မင်းဒင်ရဲ့သက်ခိုင် (၂) တရံရောအခါက မိစု
Author: lubo601 | 8:33 AM | No မှတ်ချက် |
ခေတ်ပျက်ကြီးထင်ပါရဲ့ဗျာ။ သေနတ်မျိုးစုံကလည်းအတော်ပေါဆိုပဲ။ နဂိုကတည်းက
ဇမသေးတဲ့အဖေဟာ သူ့မိုက်ဖော်မိုက်ဖက်တွေနဲ့ ထင်တိုင်းကြဲနေခဲ့တာပေါ့။
အဲဒီကာလက တကယ်ကိုရောင်စုံသူပုန်လို့ဆိုရမယ်။ ကျနော်ကြားဖူးတာက
ရဲဘော်ဖြူ၊ရဲဘော်ဝါ၊ရဲဘော်နီ အပြင် မထူးတပ်သားတွေမထူးတပ်ဗိုလ်လည်း
ရှိသေးသတဲ့ဗျ။
မထူးတပ်ဆိုတာ ကျနော်တို့နယ်ဖက်မှာအတော်နာမည်ကြီးသတဲ့ဗျာ။
တိုင်းပြည်ဗရမ်းဗတာဖြစ်ပြီး သေမထူးနေမထူးတော့တာကြောင့်
လူစုပြီးရရာလက်နက်နဲ့ စားရေးဝတ်ရေးကို ဖြစ်တဲ့နည်းနဲ့ဖြေရှင်းကြဖို့
တပ်ထောင်ကြတယ်ထင်ပါရဲ့။ကျနော်သိသလောက်တော့ ရဲဘော်ဖြူတို့ရဲဘော်နီတို့ဆိုတာ
ကွန်မြူနစ်တွေတဲ့ဗျာ။ရဲဘော်ဖြူဆိုတဲ့အလံဖြူ ခေါင်းဆောင်ကတော့
သခင်သန်းထွန်း၊အလံနီ်ဥက္ကဋ္ဌကတော့ သခင်စိုးပေါ့။အဲဒီကွန်မြူနစ်ပါတီတွေဟာ
လွတ်လပ်ရေးရပြီးတာနဲ့တောခို ကြသတဲ့။တောခိုရတဲ့အကြောင်းရင်းက
မြန်မာပြည်ရဲ့လွတ်လပ်ရေးဟာ အစစ်မဟုတ်၊လွတ်လပ်ရေးအတု၊လွတ်လပ်ရေးအလိမ်၊ရွှေရည်
စိမ်လွတ်လပ်ရေးသာဖြစ်တယ်လို့ ခံယူကြလို့တဲ့ခင်ဗျ။လွတ်လပ်တယ်ဆိုတဲ့
မြန်မာနိုင်ငံဟာ ဗြိတိသျှနယ်ချဲ့ရဲ့ ကိုလိုနီတပိုင်းသာ ဖြစ်နေ လို့
အပြည့်အဝအချုပ်အချာအာဏာပိုင်မှုအတွက် တောခိုရတာလို့
ကျနော်ဖတ်ဖူးသဗျ။လိုတိုရှင်းပြောရရင် ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးနုတို့
အင်္ဂလိပ်အစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့
အောင်ဆန်းအက်တလီ၊နုအက်တလီဆိုတဲ့စာချုပ်တွေကို အယုံအကြည်မရှိဘူးပေါ့ဗျာ။
အေးဗျာ။ ကျနော့်စိတ်ထင်ပြောရရင် ကျနော့်တို့နယ်ဖက်က တောသူတောင်သားတွေကို
လွတ်လပ်ရေးဟာ အစစ်လား၊အတုလား လျှောက်ပြောလို့ကတော့
ဇယားရှုပ်ရုံသာရှိမယ်ထင်ပါရဲ့။အုပ်ချုပ်ရေးအာဏာကလည်း
မထိရောက်၊ထင်ရာစိုင်းတဲ့ အုပ်စု၊ပါတီ၊ဂိုဏ်းဂဏ တွေနဲ့ခေတ်ကြီးဟာ
ဖြစ်ချင်တိုင်းဖြစ်နေခဲ့တယ်ထင်ပါရဲ့။
အမေပြောဖူးတာကတော့ အဲဒီကာလက
ရွာမှာနေရတယ်မရှိပဲ၊ နီးစပ်ရာ တောထဲတောင်ထဲ ခရိုးရှိုမြောင်ကောင်းကောင်းထဲ
လျှောက် ပုန်း နေကြရတယ်ဆိုပဲ။ ဘယ်နယ်က ဗိုလ်ဘယ်သူဦးစီးတဲ့
မထူးတပ်ဝင်လာပြီဟေ့ ဆိုတဲ့အသံကြားရတာနဲ့ ပြေးကြရတာပဲတဲ့ဗျ။အဲဒီလို
ခေတ်ကာလကြီးထဲမှာ ကျနော့်အဖေ ကိုအောင်မြတ်က လူသူတော်ကောင်းကြီးလုပ်ပြီး
လုပ်ပြီး နယ်ကျွံလာတဲ့ နွားအုပ်ကြီးတအုပ်ကို သူ့သဘောနဲ့သူ
မှိုက်ပင်ရွာသားတွေကို ဝေခြမ်းရေးလုပ်ပစ်ပါလေရောတဲ့ဗျာ။
အမှန်တော့
ရဲဘော်ဖြူတဖွဲ့က အဲဒီနွားအုပ်တွေကို ရွာစဉ်လှည့်ပြီးသိမ်းခဲ့တာတဲ့ဗျ။
နွားအုပ်ကြီးက ကြီးလွန်းတော့ ရဲဘော်ဖြူအဖွဲ့လည်း
ထိန်းမနိုင်သိမ်းမနိုင်မို့ သူ့တို့သြဇာဘယ်ကောင်မှမလွန်ဆန်ဝံ့ဘူး။
နွားကောင်ရေတရာလောက်ရှိတဲ့ နွားအုပ်ကြီးကို ဒီနယ်တရိုးမှာ ဘယ်သကောင့်သား မှ
အပျောက်မရိုက်နိုင်ဘူးလို့ထင်ကြဟန်တူပါရဲ့။
ရဲဘော်ဖြူတွေကံဆိုးချက်ကတော့ အဲဒီနွားအုပ်ကြီးဟာ ကျနော့်အဖေ ခေါင်းဆောင်တဲ့
မှိုက်ပင်လူမိုက်အုပ်စုလက်ထဲ တည့်တည့်ကြီး
ကိုရောက်သွားတော့တာပါပဲ။နွားအုပ်ကြီးကို အောင်မြတ်ဝေခြမ်းရေးလုပ်ပစ်တဲ့
သတင်းဟာ ရဲဘော်ဖြူတွေဆီကို ဘီဘီစီသတင်းလို
မြန်မြန်မှန်မှန်၊တနယ်လုံးတောမီးလောင်သလိုပျံ့နှံ့သွားတယ်ထင်ပါ့ဗျာ။
ရဲဘော်ဖြူလက်မရွံ့ ဗိုလ်နဲ့ သူ့တပ်ဖွဲ့ဟာ မှိုက်ပင်ကိုရောက်လာပြီး အဖေ့ကို
တောနင်းတော့တာပါပဲ။ အမှန်တော့ ခေတ်ပျက်ကြီးမှာ သူ့လူကိုယ့်လူ
