`` ငါနေတဲ့ မြို့ ကလေး...´´
ငါနေတဲ့ နေရာ....
ပေတစ်ရာလမ်း မရှိပါဘူး....။
ယာဉ်တွေ ဥဒဟိုသွား
မီးပွိုင့်များလည်း မရှိပါဘူး....။
ပျော်ဝင်နှစ်မဲ့
အကြမ်းဖက်မှုလည်း မရှိပါဘူး....။
ဒေါမာန်ထောင်လွှား
အမြင်ကျဉ်းသူများလည်း မရှိပါဘူး...။
ငါနေတဲ့ မြို့ ကလေး...
ပြည်မနဲ့ အလှမ်းဝေးတယ်...။
ငါနေတဲ့ မြို့ ကလေး
မြို့ ကြီးတွေထက် အရမ်းသေးတယ်...။
ဒီမြို့ လေးမှာ ဘ၀ရဲ့ အချိန်တစ်ဝက်
ငါ မြှုပ်နှံဖြစ်ခဲ့တယ်...။
မြို့ ကလေး သေးပေမယ့်
ကျေနပ်ခဲ့ပါတယ်...။
ပင်လယ်နဲ့ နီး
တောင်ကြီးတွေနဲ့ကာ
ကဗျာ မဆန်ပေမယ့်
ကာရံလေးတွေ လှပါတယ်..။
ကျွန်းညို့ မှိုင်းမှိုင်း
ရှုတိုင်းသာစွ.....
အများနဲ့ မတူ တစ်မူထူးခြား
ငါနေတဲ့ မြို့ ကလေး
သေးငယ်ပေမယ့် အေးချမ်း
ငါမလွမ်းချင်လို့....
ဆုံးဖြတ်ထားပါတယ်...
ဘ၀တစ်သက်တာပေါ့
ဒီမြို့လေးမှာပဲ နေတော့မယ်...လို့လေ။
(ကျွန်တော် ချစ်သော ကော့သောင်းမြို့လေးအတွက်)
(ကွန်ဆူးမား)(၄-၁၁-၂၀၁၃)
0 comments:
Post a Comment