Tuesday, March 15, 2016

အသုံးဆန်း ( Idiom) လေးများနဲ့ စကားပြောပုံများ (၁၁)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

. ကျနော်တို့ရဲ့ နေစဉ်ဘ၀မှာ အပြောသန်တဲ့သူတွေနဲ့ ကိုယ်တိုင် လုပ်မပြပါဘဲနဲ့ ဘယ်ကိစ္စမဆိုလွယ်သယောင် ပြောတတ်သူတွေကို ပြန်ပြောဖို့ စကားလုံးလေးတွေရှိပါတယ် … အဲဒါကတော့ THAT'S EASIER SAID THAN DONE = အလုပ်ထက် အပြောကပိုလွယ်တာပေါ့ ၊ ပြောဖို့လွယ်ပေမယ့် လုပ်ဖို့ ခက်ပါတယ် ၊
အပြောအရတော့ ဟုတ်တာပေါ့ ၊ ပြောသလောက်လွယ်လျှင် လုပ်ပါလား ..စတဲ့ အဓိပ္ပါယ်များအတွက် သုံးနိုင်ပါတယ် ၊ တော်တော်လေးကို တွင်ကျယ်တဲ့ အသုံးအနှုန်းလေးတစ်ခုပါ
(Something that you say when something seems like a good idea but it would be difficult to do.)
………………………..
(1) I want to quit smoking but that's easier said than done.
ကျနော် ဆေးလိပ်ဖြတ်ချင်ပါတယ် ဒါပေမယ့် အပြောလွယ်သလောက် လုပ်ဖို့ကျတော့ ခက်တယ်လေ
(2) The doctor says I should stop smoking but that's easier said than done.
ဆရာဝန်က ကျနော်ဆေးလိပ်ဖြတ်သင့်တယ်လို့ ပြောပါတယ် ဒါပေမယ့် အပြောလွယ်သလောက် လုပ်ဖို့ကျတော့ ခက်ပါတယ်
(3) She wants me to be more romantic but that's easier said than done.
သူမက ကျနော့်ကို ပိုပြီးစိတ်ကူးယဉ်ချစ်ခင်ဖွယ်ရာ ဖြစ်စေချင်တယ် ဒါပေမယ့် ပြောတော့သာလွယ်တာ လုပ်ဖို့ကျ အခက်သားပဲ
(4) I wish I could just retire a wealthy man but that's easier said than done.
ကျနော် ချမ်းသာတဲ့လူတစ်ယောက် အဖြစ်နဲ့ အလုပ်ကနေအနားယူချင်လိုက်တာ ဒါပေမယ့် အပြောလွယ်ပေမယ့် လုပ်ဖို့ကျတော့ ခက်ပါတယ်
(5) I don't doubt it but that's easier said than done.
ကျနော် သံသယမရှိပါဘူး ဒါပေမယ့် လုပ်ဖို့ထက် ပြောဖို့က ပိုပြီးလွယ်ကူပါတယ်
(6) Michael thinks everything is so easy. He doesn't realize it's easier said than done.
မိုက်ကယ်က အရာရာတိုင်းကို သိပ်လွယ်တယ်လို့ ထင်လေ့ရှိတယ် ၊ အပြောလွယ်သလောက် အလုပ်မှာခက်တယ်ဆိုတာ သူသဘောမပေါက်ဘူး
( that နေရာမှာ it သုံးတာတွေလည်း တွေ့နိုင်ပါတယ် ၊ အတူတူပါပဲ)
……………………………….
That နေရာမှာ noun တစ်ခုခု ထားပြီး သုံးလို့လည်းရပါတယ်
…………………………………….
(7) Everything is easier said than done.
အရာရာတိုင်းက အပြောလွယ်သလောက်လုပ်ဖို့ ခက်ပါတယ်
(8) Finding a good job is easier said than done.
အလုပ်ကောင်းကောင်းတွေ့ဖို့က အပြောလွယ်သလောက် လုပ်ဖို့ခက်ပါတယ်
(9) Forgiveness is easier said than done.
ခွင့်လွှတ်မှုဆိုတာ ပြောတော့သာလွယ်ပေမယ့် လုပ်ဖို့ကျတော့ ခက်ပါတယ်
(10) Learning from mistake is easier said than done.
အမှားကနေ သင်ခန်းစာယူဖို့ဆိုတာ အပြောလွယ်ပေမယ့် လုပ်ဖို့ ခက်ပါတယ်
(11) Most advice is easier said than done.
အကြံပေးချက်အများစုက ပြောရတာလွယ်ပေမယ့် တကယ်တန်းလုပ်ဖို့ကျ ခက်ပါတယ်
………………………….
Noun က အများကိန်း ဖြစ်သွားတော့လည်း လိုက်ဖက်အောင် is နေရာ are လေး ပြောင်းပေးလိုက်ပေါ့
……………………………..
(12) Things ARE easier said than done.
ကိစ္စတွေ အကြောင်းအရာတွေက အပြောလွယ်သလောက် လုပ်ဖို့ခက်ပါတယ်
(13) These responsibilities ARE easier said than done.
ဒီတာဝန်တွေက လုပ်ဖို့ထက် ပြောဖို့က ပိုလွယ်ပါတယ်
…………………………….
Other Common Sentences (တခြားပြောနေကျ ၀ါကျတွေက)
………………………
(14) It is easier said than done.
အလုပ်ထက် အပြောက ပိုလွယ်ပါတယ်
(15) It's easy to say something, but difficult to do.
တစ်စုံတစ်ခုကို ပြောဖို့လွယ်ပါတယ် ၊ ဒါပေမယ့် လုပ်ဖို့ခက်ပါတယ်
(16) It's harder than you think.
အဲဒါက ခင်ဗျားထင်တာထက် ပိုခက်တယ် သိလား
(17) It's not as easy as you think.
ခင်ဗျား ထင်သလောက် မလွယ်ကူပါဘူး
(18) If you think it's that easy, why don't you do it?
အဲလောက်တောင် လွယ်တယ်ထင်လို့ရှိလျင် ခင်ဗျား လုပ်လိုက်ပါလား
.
ကဲ လုပ်ဖို့ခက်တာတွေကို လွယ်သယောင် လာပြောတဲ့သူတွေကို ပြန်ပြောလို့ ရသွားပါပြီ
.
မေတ္တာဖြင့်

  1 comment:

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...