မခွဲခြားနိုင်တာမို့ အဖေလည်း ရှောင်ချိန်တိမ်းချိန်မရဘူးထင်ပါရဲ့။
နွားအုပ်ကြီးကို ဝေခြမ်းရေးလုပ်မှုနဲ့ ရဲဘော်ဖြူတွေ
အဖမ်းခံရတော့တာပါပဲ။အဖေ့ကို ဖမ်းမိတော့ နောက်ပြန်ကြိုးတုတ်ပြီး
သရက်ပင်တပင်မှာချည်ထားတယ်။ လည်ပင်းကိုကြိုးကွင်းစွပ်
တယ်။သိပ်လူဝါးဝတဲ့ကောင် မှတ်လောက်သားလောက်သားလောက်အောင်
ပညာပေးလိုက်မဟဲ့ဆိုပြီး လည်ပင်းမှာစွပ်ထားတဲ့ကြိုးကို
သစ်ကိုင်းခွပေါ်တင်ပြီး မြင်းနဲ့ ဆွဲတင်မဲ့အလုပ်
ကျနော့်အဖေကံကောင်းတယ်ဆိုရမယ်ဗျာ။
ကျနော့်အဖေရဲ့လူရင်း
ဦးဖိုးချစ်ဆိုတဲ့ သူကို ဘယ်သူမှန်းမသိတဲ့ အုပ်စုတစုက
ဦးဖိုးချစ်အိပ်ယာထဲကို ဝင်ပြီး ဓားနဲ့အသေပိုင်းတဲ့ဇာတ်လမ်းလည်း
ရှိသေးတယ်ဗျ။ ဦးဖိုးချစ်ကံကောင်းပုံများ အိပ်ယာထဲမှာ အိပ်နေတဲ့
ဦးဖိုးချစ်ကို ဓားနဲ့ အချက်ပေါင်းများစွာ အသေပိုင်းရာမှာ ဓားချက်က
မျက်နှာကျက်နဲ့မလွတ်တာကြောင့် စိတ်ကြိုက်ခုတ်ခွင့်မရရှာဘူးတဲ့။
အဲဒီရုန်းရင်းဆန်ခတ်အခြေအနေမှာ ကျနော့်အဖ ကိုအောင်မြတ်က လက်စွဲတော်သေနတ်နဲ့
သေနတ်သံပေးပြီးဝင်သွားတာကြောင့် ဦးဖိုးချစ် အသက်ဘေးက
လွတ်သတဲ့။ခေတ်ပျက်ကြီးဆိုတော့ နာကျည်းချက်ရှိတဲ့သူကို ရတဲ့နည်းနဲ့
သတ်ဖို့ဖြတ်ဖို့ လုပ်ကြထင်ပါရဲ့ဗျာ။ ကျနော့်ကိုယ်တိုင်
ဦးဖိုးချစ်ရန်ကုန်လာလည်တုန်းက သူ့လက်မောင်းကျောပြင် နဲ့ ခန္ဓာကိုယ်
အနှံ့ဓားဒဏ်ရာတွေကို မြင်ဖူးပါတယ်။
တိုတိုပြောရရင် အဖေ့လည်ပင်းကို
ကြိုးတပ်ပြီးဆွဲတင်မဲ့အလုပ်မှာ အဖေ့ရဲဘော်ရင်းဦးဖိုးချစ်နဲ့
တခြားရဲဘော်ဖြူ ဗိုလ်တယောက်သူတို့အုပ်စု အင်အားအလုံးအရင်းနဲ့ ရောက်လာပြီး
အောင်မြတ်ကိုလွှတ်ဆိုပြီး ရဲဘော်ဖြူအချင်းချင်း လက်နက်အပြည့်အစုံနဲ့
ရင်ဆိုင်ဖြေရှင်းကြရင်း ကျနော့်အဖေ သေဘေးက လွတ်ခဲ့တယ်ဆိုပါတော့။
ကျနော်သိသလောက်တော့ အဲဒီခေတ်က နတ်မောက်နယ်မှာ ကြီးစိုးတာက
ရဲဘော်ဖြူတွေတဲ့ဗျ။ ကျနော့်အသိ နတ်မောက်ရုံးတောဇာ တိကိုဝင်းနိုင်ဦး
ရဲ့အဆိုအရ သူတို့နယ်မှာလည်း ရဲဘော်ဖြူပဲ အင်အားကြီးသတဲ့ဗျာ။
စကားမစပ်ကျနော့်အဖေအကြောင်းပြောရအုံးမယ်။ ကျနော့်အဖေဟာ
ကျနော်နဲ့စိတ်ဓာတ်ချင်းတူနေသလားပဲဗျာ။ ကျနော့်အဖေဘက်က မျိုးရိုးဟာ
ထီးရိုးနန်းရိုးမို့ အဖေဟာ ထင်တိုင်းကြဲ တတ်သတဲ့။ မှိုက်ပင်တရွာလုံးမှာ
ဒေါ်ရွှေဘွဲ့ဟေ့ဆိုရင် ပြားပြားဝပ်သတဲ့။ လယ်မြေချောင်းမြောင်းတွေ
လက်ညှိုးထိုးမလွတ်အောင် ပိုင်တယ်။ အဲဒါတွေကိုဒိုင်ခံဖြုန်းတာကတော့
ကျနော့်အဖေပဲ။ ဖဲရိုက်တယ်ကြက်တိုက်တယ်။ ဖဲရိုက်ရင်းငွေပြတ်ရင်
ပါလာတဲ့နွားလှည်းကို ချထိုးတယ်။ ကျနော့်အဖေဆိုးသမျှ
ဒိုင်ခံလိုက်ရှင်းတာကတော့ ကျနော့်အဖွား ဒေါ်ရွှေဘွဲ့ပါပဲ။
အဖေဟာ
ဆိုးမိုက်သူတယောက်ရဲ့ မျက်နှာအသွင်အပြင်နဲ့ လုံးဝကွာခြားတဲ့တည်ကြည်တဲ့
ရုပ်အသွင်ရှိသတဲ့ဗျ။ အဖေဘယ်လောက်များ ဆိုးသလဲဆိုရင် သူပိုင်သမျှ
လယ်မြေချောင်းမြောင်းတွေကို ဖဲဝိုင်းနဲ့ကြက်ဝိုင်းတွေမှာ အကုန်ချထိုးပြီး
တပြားမှ မကျန်တဲ့အချိန်မှာ မန္တလေးဖက်ကို တက်သွားတယ်။ လက်လုပ်လက်စား
ကူလီလိုဘဝမျိုးနဲ့ ဘဝကိုရုန်းကန်ခဲ့တယ်။ ကျနော့်စိတ်ထာင် အဖေပြောဖူးတဲ့
စကားတွေအရ အဖေဟာ အဲဒီကုန်တင်ကုန်ချ ကူလီလိုဘဝမျိုးကို
တော်တော်နာကျည်းခဲ့ပုံရတယ်ဗျ။ သူဌေးသား
ဆွေဂုဏ်မျိုးဂုဏ်တင့်တောင့်တင့်တယ်ဖြစ်ပါလျက် သူမိုက်ပြစ်ကြောင့်
ဘဝပျက်ရတာကိုလည်း ဆင်ခြင်မိပုံရတယ်။ အမေခမျာလည်း သားသမီးလေးငါးယောက်နဲ့
မိုးလင်းမိုးချုပ် ကောက်သင်းကောက်ရတာ လက်ဖျားတွေကတောင်သွေးယိုတယ်ဆိုပဲ။ အမေ
တခါတခါ ပြောပြဖူးတာက ကိုအောင်မြတ် က မန္တလေးတက်သွား၊ဒီကလေးတွေတပြုံတမနဲ့
