကားသုံးစီး ထဲက တစ်စီးယူသွား လို့ပြောတယ် “
“ ပိုက်ဆံမပါရင် သုံးဖို့ပေးမယ်၊ သိန်းတစ်ထောင်၊နေဖို့အတွက် အင်းလျားကန်ပေါင်ဘေးမှာ နေရာတစ်နေရာလက်ညှိုးထိုး၊နေစရာလုပ်ပေးမယ် ပြောတယ်၊နောက် ကျွန်တော်က ကျွန်တော့်သဘောထားတွေ ပြောတော့ ပြဿနာအကြီးအကျယ်တက်တာ “လို့ပြောခဲ့တယ်။
တကယ်တော့ ဦးပီတာလင်းပင် ပြောခဲ့တဲ့ အကြောင်းအရာမျိုးတွေကို
ကျွန်တော်တို့ ကြားဖူးခဲ့တာကြာပါပြီ၊သို့ပေမဲ့ ယခုလို ပြည်ပပြန် နိုင်ငံရေးသမား တစ်ယောက်က
“ မိမိကို အစိုးရရဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ သမ္မတရဲ့ လက်ရင်းတပည့်တွေဖြစ်တဲ့ သမ္မတရုံးပြည်ထောင်စု ၀န်ကြီးတွေက မိမိကိုအင်းလျားကန်ပေါင် ဘေးကမြေနေရာနဲ့ နေအိမ်၊ပြီးတော့ အဖိုးတန်ကား၊
ဒီနောက် ကျပ်သိန်းတစ်ထောင် ပေးမယ်လို့ ပြောဆိုကာ စည်းရုံးဆွဲဆောင်ခဲ့တယ် “ လို့ ပြောင်ပြောင်တင်းတင်း ဖွင့်ချခဲ့တဲ့ အဖြစ်မျိုးကို မကြုံခဲ့ရပါဘူး။
။။…………သူပြောသွားတဲ့ အကြောင်းအရာတွေဟာ ဒီနေ့မြန်မာ့နိုင်ငံရေးမှာ မတရားနေရာယူ
နေကြတဲ့ သို့မဟုတ် နေရာယူဖို့ ကြိုးပမ်းနေကြတဲ့ လုပ်စားသူတွေရဲ့ သရုပ်မှန်ကိုရော နိုင်ငံရေး
ပဉ္စလက်နည်းတွေ နိုင်ငံရေးအောက်လမ်းနည်းတွေကိုတွင်တွင်ကျယ်ကျယ်သုံးပြီး နိုင်ငံရေးအာဏာကို ကျားကုတ်ကျားခဲ ဆုပ်ကိုင်ထားဖို့ ကြိုးပမ်းနေကြသူတွေရဲ့ လုပ်ရပ်တွေကိုရော တစ်တစ်ခွခွဖော်ပြလိုက်တာပဲ ဖြစ်တယ်။
( ညီအစ်ကို မသိတသိ အချိန်တွေများခဲ့ )
တကယ်တော့ ဦးပီတာလင်းပင်ရဲ့ အင်တာဗျုးပြောစကားတွေဟာ သက်ဆိုင်သူတွေက သူ့ကို
အမှုန့်ကြိတ်ပစ်ချင်လောက် အောင်ကို ထိရှတဲ့စကားတွေပါ။ အကယ်၍သာဦးပီတာလင်းပင်ဟာ
လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်ကသာ ထိုစကားတွေကို ယခုသူပြောခဲ့တဲ့ စကားလုံးတွေအတိုင်း
ပြည်တွင်းမှာပြောခဲ့မယ်ဆိုရင်တော့ သူ့အနေနဲ့ ဘယ်လိုမှချောင်မှာ မဟုတ်ပါဘူး။
ယခုတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီလူ့ဘောင်ကြီးအဖြစ် တည်ဆောက်ဖို့ ကြိုးပမ်းနေသူတွေအားလုံး ဒီမိုကရေစီ နိုင်ငံရေး ကျင့်ဝတ်တွေကို ခါးဝတ်ပုဆိုး သို့မဟုတ် ဘောင်းဘီတွေလိုမြဲမြံနေကြလို့လားမသိ။ဘယ်လိုတုံ့ပြန်မှုမျိုးမှမပြုကြတာ တွေ့ရတယ်။
။။…………….၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြန်လည်ပြင်ဆင်ရင်လည်း ကားပါမစ်နဲ့ စည်းရုံးသိမ်းသွင်းတဲ့၊ငွေကြေးအာဏာတွေနဲ့ မဲဆွယ်စည်းရုံးတဲ့ လုပ်ရပ်မျိုးတွေကို တားဆီးတဲ့ ဥပဒေမျိုးတွေကိုပင်ထည့်သွင်းရေးဆွဲ ဖို့လိုအပ်နေပါပြီ။
ဝင်းထွဋ်ဇော် ( ပြည်သူ့ခေတ်ဂျာနယ် )
0 comments:
Post a Comment