အမေလည်း ရှိတဲ့ ဝက်သားအုပ်ကိုရောင်းပြီး စားရတာပေါ့။
ဝက်သားအုပ်ရောင်းတဲ့ပက်ဆပ်က ဘယ်လောက်ခံမတုန်း။ မကြာပါဘူး မြေပဲတောထဲမှာ
ကောက်သင်း ကောက်ရတာပါပဲ။
ကောက်သင်းကောက်တယ်ဆိုတယ် ဒီလိုဗျ။
မြေပဲပင်တွေနှုတ်ကြတဲ့အခါ တချို့မြေပဲတောင့်တွေက မြေကြီးထဲမှာ ကျန်ရစ်တယ်။
အဲဒီ မြေကြီးထဲကျန်ရစ်တဲ့ မြေပဲတောင့်တွေကို ယာခင်းရှင်နဲ့
အချိုးကျဝေစုခွဲယူကြရတာ။ မြေကြီးထဲကို ယက်ပြီး ပဲတောင့်တွေရှာရတာ
ပေါ့ဗျာ။တခါတလေ အမေက ကျနော်တို့ မောင်နှမတတွေ ဟင်းဖိုးထမင်းဖိုး
ပြည့်ပါစေတဲ့ဆိုတဲ့ လောဘနဲ့ မြေကြီးကို ယက်ရတာ လက်ဖျားတွေကနေ
သွေးတောက်တောက်တောင်ကျတယ်ဆိုပဲ။ တခါတခါ ကောက်သင်းကောက်ရာက အပြန်
ညကြီးမိုးချုပ်ဖြစ်နေရင် အမေ့အမျိုးတွေဟာ အမေ့ကို ရွာဝကစောင့်ပြီး
ဟေ့ခင်သန်း ဖရုံသီးတွေခူးသွားအုံး၊ ခရမ်းချဉ်သီးတွေ ဆွတ်သွားအုံး။
တချို့ကလည်း အဆင်သင့်ခူးဆွတ်ပြီးသားတွေ စောင့်ပေးကြသတဲ့။ အမှန်တော့
အမေ့အမျိုးက မဆင်းရဲဘူးဗျ။အဖေ့အမျိုးနဲ့ ဂုဏ်ချင်းယှဉ်မရဘူးဆိုပဲ။
ကျနော့်အမေဖက်က အဖိုးကတော့ မိတ်ကလေး ဘာမှမပူနဲံ့
အဖေ့ဆီငါ့မြေးတွေနဲ့လာနေဖို့ဆိုသတဲ့။အမေကတော့ လူမမာ ယောက္ခမ တွေကို
ငဲ့၊ကိုယ့်ဒုက္ခမိဘတွေကို ဒုက္ခမပေးချင်ဘူးထင်ပါရဲ့။
အမေ့ကို
အဖေ့ဆွေမျိုးအများစုကတော့ အသိအမှတ်မပြုကြဘူးတဲ့ဗျ။
ထင်တိုင်းကြဲနိုင်တဲ့ဆွေကြီးမျိုးကြီး လူပုံချောက အမေ့လို
ကျောက်ပေါက်မာသဲ့သဲ့နဲ့ ရုပ်ရည်ရွက်ကြမ်းရေကျို နဲ့ အိမ်ထောင်ရက်သား
ကျရတာကို တယ်ပြီးနှစ်မျို့ကြပုံမရဘူးဗျ။ အမှန်က အမေ့ကို ကျနော့်အဘွား
ချွေးမအဖြစ်ရွေးရတာဟာ အလွန်သဘာဝကျပါတယ်။ အမေဟာ အဘွားအိမ်မှာ
အဘွားခိုင်းသမျှ လက်တိုလက်တောင်း အကုန်အစင်လုပ်ပေးလေ့ရှိပါတယ်။ နောက်ဆုံး
ကျနော့်အဖိုး ဦးချစ်မောင် ကိုယ်တပိုင်းသေပြီး ဘယ်သူမှ
မထိချင်မကိုင်ချင်တဲ့ အခြေအနေမျိုးမှာ အမေဟာ မရွံမရှာပြုစုခဲ့ပါတယ်။ အမေ
ကျနော့်ကို ပြောဖူးတာက သားရယ် မင်းအဖိုးဟာ အောက်ပိုင်းသေနေတာတော့ ညည
ကြွက်တွေလာလာကိုက်တတ်တာကြောင့် ဂုံနီအိတ် စွတ်ထားရတာတဲ့ အမေကတော့
ကြွက်စောင့်ပေါ့တဲ့။ကျနော့်အဖေဟာ သူ့ခေတ်သူ့အခါက ဥစ္စာပေါရုပ်ချော
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့။ အဖေအစွဲလန်းဆုံး ရည်းစားက
သားမြားရွာသူ စိမ်းမြတဲ့။ အဖေတခါတလေ အရမ်းမူးတဲ့အခါ မင်းအဘွားကြောင့် ငါ
စိမ်းမြနဲ့လွဲခဲ့ရတာပေါ့ကွာလို့ ရင်ထုမနာ ပြောတတ်လေရဲ့။ ကျနော်က
အဖေနဲံ့အတူအိပ်တာလေ။ ထူးထူးခြားခြား အဖေဟာ ဘယ်သူနဲ့မှ အတူအိပ်လေ့မရှိဘူးဗျ။
အရက်သောက်ထားရင် တခြားသူနဲ့ စကားပြောခဲတယ်။ ခြင်ထောင်ထဲမှာ ရှိနေတဲ့
ကျနော့်ကိုတော့ ရင်ဖွင့်လေ့ ရှိတယ်။ သူ့စိတ်ထဲမှာ ကျနော်ဟာ
သူ့ခြေရာကိုနင်းမဲ့ သူအိပ်မက်တွေကို အကောင်အထည်ဖော်မဲ့
သားလို့ယုံကြည်ထင်မှတ်ဟန်တူပါရဲ့။
ဒီစိတ်ဓာတ်ရဲ့
နောက်ဆက်တွဲအကျိုးဆက်ကတော့ အဖေဟာ ကျနော်တို့ညီအကိုတွေကို ပညာတတ်တွေ
ဖြစ်ရစေမဟဲ့ ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဘဝနာခဲ့တဲ့အဖေဟာ ရန်ကုန်မြို့ကိုရောက်တာနဲ့ သားသမီးတွေပညာရေးအတွက်
ကျနော်တို့မိသားစုကို ရန်ကုန်မြို့ကြီးဆီ ခေါ်နိုင်ဖို့ ကြိုးစားခဲ့တယ်။
အရေးထဲ ခင်ဗျားက နောက်နေပြန်ပြီ။ အမေက ဘယ်လောက်အရုပ်ဆိုးဆိုး သူ့မိန်းမသူ
လွမ်းတာလည်းပါမှာပေါ့ဗျ။ အဖေဟာ လူထူးလူဆန်းလို့ဆိုရမယ်။
သူ့အမေကျနော့်အဘွားပေးစားတဲ့ ကျနော့်အမေကို သေတပန်သက်တဆုံး ပေါင်းရမယ်လို့
ယုံကြည်လက်ခံသွားတယ်။ ကျနော့်အဖေ မိန်းမကိစ္စရှုပ်မရှုပ်
ကျနော်သေချာမသိပေမဲ့ အဖေဟာ အမေ့ကို ကွာဖို့ရှင်းဖို့ ဘယ်သောအခါမှ
ပြောသံမကြားမိဘူးဗျ။ သူ့အမေဒေါ်ရွှေဘွဲ့ ဆုံးမညွန်ပြရာကိုသာ နာခံခဲ့တဲ့
အဖေပါပဲ။ ကျနော့်အဖေရဲ့ ရုပ်သွင်ကို အနီးစပ်ဆုံး ခန့်မှန်းချင်ရင်
ဒါရိုက်တာ မောင်တင်ဦးရဲ့ သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားမှာ
စွပ်ကျယ်အကျီလက်ပြတ်နဲ့ နာမည်ကျော်ရုပ်ရှင်မင်းသားကြီးနေအောင်
ပုံကိုသာကြည့်ပေတော့ဗျာ။
စူနာမီကနေ ကျနော့်အဖေနဲ့အမေအကြောင်း
ရောက်သွားပြန်ပြီ။ စူနာမီမှာ ရင်နာစရာကောင်းတဲ့ မိစုဆိုတဲ့ ထားဝယ်သူ မလေး
တယောက် အကြောင်းပြောချင်သေးတယ်။ဇာတ်လမ်းကဒီလိုဗျ။ ကျနော့်ရနောင်းကို
ရောက်ပြီးတလလောက်အကြာ ရနောင်းဈေးထဲကို လျှောက်သွားနေတုန်း နောက်ဖက်ကနေ
အကို အကို ဆိုတဲ့ ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ မူဆလင်ကုလားလေးတယောက်
ကို တွေ့သဗျ။ သူက အကို ကျနော့်ကိုမမှတ်မိဘူးလားတဲ့။ အမှန်ပြောရရင်
ကျနော်လည်းဇဝေဇဝါပါပဲ။ သူကဆက်ပြီး ကျနော့်ဗီဒီယိုခွေတွေ ရောင်းတုန်းက
ပြဿနာဖြစ်လို့လိုက်ရှင်းပေးခဲ့ဖူးတယ်လေ။ ကျနော်အောင်မြင့်ဆွေပါတဲ့။
ကျနော့်မှတ်မိသွားပါပြီ။ ဒါနဲ့ သူဘဝ သူ့အကြောင်း စပ်စုကြည့်လိုက်တော့ သူက
ရနောင်းဈေးထဲမှာ ငါးပိငါးခြောက်တွေရောင်းနေသတဲ့။ နေဦးဗျ။ အဲဒီကိစ္စကလည်း
တမျိုးတဖုံ စိတ်ဝင်စားစရာပါပဲ။ ရနောင်းမြို့မှာ စကီနာဆိုတဲ့
မူဆလင်မိန်းကလေးတယောက်ခိုကိုးရာမဲ့ဖြစ်နေတဲ့သတင်းကြောင့် ဒီမိန်းကလေးကို
ဘယ်သူအတည်တကျ လက်ထပ်ပေါင်းသင်းနိုင်သလဲဆိုတာ
သူတို့ဘာသာဝင်အချင်းချင်းဆက်သွယ်ရှာဖွေလိုက်လိုက် တော့ ဖိုးကံကောင်းက
အောင်မြင့်ဆွေဖြစ်နေသဗျ။ စကီနာက လုံးကြီးပေါက်လှပါပဲ။ ခက်တာက
အောင်မြင့်ဆွေဟာ ဟိုကိစ္စဒီကိစ္စမှ အတော်အားသန်ပုံရတယ်။
ကျနော်နဲ့လည်း
ပြန်ဆုံရော သူ့မိန်းမစကီနာဆီမှာ ကျနော့်ကိုအကြောင်းပြပြီး
အပြင်ထွက်ခွင့်ပါမစ်ရတဲ့အခါ ရနောင်းမြို့တခွင် ပြဲပြဲစင်အောင်လည်မိရာကနေ
ဟိုအတန်းသည်အတန်းတွေရောက်တော့တာပါပဲ။ ပြောပြရင်ယုံနိုင်စရာတောင်
မရှိပါဘူးဗျာ။ ရနောင်း စဖန်ဖလားဝန်းကျင်က ရပ်ကွက်တွေမှ
ဗမာပြည့်တန်ဆာတွေချည်းပါပဲ။ညပိုင်းကိုးနာရီလောက်ဆို ×ာဆွယ်နေကြတာ တကယ့်ကို
ပွဲကြီးလမ်းကြီးပါပဲ။ ခင်ဗျားကလည်း တမျိုးထင်နေပြန်ပြန်ပါပြီ။ ကျနော့်က
ဘာစိတ်မှ မရှိဘူးဗျ။ နေရေးထိုင်ရေးအထိုင်ကျဖို့ လုံးပန်း နေရတဲ့ကာလမို့
ဘာမှ စိတ်မကူးအားပါဘူး။ တနေ့ အောင်မြင့်ဆွေနဲ့အတူ
အဝှာအိမ်တအိမ်ရောက်သွားသဗျ။ အဲဒီမှာ တွေ့မိတာ မိစုပါပဲ။
မိစုဟာ
မိန်းမပျက်ပုံလုံးဝမပေါက်တဲ့မိန်းကလေးပဲဗျ။ သူက နေ့ပိုင်းအိမ်မှာ
လှုပ်ရှားသလို ညပိုင်းမှာ ထိုင်းအမျိုးသမီးတယောက်ပိုင်တဲ့
အနှိပ်ခန်းမှာလုပ်သတဲ့။နောက်ပိုင်း ကျနော်ဟာ မိစုနဲ့ရင်းနှီးလာတယ်။
အသေးစိတ်တော့ မသိချင်ပါနဲ့တော့ဗျာ။ မိစုမှာ သားတယောက် ရှိသတဲ့။
သူ့ယောက်ျားက စူနာမီတိုက်တုန်းမှာ ထိုင်းငါးဖမ်းလှေတစီးနဲ့ပါသွားရာကနေ
အစအနပျောက်သွားရာက ဒီဘဝရောက်သတဲ့ ဗျာ။ကျနော့်ဆိုတဲ့ကောင်ကလည်း
နှလုံးကြီးဝမ်းကောင်းဆိုတော့ မိစုဒီဘဝကလွတ်အောင် ဘယ်လိုကူညီရမလဲ
စပ်စုကြည့်မိတော့ ထိုင်းဘတ်သုံးသောင်းကူညီရင် သူ့ဇာတိထားဝယ်ကို
ပြန်မယ်ဆိုပဲ။ အဲဒီအချိန်က ထိုင်းဘတ်သုံးသောင်းဆိုတာ ကျနော့်အတွက် ဘာမှ
မပြောပလောက်တာမို့ ကူညီလိုက်ရောဆိုပါတော့ဗျာ။မိစုထားဝယ်ကို
ပြန်သွားခဲ့ပါတယ်။မိစုအမေဟာလည်း သွေးတိုးရောဂါသည်ပါ။ ဒါပေမဲ့ဗျာ
ကျနော့်ကူညီလိုက်ပြီးနောက် လေးငါးလအကြာမှာ မိစုကို ရနောင်းဈေးထဲမှာ
မီးဖွားပြီးခါစ နီတာရဲကလေးငယ်လေးနဲ့တွေ့ရ
ပြန်ပါတယ်။မိစုနောက်အိမ်ထောင်ကျနေပြန်ပါပြီ။
ဆက်လက်ဖော်ပြပါမည်။
မထူးတပ်ဆိုတာ ကျနော်တို့နယ်ဖက်မှာအတော်နာမည်ကြီးသတဲ့ဗျာ။ တိုင်းပြည်ဗရမ်းဗတာဖြစ်ပြီး သေမထူးနေမထူးတော့တာကြောင့် လူစုပြီးရရာလက်နက်နဲ့ စားရေးဝတ်ရေးကို ဖြစ်တဲ့နည်းနဲ့ဖြေရှင်းကြဖို့ တပ်ထောင်ကြတယ်ထင်ပါရဲ့။ကျနော်သိသလောက်တော့ ရဲဘော်ဖြူတို့ရဲဘော်နီတို့ဆိုတာ ကွန်မြူနစ်တွေတဲ့ဗျာ။ရဲဘော်ဖြူဆိုတဲ့အလံဖြူ ခေါင်းဆောင်ကတော့ သခင်သန်းထွန်း၊အလံနီ်ဥက္ကဋ္ဌကတော့ သခင်စိုးပေါ့။အဲဒီကွန်မြူနစ်ပါတီတွေဟာ လွတ်လပ်ရေးရပြီးတာနဲ့တောခို ကြသတဲ့။တောခိုရတဲ့အကြောင်းရင်းက မြန်မာပြည်ရဲ့လွတ်လပ်ရေးဟာ အစစ်မဟုတ်၊လွတ်လပ်ရေးအတု၊လွတ်လပ်ရေးအလိမ်၊ရွှေရည် စိမ်လွတ်လပ်ရေးသာဖြစ်တယ်လို့ ခံယူကြလို့တဲ့ခင်ဗျ။လွတ်လပ်တယ်ဆိုတဲ့ မြန်မာနိုင်ငံဟာ ဗြိတိသျှနယ်ချဲ့ရဲ့ ကိုလိုနီတပိုင်းသာ ဖြစ်နေ လို့ အပြည့်အဝအချုပ်အချာအာဏာပိုင်မှုအတွက် တောခိုရတာလို့ ကျနော်ဖတ်ဖူးသဗျ။လိုတိုရှင်းပြောရရင် ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးနုတို့ အင်္ဂလိပ်အစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့ အောင်ဆန်းအက်တလီ၊နုအက်တလီဆိုတဲ့စာချုပ်တွေကို အယုံအကြည်မရှိဘူးပေါ့ဗျာ။
အေးဗျာ။ ကျနော့်စိတ်ထင်ပြောရရင် ကျနော့်တို့နယ်ဖက်က တောသူတောင်သားတွေကို လွတ်လပ်ရေးဟာ အစစ်လား၊အတုလား လျှောက်ပြောလို့ကတော့ ဇယားရှုပ်ရုံသာရှိမယ်ထင်ပါရဲ့။အုပ်ချုပ်ရေးအာဏာကလည်း မထိရောက်၊ထင်ရာစိုင်းတဲ့ အုပ်စု၊ပါတီ၊ဂိုဏ်းဂဏ တွေနဲ့ခေတ်ကြီးဟာ ဖြစ်ချင်တိုင်းဖြစ်နေခဲ့တယ်ထင်ပါရဲ့။
အမေပြောဖူးတာကတော့ အဲဒီကာလက ရွာမှာနေရတယ်မရှိပဲ၊ နီးစပ်ရာ တောထဲတောင်ထဲ ခရိုးရှိုမြောင်ကောင်းကောင်းထဲ လျှောက် ပုန်း နေကြရတယ်ဆိုပဲ။ ဘယ်နယ်က ဗိုလ်ဘယ်သူဦးစီးတဲ့ မထူးတပ်ဝင်လာပြီဟေ့ ဆိုတဲ့အသံကြားရတာနဲ့ ပြေးကြရတာပဲတဲ့ဗျ။အဲဒီလို ခေတ်ကာလကြီးထဲမှာ ကျနော့်အဖေ ကိုအောင်မြတ်က လူသူတော်ကောင်းကြီးလုပ်ပြီး လုပ်ပြီး နယ်ကျွံလာတဲ့ နွားအုပ်ကြီးတအုပ်ကို သူ့သဘောနဲ့သူ မှိုက်ပင်ရွာသားတွေကို ဝေခြမ်းရေးလုပ်ပစ်ပါလေရောတဲ့ဗျာ။
အမှန်တော့ ရဲဘော်ဖြူတဖွဲ့က အဲဒီနွားအုပ်တွေကို ရွာစဉ်လှည့်ပြီးသိမ်းခဲ့တာတဲ့ဗျ။ နွားအုပ်ကြီးက ကြီးလွန်းတော့ ရဲဘော်ဖြူအဖွဲ့လည်း ထိန်းမနိုင်သိမ်းမနိုင်မို့ သူ့တို့သြဇာဘယ်ကောင်မှမလွန်ဆန်ဝံ့ဘူး။ နွားကောင်ရေတရာလောက်ရှိတဲ့ နွားအုပ်ကြီးကို ဒီနယ်တရိုးမှာ ဘယ်သကောင့်သား မှ အပျောက်မရိုက်နိုင်ဘူးလို့ထင်ကြဟန်တူပါရဲ့။
ရဲဘော်ဖြူတွေကံဆိုးချက်ကတော့ အဲဒီနွားအုပ်ကြီးဟာ ကျနော့်အဖေ ခေါင်းဆောင်တဲ့ မှိုက်ပင်လူမိုက်အုပ်စုလက်ထဲ တည့်တည့်ကြီး ကိုရောက်သွားတော့တာပါပဲ။နွားအုပ်ကြီးကို အောင်မြတ်ဝေခြမ်းရေးလုပ်ပစ်တဲ့ သတင်းဟာ ရဲဘော်ဖြူတွေဆီကို ဘီဘီစီသတင်းလို မြန်မြန်မှန်မှန်၊တနယ်လုံးတောမီးလောင်သလိုပျံ့နှံ့သွားတယ်ထင်ပါ့ဗျာ။
ရဲဘော်ဖြူလက်မရွံ့ ဗိုလ်နဲ့ သူ့တပ်ဖွဲ့ဟာ မှိုက်ပင်ကိုရောက်လာပြီး အဖေ့ကို တောနင်းတော့တာပါပဲ။ အမှန်တော့ ခေတ်ပျက်ကြီးမှာ သူ့လူကိုယ့်လူ မခွဲခြားနိုင်တာမို့ အဖေလည်း ရှောင်ချိန်တိမ်းချိန်မရဘူးထင်ပါရဲ့။ နွားအုပ်ကြီးကို ဝေခြမ်းရေးလုပ်မှုနဲ့ ရဲဘော်ဖြူတွေ အဖမ်းခံရတော့တာပါပဲ။အဖေ့ကို ဖမ်းမိတော့ နောက်ပြန်ကြိုးတုတ်ပြီး သရက်ပင်တပင်မှာချည်ထားတယ်။ လည်ပင်းကိုကြိုးကွင်းစွပ် တယ်။သိပ်လူဝါးဝတဲ့ကောင် မှတ်လောက်သားလောက်သားလောက်အောင် ပညာပေးလိုက်မဟဲ့ဆိုပြီး လည်ပင်းမှာစွပ်ထားတဲ့ကြိုးကို သစ်ကိုင်းခွပေါ်တင်ပြီး မြင်းနဲ့ ဆွဲတင်မဲ့အလုပ် ကျနော့်အဖေကံကောင်းတယ်ဆိုရမယ်ဗျာ။
ကျနော့်အဖေရဲ့လူရင်း ဦးဖိုးချစ်ဆိုတဲ့ သူကို ဘယ်သူမှန်းမသိတဲ့ အုပ်စုတစုက ဦးဖိုးချစ်အိပ်ယာထဲကို ဝင်ပြီး ဓားနဲ့အသေပိုင်းတဲ့ဇာတ်လမ်းလည်း ရှိသေးတယ်ဗျ။ ဦးဖိုးချစ်ကံကောင်းပုံများ အိပ်ယာထဲမှာ အိပ်နေတဲ့ ဦးဖိုးချစ်ကို ဓားနဲ့ အချက်ပေါင်းများစွာ အသေပိုင်းရာမှာ ဓားချက်က မျက်နှာကျက်နဲ့မလွတ်တာကြောင့် စိတ်ကြိုက်ခုတ်ခွင့်မရရှာဘူးတဲ့။ အဲဒီရုန်းရင်းဆန်ခတ်အခြေအနေမှာ ကျနော့်အဖ ကိုအောင်မြတ်က လက်စွဲတော်သေနတ်နဲ့ သေနတ်သံပေးပြီးဝင်သွားတာကြောင့် ဦးဖိုးချစ် အသက်ဘေးက လွတ်သတဲ့။ခေတ်ပျက်ကြီးဆိုတော့ နာကျည်းချက်ရှိတဲ့သူကို ရတဲ့နည်းနဲ့ သတ်ဖို့ဖြတ်ဖို့ လုပ်ကြထင်ပါရဲ့ဗျာ။ ကျနော့်ကိုယ်တိုင် ဦးဖိုးချစ်ရန်ကုန်လာလည်တုန်းက သူ့လက်မောင်းကျောပြင် နဲ့ ခန္ဓာကိုယ် အနှံ့ဓားဒဏ်ရာတွေကို မြင်ဖူးပါတယ်။
တိုတိုပြောရရင် အဖေ့လည်ပင်းကို ကြိုးတပ်ပြီးဆွဲတင်မဲ့အလုပ်မှာ အဖေ့ရဲဘော်ရင်းဦးဖိုးချစ်နဲ့ တခြားရဲဘော်ဖြူ ဗိုလ်တယောက်သူတို့အုပ်စု အင်အားအလုံးအရင်းနဲ့ ရောက်လာပြီး အောင်မြတ်ကိုလွှတ်ဆိုပြီး ရဲဘော်ဖြူအချင်းချင်း လက်နက်အပြည့်အစုံနဲ့ ရင်ဆိုင်ဖြေရှင်းကြရင်း ကျနော့်အဖေ သေဘေးက လွတ်ခဲ့တယ်ဆိုပါတော့။
ကျနော်သိသလောက်တော့ အဲဒီခေတ်က နတ်မောက်နယ်မှာ ကြီးစိုးတာက ရဲဘော်ဖြူတွေတဲ့ဗျ။ ကျနော့်အသိ နတ်မောက်ရုံးတောဇာ တိကိုဝင်းနိုင်ဦး ရဲ့အဆိုအရ သူတို့နယ်မှာလည်း ရဲဘော်ဖြူပဲ အင်အားကြီးသတဲ့ဗျာ။ စကားမစပ်ကျနော့်အဖေအကြောင်းပြောရအုံးမယ်။ ကျနော့်အဖေဟာ ကျနော်နဲ့စိတ်ဓာတ်ချင်းတူနေသလားပဲဗျာ။ ကျနော့်အဖေဘက်က မျိုးရိုးဟာ ထီးရိုးနန်းရိုးမို့ အဖေဟာ ထင်တိုင်းကြဲ တတ်သတဲ့။ မှိုက်ပင်တရွာလုံးမှာ ဒေါ်ရွှေဘွဲ့ဟေ့ဆိုရင် ပြားပြားဝပ်သတဲ့။ လယ်မြေချောင်းမြောင်းတွေ လက်ညှိုးထိုးမလွတ်အောင် ပိုင်တယ်။ အဲဒါတွေကိုဒိုင်ခံဖြုန်းတာကတော့ ကျနော့်အဖေပဲ။ ဖဲရိုက်တယ်ကြက်တိုက်တယ်။ ဖဲရိုက်ရင်းငွေပြတ်ရင် ပါလာတဲ့နွားလှည်းကို ချထိုးတယ်။ ကျနော့်အဖေဆိုးသမျှ ဒိုင်ခံလိုက်ရှင်းတာကတော့ ကျနော့်အဖွား ဒေါ်ရွှေဘွဲ့ပါပဲ။
အဖေဟာ ဆိုးမိုက်သူတယောက်ရဲ့ မျက်နှာအသွင်အပြင်နဲ့ လုံးဝကွာခြားတဲ့တည်ကြည်တဲ့ ရုပ်အသွင်ရှိသတဲ့ဗျ။ အဖေဘယ်လောက်များ ဆိုးသလဲဆိုရင် သူပိုင်သမျှ လယ်မြေချောင်းမြောင်းတွေကို ဖဲဝိုင်းနဲ့ကြက်ဝိုင်းတွေမှာ အကုန်ချထိုးပြီး တပြားမှ မကျန်တဲ့အချိန်မှာ မန္တလေးဖက်ကို တက်သွားတယ်။ လက်လုပ်လက်စား ကူလီလိုဘဝမျိုးနဲ့ ဘဝကိုရုန်းကန်ခဲ့တယ်။ ကျနော့်စိတ်ထာင် အဖေပြောဖူးတဲ့ စကားတွေအရ အဖေဟာ အဲဒီကုန်တင်ကုန်ချ ကူလီလိုဘဝမျိုးကို တော်တော်နာကျည်းခဲ့ပုံရတယ်ဗျ။ သူဌေးသား ဆွေဂုဏ်မျိုးဂုဏ်တင့်တောင့်တင့်တယ်ဖြစ်ပါလျက် သူမိုက်ပြစ်ကြောင့် ဘဝပျက်ရတာကိုလည်း ဆင်ခြင်မိပုံရတယ်။ အမေခမျာလည်း သားသမီးလေးငါးယောက်နဲ့ မိုးလင်းမိုးချုပ် ကောက်သင်းကောက်ရတာ လက်ဖျားတွေကတောင်သွေးယိုတယ်ဆိုပဲ။ အမေ တခါတခါ ပြောပြဖူးတာက ကိုအောင်မြတ် က မန္တလေးတက်သွား၊ဒီကလေးတွေတပြုံတမနဲ့ အမေလည်း ရှိတဲ့ ဝက်သားအုပ်ကိုရောင်းပြီး စားရတာပေါ့။ ဝက်သားအုပ်ရောင်းတဲ့ပက်ဆပ်က ဘယ်လောက်ခံမတုန်း။ မကြာပါဘူး မြေပဲတောထဲမှာ ကောက်သင်း ကောက်ရတာပါပဲ။
ကောက်သင်းကောက်တယ်ဆိုတယ် ဒီလိုဗျ။ မြေပဲပင်တွေနှုတ်ကြတဲ့အခါ တချို့မြေပဲတောင့်တွေက မြေကြီးထဲမှာ ကျန်ရစ်တယ်။ အဲဒီ မြေကြီးထဲကျန်ရစ်တဲ့ မြေပဲတောင့်တွေကို ယာခင်းရှင်နဲ့ အချိုးကျဝေစုခွဲယူကြရတာ။ မြေကြီးထဲကို ယက်ပြီး ပဲတောင့်တွေရှာရတာ
ပေါ့ဗျာ။တခါတလေ အမေက ကျနော်တို့ မောင်နှမတတွေ ဟင်းဖိုးထမင်းဖိုး ပြည့်ပါစေတဲ့ဆိုတဲ့ လောဘနဲ့ မြေကြီးကို ယက်ရတာ လက်ဖျားတွေကနေ သွေးတောက်တောက်တောင်ကျတယ်ဆိုပဲ။ တခါတခါ ကောက်သင်းကောက်ရာက အပြန် ညကြီးမိုးချုပ်ဖြစ်နေရင် အမေ့အမျိုးတွေဟာ အမေ့ကို ရွာဝကစောင့်ပြီး ဟေ့ခင်သန်း ဖရုံသီးတွေခူးသွားအုံး၊ ခရမ်းချဉ်သီးတွေ ဆွတ်သွားအုံး။ တချို့ကလည်း အဆင်သင့်ခူးဆွတ်ပြီးသားတွေ စောင့်ပေးကြသတဲ့။ အမှန်တော့ အမေ့အမျိုးက မဆင်းရဲဘူးဗျ။အဖေ့အမျိုးနဲ့ ဂုဏ်ချင်းယှဉ်မရဘူးဆိုပဲ။
ကျနော့်အမေဖက်က အဖိုးကတော့ မိတ်ကလေး ဘာမှမပူနဲံ့ အဖေ့ဆီငါ့မြေးတွေနဲ့လာနေဖို့ဆိုသတဲ့။အမေကတော့ လူမမာ ယောက္ခမ တွေကို ငဲ့၊ကိုယ့်ဒုက္ခမိဘတွေကို ဒုက္ခမပေးချင်ဘူးထင်ပါရဲ့။
အမေ့ကို အဖေ့ဆွေမျိုးအများစုကတော့ အသိအမှတ်မပြုကြဘူးတဲ့ဗျ။ ထင်တိုင်းကြဲနိုင်တဲ့ဆွေကြီးမျိုးကြီး လူပုံချောက အမေ့လို ကျောက်ပေါက်မာသဲ့သဲ့နဲ့ ရုပ်ရည်ရွက်ကြမ်းရေကျို နဲ့ အိမ်ထောင်ရက်သား ကျရတာကို တယ်ပြီးနှစ်မျို့ကြပုံမရဘူးဗျ။ အမှန်က အမေ့ကို ကျနော့်အဘွား ချွေးမအဖြစ်ရွေးရတာဟာ အလွန်သဘာဝကျပါတယ်။ အမေဟာ အဘွားအိမ်မှာ အဘွားခိုင်းသမျှ လက်တိုလက်တောင်း အကုန်အစင်လုပ်ပေးလေ့ရှိပါတယ်။ နောက်ဆုံး ကျနော့်အဖိုး ဦးချစ်မောင် ကိုယ်တပိုင်းသေပြီး ဘယ်သူမှ မထိချင်မကိုင်ချင်တဲ့ အခြေအနေမျိုးမှာ အမေဟာ မရွံမရှာပြုစုခဲ့ပါတယ်။ အမေ ကျနော့်ကို ပြောဖူးတာက သားရယ် မင်းအဖိုးဟာ အောက်ပိုင်းသေနေတာတော့ ညည ကြွက်တွေလာလာကိုက်တတ်တာကြောင့် ဂုံနီအိတ် စွတ်ထားရတာတဲ့ အမေကတော့ ကြွက်စောင့်ပေါ့တဲ့။ကျနော့်အဖေဟာ သူ့ခေတ်သူ့အခါက ဥစ္စာပေါရုပ်ချော ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့။ အဖေအစွဲလန်းဆုံး ရည်းစားက သားမြားရွာသူ စိမ်းမြတဲ့။ အဖေတခါတလေ အရမ်းမူးတဲ့အခါ မင်းအဘွားကြောင့် ငါ စိမ်းမြနဲ့လွဲခဲ့ရတာပေါ့ကွာလို့ ရင်ထုမနာ ပြောတတ်လေရဲ့။ ကျနော်က အဖေနဲံ့အတူအိပ်တာလေ။ ထူးထူးခြားခြား အဖေဟာ ဘယ်သူနဲ့မှ အတူအိပ်လေ့မရှိဘူးဗျ။ အရက်သောက်ထားရင် တခြားသူနဲ့ စကားပြောခဲတယ်။ ခြင်ထောင်ထဲမှာ ရှိနေတဲ့ ကျနော့်ကိုတော့ ရင်ဖွင့်လေ့ ရှိတယ်။ သူ့စိတ်ထဲမှာ ကျနော်ဟာ သူ့ခြေရာကိုနင်းမဲ့ သူအိပ်မက်တွေကို အကောင်အထည်ဖော်မဲ့ သားလို့ယုံကြည်ထင်မှတ်ဟန်တူပါရဲ့။
ဒီစိတ်ဓာတ်ရဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ အဖေဟာ ကျနော်တို့ညီအကိုတွေကို ပညာတတ်တွေ ဖြစ်ရစေမဟဲ့ ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဘဝနာခဲ့တဲ့အဖေဟာ ရန်ကုန်မြို့ကိုရောက်တာနဲ့ သားသမီးတွေပညာရေးအတွက် ကျနော်တို့မိသားစုကို ရန်ကုန်မြို့ကြီးဆီ ခေါ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အရေးထဲ ခင်ဗျားက နောက်နေပြန်ပြီ။ အမေက ဘယ်လောက်အရုပ်ဆိုးဆိုး သူ့မိန်းမသူ လွမ်းတာလည်းပါမှာပေါ့ဗျ။ အဖေဟာ လူထူးလူဆန်းလို့ဆိုရမယ်။ သူ့အမေကျနော့်အဘွားပေးစားတဲ့ ကျနော့်အမေကို သေတပန်သက်တဆုံး ပေါင်းရမယ်လို့ ယုံကြည်လက်ခံသွားတယ်။ ကျနော့်အဖေ မိန်းမကိစ္စရှုပ်မရှုပ် ကျနော်သေချာမသိပေမဲ့ အဖေဟာ အမေ့ကို ကွာဖို့ရှင်းဖို့ ဘယ်သောအခါမှ ပြောသံမကြားမိဘူးဗျ။ သူ့အမေဒေါ်ရွှေဘွဲ့ ဆုံးမညွန်ပြရာကိုသာ နာခံခဲ့တဲ့ အဖေပါပဲ။ ကျနော့်အဖေရဲ့ ရုပ်သွင်ကို အနီးစပ်ဆုံး ခန့်မှန်းချင်ရင် ဒါရိုက်တာ မောင်တင်ဦးရဲ့ သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားမှာ စွပ်ကျယ်အကျီလက်ပြတ်နဲ့ နာမည်ကျော်ရုပ်ရှင်မင်းသားကြီးနေအောင် ပုံကိုသာကြည့်ပေတော့ဗျာ။
စူနာမီကနေ ကျနော့်အဖေနဲ့အမေအကြောင်း ရောက်သွားပြန်ပြီ။ စူနာမီမှာ ရင်နာစရာကောင်းတဲ့ မိစုဆိုတဲ့ ထားဝယ်သူ မလေး တယောက် အကြောင်းပြောချင်သေးတယ်။ဇာတ်လမ်းကဒီလိုဗျ။ ကျနော့်ရနောင်းကို ရောက်ပြီးတလလောက်အကြာ ရနောင်းဈေးထဲကို လျှောက်သွားနေတုန်း နောက်ဖက်ကနေ အကို အကို ဆိုတဲ့ ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ မူဆလင်ကုလားလေးတယောက် ကို တွေ့သဗျ။ သူက အကို ကျနော့်ကိုမမှတ်မိဘူးလားတဲ့။ အမှန်ပြောရရင် ကျနော်လည်းဇဝေဇဝါပါပဲ။ သူကဆက်ပြီး ကျနော့်ဗီဒီယိုခွေတွေ ရောင်းတုန်းက ပြဿနာဖြစ်လို့လိုက်ရှင်းပေးခဲ့ဖူးတယ်လေ။ ကျနော်အောင်မြင့်ဆွေပါတဲ့။ ကျနော့်မှတ်မိသွားပါပြီ။ ဒါနဲ့ သူဘဝ သူ့အကြောင်း စပ်စုကြည့်လိုက်တော့ သူက ရနောင်းဈေးထဲမှာ ငါးပိငါးခြောက်တွေရောင်းနေသတဲ့။ နေဦးဗျ။ အဲဒီကိစ္စကလည်း တမျိုးတဖုံ စိတ်ဝင်စားစရာပါပဲ။ ရနောင်းမြို့မှာ စကီနာဆိုတဲ့ မူဆလင်မိန်းကလေးတယောက်ခိုကိုးရာမဲ့ဖြစ်နေတဲ့သတင်းကြောင့် ဒီမိန်းကလေးကို ဘယ်သူအတည်တကျ လက်ထပ်ပေါင်းသင်းနိုင်သလဲဆိုတာ သူတို့ဘာသာဝင်အချင်းချင်းဆက်သွယ်ရှာဖွေလိုက်လိုက် တော့ ဖိုးကံကောင်းက အောင်မြင့်ဆွေဖြစ်နေသဗျ။ စကီနာက လုံးကြီးပေါက်လှပါပဲ။ ခက်တာက အောင်မြင့်ဆွေဟာ ဟိုကိစ္စဒီကိစ္စမှ အတော်အားသန်ပုံရတယ်။
ကျနော်နဲ့လည်း ပြန်ဆုံရော သူ့မိန်းမစကီနာဆီမှာ ကျနော့်ကိုအကြောင်းပြပြီး အပြင်ထွက်ခွင့်ပါမစ်ရတဲ့အခါ ရနောင်းမြို့တခွင် ပြဲပြဲစင်အောင်လည်မိရာကနေ ဟိုအတန်းသည်အတန်းတွေရောက်တော့တာပါပဲ။ ပြောပြရင်ယုံနိုင်စရာတောင် မရှိပါဘူးဗျာ။ ရနောင်း စဖန်ဖလားဝန်းကျင်က ရပ်ကွက်တွေမှ ဗမာပြည့်တန်ဆာတွေချည်းပါပဲ။ညပိုင်းကိုးနာရီလောက်ဆို ×ာဆွယ်နေကြတာ တကယ့်ကို ပွဲကြီးလမ်းကြီးပါပဲ။ ခင်ဗျားကလည်း တမျိုးထင်နေပြန်ပြန်ပါပြီ။ ကျနော့်က ဘာစိတ်မှ မရှိဘူးဗျ။ နေရေးထိုင်ရေးအထိုင်ကျဖို့ လုံးပန်း နေရတဲ့ကာလမို့ ဘာမှ စိတ်မကူးအားပါဘူး။ တနေ့ အောင်မြင့်ဆွေနဲ့အတူ အဝှာအိမ်တအိမ်ရောက်သွားသဗျ။ အဲဒီမှာ တွေ့မိတာ မိစုပါပဲ။
မိစုဟာ မိန်းမပျက်ပုံလုံးဝမပေါက်တဲ့မိန်းကလေးပဲဗျ။ သူက နေ့ပိုင်းအိမ်မှာ လှုပ်ရှားသလို ညပိုင်းမှာ ထိုင်းအမျိုးသမီးတယောက်ပိုင်တဲ့ အနှိပ်ခန်းမှာလုပ်သတဲ့။နောက်ပိုင်း ကျနော်ဟာ မိစုနဲ့ရင်းနှီးလာတယ်။ အသေးစိတ်တော့ မသိချင်ပါနဲ့တော့ဗျာ။ မိစုမှာ သားတယောက် ရှိသတဲ့။ သူ့ယောက်ျားက စူနာမီတိုက်တုန်းမှာ ထိုင်းငါးဖမ်းလှေတစီးနဲ့ပါသွားရာကနေ အစအနပျောက်သွားရာက ဒီဘဝရောက်သတဲ့ ဗျာ။ကျနော့်ဆိုတဲ့ကောင်ကလည်း နှလုံးကြီးဝမ်းကောင်းဆိုတော့ မိစုဒီဘဝကလွတ်အောင် ဘယ်လိုကူညီရမလဲ စပ်စုကြည့်မိတော့ ထိုင်းဘတ်သုံးသောင်းကူညီရင် သူ့ဇာတိထားဝယ်ကို ပြန်မယ်ဆိုပဲ။ အဲဒီအချိန်က ထိုင်းဘတ်သုံးသောင်းဆိုတာ ကျနော့်အတွက် ဘာမှ မပြောပလောက်တာမို့ ကူညီလိုက်ရောဆိုပါတော့ဗျာ။မိစုထားဝယ်ကို ပြန်သွားခဲ့ပါတယ်။မိစုအမေဟာလည်း သွေးတိုးရောဂါသည်ပါ။ ဒါပေမဲ့ဗျာ ကျနော့်ကူညီလိုက်ပြီးနောက် လေးငါးလအကြာမှာ မိစုကို ရနောင်းဈေးထဲမှာ မီးဖွားပြီးခါစ နီတာရဲကလေးငယ်လေးနဲ့တွေ့ရ ပြန်ပါတယ်။မိစုနောက်အိမ်ထောင်ကျနေပြန်ပါပြီ။
ဆက်လက်ဖော်ပြပါမည်။
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment